ရန်ကုန်တွင် ပရဟိတအသင်းများကို ဦးတည်၍ အသုံးချ၊လိမ်လည်မှုဖြစ်စဉ်များဖြစ်ပွားနေ

 1487

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၂

ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ ပရဟိတအသင်းများကိုဦးတည်ကာ အသုံးချ၊ လိမ်လည်သည့်ဖြစ်စဉ်များဖြစ်ပွား နေသောကြောင့် အသိပေးသတိထားနေရကြောင်း ဒေသတွင်းလူမှုကူညီရေးအသင်းများက NP News သို့ပြော သည်။
မြန်မာနိုင်ငံတွင် ပရဟိတအသင်းအများအပြားပေါ်ပေါက်ကာ လူမှုကူညီရေးလုပ်ငန်းများကို ဆောင်ရွက်နေရာတွင် အဆိုပါအသင်းများသည် မသမာသူများအတွက် ပစ်မှတ်တစ်ခုဖြစ်လာနေခြင်းဖြစ်သည်။
ထိုသို့လိမ်လည်သည့်ဖြစ်စဉ်များအနက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းက သင်္ကန်းကျွန်းမြို့နယ်တွင် အမျိုးသမီးတစ်ဦး လဲကျနေကြောင်း သတင်းအရ အေးမေတ္တာပရဟိတအသင်းက သွားရောက်ကူညီခဲ့ရာ ပိုက်ဆံရ လိုသည့်အတွက် လိမ်လည်အကူအညီတောင်းခံခြင်းကို ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
“ကျွန်တော်တို့က တစ်ခါကြုံဖူးသွားတာပေါ့။ ရပ်ကွက်နေပြည်သူတွေကြားထဲမှာ မူးလဲသွားတာမျိုးတစ်ခါတည်း ပြန်မထနိုင်တာမျိုးလုပ်တဲ့ အခါကျတော့ ပရဟိတသမားတွေကိုပဲ ပြည်သူတွေက လှမ်းခေါ်ကြတာပေါ့။ အဲဒီတော့ ပရဟိတကိုခေါ်တဲ့အခါမှာ မသိတဲ့ပရဟိတတွေကလည်း သူ့ကိုခေါ်တင်သွား၊ ရန်ကုန်ဆေးရုံကြီးကိုခေါ်သွားတော့ ပိုင်ရှင်မဲ့ရင် ဆေးရုံက လက်မခံဘူး။ အဲဒီမှာ ကားပေါ်မှာပဲ တိုင်ပတ်ပြီးတော့ ပရဟိတသမားတွေက နောက်ဆုံးမှာ ပြန်မယ်လုပ်ကြရော။ အဲဒီမှာ ပဲခူးတို့၊ ဘာတို့ဆိုပြီး တစ်ယောက်ကိုတစ်မျိုးအကြောင်းပြကြတာပေါ့။ အဲဒီမှာ လမ်းစရိတ်တွေ ယူကြတယ်။ ပဲခူးဆိုရင်လည်း ပဲခူးကားဂိတ်ကိုလိုက်ပို့တဲ့ပရဟိတတွေ ရှိတယ်။ ရပ်ကွက်နေ ပြည်သူတွေကလည်း ဒီမျိုးရှိတဲ့အတွက် (၅၀၀) (၁၀၀၀)နဲ့ ပေးရတဲ့လူတွေလည်းကြုံရတယ်” ဟု ဖြစ်စဉ်အား ကိုယ်တွေ့ကြုံတွေ့ခဲ့သည့် အေးမေတ္တာပရဟိတအသင်းမှာ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ်မျိုးသည် ရန်ကုန်မြို့အနှံ့တွင်ဖြစ်ပေါ်လေ့ရှိပြီး အလိမ်မခံရစေရေး ပရဟိတသမားများ က ၎င်းတို့အချင်းချင်း သတိပေးမှုများ လုပ်ဆောင်နေရကြောင်း သိရသည်။
