တရုတ် ခရီးသွားဆွဲဆောင်ရာ Chengdu Snow Village ရွာမှာ ချည်နှင်း အတုများနဲ့ အလှဆင်ထားခြင်းကြောင့် ဧည့်သည်တွေ စိတ်ပျက်ခဲ့ရ

 891

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၁၉

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း စီချွမ်ပြည်နယ်မှာ သာယာလှပတဲ့ နှင်းထုရှုခင်းနဲ့ ခရီးသွားတွေကို ဆွဲဆောင်ရာ နေရာဖြစ်တဲ့ Chengdu Snow Village ရွာမှာ ချည်ဂွမ်းမွှေး၊ ဆပ်ပြာရေတို့နဲ့ပြုလုပ်ထားတဲ့ နှင်းအတုတွေကို အလှဆင်ပြသထားတဲ့အတွက် အွန်လိုင်းမှာ ဝေဖန်ခံရပါတယ်။
Chengdu Snow Village အနေနဲ့ ဇန်နဝါရီ လကုန်၊ နှစ်သစ်ကူးအားလပ်ရက် အချိန်ဟာ ရာသီဥတုပူပြင်းခဲ့ပြီး မျှော်လင့်ထားတဲ့အတိုင်း ဆီးနှင်းထု ပုံသဏ္ဍာန်မရှိခဲ့တာကြောင့် အခုလိုနှင်းအတုတွေ ဖန်တီးလိုက်ရခြင်းဖြစ်တယ် လို့ ဖေဖော်ဝါရီ ၈ ရက်မှာ တရားဝင် Wechat အကောင့်မှ ဖြေရှင်းခဲ့ပါတယ်။
တရုတ်နိုင်ငံဟာ ရာသီဥတုဖောက်ပြန်မှုကြောင့် ပိုမို ပူပြင်းတဲ့အပူလှိုင်းများ၊ မကြာခဏ မိုးသည်းထန်စွာရွာသွန်းမှုများနဲ့ ရင်ဆိုင်နေရပါတယ်။ "နှင်းထူထပ်တဲ့ ပုံစံကိုပြသဖို့ ဂွမ်းတွေဝယ်ပြီး ဖန်တီးခဲ့တယ်။ ဒါပေမယ့် မျှော်မှန်းထား သလိုမဖြစ်ပဲ လာရောက်လည်ပတ်တဲ့ ခရီးသွားတွေကို စိတ်ပျက်စေခဲ့ပါတယ်" "ဒီအတွက် လေးလေးနက်နက် တောင်းပန်ပါတယ်"လို့ Chengdu Snow Village စီမံကိန်းက ထုတ်ပြန်ချက်မှာ ရေးသားခဲ့ပါတယ်။

Wechat ပေါ်မှာ တွေ့ရတဲ့ ဓာတ်ပုံတွေအရ Chengdu Snow Village ဟာ ကြီးမားတဲ့ သိုးမွှေးအခင်းတွေကိုမြေပြင်ပေါ်မှာ ဖြန့်ကျက်ချထားပြီး အိမ်တွေမှာ နှင်းတွေ ဖုံးနေသလိုဖြစ်စေဖို့ ချည်မျှင်တွေ အသုံးပြုထားတာတွေ့ရပါတယ်။

Zawgyi Version:
တ႐ုတ္ ခရီးသြားဆြဲေဆာင္ရာ Chengdu Snow Village ႐ြာမွာ ခ်ည္ႏွင္း အတုမ်ားနဲ႔ အလွဆင္ထားျခင္းေၾကာင့္ ဧည့္သည္ေတြ စိတ္ပ်က္ခဲ့ရ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၁၉

တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း စီခြၽမ္ျပည္နယ္မွာ သာယာလွပတဲ့ ႏွင္းထုရႈခင္းနဲ႔ ခရီးသြားေတြကို ဆြဲေဆာင္ရာ ေနရာျဖစ္တဲ့ Chengdu Snow Village ႐ြာမွာ ခ်ည္ဂြမ္းေမႊး၊ ဆပ္ျပာေရတို႔နဲ႔ျပဳလုပ္ထားတဲ့ ႏွင္းအတုေတြကို အလွဆင္ျပသထားတဲ့အတြက္ အြန္လိုင္းမွာ ေဝဖန္ခံရပါတယ္။
Chengdu Snow Village အေနနဲ႔ ဇန္နဝါရီ လကုန္၊ ႏွစ္သစ္ကူးအားလပ္ရက္ အခ်ိန္ဟာ ရာသီဥတုပူျပင္းခဲ့ၿပီး ေမွ်ာ္လင့္ထားတဲ့အတိုင္း ဆီးႏွင္းထု ပုံသ႑ာန္မရွိခဲ့တာေၾကာင့္ အခုလိုႏွင္းအတုေတြ ဖန္တီးလိုက္ရျခင္းျဖစ္တယ္ လို႔ ေဖေဖာ္ဝါရီ ၈ ရက္မွာ တရားဝင္ Wechat အေကာင့္မွ ေျဖရွင္းခဲ့ပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ရာသီဥတုေဖာက္ျပန္မႈေၾကာင့္ ပိုမို ပူျပင္းတဲ့အပူလႈိင္းမ်ား၊ မၾကာခဏ မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားနဲ႔ ရင္ဆိုင္ေနရပါတယ္။ "ႏွင္းထူထပ္တဲ့ ပုံစံကိုျပသဖို႔ ဂြမ္းေတြဝယ္ၿပီး ဖန္တီးခဲ့တယ္။ ဒါေပမယ့္ ေမွ်ာ္မွန္းထား သလိုမျဖစ္ပဲ လာေရာက္လည္ပတ္တဲ့ ခရီးသြားေတြကို စိတ္ပ်က္ေစခဲ့ပါတယ္" "ဒီအတြက္ ေလးေလးနက္နက္ ေတာင္းပန္ပါတယ္"လို႔ Chengdu Snow Village စီမံကိန္းက ထုတ္ျပန္ခ်က္မွာ ေရးသားခဲ့ပါတယ္။

Wechat ေပၚမွာ ေတြ႕ရတဲ့ ဓာတ္ပုံေတြအရ Chengdu Snow Village ဟာ ႀကီးမားတဲ့ သိုးေမႊးအခင္းေတြကိုေျမျပင္ေပၚမွာ ျဖန႔္က်က္ခ်ထားၿပီး အိမ္ေတြမွာ ႏွင္းေတြ ဖုံးေနသလိုျဖစ္ေစဖို႔ ခ်ည္မွ်င္ေတြ အသုံးျပဳထားတာေတြ႕ရပါတယ္။

© 2021. All rights reserved.