ဗဟန်းမြို့နယ် JAPANIES စားသောက်ဆိုင် စားဖိုမှူးသတ်ဖြတ်ခံရမှုမှ ကျူးလွန်သူ(၆)ဦးကို တစ်ရက်အတွင်းဖမ်းမိ

 4014

သန့်ဇင်(NP News)-ဖေဖော်ဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် JAPANIES စားသောက်ဆိုင် စားဖိုမှူးသတ်ဖြတ်ခံရမှုမှ ကျူးလွန်သူ(၆)ဦးကို တစ်ရက်အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီ ၁၈ရက်)နံနက် ၁နာရီခွဲအချိန်ခန့်က ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အနောက်ရပ်ကွက်၊ ဦးချစ်မောင် လမ်းမပေါ်တွင် ဖွင့်လှစ်ထားသည့် JAPANIES စားသောက်ဆိုင် ရှေ့တွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ JAPANIES စားသောက်ဆိုင်ရှေ့သို့ အမျိုးသား(၆)ဦး ရောက်ရှိလာပြီး တံခါးခေါက်သဖြင့် သေဆုံးသူ အသက်(၃၃)နှစ်အရွယ် နှင့်အတူ လူ(၃)ဦးက ဆိုင်အပြင်ထွက်၍ မေးမြန်းခဲ့ကြောင်း သိရသည်။

ထိုသို့ မေးမြန်းစဉ် အမျိုးသား(၆)ဦးနက် ဘောင်းဘီတိုနှင့် အနက်ရောင်စွပ်ကျယ်ဝတ်ထားသူက ချွန်ထက်သောအရာဖြင့်ထိုးခဲ့သဖြင့် သေဆုံးသူတွင် ဝမ်းဗိုက်ချက်အောက် ထိုးသွင်းဒဏ်ရာ(၁)ချက်၊ယာခါးနောက်ထိုးသွင်းဒဏ်ရာ(၁)ချက်တို့ရရှိကာ သေဆုံးသွားခဲ့ပြီး ကျူးလွန်သူ များမှာ ဦးချစ်မောင် လမ်းအတိုင်း တောင်ဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်းသိရသည်။

ထို့နောက် ခင်ပွန်းဖြစ်သူ အောင်ဇော်ထက်အား သတ်ဖြတ်ကာ ရှောင်တိမ်းသွားခဲ့သည့် ကျူးလွန်သူ(၆)ဦးအား စုံစမ်း ဖော်ထုတ်အရေးယူ ပေးပါရန် ဇနီးသည်က ဗဟန်းမြို့မရဲစခန်းအား တိုင်တန်းအမှုဖွင့်ခဲ့ကြောင်း သိရသည်။

ထို့ကြောင့် ဗဟန်းမြိုမရဲစခန်းက စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်ခဲ့ရာ ပြစ်မှုကျူးလွန်သူများမှာ ဗဟန်းမြို့နယ်၊ ဝင်္ဂဘာလမ်း၊ ငါးထပ်ကြီး အနောက် ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ခဝါရှီးမား(ဂျပန်စားသောက်ဆိုင်)မှ ဝန်ထမ်းများဖြစ်ကြောင်း သိရှိခဲ့ရပြီး နံနက် ၉နာရီ၌ သက်သေခံဓါး (၁) ချောင်းနှင့်အတူ ကျူးလွန်သူ (၆)ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဗဟန္းၿမိဳ႕နယ္ JAPANIES စားေသာက္ဆိုင္ စားဖိုမႉးသတ္ျဖတ္ခံရမႈမွ က်ဴးလြန္သူ(၆)ဦးကို တစ္ရက္အတြင္းဖမ္းမိ

သန႔္ဇင္(NP News)-ေဖေဖာ္ဝါရီ
ရန္ကုန္တိုင္းေဒသႀကီး၊ ဗဟန္းၿမိဳ႕နယ္ JAPANIES စားေသာက္ဆိုင္ စားဖိုမႉးသတ္ျဖတ္ခံရမႈမွ က်ဴးလြန္သူ(၆)ဦးကို တစ္ရက္အတြင္း ဖမ္းဆီးရမိခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(ေဖေဖာ္ဝါရီ ၁၈ရက္)နံနက္ ၁နာရီခြဲအခ်ိန္ခန႔္က ဗဟန္းၿမိဳ႕နယ္၊ ဆရာစံေျမာက္အေနာက္ရပ္ကြက္၊ ဦးခ်စ္ေမာင္ လမ္းမေပၚတြင္ ဖြင့္လွစ္ထားသည့္ JAPANIES စားေသာက္ဆိုင္ ေရွ႕တြင္ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ JAPANIES စားေသာက္ဆိုင္ေရွ႕သို႔ အမ်ိဳးသား(၆)ဦး ေရာက္ရွိလာၿပီး တံခါးေခါက္သျဖင့္ ေသဆုံးသူ အသက္(၃၃)ႏွစ္အ႐ြယ္ ႏွင့္အတူ လူ(၃)ဦးက ဆိုင္အျပင္ထြက္၍ ေမးျမန္းခဲ့ေၾကာင္း သိရသည္။

ထိုသို႔ ေမးျမန္းစဥ္ အမ်ိဳးသား(၆)ဦးနက္ ေဘာင္းဘီတိုႏွင့္ အနက္ေရာင္စြပ္က်ယ္ဝတ္ထားသူက ခြၽန္ထက္ေသာအရာျဖင့္ထိုးခဲ့သျဖင့္ ေသဆုံးသူတြင္ ဝမ္းဗိုက္ခ်က္ေအာက္ ထိုးသြင္းဒဏ္ရာ(၁)ခ်က္၊ယာခါးေနာက္ထိုးသြင္းဒဏ္ရာ(၁)ခ်က္တို႔ရရွိကာ ေသဆုံးသြားခဲ့ၿပီး က်ဴးလြန္သူ မ်ားမွာ ဦးခ်စ္ေမာင္ လမ္းအတိုင္း ေတာင္ဘက္သို႔ ထြက္ေျပးသြားခဲ့ေၾကာင္းသိရသည္။

ထို႔ေနာက္ ခင္ပြန္းျဖစ္သူ ေအာင္ေဇာ္ထက္အား သတ္ျဖတ္ကာ ေရွာင္တိမ္းသြားခဲ့သည့္ က်ဴးလြန္သူ(၆)ဦးအား စုံစမ္း ေဖာ္ထုတ္အေရးယူ ေပးပါရန္ ဇနီးသည္က ဗဟန္းၿမိဳ႕မရဲစခန္းအား တိုင္တန္းအမႈဖြင့္ခဲ့ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ဗဟန္းၿမိဳမရဲစခန္းက စုံစမ္းစစ္ေဆးမႈမ်ားလုပ္ေဆာင္ခဲ့ရာ ျပစ္မႈက်ဴးလြန္သူမ်ားမွာ ဗဟန္းၿမိဳ႕နယ္၊ ဝဂၤဘာလမ္း၊ ငါးထပ္ႀကီး အေနာက္ ရပ္ကြက္တြင္ ဖြင့္လွစ္ထားသည့္ ခဝါရွီးမား(ဂ်ပန္စားေသာက္ဆိုင္)မွ ဝန္ထမ္းမ်ားျဖစ္ေၾကာင္း သိရွိခဲ့ရၿပီး နံနက္ ၉နာရီ၌ သက္ေသခံဓါး (၁) ေခ်ာင္းႏွင့္အတူ က်ဴးလြန္သူ (၆)ဦးအား ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.