“ကျွန်တော်တို့ ပရဟိတသမားတွေက တကယ်အကူညီနေတဲ့လူဆိုရင် ရအောင်ကူညီတဲ့အနေအထားမှာရှိတယ်။ အဲဒီလိုဆိုတော့ သူ့အနေအထားက ပတ်လိမ်နေတာ။ ဘယ်လည်းဆိုတော့ သနားတတ်တဲ့ပတ်ဝန်းကျင်က လူတွေ ဆီကနေပြီးတော့ လမ်းစရိတ်တွေ ယူပြီးတော့ အခြားတစ်နေရာသွားလိုက်တယ် အဲဒီလိုမျိုးပေါ့။ အရင်ရက်က ဖြစ်သွားတဲ့အမျိုးသမီးဆိုရင် မူးလဲတယ်ဆိုပြီး လှမ်းခေါ်လို့သွားလိုက်တော့ ကျွန်တော်တို့ရောက်သွားတော့ အဲဒီအမျိုးသမီးဖြစ်နေတယ်။ ပထမတော့ အဲဒီအမျိုးသမီးမှန်းမသိလို့ group ပေါ်တင်လိုက်တဲ့အခါမှာ ပရဟိတ အသင်း(၃)သင်းက အသံထွက်လာတယ်။ အောင်သပြေပရဟိတအသင်းဆိုရင် တစ်ကြိမ်နဲ့ ကျွန်တော်တို့ အေးမေတ္တာပရဟိတအသင်းဆိုရင် အပေါ်ကပြောခဲ့သလို တစ်ကြိမ်ကြုံခဲ့ရဖူးတယ်” ဟု ၎င်းက ပြောသည်။
ထိုသို့ပရဟိတအသင်းများအား ပစ်မှတ်ထားလိမ်လည်သူများအတွင်း အသက်(၂၀)နှစ်ဝန်းကျင်အရွယ် အမျိုးသမီး များစွာ ပါဝင်ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့်ရက်ပိုင်းကလည်း ရွှေပြည်သာမြို့နယ်တွင် ရွှေမေတ္တာပရဟိတအသင်းထံ အမျိုးသမီးတစ်ဦး ရောက်လာပြီး ပုဂံဇာတိ ဆိုကာ လိမ်လည်လိုက်ပို့ခိုင်းသည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အဲဒီတော့ အစ်မက သူတို့ခေါ်ပြီးသေချာစောင့်ရှောက်ပြီးသေချာမေးရတာပေါ့။ ဘယ်ကလဲ။ ဘယ်ကိုပြန်မလဲဆို တော့ သူ့အိမ်က ပုဂံမှာတဲ့။ ပုဂံဘယ်နားမှာလဲဆိုပြီးတော့ ပရဟိတအသင်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ရှာကြတော့။ သူကရွာနာမည် အတိအကျလည်း မပြောနိုင်ဘူး။ အဲဒီမှာ သူ့ရဲ့ပုံလေးနဲ့ ပရဟိတကွန်ယက်တွေကို ချိတ်ဆက်ပြီး တော့ ပုဂံ-မြင်းခြံတစ်လျှောက်ရွာတွေမှာ ပရဟိတ သမားတွေ ချိတ်ဆက်ပြီးမေးတော့လည်းမရှိဘူး။ သူကလည်း ပုဂံကိုပဲရောက်အောင်ပို့ပေး။ ပုဂံရောက်ရင်သူသွားတက်တယ်တဲ့။ အကုန်လုံး ချိတ်ဆက်လုပ်ပေးပြီးတဲ့နောက်မှာ သူက လှော်ကားမှာနေတာဖြစ်နေတယ်” ဟု ရွှေမေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Zawgyi Version:
