စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ ထပ်မံပေါ်ပေါက်စေရေးဆောင်ရွက်မည်ဟုဆို

 625

ချယ်ရီ (NP News) - ဖေဖော်ဝါရီ ၁၉

စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များ ထပ်မံပေါ်ပေါက်စေရေးအတွက် ဖြစ်အောင်ဆောင် ရွက်မည်ဟု စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှတာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။ နေပြည်တော်ရေဆင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တို့တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာပညာရှင်များကို နှစ်စဉ် သင်ကြားမွေးထုတ်ပေးလျက်ရှိသော်လည်း လို အပ်ချက်များရှိနေသေးသည့်အတွက် နိုင်ငံတော်အ နေဖြင့် မြန်မာပြည်အထက်ပိုင်းနှင့် အောက်ပိုင်းတို့ တွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်များကို အသစ်ဖွင့်လှစ်ရန် လျာထားဆောင်ရွက်နေကြောင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ်များကို ထပ်မံ တိုးချဲ့ဖွင့်လှစ်နိုင်ရေးအတွက် ပထမအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင်က ဆိုသည်။

“အရင် ဒါကနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌရဲ့မူပါ။ လုပ်ဖို့ ကျွန်တော်တို့က လျာ ထားဆဲပဲဖြစ်သေးတယ်။ ကြိုညှိတဲ့ အစည်းအဝေးပါ။ လုပ်တာတော့ လုပ်မယ်။ နေရာတွေ၊ ဘာတွေ ကတော့ အတည်မပြုသေးပါဘူး။ အခြေအနေက လုပ်တော့ လုပ်မယ်။ လုပ်ကိုလုပ်ရမယ် ဒီတက္ကသိုလ် တွေကလေ။ တစ်ကျောင်းကနေ နှစ်ကျောင်းဖြစ်ဖို့အတွက် ဥက္ကဋ္ဌကြီးရဲ့ နိုင်ငံတော်ကိုထားတဲ့ စေတနာ ပါ။ ကျွန်တော်တို့ ဖြစ်အောင်လုပ်မှာပါ။ လောလောဆယ် ကျွန်တော်တို့က အကြိုညှိတဲ့ဟာလေးပဲရှိ ပါသေးတယ်။ အသေးစိတ်တွေ ဘာမှမလုပ်ရသေးဘူး” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကထားကာအသက်မွေးသော နိုင်ငံတစ်နိုင်ငံ ဖြစ် သည့်အတွက် စိုက်ပျိုးရေးပညာနှင့်ပတ်သက် သောပညာရှင်များ ပိုမိုလိုအပ်ခြင်းအပြင် စိုက်ပျိုးရေး နည်ပညာများသင်ကြားသည့် ထိုကဲ့သို့တက္ကသိုလ်ဖွင့်မှသာ တိုင်းပြည်အတွက် ပိုမိုအဆင် ပြေလာမည် ဆိုသောရည်ရွယ်ချက်ဖြင့်လုပ်ဆောင်နေခြင်းဖြစ်ကြောင်း အထက်ပါဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“လိုအပ်ချက်ကတော့ ကျွန်တော်တို့နိုင်ငံက စိုက်ပျိုး၊ မွေးမြူရေးနိုင်ငံပါ။ အဲဒီလိုနိုင်ငံဖြစ်တဲ့ အတွက် ပညာရှင်လိုတယ်။ နောက်တစ်ခုက အမှန် အတိုင်းပြောရရင်တော့ ရေရော၊ မြေရော အကုန် ရှိပြီးသား။ ဒါပေမဲ့ ကျွန်တော်တို့ဆီမှာ ခက်နေတာက နည်းပညာလိုနေတာပေါ့။ နည်းပညာဆိုတာက အခုနကပြောတဲ့ တက္ကသိုလ်တွေကိုဖွင့်မှသာ ဒီပညာတွေက အဲဒီ Group ထဲတွေကိုရောက်မှာ။ ရောက်မှသာ ကျွန်တော်တို့တိုင်းပြည်က အဆင်ပြေမှာ။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ စိုက် တော့စိုက်ကြတယ်ဗျာ။ တချို့နည်းပညာတွေကျတော့ လက်လှမ်းမမီတာကြောင့် သတ်မှတ်တဲ့ပန်းတိုင် အထွက်နှုန်းတို့၊ ခုနကပြောတဲ့ နည်းစနစ်တွေ နောက်ကျနေတာပေါ့။ တခြားနိုင်ငံတွေမှာဆို Vertical ၊ Horizonetal လိုမျိုးတွေတောင် ရှိကုန်ပြီ။ အားလုံးက IT နဲ့ပဲ လုပ်သွားပြီ။ ကျွန်တော်တို့က အခုထက်ထိ ကို မလုပ်နိုင်ဘူး။ အစ္စရေးတို့ဆို သဲကန္တာရထဲမှာလုပ်နေတာပဲ။ တိုင်းပြည်က အရမ်းနောက်ကျနေတော့ စိုက်ပျိုးရေး အသိပညာတွေ အရမ်းနည်းနေတယ်။ နောင်ခါ အသုံးချဖို့ပေါ့နော်။ တိုင်းပြည် စီးပွားဖွံ့ဖြိုးဖို့ ဆိုတာ စိုက်ပျိုးတာကိုအခြေခံမယ်ဆိုရင် ပညာရပ်က လိုပါတယ်။ ကျွန်တော်တို့ရဲ့အားနည်းချက်တွေက ပြော ရရင်တော့ အဲဒါတွေပဲ။ ရင်ပေါင်မတန်းနိုင်ဘဲ နောက်ကျနေတာပေါ့” ဟု ၎င်းကရှင်းပြသည်။ ထို့ ပြင် ကျောင်းသား၊ ကျောင်းသူတို့၏စိတ်ထဲတွင် စိုက်ပျိုးရေးနှင့်မွေးမြူရေးကဏ္ဍသည် နိုင်ငံအတွက် မည် မျှအရေးပါအရာရောက်သည့်ကဏ္ဍတစ်ရပ်အဖြစ် ရှိနေသင့်ကြောင်း ၎င်းက ထည့်သွင်းပြောကြားထားသည်။

