အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီမှာ ရစ်ခ်ျတာစကေး ၄.၀ အဆင့်ရှိ ငလျင်လှုပ်ခတ်

 232

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၈

အိန္ဒိယနိုင်ငံ၊ မြို့တော် နယူးဒေလီမှာ ဖေဖော်ဝါရီ ၁၇ ရက်၊ နံနက်စောစော အချိန်က ပြင်းအား ၄ ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါတယ်။
ကြီးကြီးကျယ်ကျယ် ပျက်စီးဆုံးရှုံးမှုနဲ့ပတ်သက်ပြီး သတင်းမရပေမယ့် အဆောက်အအုံလှုပ်ခတ်မှုကြောင့် နေထိုင်သူတွေ အပြင်ဘက် ပြေးထွက်ခဲ့ရတယ်လို့ သိရပါတယ်။ အဆိုပါငလျင်ဟာ မြေအနက် ၁၀ ကီလိုမီတာ ခန့်မှ လှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ အမေရိကန် ဘူမိဗေဒ စစ်တမ်းက ဆိုပါတယ်။ အိန္ဒိယ၀န်ကြီးချုပ် နာရမ်ဒါရာမိုဒီ က ငလျင်နဲ့ပတ်သက်ပြီး နေထိုင်သူများ“ ဘေးကင်းရေးသတိပေးချက်များ” ကိုလိုက်နာဖို့နဲ့ "နောက်ဆက်တွဲ ငလျင် ဖြစ်နိုင်ချေ" အတွက်လည်း သတိရှိကြဖို့ ဆိုရှယ်မီဒီယာမှတစ်ဆင့် တိုက်တွန်းထားပါတယ်။

မြို့တော် နယူးဒေလီ တည်ရှိရာ အိန္ဒိယနိုင်ငံ မြောက်ပိုင်းဒေသဟာ ဘူမိဗေဒဆိုင်ရာ ပြတ်ရွေ့ကြောပေါ်မှာ တည်ရှိ နေတာကြောင့် ငလျင် ပုံမှန်ဖြစ်ပွားလေ့ရှိပါတယ်။

Zawgyi Version:
အိႏၵိယႏိုင္ငံ ၿမိဳ႕ေတာ္ နယူးေဒလီမွာ ရစ္ခ္်တာစေကး ၄.၀ အဆင့္ရွိ ငလ်င္လႈပ္ခတ္
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၈

အိႏၵိယႏိုင္ငံ၊ ၿမိဳ႕ေတာ္ နယူးေဒလီမွာ ေဖေဖာ္ဝါရီ ၁၇ ရက္၊ နံနက္ေစာေစာ အခ်ိန္က ျပင္းအား ၄ ဒသမ ၀ အဆင့္ရွိ ငလ်င္တစ္ခု လႈပ္ခတ္သြားခဲ့ပါတယ္။
ႀကီးႀကီးက်ယ္က်ယ္ ပ်က္စီးဆုံးရႈံးမႈနဲ႔ပတ္သက္ၿပီး သတင္းမရေပမယ့္ အေဆာက္အအုံလႈပ္ခတ္မႈေၾကာင့္ ေနထိုင္သူေတြ အျပင္ဘက္ ေျပးထြက္ခဲ့ရတယ္လို႔ သိရပါတယ္။ အဆိုပါငလ်င္ဟာ ေျမအနက္ ၁၀ ကီလိုမီတာ ခန႔္မွ လႈပ္ခတ္ခဲ့တာျဖစ္တယ္လို႔ အေမရိကန္ ဘူမိေဗဒ စစ္တမ္းက ဆိုပါတယ္။ အိႏၵိယ၀န္ႀကီးခ်ဳပ္ နာရမ္ဒါရာမိုဒီ က ငလ်င္နဲ႔ပတ္သက္ၿပီး ေနထိုင္သူမ်ား“ ေဘးကင္းေရးသတိေပးခ်က္မ်ား” ကိုလိုက္နာဖို႔နဲ႔ "ေနာက္ဆက္တြဲ ငလ်င္ ျဖစ္ႏိုင္ေခ်" အတြက္လည္း သတိရွိၾကဖို႔ ဆိုရွယ္မီဒီယာမွတစ္ဆင့္ တိုက္တြန္းထားပါတယ္။

ၿမိဳ႕ေတာ္ နယူးေဒလီ တည္ရွိရာ အိႏၵိယႏိုင္ငံ ေျမာက္ပိုင္းေဒသဟာ ဘူမိေဗဒဆိုင္ရာ ျပတ္ေ႐ြ႕ေၾကာေပၚမွာ တည္ရွိ ေနတာေၾကာင့္ ငလ်င္ ပုံမွန္ျဖစ္ပြားေလ့ရွိပါတယ္။

Related news

© 2021. All rights reserved.