ရန္ကုန္တြင္ ပရဟိတအသင္းမ်ားကို ဦးတည္၍ အသုံးခ်၊လိမ္လည္မႈျဖစ္စဥ္မ်ားျဖစ္ပြားေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၂

ရန္ကုန္တိုင္းေဒသႀကီးအတြင္း၌ ပရဟိတအသင္းမ်ားကိုဦးတည္ကာ အသုံးခ်၊ လိမ္လည္သည့္ျဖစ္စဥ္မ်ားျဖစ္ပြား ေနေသာေၾကာင့္ အသိေပးသတိထားေနရေၾကာင္း ေဒသတြင္းလူမႈကူညီေရးအသင္းမ်ားက NP News သို႔ေျပာ သည္။
ျမန္မာႏိုင္ငံတြင္ ပရဟိတအသင္းအမ်ားအျပားေပၚေပါက္ကာ လူမႈကူညီေရးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနရာတြင္ အဆိုပါအသင္းမ်ားသည္ မသမာသူမ်ားအတြက္ ပစ္မွတ္တစ္ခုျဖစ္လာေနျခင္းျဖစ္သည္။
ထိုသို႔လိမ္လည္သည့္ျဖစ္စဥ္မ်ားအနက္ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ပထမပတ္အတြင္းက သကၤန္းကြၽန္းၿမိဳ႕နယ္တြင္ အမ်ိဳးသမီးတစ္ဦး လဲက်ေနေၾကာင္း သတင္းအရ ေအးေမတၱာပရဟိတအသင္းက သြားေရာက္ကူညီခဲ့ရာ ပိုက္ဆံရ လိုသည့္အတြက္ လိမ္လည္အကူအညီေတာင္းခံျခင္းကို ႀကဳံေတြ႕ခဲ့ရျခင္းျဖစ္သည္။
“ကြၽန္ေတာ္တို႔က တစ္ခါႀကဳံဖူးသြားတာေပါ့။ ရပ္ကြက္ေနျပည္သူေတြၾကားထဲမွာ မူးလဲသြားတာမ်ိဳးတစ္ခါတည္း ျပန္မထႏိုင္တာမ်ိဳးလုပ္တဲ့ အခါက်ေတာ့ ပရဟိတသမားေတြကိုပဲ ျပည္သူေတြက လွမ္းေခၚၾကတာေပါ့။ အဲဒီေတာ့ ပရဟိတကိုေခၚတဲ့အခါမွာ မသိတဲ့ပရဟိတေတြကလည္း သူ႔ကိုေခၚတင္သြား၊ ရန္ကုန္ေဆး႐ုံႀကီးကိုေခၚသြားေတာ့ ပိုင္ရွင္မဲ့ရင္ ေဆး႐ုံက လက္မခံဘူး။ အဲဒီမွာ ကားေပၚမွာပဲ တိုင္ပတ္ၿပီးေတာ့ ပရဟိတသမားေတြက ေနာက္ဆုံးမွာ ျပန္မယ္လုပ္ၾကေရာ။ အဲဒီမွာ ပဲခူးတို႔၊ ဘာတို႔ဆိုၿပီး တစ္ေယာက္ကိုတစ္မ်ိဳးအေၾကာင္းျပၾကတာေပါ့။ အဲဒီမွာ လမ္းစရိတ္ေတြ ယူၾကတယ္။ ပဲခူးဆိုရင္လည္း ပဲခူးကားဂိတ္ကိုလိုက္ပို႔တဲ့ပရဟိတေတြ ရွိတယ္။ ရပ္ကြက္ေန ျပည္သူေတြကလည္း ဒီမ်ိဳးရွိတဲ့အတြက္ (၅၀၀) (၁၀၀၀)နဲ႔ ေပးရတဲ့လူေတြလည္းႀကဳံရတယ္” ဟု ျဖစ္စဥ္အား ကိုယ္ေတြ႕ႀကဳံေတြ႕ခဲ့သည့္ ေအးေမတၱာပရဟိတအသင္းမွာ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