“လူမှာ စားဝတ်နေရေးက အရေးကြီးပါတယ်။ အစားက အရင်လာတာပေါ့နော်။ စားတဲ့နေရာ မှာလည်း အာဟာရပြည့်ဖို့လိုတာပေါ့နော်။ အဲဒီအတွက် စိုက်ပျိုးမွေးမြူရေးမလုပ်ဘဲနဲ့တော့ ဘယ်လိုမှ စားလို့မရဘူး။ ဒါကြောင့်မို့လို့ စိုက်ပျိုးမွေးမြူရေးက အရေးကြီးတယ်လို့ ကျွန်တော့်အမြင်က အဲဒီလိုမြင် ပါတယ်။ ကျန်တာတွေက ဒုတိယပါ။ အဲဒါကြောင့် မဖြစ်မနေတော့ စိုက်ပျိုးမွေးမြူရေးက သိသင့်တယ်။ တတ်သင့်တယ်ပေါ့နော်။ အခုက ကုန်ဈေးနှုန်းကြီးတယ်။ ကိုယ့်အိမ်မှာကိုယ် ငရုတ်ပင်လေးတစ်ပင်၊ ချဉ် ပေါင်ပင်လေးတစ်ပင်စိုက်နေရင် တိုက်ပေါ်နေတဲ့သူက ပန်းအိုးလေးထဲ ထည့်စိုက်လို့ရပါတယ်။ အဲဒီလို မျိုးလေးတွေသာလုပ်ရင် ကုန်ကျမှုလေး နည်းနည်းစီတော့ သက်သာပါတယ်။ အဲဒီတော့ ဘာပဲပြောပြော ငယ်ငယ်လေးကတည်းက တတ်ရင်ပေါ့ဗျာ။ အသက်ကြီးလာတဲ့အချိန်မှာ ပိုကောင်းတာပေါ့နော်။ ဘယ် ဘဝပဲရောက်ရောက်၊ ဘယ်ရာထူးပဲနေနေ၊ ဘာပဲလုပ်လုပ် စားဝတ်နေရေးကလိုအပ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောသည်။

zawgyi version
စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးတကၠသိုလ္မ်ား ထပ္မံေပၚေပါက္ေစေရးေဆာင္႐ြက္မည္ဟုဆို
ခ်ယ္ရီ (NP News) - ေဖေဖာ္ဝါရီ ၁၉

စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးတကၠသိုလ္မ်ား ထပ္မံေပၚေပါက္ေစေရးအတြက္ ျဖစ္ေအာင္ေဆာင္ ႐ြက္မည္ဟု စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွတာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။ ေနျပည္ေတာ္ေရဆင္းရွိ စိုက္ပ်ိဳးေရးတကၠသိုလ္ႏွင့္ ေမြးျမဴေရးဆိုင္ရာေဆးတကၠသိုလ္တို႔တြင္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးဆိုင္ရာပညာရွင္မ်ားကို ႏွစ္စဥ္ သင္ၾကားေမြးထုတ္ေပးလ်က္ရွိေသာ္လည္း လို အပ္ခ်က္မ်ားရွိေနေသးသည့္အတြက္ ႏိုင္ငံေတာ္အ ေနျဖင့္ ျမန္မာျပည္အထက္ပိုင္းႏွင့္ ေအာက္ပိုင္းတို႔ တြင္ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးတကၠသိုလ္မ်ားကို အသစ္ဖြင့္လွစ္ရန္ လ်ာထားေဆာင္႐ြက္ေနေၾကာင္း စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးတကၠသိုလ္မ်ားကို ထပ္မံ တိုးခ်ဲ႕ဖြင့္လွစ္ႏိုင္ေရးအတြက္ ပထမအႀကိမ္ လုပ္ငန္း ညႇိႏႈိင္းအစည္းအေဝးတြင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာန၊ ျပည္ေထာင္စု ဝန္ႀကီး ဦးမင္းေနာင္က ဆိုသည္။

