လက်နက်ကိုင်များကြား မန္တလေး - ဖားကန့် ခရီးသွား

1952

သုတကျော် (NP News) - ဖေဖော်ဝါရီ ၁၈
မြန်မာနိုင်ငံတွင် လက်နက်ကိုင်အဖွဲ့ပေါင်း များစွာကို မြင်တွေ့ရဖွယ်ရှိသော ခရီးလမ်းကြောင်း တစ်ခုပေါ်ပေါက်နေသည်။ ယင်းခရီးကား မန္တလေး - ဖားကန့်လမ်းပင်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဘဏ္ဍာတိုက်ကြီးတစ်ခုဖြစ်သော ကျောက်စိမ်းမြေဖားကန့်သို့ မန္တလေးမှ သွားရာ ခရီးလမ်းသည် မြန်မာနိုင်ငံတွင် လူသုံးများသော လမ်းကြောင်းများအနက်တစ်ခုဖြစ်ပြီး လောပန်း အိပ်မက်မက်သော လူများစွာတို့ကို၎င်း၏ စိတ်ကူးများ အကောင်အထည်ဖော်ရန် နှစ်ပေါင်းများစွာ အသုံး တော်ခံခဲ့သည်။ လူစွန့်စားများစွာတို့သည် ဘဝအတွက် မျှော်လင့်ချက်ကိုယ်စီဖြင့် ဖားကန့်သို့ခရီးသွား ခဲ့ကြသည်။ အချို့က ယင်းလမ်းကြောင်းမှ ငွေထုပ်ပိုက်ပြီး ပြန်လာသည်။ အချို့က လက်လျှော့ပြီး ပြန်လာသည်။ စသည်စသည်ဖြင့် လူပေါင်းများစွာတို့သည် သွားချည်လာချည်ဖြင့် အသုံးပြုခဲ့ကြသည်။
မန္တလေး - ဖားကန့် လမ်းကြောင်းသည် ယခင်ကလည်း မလုံမခြုံ ဖြစ်ခဲ့ဖူး၏။ သို့သော် ငြိမ်းချမ်း ရေးကာလတွင် အသီးအပွင့်အဖြစ် လမ်းတစ်လျှောက်ပြည်သူများမှာ တိုးတက်ခဲ့ကြသည်။ ခရီးလမ်းကို အကြောင်းပြုကာ စီးပွားဖြစ်ခဲ့ကြသည်။ ခရီးသည်များဘက်တွင်လည်း စိတ်အေးချမ်းသာစွာဖြင့် သွား လာနိုင်ခဲ့ကြသည်။ လမ်းခရီးတွင် အတားအဆီးမရှိခဲ့။ သို့သော် ယင်းအချိန်များသည်ကား အတိတ်တွင် မှေးမှိန်ကျန်ရစ်နေပြီဖြစ်သည်။ ၂၀၂၂ ခုနှစ် နှောင်းပိုင်းကစတင်ကာ ယင်းသို့သွားရာလမ်းတစ်လျှောက် တွင် KIA ၊ KPDF ၊ PDF အစရှိသဖြင့် လက်နက်ကိုင်များ တိုးပွားလာသည်။ တစ်ဖက်တွင် ဂိတ်များအပြိုင်အဆိုင်ဖွင့်လှစ်ကာ အပိုင်စားရယူလာကြသည်။
ယာဉ်မောင်းများကလည်း အသက်စွန့်ကာ ခရီးသည်များကိုပို့ဆောင်ရသည့်အခြေအနေ ဆိုက် လာခဲ့ရာ ယခင် ကားခသောင်းဂဏန်းပမာဏ မှ သိန်းဂဏန်းအထိပင် ရောက်ရှိသွားပြီဖြစ်သည်။ ထို့ပြင် ယခင်ကဲ့သို့ ခရီးသည်တင် Express ကားကြီး များအစား ယာဉ်ငယ်များကို အများဆုံး အသုံးပြုနေရ သည်။ Express ကားကြီးအချို့ ပြေးဆွဲသည်ဟု ဆိုသော်လည်း ပုံမှန်အတိုင်း ပြေးဆွဲခြင်းမပြုနိုင်တော့။
