၂၀၂၄ခုနှစ်အတွက် စံပြ၊ တာဝန်သိ၊ ဝန်ဆောင်မှုကောင်း YBSယာဉ်မောင်းဦးရေ (၂၀၀)အထိ ဆုချီးမြှင့်

252

စော(NP News)-ဖေဖော်ဝါရီ ၂၁
၂၀၂၄ခုနှစ်အတွက် စံပြ၊ တာဝန်သိ၊ ဝန်ဆောင်မှုကောင်း YBSယာဉ်မောင်းဦးရေ (၂၀၀)အထိကို ယနေ့ (ဖေဖော်ဝါရီ ၂၁ရက်)က ရန်ကုန်မြို့ရှိ YRTCရုံးချုပ်၌ ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါဆုချီးမြှင့်ပွဲကို ၂၀၂၂ခုနှစ်က စတင်၍ ကျင်းပလာခဲ့ကာ ၂၀၂၄ခုနှစ်တွင် လူမှုကွန်ယက်ဝန်ဆောင်မှုကောင်း ယာဉ်မောင်းဆုကိုပါ ထည့်သွင်းချီးမြှင့်ခဲ့ပြီး စံပြယာဉ်မောင်းဦးရေ (၄၈)ဦး၊ တာဝန်သိယာဉ်မောင်းဦးရေ (၁၄၈)ဦးနှင့် လူမှုကွန်ယက်ဝန်ဆောင်မှုကောင်းသော ယာဉ်မောင်းဦးရေ (၄) စုစုပေါင်း ဦးရေ (၂၀၀) ဆုရရှိခဲ့ကြောင်း သိရသည်။
လူမှုကွန်ယက်ဝန်ဆောင်မှုကောင်းသော ယာဉ်မောင်းဆုများကို ဗန္ဓုလယာဉ်လိုင်းမှ ယာဉ်မောင်းဦးထွန်းသိန်းဦး၊ YUPTယာဉ်လိုင်းမှ ယာဉ်မောင်းဦးသူရဇော်၊ ခေတ်သစ်ဘုရင့်နောင်ယာဉ်လိုင်းမှ ယာဉ်မောင်း ဦးမျိုးအာကာဌေး၊ လူထုမိတ်ဆွေယာဉ်လိုင်းမှ ယာဉ်မောင်း ဦးအောင်ဇော်လင်းတို့က ရရှိခဲ့ကြောင်း သိရသည်။
“ဒီလိုမျိုး ဆုချီးမြှင့်ခြင်းအားဖြင့် ယာဉ်မောင်းတွေကလည်း ဒီလိုမျိုး ပြန်လည်ပေးအပ်ရင် ဒီလိုမျိုး ချီးမြှင့်ခံရပါလားဆိုတာကို တွေ့ရရှိရတဲ့အတွက်ကြောင့် တိုးတက်လာတာလည်းတွေ့ရှိရပါတယ်။ လူမှုကွန်ယက်မှာ ချီးကျူးခံရတဲ့ ယာဉ်မောင်းတွေကတော့ ဒီနှစ်မှ စပြီးတော့ ချီးမြှင့်တာဖြစ်ပါတယ်။ လူမှုကွန်ယက်မှာ ချီးကျူးခံရတဲ့ ယာဉ်မောင်းများလည်း တိုးတက်လာမယ်လို့ ယုံကြည်ပါတယ်” YTRC၏ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောသည်။
ထိုသို့ဆုချီးမြှင့်ရာတွင် စံပြယာဉ်မောင်းဆု တစ်ဦးလျှင် ငွေကျပ် (၆)သိန်း၊ တာဝန်သိယာဉ်မောင်းနှင့် လူမှုကွန်ယက်ဝန်ဆောင်မှုကောင်းသော ယာဉ်မောင်း တစ်ဦးလျှင် ငွေကျပ် (၃)သိန်း ရရှိခဲ့ကြောင်း သိရသည်။
YRTC၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် YBS ကုမ္ပဏီ (၂၁)ခု၊ ယာဉ်လိုင်းပေါင်း (၁၃၂)လိုင်း၊ ယာဉ်စီးရေ (၅၅၄၀)စီး၊ ယာဉ်မောင်း (၇၃၃၆)ဦးတို့ကို ကြီးကြပ်ဆောင်ရွက်နေကြောင်း သိရသည်။
ယခု (၂၀၂၅)ခုနှစ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ဖြစ်စဉ်များ လျော့ကျ၍ သေဆုံးဒဏ်ရာရမှုများ ကျဆင်းစေရေးအတွက် ယာဉ်မောင်းကြီးများ စနစ်တကျဖြစ်ရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