“အရင္ ဒါကႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒ရဲ႕မူပါ။ လုပ္ဖို႔ ကြၽန္ေတာ္တို႔က လ်ာ ထားဆဲပဲျဖစ္ေသးတယ္။ ႀကိဳညႇိတဲ့ အစည္းအေဝးပါ။ လုပ္တာေတာ့ လုပ္မယ္။ ေနရာေတြ၊ ဘာေတြ ကေတာ့ အတည္မျပဳေသးပါဘူး။ အေျခအေနက လုပ္ေတာ့ လုပ္မယ္။ လုပ္ကိုလုပ္ရမယ္ ဒီတကၠသိုလ္ ေတြကေလ။ တစ္ေက်ာင္းကေန ႏွစ္ေက်ာင္းျဖစ္ဖို႔အတြက္ ဥကၠ႒ႀကီးရဲ႕ ႏိုင္ငံေတာ္ကိုထားတဲ့ ေစတနာ ပါ။ ကြၽန္ေတာ္တို႔ ျဖစ္ေအာင္လုပ္မွာပါ။ ေလာေလာဆယ္ ကြၽန္ေတာ္တို႔က အႀကိဳညႇိတဲ့ဟာေလးပဲရွိ ပါေသးတယ္။ အေသးစိတ္ေတြ ဘာမွမလုပ္ရေသးဘူး” ဟု အထက္ပါ တာဝန္ရွိသူက ေျပာသည္။

ျမန္မာႏိုင္ငံသည္ စိုက္ပ်ိဳးေမြးျမဴေရးကို အဓိကထားကာအသက္ေမြးေသာ ႏိုင္ငံတစ္ႏိုင္ငံ ျဖစ္ သည့္အတြက္ စိုက္ပ်ိဳးေရးပညာႏွင့္ပတ္သက္ ေသာပညာရွင္မ်ား ပိုမိုလိုအပ္ျခင္းအျပင္ စိုက္ပ်ိဳးေရး နည္ပညာမ်ားသင္ၾကားသည့္ ထိုကဲ့သို႔တကၠသိုလ္ဖြင့္မွသာ တိုင္းျပည္အတြက္ ပိုမိုအဆင္ ေျပလာမည္ ဆိုေသာရည္႐ြယ္ခ်က္ျဖင့္လုပ္ေဆာင္ေနျခင္းျဖစ္ေၾကာင္း အထက္ပါဝန္ႀကီးဌာနမွ တာဝန္ရွိသူတစ္ဦးကဆိုသည္။