တစ်ခါတစ်ရံ ခရီးသည်တင်ကားကြီးများဖြင့် ပြေးဆွဲရာတွင်လည်း လမ်းခုလတ်မြို့များတွင်ရပ်တန့်ကာ ခရီးပိုတွင်ကျယ်ပြီး ဝန်လည်းပေါ့သော ကားငယ်များသို့ ခရီးသည်များကို လွှဲပြောင်းပေးလိုက်ခြင်းများ လည်းရှိနေကြောင်း သိရသည်။
“စစ်ကိုင်းမြို့ကျော်ပြီးတော့ ဆားတောင်ကျော်တာနဲ့ ဒါက နယ်မြေစိုးမိုးမှုမရှိတော့ဘူး ဆိုတော့ PDF ဂိတ်ပေါ့။ အဲဒီဂိတ်တွေချည်းပဲ။ တစ်လျှောက်လုံးပေါ့။ KIA ဂိတ်၊ KPDF ဂိတ်လည်း ရှိတယ်။ အင်း တော်တံတားမှာ တပ်ကထိုင်တယ်။ အဲဒီလိုအများကြီးပေါ့။ အရင်လို လွန်ရောကျွံရောကြာ တစ်ရက် တည်းနဲ့ မရောက်တော့ဘူး” ဟု အထက်ပါ လမ်းပိုင်းကို အသုံးပြုသွားလာနေသူတစ်ဦးက ပြောသည်။ မန္တလေးမြို့သို့ ဖားကန့်မှသွားရာတွင် လမ်းနှစ်လမ်းရှိပြီး တစ်လမ်းမှာ မန္တလေး - မတ္တရာ - အင်းတော် - မိုးညှင်း - ဖားကန့် လမ်းဖြစ်ပြီး ကျန်တစ်လမ်းမှာ မန္တလေး - စစ်ကိုင်း - ရွှေဘို - အင်း တော်လမ်း ဖြစ် သည်။ ခရီးသည်တင် ကားငယ်များအနေဖြင့် မန္တလေး - မတ္တရာ - အင်းတော်လမ်းကို အသုံးများပြီး ဆီ ကား၊ ကုန်တင်ကားများအနေဖြင့် မန္တလေး-စစ်ကိုင်း-ရွှေဘိုလမ်းပိုင်းကို အသုံးပြုသည်။ မန္တလေး-မတ္တရာ လမ်းပိုင်းကို ခရီးသည်တင်ကားများအများစုအသုံးပြုခြင်းမှာ ခရီးလမ်း ပိုတိုသောကြောင့်ဖြစ်သည်။
“များသောအားဖြင့် ကုန်တင်ကားတွေ သွားတယ်ဆိုတာက ရွှေဘိုဘက်က လမ်းသာတာလေ။ မတ္တရာဘက်လမ်းကကျတော့လမ်း အဲဒီလောက် မသာဘူးလေ။ လမ်းဆိုးတာပေါ့။ အတက် အဆင်းကြီး တယ်။ လမ်းကျဉ်းတယ်ပေါ့။ ရွှေဘို - မြစ်ကြီးနားလမ်းကကျတော့ လမ်းကျယ်တာပေါ့။ ဂိတ်အတား အဆီးကတော့ နှစ်ဖက်စလုံးများတယ်။ ဒါပေမဲ့ မတ္တရာလမ်းက ခရီးလမ်းပိုတိုတယ်”ဟု အထက်ပါ ဒေသခံကရှင်းပြသည်။
လမ်းခရီးကြန့်ကြာရသည့် အကြောင်းအရင်းများအနက်တစ်ချက်မှာ နယ်မြေမတည်ငြိမ်ခြင်း ကြောင့်ဖြစ်ပြီး အထက်ပါလမ်းပိုင်းသည် ညောင် သီးလည်းစား၊ လေးသံလည်းနားထောင်ဆိုသော စကားပုံနှင့် ကွက်တိကျသည်။ လမ်းခရီးအခြေအနေ ကို ကြိုတင်စနည်းနာရသည်။ အချို့သော လမ်းပိုင်းများကို အသုံးပြုမရသောကြောင့် ရှောင်ကွင်းလမ်းမှ သွားရခြင်းများလည်း ရှိသည်။