၂၀၂၄ခုႏွစ္အတြက္ စံျပ၊ တာဝန္သိ၊ ဝန္ေဆာင္မႈေကာင္း YBSယာဥ္ေမာင္းဦးေရ (၂၀၀)အထိ ဆုခ်ီးျမႇင့္
ေစာ(NP News)-ေဖေဖာ္ဝါရီ ၂၁
၂၀၂၄ခုႏွစ္အတြက္ စံျပ၊ တာဝန္သိ၊ ဝန္ေဆာင္မႈေကာင္း YBSယာဥ္ေမာင္းဦးေရ (၂၀၀)အထိကို ယေန႔ (ေဖေဖာ္ဝါရီ ၂၁ရက္)က ရန္ကုန္ၿမိဳ႕ရွိ YRTC႐ုံးခ်ဳပ္၌ ဆုခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။
အဆိုပါဆုခ်ီးျမႇင့္ပြဲကို ၂၀၂၂ခုႏွစ္က စတင္၍ က်င္းပလာခဲ့ကာ ၂၀၂၄ခုႏွစ္တြင္ လူမႈကြန္ယက္ဝန္ေဆာင္မႈေကာင္း ယာဥ္ေမာင္းဆုကိုပါ ထည့္သြင္းခ်ီးျမႇင့္ခဲ့ၿပီး စံျပယာဥ္ေမာင္းဦးေရ (၄၈)ဦး၊ တာဝန္သိယာဥ္ေမာင္းဦးေရ (၁၄၈)ဦးႏွင့္ လူမႈကြန္ယက္ဝန္ေဆာင္မႈေကာင္းေသာ ယာဥ္ေမာင္းဦးေရ (၄) စုစုေပါင္း ဦးေရ (၂၀၀) ဆုရရွိခဲ့ေၾကာင္း သိရသည္။
လူမႈကြန္ယက္ဝန္ေဆာင္မႈေကာင္းေသာ ယာဥ္ေမာင္းဆုမ်ားကို ဗႏၶဳလယာဥ္လိုင္းမွ ယာဥ္ေမာင္းဦးထြန္းသိန္းဦး၊ YUPTယာဥ္လိုင္းမွ ယာဥ္ေမာင္းဦးသူရေဇာ္၊ ေခတ္သစ္ဘုရင့္ေနာင္ယာဥ္လိုင္းမွ ယာဥ္ေမာင္း ဦးမ်ိဳးအာကာေဌး၊ လူထုမိတ္ေဆြယာဥ္လိုင္းမွ ယာဥ္ေမာင္း ဦးေအာင္ေဇာ္လင္းတို႔က ရရွိခဲ့ေၾကာင္း သိရသည္။
“ဒီလိုမ်ိဳး ဆုခ်ီးျမႇင့္ျခင္းအားျဖင့္ ယာဥ္ေမာင္းေတြကလည္း ဒီလိုမ်ိဳး ျပန္လည္ေပးအပ္ရင္ ဒီလိုမ်ိဳး ခ်ီးျမႇင့္ခံရပါလားဆိုတာကို ေတြ႕ရရွိရတဲ့အတြက္ေၾကာင့္ တိုးတက္လာတာလည္းေတြ႕ရွိရပါတယ္။ လူမႈကြန္ယက္မွာ ခ်ီးက်ဴးခံရတဲ့ ယာဥ္ေမာင္းေတြကေတာ့ ဒီႏွစ္မွ စၿပီးေတာ့ ခ်ီးျမႇင့္တာျဖစ္ပါတယ္။ လူမႈကြန္ယက္မွာ ခ်ီးက်ဴးခံရတဲ့ ယာဥ္ေမာင္းမ်ားလည္း တိုးတက္လာမယ္လို႔ ယုံၾကည္ပါတယ္” YTRC၏ တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မာန္က ေျပာသည္။
ထိုသို႔ဆုခ်ီးျမႇင့္ရာတြင္ စံျပယာဥ္ေမာင္းဆု တစ္ဦးလွ်င္ ေငြက်ပ္ (၆)သိန္း၊ တာဝန္သိယာဥ္ေမာင္းႏွင့္ လူမႈကြန္ယက္ဝန္ေဆာင္မႈေကာင္းေသာ ယာဥ္ေမာင္း တစ္ဦးလွ်င္ ေငြက်ပ္ (၃)သိန္း ရရွိခဲ့ေၾကာင္း သိရသည္။
YRTC၏ ႀကီးၾကပ္ကြပ္ကဲမႈေအာက္တြင္ YBS ကုမၸဏီ (၂၁)ခု၊ ယာဥ္လိုင္းေပါင္း (၁၃၂)လိုင္း၊ ယာဥ္စီးေရ (၅၅၄၀)စီး၊ ယာဥ္ေမာင္း (၇၃၃၆)ဦးတို႔ကို ႀကီးၾကပ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။
ယခု (၂၀၂၅)ခုႏွစ္တြင္ ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ျဖစ္စဥ္မ်ား ေလ်ာ့က်၍ ေသဆုံးဒဏ္ရာရမႈမ်ား က်ဆင္းေစေရးအတြက္ ယာဥ္ေမာင္းႀကီးမ်ား စနစ္တက်ျဖစ္ေရးကို အေလးထားေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။