မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး (၁၃၅)မျိုး၏ အမျိုးသားဝတ်စုံမှန် သတ်မှတ်နိုင်ရေး ဆောင်ရွက်နေ

 370

(NP News ) ဖေဖော်ဝါရီ-၂၁
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုး (၁၃၅)မျိုး၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်နိုင်ရေး ဆောင်ရွက်နေကြောင်း သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနထံက သိရသည်။

ဖေဖော်ဝါရီ ၁၇ရက်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်း‌ဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း) အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) ရှိ စွယ်တော်ဆောင်အစည်းအဝေးခန်းမ၌ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးအစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ(ယဉ်ကျေးမှု)၊ မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေး ကော်မတီအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)မှ တာဝန်ရှိသူများက တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

“ဒါကတော့ ကော်မတီဖွဲ့ထားတာရှိပါတယ်။ ကော်မတီကနေပြီးတော့မှ သူတို့တွေ တိုင်းရင်းသားတွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီးတော့မှ အစည်းအဝေးတွေလုပ်မယ်။သက်ဆိုင်ရာ တိုင်းရင်းသားတွေ၊ ကိုယ်စားလှယ်တွေ၊ တတ်သိနားလည်တဲ့ အဖွဲ့တွေ၊ တိုင်းရင်းသားတစ်ခုချင်းစီလုပ်ပါတယ်။ သူတို့ကော်မတီရဲ့ Timeline ရှိပါတယ်။ Timelineပေါ်မူတည်ပြီးမှ ဆောင်ရွက်တာဖြစ်ပါတယ်”ဟု သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအာကာကျော်က The Statesman ဂျာနယ်ကိုပြောသည်။

ထိုသို့ဆောင်ရွက်ရာတွင် တတ်သိနားလည်သော ပညာရှင်များ၊ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ နားလည်သောအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

“ဒါကတော့ ကော်မတီဖွဲ့ထားတာရှိပါတယ်။ ကော်မတီကနေပြီးတော့မှ သူတို့တွေ တိုင်းရင်းသားတွေရဲ့ ဝတ်စားဆင်ယင်မှုနဲ့ပတ်သက်ပြီးတော့မှ အစည်းအဝေးတွေလုပ်မယ်။သက်ဆိုင်ရာ တိုင်းရင်းသားတွေ၊ ကိုယ်စားလှယ်တွေ၊ တတ်သိနားလည်တဲ့ အဖွဲ့တွေ၊ တိုင်းရင်းသားတစ်ခုချင်းစီလုပ်ပါတယ်။ သူတို့ကော်မတီရဲ့ Timeline ရှိပါတယ်။ Timelineပေါ်မူတည်ပြီးမှ ဆောင်ရွက်တာဖြစ်ပါတယ်”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတိုင်းရင်းသားလူမျိုးများ၏ အမျိုးသားဝတ်စုံမှန်သတ်မှတ်ရေးကော်မတီကို တိုင်းရင်းသားဝတ် စုံနှင့်ပတ်သက်၍ လွဲမှားမှုမရှိစေရန် ဝတ်စုံများ၏ မူလဇာစ်မြစ်ကိုပါ လေ့လာစိစစ်တင်ပြရန် အတွက် “တီထွင်မှုသည် ရိုးရာကိုမကျော်ရန်” ဆိုသည့် “မူဝါဒ” ဖြင့် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တိုင်းရင်းသားဝတ်စုံမှန် သတ်မှတ်နိုင်ရေးအတွက် သမိုင်းမှတ်တမ်းအထောက်အထားများ၊ မြေပြင်ကွင်းဆင်းလေ့လာမှတ်တမ်းပြုချက်များ၊ သက်ဆိုင်ရာတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်သွားရန်၊ မြန်မာတိုင်းရင်းသားဝတ်စုံနှင့်စပ်လျဉ်း၍ နေ့စဉ်သုံးနှင့် အခမ်းအနား ခွဲခြားသတ်မှတ်ရန်၊ တိုင်းရင်းသားဝတ်စုံများကို မူပိုင်ခွင့်သတ်မှတ်ရန်နှင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဆိုင်ရာဥပဒေများကို သတ်မှတ်သွားရန် ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ပြောကြားခဲ့ဖူးသည်။

Zawgyi Version:
ျမန္မာႏိုင္ငံရွိ တိုင္းရင္းသားလူမ်ိဳး (၁၃၅)မ်ိဳး၏ အမ်ိဳးသားဝတ္စုံမွန္ သတ္မွတ္ႏိုင္ေရး ေဆာင္႐ြက္ေန

(NP News ) ေဖေဖာ္ဝါရီ-၂၁
ျမန္မာႏိုင္ငံရွိ တိုင္းရင္းသားလူမ်ိဳး (၁၃၅)မ်ိဳး၏ အမ်ိဳးသားဝတ္စုံမွန္သတ္မွတ္ႏိုင္ေရး ေဆာင္႐ြက္ေနေၾကာင္း သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာနထံက သိရသည္။

ေဖေဖာ္ဝါရီ ၁၇ရက္ေန႔ မြန္းလြဲပိုင္းက ရန္ကုန္တိုင္း‌ေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္ (ရန္ကုန္) ရွိ စြယ္ေတာ္ေဆာင္အစည္းအေဝးခန္းမ၌ ျမန္မာႏိုင္ငံတိုင္းရင္းသားလူမ်ိဳးမ်ား၏ အမ်ိဳးသားဝတ္စုံမွန္သတ္မွတ္ေရးအစည္းအေဝးကို က်င္းပခဲ့ေၾကာင္း သိရသည္။