“အင်းတော်မြို့ဆိုရင် ဖြတ်မရဘူး။ ကွင်းလမ်းတွေက သွားရတာ။ ကွင်းလမ်းတွေကတော့ ပိုက်ဆံပေးတဲ့ လမ်းလိုဖြစ်နေတာ။ လမ်းကတော့ ဘယ်ကောင်းလိမ့်မတုန်း။ လမ်းမဟုတ်တဲ့လမ်းက ဖြတ်သွားရတာ။ အဲဒီလမ်းကတော့ KIA နဲ့ KPDF ပေါ့” ဟု ၎င်းက ဆိုသည်။ ထို့သို့သော အကြောင်း ကြောင်းများကြောင့်ပင် ခရီးကာလသည် အလွန်အမင်းကြာမြင့်သွားခဲ့သည်။ ထို့ပြင် ကားခ ဈေးကြီး သည့်အထဲတွင်မှ လမ်းခရီးတွင် စားသောက်စရိတ်ကလည်း မလွယ်ကူ။ ဖြတ်သန်းရာ လမ်းတစ်လျှောက် တွင် ကုန်ဈေးနှုန်းကြီးမြင့်သည်။
“ကျွန်တော်ကိုယ်ပိုင်ကားနဲ့ဆိုရင် အရင်က မန္တလေးကနေ မနက် ငါးနာရီထွက်ရင် ဖားကန့်ကို ညနေလေးနာရီလောက် ရောက်တယ်။ (၁၁) နာရီလောက် မောင်းရတယ်။ ခရီးသည်တင်ကားတွေမှာ ကားသေးက ညနေ (၆) နာရီလောက် ရောက်တာပေါ့။ Express ကားကြီးတွေကတော့ တစ်ရက်တည်း မရောက်ဘူး။ အရင်ကပေါ့။ အခုက နှစ်ညအိပ်လောက် ကြာတာတောင် ဖြစ်သွားပြီ။ တစ်ခါတလေ သုံးည၊ လေးညအိပ်ရတာတွေလည်း ဖြစ်လာတယ်” ဟု ၎င်းက ရှင်းပြသည်။ လမ်းခရီးတွင် ဖြတ်သန်းခ ကောက်ခံသော လက်နက်ကိုင်အဖွဲ့များ၏ ဂိတ်အရေအတွက်များပြားခြင်းသည် ကုန်ဈေးနှုန်းအပေါ်ကို လည်း သက်ရောက်မှုရှိသည်။ ကချင်ပြည်နယ်ဘက်က ဂိတ်အချို့တွင် ငွေရေတွက်စက်ကိုပင် အသုံးပြုနေသည်ဟု ဆိုသည်။
“မန္တလေးမှာ ဆီတစ်ပေပါ နှစ်သိန်းခွဲပေါ့ဗျာ။ ဒါပေမဲ့ ဖားကန့်ကိုရောက်တဲ့အခါ (၁၂) သိန်းခွဲဖြစ် သွားပြီ။ ဂိတ်တွေမှာပေးရတာ ဘယ်လောက်တောင်များလဲ စဉ်းစားသာကြည့်တော့” ဟု ၎င်းက ဆို သည်။ ထို့ပြင် လက်နက်ကိုင်ဂိတ်များပြားခြင်းက လမ်းခရီးကြန့်ကြာရခြင်းအပေါ်တွင်လည်း သက် ရောက်မှုရှိနေကြောင်း အခြားဒေသခံတစ်ဦးက ထပ်မံအတည်ပြုပြောကြားသည်။ “တိုက်ပွဲ ဖြစ်နေလို့ မသွားနဲ့ဆိုရင်လည်း မသွားရတော့ဘူး။ ဒါဆိုရင်လည်း တစ်ညအိပ်ပေတော့ပဲ။ ပြီးတော့ ညဘက်တွေ ဆိုရင်လည်း စိုးရိမ်ကြတော့ ညသွားဖို့ကိုလည်း ရှောင်ကြတယ်” ဟု ၎င်းက ဆိုသည်။
