လူ(၄၀)ဦး၏ပေါင်ကြားမှ စကိတ်စီးပြီး ဖြတ်ပြကာ ဂင်းနစ်စံချိန်ချိုးဖျက်ခဲ့သည့် ဂျပန်ခွေးလေး

329

Pika (NP News) - ဖေဖော်ဝါရီ ၁၉
ဂျပန်လူမျိုးခွေးလေ့ကျင့်ပေးသူတစ်ဦးပိုင်ဆိုင်သည့် ခွေးလေးတစ်ကောင်သည် တန်းစီထား သော လူ(၄၀)ဦး၏ ပေါင်ကြားအောက်မှ စကိတ်စီးကာသွားပြခဲ့ပြီးနောက် လူဥမင်လိုဏ်ခေါင်းကို စကိတ်စီးကာ ဖြတ်သွားပြခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ကြောင်း သိရ သည်။
ဂျပန်လူမျိုးခွေးလေ့ကျင့်ပေးရေးဆရာ ဆာတိုမီအာဆာနိုပိုင်ဆိုင်သည့် ကိုဒါအမည်ရှိ ခွေးလေး သည် Italian TV series Lo Show Dei Record တွင် ၎င်း၏စွမ်းရည်များကို ပြသခဲ့ပြီးနောက် ယခုလို ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကိုဒါသည် စကိတ်စီးကာ လူဥမင်လိုဏ်ခေါင်းကို အရှည်ဆုံးဖြတ်သွားပြနိုင်ခြင်းအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဂင်းနစ်စံချိန်ကို ယခင်ကိုင်ဆောင်ထားသည့်ခွေးလေးမှာ ဒိုင်ချွန်းအမည်ရှိ ဂျပန်ခွေးလေးဖြစ်ပြီး တန်းစီထားသော လူ(၃၃)ဦး၏ ပေါင်ကြားအောက်မှ စကိတ်စီးကာ ဖြတ်သွားပြကာ (၂၀၁၇)ခုနှစ်တွင် ဂင်းနစ်စံချိန်တင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆာတိုမီအာဆာနိုက “ကိုဒါက တကယ်လိမ္မာတဲ့ ခွေးလေးတစ်ကောင်ပါ။ ကျွန်တော် သူ့ကို အကောင်းဆုံးလေ့ကျင့်မှုတွေလုပ်ဆောင်ပေးခဲ့ပြီး ဒီလိုမျိုး ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်”ဟု ပြောဆိုခဲ့သည်။
zawgyi version