ဖိလစ်ပိုင်တွင် တရုတ်နိုင်ငံသားများ ဦးနေသောအွန်လိုင်းမှတဆင့် ရာဇဝတ်မှုများကျူးလွန်သော ဂိုဏ်းများကို ဖြိုခွင်းပြီး လူပေါင်း ၄၅၀ ကို ဖမ်းဆီး

 248

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၂

ဖိလစ်ပိုင်ရဲတပ်ဖွဲ့သည် ဖေဖော်ဝါရီ ၂၁ ရက်တွင် မနီလာမြို့တွင်အခြေပြုလှုပ်ရှားနေသည့် အွန်လိုင်းမှ လိမ်လည်မှု များ ကျူးလွန်နေသည့်ဂိုဏ်များကို စီးနင်းခဲ့ရာ လူပေါင်း အနည်းဆုံး ၄၅၀ ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင်ရဲတပ်ဖွဲ့က မနီလာမြို့တွင် အခြေပြုလှုပ်ရှားနေသည့်ဂိုဏ်းများသည် တရုတ်နိုင်ငံသားများ ဦးဆောင် သည့်ရာဇဝတ်ဂိုဏ်းများဖြစ်ပြီး တရုတ် နှင့် အိန္ဒိယနိုင်ငံသားများကို ပစ်မှတ်ထားကာ အွန်လိုင်းမှတဆင့် လိမ်လည်မှုများ ကျူးလွန်နေခြင်းဖြစ်ကြောင်း ဖိလစ်ပိုင်ရာဇဝတ်မှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့က ပြောသည်။
ဖိလစ်ပိုင်ရဲတပ်ဖွဲ့သည် စီးနင်းရှာဖွေမှုအတွင်း တရုတ်နိုင်ငံသား ၁၃၇ ဦးကို ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

ဖိလစ်ပိုင်ရဲတပ်ဖွဲ့အကြီးအကဲက "ဖမ်းဆီးရမိသူတွေထဲမှာ တရုတ်ဂိုဏ်းခေါင်းဆောင် ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်။ အဲဒီသူတွေကို လူကုန်ကူးမှုတိုက်ဖျက်ရေးဥပဒေနဲ့ စွဲချက်တင်မယ်" ဟု ပြောသည်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဂျူနီယာသည် ပြီးခဲ့သောနှစ်တွင် အွန်လိုင်းမှတဆင့် လောင်းကစားလုပ်ကိုင်ခြင်း၊ ငွေကြေးခဝါချခြင်း၊ လူကုန်ကူးခြင်း၊ ပြန်ပေးဆွဲခြင်းစသောလုပ်ငန်းများကို ကျူးလွန်နေသည့် ရာဇဝတ်ဂိုဏ်းများ ကို ဖြိုခွင်းရန် ဥပဒေထုတ်ပြန်ခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်ရဲတပ်အဖွဲ့ကြီးအကဲဖြစ်သူရဲချုပ် ခရုဇ်က "ဥပဒေထုတ်ပြန်ပြီး တားမြစ်ထားပေမယ့် ဖိလစ်ပိုင်နိုင်ငံ အတွင်း အွန်လိုင်းကတဆင့် လိမ်လည်မှုများ အပါအဝင် ရာဇဝတ်မှုကျူးလွန်တာတွေ ဆက်လက်လုပ်ဆောင်နေ တယ်။ ဒါကြောင့် ဖိလစ်ပိုင်နိုင်ငံအတွင်းအခြေပြုလှုပ်ရှားနေတဲ့ တရုတ်နိုင်ငံသားတွေ ဦးဆာင်တဲ့ ဂိုဏ်းတွေကို ဖြိုခွင်းသွားမယ်" ဟု ပြောသည်။
ဖိလစ်ပိုင်နိုင်ငံတွင် အွန်လိုင်းမှတဆင့်လိမ်လည်သည့်ဂိုဏ်းများကိုတားဆီးမည့် ဥပဒေများထုတ်ပြန်ခဲ့သော်လည်း တရုတ်နိုင်ငံသား ၂၁၀၀၀ ကျော်က ဖိလစ်ပိုင်နိုင်ငံအတွင်း အွန်လိုင်းမှတဆင့် ရာဇဝတ်မှုလုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ပြောသည်။ ဖိလစ်ပိုင်နိုင်ငံ အပါအဝင် အာရှတိုက် အတွင်းရှိ နိုင်ငံအများစုသည် တရုတ်နိုင်ငံသားများ ဦးဆောင်လုပ်ကိုင်နေသော အွန်လိုင်းမှတဆင့် လိမ်လည်သည့် ဂိုဏ်းများ၏ သားကောင်ဖြစ်လာရခြင်းအပေါ် နိုင်ငံတကာက စိုးရိမ်မှုမြင့်တက်နေကြောင်း သိရသည်။

Zawgyi Version:
ဖိလစ္ပိုင္တြင္ တ႐ုတ္ႏိုင္ငံသားမ်ား ဦးေနေသာအြန္လိုင္းမွတဆင့္ ရာဇဝတ္မႈမ်ားက်ဴးလြန္ေသာ ဂိုဏ္းမ်ားကို ၿဖိဳခြင္းၿပီး လူေပါင္း ၄၅၀ ကို ဖမ္းဆီး
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၂