လက်နက်ကိုင်ဂိတ်များနှင့် တပ်မတော် ဂိတ်များအကြား စစ်ဆေးမှုကလည်း ကွာခြားသည်။ ယခင်က အေးအေးသက်သာ စစ်ဆေးခံရမည် ဖြစ်သော်လည်း ယခုတော့ မိမိပါလာသော ပစ္စည်းကိုပင် စိုးတထိတ်ထိတ်ဖြစ်ရသည့်အခြေအနေ ရောက်သွားခဲ့သည်။ “လက်နက်ကိုင်ဂိတ်က တစ်ခုခုတွေ့ပြီ ပေါ်ပြီဆိုရင် ဘာမှရှင်းမရဘူး။ စစ်သားနဲ့ တူတာတို့၊ ဝန်ထမ်းစာရွက်စာတမ်းတွေ တွေ့တာတို့ဆိုရင် ရှင်း မရတော့ဘူး။ Lawless ဖြစ်နေတာ။ သတ်လည်း သတ်ပစ်မှာပဲ။ လာလည်းမရွေးနဲ့ အဲဒီလိုပုံစံမျိုး” ဟု ၎င်းက ရှင်းပြသည်။ လမ်းခရီးတစ်ခုကို သွားလာမည်ဆိုပါက လမ်းတစ်လျှောက် ဘေးကင်းလုံခြုံရေး သည် အဓိကဖြစ်သည်။ လူဘေးကင်းလုံခြုံရေးနှင့် ထပ်တူအရေးကြီးသည်မှာ စိတ်လုံခြုံရေးပင်။ မန္တလေး - ဖားကန့် လမ်းတွင်မူ ယင်းနှစ်ခုစလုံး ချို့တဲ့လျက် ရှိသည်။ “ဘယ်ခံစားရမလဲဗျာ။ ဘယ်ခံစားရမလဲ။ အကုန် စိုးရိမ်ကြောင့်ကြနေရတာလေ။ လမ်းကြောင်းသွားကြည့်လိုက်ရင် သိမှာပါ။ တကယ်ကို စိတ် ပျက်စရာတွေ။ PDFက တချို့ဂိတ်တွေက တအားရမ်းကားတယ်” ဟု ၎င်းက ဆိုသည်။
တပ်မတော်ဂိတ်များနည်းတူ PDF ဂိတ်များကလည်း မှတ်ပုံတင်စစ်သည်။ သို့သော် ၎င်းတို့ စစ်ဆေးသော ပုံစံမှာထူးဆန်းသည်။ တစ်ခါတစ်ရံ မည်သည့်အကြောင်းပြချက်မှမရှိဘဲ ရစ်တတ်သည်ဟု ဆိုသည်။ ထိုအခါမျိုးတွင် ကြောက်ပြခြင်းထက် အကျိုးသင့်အကြောင်းသင့် ပြန်လည်ပြောကြားခြင်းက ပို အကျိုးများမည်ဖြစ်ကြောင်း ၎င်းက အကြံပြုသည်။ “လူတွေရဲ့ အကျင့်ပေါ့။ တချို့ဒီဟာလုပ်တဲ့ကိစ္စမှာ တချို့ကလေးတွေက ကိုယ့်သားလောက် ရှိတာလေ။ သူတို့က သေနတ်လေးတွေကိုင်ထားတော့ အောက် ခြေတွေလွတ်ပြီး သေနတ်ရှိရင် လူပါးဝလို့ရတယ်ဆိုတဲ့အတွေးဝင်ကုန်တာပေါ့”ဟု ၎င်းက ဆိုသည်။
ဖားကန့်ကို လက်ရှိတွင် KIA က အများဆုံး ထိန်းချုပ်ထားသည်ဖြစ်ရာ ကျောက်စိမ်းတူးဖော်ရန် အတွက် ဆီသယ်ကားများကလည်း အထက်ပါ လမ်းမထက်တွင် ဖြတ်သွားဖြတ်လာရှိသည်။ ခရီးသည်တင် ကား များမှဖြတ်သန်းခများနှင့် ဆီကားများမှဖြတ်သန်းခများသည်ပင်လျှင် လက်နက်ကိုင်များအတွက် မြိုးမြိုး မြက်မြက်ရနေပြီဖြစ်သည်။ “သေနတ် အရသာ၊ ငွေကြေး အရသာ၊ အကျိုးစီးပွားအရသာ သိသွားပြီ” ဟု ၎င်းက မှတ်ချက်ချသည်။
မန္တလေးမှ ဖားကန့်သို့သွားရာ ခရီးလမ်းသည် စစ်၏ဆိုးကျိုးအဖြစ် ယခင်ထက်ပိုမိုကြာမြင့် သွား ပြီဆိုခြင်းမှာ သေချာသည်။ ထိုထက် ပိုသေချာသည်က ဖားကန့်သို့ ခရီးသွားလျှင် ယခင်ကဲ့သို့ စိတ် လုံခြုံမှုကိုရတော့မည် မဟုတ်ပါ။ စစ်က မွေးထုတ်ပေးလိုက်သော ဆိုးကျိုးများစွာသည် အထက်ပါ လမ်းတစ်လျှောက်တွင် ပြန့်ကျဲနေလေပြီဖြစ်ပါကြောင်း။