အဆိုပါ အစည္းအေဝးကို သာသနာေရးႏွင့္ယဥ္ေက်းမႈဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ေဒၚႏုျမဇံ(ယဥ္ေက်းမႈ)၊ ျမန္မာႏိုင္ငံတိုင္းရင္းသားလူမ်ိဳးမ်ား၏ အမ်ိဳးသားဝတ္စုံမွန္သတ္မွတ္ေရး ေကာ္မတီအဖြဲ႕ဝင္မ်ား၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးမ်ားႏွင့္ အမ်ိဳးသားယဥ္ေက်းမႈႏွင့္ အႏုပညာတကၠသိုလ္(ရန္ကုန္)မွ တာဝန္ရွိသူမ်ားက တက္ေရာက္ေဆြးေႏြးခဲ့ၾကေၾကာင္း သိရသည္။

“ဒါကေတာ့ ေကာ္မတီဖြဲ႕ထားတာရွိပါတယ္။ ေကာ္မတီကေနၿပီးေတာ့မွ သူတို႔ေတြ တိုင္းရင္းသားေတြရဲ႕ ဝတ္စားဆင္ယင္မႈနဲ႔ပတ္သက္ၿပီးေတာ့မွ အစည္းအေဝးေတြလုပ္မယ္။သက္ဆိုင္ရာ တိုင္းရင္းသားေတြ၊ ကိုယ္စားလွယ္ေတြ၊ တတ္သိနားလည္တဲ့ အဖြဲ႕ေတြ၊ တိုင္းရင္းသားတစ္ခုခ်င္းစီလုပ္ပါတယ္။ သူတို႔ေကာ္မတီရဲ႕ Timeline ရွိပါတယ္။ Timelineေပၚမူတည္ၿပီးမွ ေဆာင္႐ြက္တာျဖစ္ပါတယ္”ဟု သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးအာကာေက်ာ္က The Statesman ဂ်ာနယ္ကိုေျပာသည္။

ထိုသို႔ေဆာင္႐ြက္ရာတြင္ တတ္သိနားလည္ေသာ ပညာရွင္မ်ား၊ တိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီးဌာန၊ နားလည္ေသာအဖြဲ႕အစည္းမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

“ဒါကေတာ့ ေကာ္မတီဖြဲ႕ထားတာရွိပါတယ္။ ေကာ္မတီကေနၿပီးေတာ့မွ သူတို႔ေတြ တိုင္းရင္းသားေတြရဲ႕ ဝတ္စားဆင္ယင္မႈနဲ႔ပတ္သက္ၿပီးေတာ့မွ အစည္းအေဝးေတြလုပ္မယ္။သက္ဆိုင္ရာ တိုင္းရင္းသားေတြ၊ ကိုယ္စားလွယ္ေတြ၊ တတ္သိနားလည္တဲ့ အဖြဲ႕ေတြ၊ တိုင္းရင္းသားတစ္ခုခ်င္းစီလုပ္ပါတယ္။ သူတို႔ေကာ္မတီရဲ႕ Timeline ရွိပါတယ္။ Timelineေပၚမူတည္ၿပီးမွ ေဆာင္႐ြက္တာျဖစ္ပါတယ္”ဟု ၎ကေျပာသည္။

ျမန္မာႏိုင္ငံတိုင္းရင္းသားလူမ်ိဳးမ်ား၏ အမ်ိဳးသားဝတ္စုံမွန္သတ္မွတ္ေရးေကာ္မတီကို တိုင္းရင္းသားဝတ္ စုံႏွင့္ပတ္သက္၍ လြဲမွားမႈမရွိေစရန္ ဝတ္စုံမ်ား၏ မူလဇာစ္ျမစ္ကိုပါ ေလ့လာစိစစ္တင္ျပရန္ အတြက္ “တီထြင္မႈသည္ ႐ိုးရာကိုမေက်ာ္ရန္” ဆိုသည့္ “မူဝါဒ” ျဖင့္ ဖြဲ႕စည္းရျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုသို႔ တိုင္းရင္းသားဝတ္စုံမွန္ သတ္မွတ္ႏိုင္ေရးအတြက္ သမိုင္းမွတ္တမ္းအေထာက္အထားမ်ား၊ ေျမျပင္ကြင္းဆင္းေလ့လာမွတ္တမ္းျပဳခ်က္မ်ား၊ သက္ဆိုင္ရာတိုင္းရင္းသားစာေပႏွင့္ ယဥ္ေက်းမႈအဖြဲ႕မ်ားႏွင့္ ညႇိႏႈိင္းေဆာင္႐ြက္မႈမ်ား ျပဳလုပ္သြားရန္၊ ျမန္မာတိုင္းရင္းသားဝတ္စုံႏွင့္စပ္လ်ဥ္း၍ ေန႔စဥ္သုံးႏွင့္ အခမ္းအနား ခြဲျခားသတ္မွတ္ရန္၊ တိုင္းရင္းသားဝတ္စုံမ်ားကို မူပိုင္ခြင့္သတ္မွတ္ရန္ႏွင့္ ျဒပ္မဲ့ယဥ္ေက်းမႈအေမြအႏွစ္ဆိုင္ရာဥပေဒမ်ားကို သတ္မွတ္သြားရန္ ဒုတိယဝန္ႀကီး ေဒၚႏုျမဇံက ေျပာၾကားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.