“လိုအပ္ခ်က္ကေတာ့ ကြၽန္ေတာ္တို႔ႏိုင္ငံက စိုက္ပ်ိဳး၊ ေမြးျမဴေရးႏိုင္ငံပါ။ အဲဒီလိုႏိုင္ငံျဖစ္တဲ့ အတြက္ ပညာရွင္လိုတယ္။ ေနာက္တစ္ခုက အမွန္ အတိုင္းေျပာရရင္ေတာ့ ေရေရာ၊ ေျမေရာ အကုန္ ရွိၿပီးသား။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ဆီမွာ ခက္ေနတာက နည္းပညာလိုေနတာေပါ့။ နည္းပညာဆိုတာက အခုနကေျပာတဲ့ တကၠသိုလ္ေတြကိုဖြင့္မွသာ ဒီပညာေတြက အဲဒီ Group ထဲေတြကိုေရာက္မွာ။ ေရာက္မွသာ ကြၽန္ေတာ္တို႔တိုင္းျပည္က အဆင္ေျပမွာ။ အခုက ဘယ္လိုျဖစ္ေနလဲဆိုေတာ့ စိုက္ ေတာ့စိုက္ၾကတယ္ဗ်ာ။ တခ်ိဳ႕နည္းပညာေတြက်ေတာ့ လက္လွမ္းမမီတာေၾကာင့္ သတ္မွတ္တဲ့ပန္းတိုင္ အထြက္ႏႈန္းတို႔၊ ခုနကေျပာတဲ့ နည္းစနစ္ေတြ ေနာက္က်ေနတာေပါ့။ တျခားႏိုင္ငံေတြမွာဆို Vertical ၊ Horizonetal လိုမ်ိဳးေတြေတာင္ ရွိကုန္ၿပီ။ အားလုံးက IT နဲ႔ပဲ လုပ္သြားၿပီ။ ကြၽန္ေတာ္တို႔က အခုထက္ထိ ကို မလုပ္ႏိုင္ဘူး။ အစၥေရးတို႔ဆို သဲကႏၲာရထဲမွာလုပ္ေနတာပဲ။ တိုင္းျပည္က အရမ္းေနာက္က်ေနေတာ့ စိုက္ပ်ိဳးေရး အသိပညာေတြ အရမ္းနည္းေနတယ္။ ေနာင္ခါ အသုံးခ်ဖို႔ေပါ့ေနာ္။ တိုင္းျပည္ စီးပြားဖြံ႕ၿဖိဳးဖို႔ ဆိုတာ စိုက္ပ်ိဳးတာကိုအေျခခံမယ္ဆိုရင္ ပညာရပ္က လိုပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕အားနည္းခ်က္ေတြက ေျပာ ရရင္ေတာ့ အဲဒါေတြပဲ။ ရင္ေပါင္မတန္းႏိုင္ဘဲ ေနာက္က်ေနတာေပါ့” ဟု ၎ကရွင္းျပသည္။ ထို႔ ျပင္ ေက်ာင္းသား၊ ေက်ာင္းသူတို႔၏စိတ္ထဲတြင္ စိုက္ပ်ိဳးေရးႏွင့္ေမြးျမဴေရးက႑သည္ ႏိုင္ငံအတြက္ မည္ မွ်အေရးပါအရာေရာက္သည့္က႑တစ္ရပ္အျဖစ္ ရွိေနသင့္ေၾကာင္း ၎က ထည့္သြင္းေျပာၾကားထားသည္။

“လူမွာ စားဝတ္ေနေရးက အေရးႀကီးပါတယ္။ အစားက အရင္လာတာေပါ့ေနာ္။ စားတဲ့ေနရာ မွာလည္း အာဟာရျပည့္ဖို႔လိုတာေပါ့ေနာ္။ အဲဒီအတြက္ စိုက္ပ်ိဳးေမြးျမဴေရးမလုပ္ဘဲနဲ႔ေတာ့ ဘယ္လိုမွ စားလို႔မရဘူး။ ဒါေၾကာင့္မို႔လို႔ စိုက္ပ်ိဳးေမြးျမဴေရးက အေရးႀကီးတယ္လို႔ ကြၽန္ေတာ့္အျမင္က အဲဒီလိုျမင္ ပါတယ္။ က်န္တာေတြက ဒုတိယပါ။ အဲဒါေၾကာင့္ မျဖစ္မေနေတာ့ စိုက္ပ်ိဳးေမြးျမဴေရးက သိသင့္တယ္။ တတ္သင့္တယ္ေပါ့ေနာ္။ အခုက ကုန္ေဈးႏႈန္းႀကီးတယ္။ ကိုယ့္အိမ္မွာကိုယ္ င႐ုတ္ပင္ေလးတစ္ပင္၊ ခ်ဥ္ ေပါင္ပင္ေလးတစ္ပင္စိုက္ေနရင္ တိုက္ေပၚေနတဲ့သူက ပန္းအိုးေလးထဲ ထည့္စိုက္လို႔ရပါတယ္။ အဲဒီလို မ်ိဳးေလးေတြသာလုပ္ရင္ ကုန္က်မႈေလး နည္းနည္းစီေတာ့ သက္သာပါတယ္။ အဲဒီေတာ့ ဘာပဲေျပာေျပာ ငယ္ငယ္ေလးကတည္းက တတ္ရင္ေပါ့ဗ်ာ။ အသက္ႀကီးလာတဲ့အခ်ိန္မွာ ပိုေကာင္းတာေပါ့ေနာ္။ ဘယ္ ဘဝပဲေရာက္ေရာက္၊ ဘယ္ရာထူးပဲေနေန၊ ဘာပဲလုပ္လုပ္ စားဝတ္ေနေရးကလိုအပ္ပါတယ္”ဟု ၎က ဆက္လက္ေျပာသည္။

Picture

Kohlaingmin Tun

19/02/2025 15:59

UoA မှ တစ်နှစ်လျှင်ကျောင်းသား ၄၀၀ကျော် အားသင်ကြားပို့ချ ကျောင်းဆင်းနေ လုံလောက်ပါတယ်။အရေ အတွက်များပြီး အရည်အချင်းမရှိတဲ့ ဟာတွေ ပေါလာတာအဖတ်တင်မယ်။

Related news

© 2021. All rights reserved.