zawgyi version
လက္နက္ကိုင္မ်ားၾကား မႏၲေလး - ဖားကန႔္ ခရီးသြား
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၁၈
ျမန္မာႏိုင္ငံတြင္ လက္နက္ကိုင္အဖြဲ႕ေပါင္း မ်ားစြာကို ျမင္ေတြ႕ရဖြယ္ရွိေသာ ခရီးလမ္းေၾကာင္း တစ္ခုေပၚေပါက္ေနသည္။ ယင္းခရီးကား မႏၲေလး - ဖားကန႔္လမ္းပင္ျဖစ္သည္။
ျမန္မာႏိုင္ငံ၏ ဘ႑ာတိုက္ႀကီးတစ္ခုျဖစ္ေသာ ေက်ာက္စိမ္းေျမဖားကန႔္သို႔ မႏၲေလးမွ သြားရာ ခရီးလမ္းသည္ ျမန္မာႏိုင္ငံတြင္ လူသုံးမ်ားေသာ လမ္းေၾကာင္းမ်ားအနက္တစ္ခုျဖစ္ၿပီး ေလာပန္း အိပ္မက္မက္ေသာ လူမ်ားစြာတို႔ကို၎၏ စိတ္ကူးမ်ား အေကာင္အထည္ေဖာ္ရန္ ႏွစ္ေပါင္းမ်ားစြာ အသုံး ေတာ္ခံခဲ့သည္။ လူစြန႔္စားမ်ားစြာတို႔သည္ ဘဝအတြက္ ေမွ်ာ္လင့္ခ်က္ကိုယ္စီျဖင့္ ဖားကန႔္သို႔ခရီးသြား ခဲ့ၾကသည္။ အခ်ိဳ႕က ယင္းလမ္းေၾကာင္းမွ ေငြထုပ္ပိုက္ၿပီး ျပန္လာသည္။ အခ်ိဳ႕က လက္ေလွ်ာ့ၿပီး ျပန္လာသည္။ စသည္စသည္ျဖင့္ လူေပါင္းမ်ားစြာတို႔သည္ သြားခ်ည္လာခ်ည္ျဖင့္ အသုံးျပဳခဲ့ၾကသည္။
မႏၲေလး - ဖားကန႔္ လမ္းေၾကာင္းသည္ ယခင္ကလည္း မလုံမၿခဳံ ျဖစ္ခဲ့ဖူး၏။ သို႔ေသာ္ ၿငိမ္းခ်မ္း ေရးကာလတြင္ အသီးအပြင့္အျဖစ္ လမ္းတစ္ေလွ်ာက္ျပည္သူမ်ားမွာ တိုးတက္ခဲ့ၾကသည္။ ခရီးလမ္းကို အေၾကာင္းျပဳကာ စီးပြားျဖစ္ခဲ့ၾကသည္။ ခရီးသည္မ်ားဘက္တြင္လည္း စိတ္ေအးခ်မ္းသာစြာျဖင့္ သြား လာႏိုင္ခဲ့ၾကသည္။ လမ္းခရီးတြင္ အတားအဆီးမရွိခဲ့။ သို႔ေသာ္ ယင္းအခ်ိန္မ်ားသည္ကား အတိတ္တြင္ ေမွးမွိန္က်န္ရစ္ေနၿပီျဖစ္သည္။ ၂၀၂၂ ခုႏွစ္ ေႏွာင္းပိုင္းကစတင္ကာ ယင္းသို႔သြားရာလမ္းတစ္ေလွ်ာက္ တြင္ KIA ၊ KPDF ၊ PDF အစရွိသျဖင့္ လက္နက္ကိုင္မ်ား တိုးပြားလာသည္။ တစ္ဖက္တြင္ ဂိတ္မ်ားအၿပိဳင္အဆိုင္ဖြင့္လွစ္ကာ အပိုင္စားရယူလာၾကသည္။
ယာဥ္ေမာင္းမ်ားကလည္း အသက္စြန႔္ကာ ခရီးသည္မ်ားကိုပို႔ေဆာင္ရသည့္အေျခအေန ဆိုက္ လာခဲ့ရာ ယခင္ ကားခေသာင္းဂဏန္းပမာဏ မွ သိန္းဂဏန္းအထိပင္ ေရာက္ရွိသြားၿပီျဖစ္သည္။ ထို႔ျပင္ ယခင္ကဲ့သို႔ ခရီးသည္တင္ Express ကားႀကီး မ်ားအစား ယာဥ္ငယ္မ်ားကို အမ်ားဆုံး အသုံးျပဳေနရ သည္။ Express ကားႀကီးအခ်ိဳ႕ ေျပးဆြဲသည္ဟု ဆိုေသာ္လည္း ပုံမွန္အတိုင္း ေျပးဆြဲျခင္းမျပဳႏိုင္ေတာ့။
