ခန္ဓာကိုယ်ဇောက်ထိုးအနေအထားဖြင့် ဘောလုံး(၅)လုံးကို လေထဲတွင်ပစ်မြှောက်ကစားပြခဲ့ပြီး ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် ကိုလံဘီယာဆပ်ကပ်ဖျော်ဖြေသူတစ်ဦး

253

Pika (NP News) - ဖေဖော်ဝါရီ ၁၉
ကိုလံဘီယာနိုင်ငံမှ ကျွမ်းကျင်သော ဆပ်ကပ်ဖျော်ဖြေသူတစ်ဦးသည် ခန္ဓာကိုယ်ဇောက်ထိုး အနေအထားဖြင့် ဘောလုံး(၅)လုံးကို (၄၅)မိနစ်ကြာအောင် လေထဲတွင် ပစ်မြှောက်ကစားပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။ အသက်(၃၄)နှစ်အရွယ် ဂျို့စ်ဘလန်စီယာဆိုသည့် အမျိုးသားသည် အဆိုပါဂင်းနစ်စံချိန်ကို ချိုးဖျက်ရန်အတွက် ကြိုးပမ်းမှုများမလုပ်ဆောင်မီ အဆိုပါကစားကွက်ကို နှစ်ပေါင်းများစွာကြာအောင် လေ့ကျင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ဂျို့စ်ဘလန်စီယာသည် ခန္ဓာကိုယ်ဇောက်ထိုးအနေအထားဖြင့် ဘောလုံးများကို လေထဲတွင်အချိန်အကြာဆုံး ပစ်မြှောက်ကစားပြခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံ ချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဂျို့စ်ဘလန်စီယာက “ကျွန်တော်ဒီလှည့်ကွက်ကို အချိန်ပေါင်းများစွာ လေ့ကျင့်ခဲ့ရတာပါ။ ဒီရလဒ်က ကျွန်တော်လေ့ကျင့်မှုတွေ ဘယ်လောက်အထိတောင်လုပ်ခဲ့တယ်ဆိုတာ သက်သေပါပဲ။ ပြီးတော့ ဒီလို မျိုး ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့အတွက်လည်း တကယ်ကိုဝမ်းသာမိပါတယ်”ဟု ပြောဆိုခဲ့သည်။
ဂျို့စ်ဘလန်စီယာသည် လက်ရှိအချိန်တွင် ဖျော်ဖြေရေးအတွက် ဥရောပသို့ရောက်ရှိနေသည့် Lumous ဆပ်ကပ်တွင် ဖျော်ဖြေမှုများလုပ်ဆောင်နေကြောင်းသိရသည်။

zawgyi version
ခႏၶာကိုယ္ေဇာက္ထိုးအေနအထားျဖင့္ ေဘာလုံး(၅)လုံးကို ေလထဲတြင္ပစ္ေျမႇာက္ကစားျပခဲ့ၿပီးဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ခဲ့သည့္ ကိုလံဘီယာဆပ္ကပ္ေဖ်ာ္ေျဖသူတစ္ဦး
Pika (NP News) - ေဖေဖာ္ဝါရီ ၁၉
ကိုလံဘီယာႏိုင္ငံမွ ကြၽမ္းက်င္ေသာ ဆပ္ကပ္ေဖ်ာ္ေျဖသူတစ္ဦးသည္ ခႏၶာကိုယ္ေဇာက္ထိုး အေနအထားျဖင့္ ေဘာလုံး(၅)လုံးကို (၄၅)မိနစ္ၾကာေအာင္ ေလထဲတြင္ ပစ္ေျမႇာက္ကစားျပခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။ အသက္(၃၄)ႏွစ္အ႐ြယ္ ဂ်ိဳ႕စ္ဘလန္စီယာဆိုသည့္ အမ်ိဳးသားသည္ အဆိုပါဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ရန္အတြက္ ႀကိဳးပမ္းမႈမ်ားမလုပ္ေဆာင္မီ အဆိုပါကစားကြက္ကို ႏွစ္ေပါင္းမ်ားစြာၾကာေအာင္ ေလ့က်င့္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ဂ်ိဳ႕စ္ဘလန္စီယာသည္ ခႏၶာကိုယ္ေဇာက္ထိုးအေနအထားျဖင့္ ေဘာလုံးမ်ားကို ေလထဲတြင္အခ်ိန္အၾကာဆုံး ပစ္ေျမႇာက္ကစားျပျခင္းအတြက္ ကမာၻ႔ဂင္းနစ္စံ ခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ဂ်ိဳ႕စ္ဘလန္စီယာက “ကြၽန္ေတာ္ဒီလွည့္ကြက္ကို အခ်ိန္ေပါင္းမ်ားစြာ ေလ့က်င့္ခဲ့ရတာပါ။ ဒီရလဒ္က ကြၽန္ေတာ္ေလ့က်င့္မႈေတြ ဘယ္ေလာက္အထိေတာင္လုပ္ခဲ့တယ္ဆိုတာ သက္ေသပါပဲ။ ၿပီးေတာ့ ဒီလို မ်ိဳး ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့အတြက္လည္း တကယ္ကိုဝမ္းသာမိပါတယ္”ဟု ေျပာဆိုခဲ့သည္။
ဂ်ိဳ႕စ္ဘလန္စီယာသည္ လက္ရွိအခ်ိန္တြင္ ေဖ်ာ္ေျဖေရးအတြက္ ဥေရာပသို႔ေရာက္ရွိေနသည့္ Lumous ဆပ္ကပ္တြင္ ေဖ်ာ္ေျဖမႈမ်ားလုပ္ေဆာင္ေနေၾကာင္းသိရသည္။