လက္ရွိတြင္ အဆိုပါျဖစ္စဥ္မ်ိဳးသည္ ရန္ကုန္ၿမိဳ႕အႏွံ႔တြင္ျဖစ္ေပၚေလ့ရွိၿပီး အလိမ္မခံရေစေရး ပရဟိတသမားမ်ား က ၎တို႔အခ်င္းခ်င္း သတိေပးမႈမ်ား လုပ္ေဆာင္ေနရေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ ပရဟိတသမားေတြက တကယ္အကူညီေနတဲ့လူဆိုရင္ ရေအာင္ကူညီတဲ့အေနအထားမွာရွိတယ္။ အဲဒီလိုဆိုေတာ့ သူ႔အေနအထားက ပတ္လိမ္ေနတာ။ ဘယ္လည္းဆိုေတာ့ သနားတတ္တဲ့ပတ္ဝန္းက်င္က လူေတြ ဆီကေနၿပီးေတာ့ လမ္းစရိတ္ေတြ ယူၿပီးေတာ့ အျခားတစ္ေနရာသြားလိုက္တယ္ အဲဒီလိုမ်ိဳးေပါ့။ အရင္ရက္က ျဖစ္သြားတဲ့အမ်ိဳးသမီးဆိုရင္ မူးလဲတယ္ဆိုၿပီး လွမ္းေခၚလို႔သြားလိုက္ေတာ့ ကြၽန္ေတာ္တို႔ေရာက္သြားေတာ့ အဲဒီအမ်ိဳးသမီးျဖစ္ေနတယ္။ ပထမေတာ့ အဲဒီအမ်ိဳးသမီးမွန္းမသိလို႔ group ေပၚတင္လိုက္တဲ့အခါမွာ ပရဟိတ အသင္း(၃)သင္းက အသံထြက္လာတယ္။ ေအာင္သေျပပရဟိတအသင္းဆိုရင္ တစ္ႀကိမ္နဲ႔ ကြၽန္ေတာ္တို႔ ေအးေမတၱာပရဟိတအသင္းဆိုရင္ အေပၚကေျပာခဲ့သလို တစ္ႀကိမ္ႀကဳံခဲ့ရဖူးတယ္” ဟု ၎က ေျပာသည္။
ထိုသို႔ပရဟိတအသင္းမ်ားအား ပစ္မွတ္ထားလိမ္လည္သူမ်ားအတြင္း အသက္(၂၀)ႏွစ္ဝန္းက်င္အ႐ြယ္ အမ်ိဳးသမီး မ်ားစြာ ပါဝင္ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ရက္ပိုင္းကလည္း ေ႐ႊျပည္သာၿမိဳ႕နယ္တြင္ ေ႐ႊေမတၱာပရဟိတအသင္းထံ အမ်ိဳးသမီးတစ္ဦး ေရာက္လာၿပီး ပုဂံဇာတိ ဆိုကာ လိမ္လည္လိုက္ပို႔ခိုင္းသည့္ ျဖစ္စဥ္တစ္ခုျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“အဲဒီေတာ့ အစ္မက သူတို႔ေခၚၿပီးေသခ်ာေစာင့္ေရွာက္ၿပီးေသခ်ာေမးရတာေပါ့။ ဘယ္ကလဲ။ ဘယ္ကိုျပန္မလဲဆို ေတာ့ သူ႔အိမ္က ပုဂံမွာတဲ့။ ပုဂံဘယ္နားမွာလဲဆိုၿပီးေတာ့ ပရဟိတအသင္းေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ရွာၾကေတာ့။ သူက႐ြာနာမည္ အတိအက်လည္း မေျပာႏိုင္ဘူး။ အဲဒီမွာ သူ႔ရဲ႕ပုံေလးနဲ႔ ပရဟိတကြန္ယက္ေတြကို ခ်ိတ္ဆက္ၿပီး ေတာ့ ပုဂံ-ျမင္းၿခံတစ္ေလွ်ာက္႐ြာေတြမွာ ပရဟိတ သမားေတြ ခ်ိတ္ဆက္ၿပီးေမးေတာ့လည္းမရွိဘူး။ သူကလည္း ပုဂံကိုပဲေရာက္ေအာင္ပို႔ေပး။ ပုဂံေရာက္ရင္သူသြားတက္တယ္တဲ့။ အကုန္လုံး ခ်ိတ္ဆက္လုပ္ေပးၿပီးတဲ့ေနာက္မွာ သူက ေလွာ္ကားမွာေနတာျဖစ္ေနတယ္” ဟု ေ႐ႊေမတၱာလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။

Related news

© 2021. All rights reserved.