တစ္ခါတစ္ရံ ခရီးသည္တင္ကားႀကီးမ်ားျဖင့္ ေျပးဆြဲရာတြင္လည္း လမ္းခုလတ္ၿမိဳ႕မ်ားတြင္ရပ္တန႔္ကာ ခရီးပိုတြင္က်ယ္ၿပီး ဝန္လည္းေပါ့ေသာ ကားငယ္မ်ားသို႔ ခရီးသည္မ်ားကို လႊဲေျပာင္းေပးလိုက္ျခင္းမ်ား လည္းရွိေနေၾကာင္း သိရသည္။
“စစ္ကိုင္းၿမိဳ႕ေက်ာ္ၿပီးေတာ့ ဆားေတာင္ေက်ာ္တာနဲ႔ ဒါက နယ္ေျမစိုးမိုးမႈမရွိေတာ့ဘူး ဆိုေတာ့ PDF ဂိတ္ေပါ့။ အဲဒီဂိတ္ေတြခ်ည္းပဲ။ တစ္ေလွ်ာက္လုံးေပါ့။ KIA ဂိတ္၊ KPDF ဂိတ္လည္း ရွိတယ္။ အင္း ေတာ္တံတားမွာ တပ္ကထိုင္တယ္။ အဲဒီလိုအမ်ားႀကီးေပါ့။ အရင္လို လြန္ေရာကြၽံေရာၾကာ တစ္ရက္ တည္းနဲ႔ မေရာက္ေတာ့ဘူး” ဟု အထက္ပါ လမ္းပိုင္းကို အသုံးျပဳသြားလာေနသူတစ္ဦးက ေျပာသည္။ မႏၲေလးၿမိဳ႕သို႔ ဖားကန႔္မွသြားရာတြင္ လမ္းႏွစ္လမ္းရွိၿပီး တစ္လမ္းမွာ မႏၲေလး - မတၱရာ - အင္းေတာ္ - မိုးညႇင္း - ဖားကန႔္ လမ္းျဖစ္ၿပီး က်န္တစ္လမ္းမွာ မႏၲေလး - စစ္ကိုင္း - ေ႐ႊဘို - အင္း ေတာ္လမ္း ျဖစ္ သည္။ ခရီးသည္တင္ ကားငယ္မ်ားအေနျဖင့္ မႏၲေလး - မတၱရာ - အင္းေတာ္လမ္းကို အသုံးမ်ားၿပီး ဆီ ကား၊ ကုန္တင္ကားမ်ားအေနျဖင့္ မႏၲေလး-စစ္ကိုင္း-ေ႐ႊဘိုလမ္းပိုင္းကို အသုံးျပဳသည္။ မႏၲေလး-မတၱရာ လမ္းပိုင္းကို ခရီးသည္တင္ကားမ်ားအမ်ားစုအသုံးျပဳျခင္းမွာ ခရီးလမ္း ပိုတိုေသာေၾကာင့္ျဖစ္သည္။
“မ်ားေသာအားျဖင့္ ကုန္တင္ကားေတြ သြားတယ္ဆိုတာက ေ႐ႊဘိုဘက္က လမ္းသာတာေလ။ မတၱရာဘက္လမ္းကက်ေတာ့လမ္း အဲဒီေလာက္ မသာဘူးေလ။ လမ္းဆိုးတာေပါ့။ အတက္ အဆင္းႀကီး တယ္။ လမ္းက်ဥ္းတယ္ေပါ့။ ေ႐ႊဘို - ျမစ္ႀကီးနားလမ္းကက်ေတာ့ လမ္းက်ယ္တာေပါ့။ ဂိတ္အတား အဆီးကေတာ့ ႏွစ္ဖက္စလုံးမ်ားတယ္။ ဒါေပမဲ့ မတၱရာလမ္းက ခရီးလမ္းပိုတိုတယ္”ဟု အထက္ပါ ေဒသခံကရွင္းျပသည္။
လမ္းခရီးၾကန႔္ၾကာရသည့္ အေၾကာင္းအရင္းမ်ားအနက္တစ္ခ်က္မွာ နယ္ေျမမတည္ၿငိမ္ျခင္း ေၾကာင့္ျဖစ္ၿပီး အထက္ပါလမ္းပိုင္းသည္ ေညာင္ သီးလည္းစား၊ ေလးသံလည္းနားေထာင္ဆိုေသာ စကားပုံႏွင့္ ကြက္တိက်သည္။ လမ္းခရီးအေျခအေန ကို ႀကိဳတင္စနည္းနာရသည္။ အခ်ိဳ႕ေသာ လမ္းပိုင္းမ်ားကို အသုံးျပဳမရေသာေၾကာင့္ ေရွာင္ကြင္းလမ္းမွ သြားရျခင္းမ်ားလည္း ရွိသည္။