ဖိလစ္ပိုင္ရဲတပ္ဖြဲ႕သည္ ေဖေဖာ္ဝါရီ ၂၁ ရက္တြင္ မနီလာၿမိဳ႕တြင္အေျချပဳလႈပ္ရွားေနသည့္ အြန္လိုင္းမွ လိမ္လည္မႈ မ်ား က်ဴးလြန္ေနသည့္ဂိုဏ္မ်ားကို စီးနင္းခဲ့ရာ လူေပါင္း အနည္းဆုံး ၄၅၀ ဦး ဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။ ဖိလစ္ပိုင္ရဲတပ္ဖြဲ႕က မနီလာၿမိဳ႕တြင္ အေျချပဳလႈပ္ရွားေနသည့္ဂိုဏ္းမ်ားသည္ တ႐ုတ္ႏိုင္ငံသားမ်ား ဦးေဆာင္ သည့္ရာဇဝတ္ဂိုဏ္းမ်ားျဖစ္ၿပီး တ႐ုတ္ ႏွင့္ အိႏၵိယႏိုင္ငံသားမ်ားကို ပစ္မွတ္ထားကာ အြန္လိုင္းမွတဆင့္ လိမ္လည္မႈမ်ား က်ဴးလြန္ေနျခင္းျဖစ္ေၾကာင္း ဖိလစ္ပိုင္ရာဇဝတ္မႈတိုက္ဖ်က္ေရးရဲတပ္ဖြဲ႕က ေျပာသည္။
ဖိလစ္ပိုင္ရဲတပ္ဖြဲ႕သည္ စီးနင္းရွာေဖြမႈအတြင္း တ႐ုတ္ႏိုင္ငံသား ၁၃၇ ဦးကို ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။

ဖိလစ္ပိုင္ရဲတပ္ဖြဲ႕အႀကီးအကဲက "ဖမ္းဆီးရမိသူေတြထဲမွာ တ႐ုတ္ဂိုဏ္းေခါင္းေဆာင္ ၅ ဦးကို ဖမ္းဆီးရမိခဲ့တယ္။ အဲဒီသူေတြကို လူကုန္ကူးမႈတိုက္ဖ်က္ေရးဥပေဒနဲ႔ စြဲခ်က္တင္မယ္" ဟု ေျပာသည္။
ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ့္ဂ်ဴနီယာသည္ ၿပီးခဲ့ေသာႏွစ္တြင္ အြန္လိုင္းမွတဆင့္ ေလာင္းကစားလုပ္ကိုင္ျခင္း၊ ေငြေၾကးခဝါခ်ျခင္း၊ လူကုန္ကူးျခင္း၊ ျပန္ေပးဆြဲျခင္းစေသာလုပ္ငန္းမ်ားကို က်ဴးလြန္ေနသည့္ ရာဇဝတ္ဂိုဏ္းမ်ား ကို ၿဖိဳခြင္းရန္ ဥပေဒထုတ္ျပန္ခဲ့ေၾကာင္း သိရသည္။
ဖိလစ္ပိုင္ရဲတပ္အဖြဲ႕ႀကီးအကဲျဖစ္သူရဲခ်ဳပ္ ခ႐ုဇ္က "ဥပေဒထုတ္ျပန္ၿပီး တားျမစ္ထားေပမယ့္ ဖိလစ္ပိုင္ႏိုင္ငံ အတြင္း အြန္လိုင္းကတဆင့္ လိမ္လည္မႈမ်ား အပါအဝင္ ရာဇဝတ္မႈက်ဴးလြန္တာေတြ ဆက္လက္လုပ္ေဆာင္ေန တယ္။ ဒါေၾကာင့္ ဖိလစ္ပိုင္ႏိုင္ငံအတြင္းအေျချပဳလႈပ္ရွားေနတဲ့ တ႐ုတ္ႏိုင္ငံသားေတြ ဦးဆာင္တဲ့ ဂိုဏ္းေတြကို ၿဖိဳခြင္းသြားမယ္" ဟု ေျပာသည္။
ဖိလစ္ပိုင္ႏိုင္ငံတြင္ အြန္လိုင္းမွတဆင့္လိမ္လည္သည့္ဂိုဏ္းမ်ားကိုတားဆီးမည့္ ဥပေဒမ်ားထုတ္ျပန္ခဲ့ေသာ္လည္း တ႐ုတ္ႏိုင္ငံသား ၂၁၀၀၀ ေက်ာ္က ဖိလစ္ပိုင္ႏိုင္ငံအတြင္း အြန္လိုင္းမွတဆင့္ ရာဇဝတ္မႈလုပ္ငန္းမ်ားကို ဆက္လက္ လုပ္ကိုင္ေနဆဲျဖစ္ေၾကာင္း ဖိလစ္ပိုင္ရဲတပ္ဖြဲ႕က ေျပာသည္။ ဖိလစ္ပိုင္ႏိုင္ငံ အပါအဝင္ အာရွတိုက္ အတြင္းရွိ ႏိုင္ငံအမ်ားစုသည္ တ႐ုတ္ႏိုင္ငံသားမ်ား ဦးေဆာင္လုပ္ကိုင္ေနေသာ အြန္လိုင္းမွတဆင့္ လိမ္လည္သည့္ ဂိုဏ္းမ်ား၏ သားေကာင္ျဖစ္လာရျခင္းအေပၚ ႏိုင္ငံတကာက စိုးရိမ္မႈျမင့္တက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.