“အင္းေတာ္ၿမိဳ႕ဆိုရင္ ျဖတ္မရဘူး။ ကြင္းလမ္းေတြက သြားရတာ။ ကြင္းလမ္းေတြကေတာ့ ပိုက္ဆံေပးတဲ့ လမ္းလိုျဖစ္ေနတာ။ လမ္းကေတာ့ ဘယ္ေကာင္းလိမ့္မတုန္း။ လမ္းမဟုတ္တဲ့လမ္းက ျဖတ္သြားရတာ။ အဲဒီလမ္းကေတာ့ KIA နဲ႔ KPDF ေပါ့” ဟု ၎က ဆိုသည္။ ထို႔သို႔ေသာ အေၾကာင္း ေၾကာင္းမ်ားေၾကာင့္ပင္ ခရီးကာလသည္ အလြန္အမင္းၾကာျမင့္သြားခဲ့သည္။ ထို႔ျပင္ ကားခ ေဈးႀကီး သည့္အထဲတြင္မွ လမ္းခရီးတြင္ စားေသာက္စရိတ္ကလည္း မလြယ္ကူ။ ျဖတ္သန္းရာ လမ္းတစ္ေလွ်ာက္ တြင္ ကုန္ေဈးႏႈန္းႀကီးျမင့္သည္။
“ကြၽန္ေတာ္ကိုယ္ပိုင္ကားနဲ႔ဆိုရင္ အရင္က မႏၲေလးကေန မနက္ ငါးနာရီထြက္ရင္ ဖားကန႔္ကို ညေနေလးနာရီေလာက္ ေရာက္တယ္။ (၁၁) နာရီေလာက္ ေမာင္းရတယ္။ ခရီးသည္တင္ကားေတြမွာ ကားေသးက ညေန (၆) နာရီေလာက္ ေရာက္တာေပါ့။ Express ကားႀကီးေတြကေတာ့ တစ္ရက္တည္း မေရာက္ဘူး။ အရင္ကေပါ့။ အခုက ႏွစ္ညအိပ္ေလာက္ ၾကာတာေတာင္ ျဖစ္သြားၿပီ။ တစ္ခါတေလ သုံးည၊ ေလးညအိပ္ရတာေတြလည္း ျဖစ္လာတယ္” ဟု ၎က ရွင္းျပသည္။ လမ္းခရီးတြင္ ျဖတ္သန္းခ ေကာက္ခံေသာ လက္နက္ကိုင္အဖြဲ႕မ်ား၏ ဂိတ္အေရအတြက္မ်ားျပားျခင္းသည္ ကုန္ေဈးႏႈန္းအေပၚကို လည္း သက္ေရာက္မႈရွိသည္။ ကခ်င္ျပည္နယ္ဘက္က ဂိတ္အခ်ိဳ႕တြင္ ေငြေရတြက္စက္ကိုပင္ အသုံးျပဳေနသည္ဟု ဆိုသည္။
“မႏၲေလးမွာ ဆီတစ္ေပပါ ႏွစ္သိန္းခြဲေပါ့ဗ်ာ။ ဒါေပမဲ့ ဖားကန႔္ကိုေရာက္တဲ့အခါ (၁၂) သိန္းခြဲျဖစ္ သြားၿပီ။ ဂိတ္ေတြမွာေပးရတာ ဘယ္ေလာက္ေတာင္မ်ားလဲ စဥ္းစားသာၾကည့္ေတာ့” ဟု ၎က ဆို သည္။ ထို႔ျပင္ လက္နက္ကိုင္ဂိတ္မ်ားျပားျခင္းက လမ္းခရီးၾကန႔္ၾကာရျခင္းအေပၚတြင္လည္း သက္ ေရာက္မႈရွိေနေၾကာင္း အျခားေဒသခံတစ္ဦးက ထပ္မံအတည္ျပဳေျပာၾကားသည္။ “တိုက္ပြဲ ျဖစ္ေနလို႔ မသြားနဲ႔ဆိုရင္လည္း မသြားရေတာ့ဘူး။ ဒါဆိုရင္လည္း တစ္ညအိပ္ေပေတာ့ပဲ။ ၿပီးေတာ့ ညဘက္ေတြ ဆိုရင္လည္း စိုးရိမ္ၾကေတာ့ ညသြားဖို႔ကိုလည္း ေရွာင္ၾကတယ္” ဟု ၎က ဆိုသည္။
လက္နက္ကိုင္ဂိတ္မ်ားႏွင့္ တပ္မေတာ္ ဂိတ္မ်ားအၾကား စစ္ေဆးမႈကလည္း ကြာျခားသည္။ ယခင္က ေအးေအးသက္သာ စစ္ေဆးခံရမည္ ျဖစ္ေသာ္လည္း ယခုေတာ့ မိမိပါလာေသာ ပစၥည္းကိုပင္ စိုးတထိတ္ထိတ္ျဖစ္ရသည့္အေျခအေန ေရာက္သြားခဲ့သည္။ “လက္နက္ကိုင္ဂိတ္က တစ္ခုခုေတြ႕ၿပီ ေပၚၿပီဆိုရင္ ဘာမွရွင္းမရဘူး။ စစ္သားနဲ႔ တူတာတို႔၊ ဝန္ထမ္းစာ႐ြက္စာတမ္းေတြ ေတြ႕တာတို႔ဆိုရင္ ရွင္း မရေတာ့ဘူး။ Lawless ျဖစ္ေနတာ။ သတ္လည္း သတ္ပစ္မွာပဲ။ လာလည္းမေ႐ြးနဲ႔ အဲဒီလိုပုံစံမ်ိဳး” ဟု ၎က ရွင္းျပသည္။ လမ္းခရီးတစ္ခုကို သြားလာမည္ဆိုပါက လမ္းတစ္ေလွ်ာက္ ေဘးကင္းလုံၿခဳံေရး သည္ အဓိကျဖစ္သည္။ လူေဘးကင္းလုံၿခဳံေရးႏွင့္ ထပ္တူအေရးႀကီးသည္မွာ စိတ္လုံၿခဳံေရးပင္။ မႏၲေလး - ဖားကန႔္ လမ္းတြင္မူ ယင္းႏွစ္ခုစလုံး ခ်ိဳ႕တဲ့လ်က္ ရွိသည္။ “ဘယ္ခံစားရမလဲဗ်ာ။ ဘယ္ခံစားရမလဲ။ အကုန္ စိုးရိမ္ေၾကာင့္ၾကေနရတာေလ။ လမ္းေၾကာင္းသြားၾကည့္လိုက္ရင္ သိမွာပါ။ တကယ္ကို စိတ္ ပ်က္စရာေတြ။ PDFက တခ်ိဳ႕ဂိတ္ေတြက တအားရမ္းကားတယ္” ဟု ၎က ဆိုသည္။
တပ္မေတာ္ဂိတ္မ်ားနည္းတူ PDF ဂိတ္မ်ားကလည္း မွတ္ပုံတင္စစ္သည္။ သို႔ေသာ္ ၎တို႔ စစ္ေဆးေသာ ပုံစံမွာထူးဆန္းသည္။ တစ္ခါတစ္ရံ မည္သည့္အေၾကာင္းျပခ်က္မွမရွိဘဲ ရစ္တတ္သည္ဟု ဆိုသည္။ ထိုအခါမ်ိဳးတြင္ ေၾကာက္ျပျခင္းထက္ အက်ိဳးသင့္အေၾကာင္းသင့္ ျပန္လည္ေျပာၾကားျခင္းက ပို အက်ိဳးမ်ားမည္ျဖစ္ေၾကာင္း ၎က အႀကံျပဳသည္။ “လူေတြရဲ႕ အက်င့္ေပါ့။ တခ်ိဳ႕ဒီဟာလုပ္တဲ့ကိစၥမွာ တခ်ိဳ႕ကေလးေတြက ကိုယ့္သားေလာက္ ရွိတာေလ။ သူတို႔က ေသနတ္ေလးေတြကိုင္ထားေတာ့ ေအာက္ ေျခေတြလြတ္ၿပီး ေသနတ္ရွိရင္ လူပါးဝလို႔ရတယ္ဆိုတဲ့အေတြးဝင္ကုန္တာေပါ့”ဟု ၎က ဆိုသည္။
ဖားကန႔္ကို လက္ရွိတြင္ KIA က အမ်ားဆုံး ထိန္းခ်ဳပ္ထားသည္ျဖစ္ရာ ေက်ာက္စိမ္းတူးေဖာ္ရန္ အတြက္ ဆီသယ္ကားမ်ားကလည္း အထက္ပါ လမ္းမထက္တြင္ ျဖတ္သြားျဖတ္လာရွိသည္။ ခရီးသည္တင္ ကား မ်ားမွျဖတ္သန္းခမ်ားႏွင့္ ဆီကားမ်ားမွျဖတ္သန္းခမ်ားသည္ပင္လွ်င္ လက္နက္ကိုင္မ်ားအတြက္ ၿမိဳးၿမိဳး ျမက္ျမက္ရေနၿပီျဖစ္သည္။ “ေသနတ္ အရသာ၊ ေငြေၾကး အရသာ၊ အက်ိဳးစီးပြားအရသာ သိသြားၿပီ” ဟု ၎က မွတ္ခ်က္ခ်သည္။
မႏၲေလးမွ ဖားကန႔္သို႔သြားရာ ခရီးလမ္းသည္ စစ္၏ဆိုးက်ိဳးအျဖစ္ ယခင္ထက္ပိုမိုၾကာျမင့္ သြား ၿပီဆိုျခင္းမွာ ေသခ်ာသည္။ ထိုထက္ ပိုေသခ်ာသည္က ဖားကန႔္သို႔ ခရီးသြားလွ်င္ ယခင္ကဲ့သို႔ စိတ္ လုံၿခဳံမႈကိုရေတာ့မည္ မဟုတ္ပါ။ စစ္က ေမြးထုတ္ေပးလိုက္ေသာ ဆိုးက်ိဳးမ်ားစြာသည္ အထက္ပါ လမ္းတစ္ေလွ်ာက္တြင္ ျပန႔္က်ဲေနေလၿပီျဖစ္ပါေၾကာင္း။