အမေရိကန်သမ္မတက ယူကရိန်းသမ္မတကို စိတ်ပျက်နေတယ်လို့ အိမ်ဖြူတော်က ပြော

 93

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၃

ယူကရိန်းရဲ့သတ္တုအရင်းအမြစ်တွေ တူးဖော်ထုတ်လုပ်ရေးမှာ ပူးတွဲရင်းနှီးမြှုပ်နှံဖို့ အမေရိကန်ရဲ့အဆိုပြုချက် အပေါ် ယူကရိန်းသမ္မတဇီလန်စကီးရဲ့တုံ့ပြန်မှုကို အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စိတ်ပျက်မိကြောင်း အိမ်ဖြူတော် အကြီးတန်းအရာရှိတစ်ဦးက ပြောကြားခဲ့ပါတယ်။ ကြာသပတေးနေ့က ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံ့လုံခြုံရေးအကြံပေး မိုက်ဝေါက "အခုဆိုရင် သမ္မတဒေါ်နယ်ထရမ့်ကဟာ သမ္မတ ဇီလန်စကီး အပေါ် အရမ်းစိတ်ပျက်နေတယ်ဆိုတာ သိသာပါတယ်" လို့ ပြောပါတယ်။
ယူကရိန်းသမ္မတဇီလန်စကီးဟာ ယူကရိန်းရှိ သတ္တုအရင်းအမြစ်တွေ တူးဖော်ထုတ်လုပ်ရေးမှာ ရင်းနှီးမြှုပ်နှံဖို့ နှစ်နိုင်ငံအကြား ဆွေးနွေးမှုတွေလုပ်ဖို့ ဆန္ဒမရှိကြောင်း မိုက်ဝေါ က ပြောပါတယ်။သမ္မတ ဇီလန်စကီးဟာ ယူကရိန်းနဲ့ ရုရှားနိုင်ငံဆိုင်ရာ အမေရိကန်အထူးကိုယ်စားလှယ် Keith Kellogg နဲ့ ကြာသပတေးနေ့မှာ တွေ့ဆုံခဲ့ပါ တယ်။ အဲဒီလိုတွေ့ဆုံပြီးတဲ့နောက် မစ္စတာဇီလန်စကီး က "ယူကရိန်းဟာ အမေရိကန်သမ္မတနဲ့ ခိုင်မာထိရောက်တဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ လုံခြုံရေးသဘောတူညီချက်အတွက် အသင့်ဖြစ်နေပြီ" လို့ X မှာ ရေးသားခဲ့ပါတယ်။
အခုသီတင်းပတ်အစောပိုင်းမှာ ယူကရိန်းမှာ အပစ်အခတ်ရပ်စဲရေးအတွက် အမေရိကန်နဲ့ ရုရှားအရာရှိတွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။ ဒါပေမဲ့သမ္မတဒေါ်နယ်ထရမ့်က ဇီလန်စကီးကို စစ်ပွဲအတွင်းရွေးကောက်ပွဲ မကျင်းပတဲ့ အတွက် "အာဏာရှင်" လို့ ခေါ်ဆိုခဲ့ပါတယ်။ဇီလန်စကီးကအမေရိကန်သမ္မတအသစ် ဒေါ်နယ်ထရမ့်ဟာ ရုရှား အစိုးရထံမှ မမှန်သတင်းများကို လက်ခံယုံကြည်နေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ ဝေဖန်ခဲ့ရာ အမေရိကန်သမ္မတ နဲ့ ယူကရိန်းသမ္မတကြား အငြင်းပွားမှုများပိုမိုဖြစ်လာခဲ့ကြောင်း သိရပါတယ်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်းသမ္မတဇီလန်စကီးကို ရွေးကောက်ပွဲမကျင်းပဘဲ နိုင်ငံကို အုပ်ချုပ်နေသော အာဏာရှင်ဖြစ်ကြောင်း၊ စစ်ပွဲမှာ အနိုင်မရနိုင်တဲ့နိုင်ငံကို အမေရိကန်နိုင်ငံက ကူညီထောက်ပံ့ပေးသလိုမျိုးဖြစ်နေကြောင်း ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ဝေဖန်ခဲ့ပါတယ်။

Zawgyi Version:
အေမရိကန္သမၼတက ယူကရိန္းသမၼတကို စိတ္ပ်က္ေနတယ္လို႔ အိမ္ျဖဴေတာ္က ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၃

ယူကရိန္းရဲ႕သတၱဳအရင္းအျမစ္ေတြ တူးေဖာ္ထုတ္လုပ္ေရးမွာ ပူးတြဲရင္းႏွီးျမႇဳပ္ႏွံဖို႔ အေမရိကန္ရဲ႕အဆိုျပဳခ်က္ အေပၚ ယူကရိန္းသမၼတဇီလန္စကီးရဲ႕တုံ႔ျပန္မႈကို အေမရိကန္သမၼတေဒၚနယ္ထရမ့္က စိတ္ပ်က္မိေၾကာင္း အိမ္ျဖဴေတာ္ အႀကီးတန္းအရာရွိတစ္ဦးက ေျပာၾကားခဲ့ပါတယ္။ ၾကာသပေတးေန႔က ျပဳလုပ္တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ႏိုင္ငံ့လုံၿခဳံေရးအႀကံေပး မိုက္ေဝါက "အခုဆိုရင္ သမၼတေဒၚနယ္ထရမ့္ကဟာ သမၼတ ဇီလန္စကီး အေပၚ အရမ္းစိတ္ပ်က္ေနတယ္ဆိုတာ သိသာပါတယ္" လို႔ ေျပာပါတယ္။
ယူကရိန္းသမၼတဇီလန္စကီးဟာ ယူကရိန္းရွိ သတၱဳအရင္းအျမစ္ေတြ တူးေဖာ္ထုတ္လုပ္ေရးမွာ ရင္းႏွီးျမႇဳပ္ႏွံဖို႔ ႏွစ္ႏိုင္ငံအၾကား ေဆြးေႏြးမႈေတြလုပ္ဖို႔ ဆႏၵမရွိေၾကာင္း မိုက္ေဝါ က ေျပာပါတယ္။သမၼတ ဇီလန္စကီးဟာ ယူကရိန္းနဲ႔ ႐ုရွားႏိုင္ငံဆိုင္ရာ အေမရိကန္အထူးကိုယ္စားလွယ္ Keith Kellogg နဲ႔ ၾကာသပေတးေန႔မွာ ေတြ႕ဆုံခဲ့ပါ တယ္။ အဲဒီလိုေတြ႕ဆုံၿပီးတဲ့ေနာက္ မစၥတာဇီလန္စကီး က "ယူကရိန္းဟာ အေမရိကန္သမၼတနဲ႔ ခိုင္မာထိေရာက္တဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈနဲ႔ လုံၿခဳံေရးသေဘာတူညီခ်က္အတြက္ အသင့္ျဖစ္ေနၿပီ" လို႔ X မွာ ေရးသားခဲ့ပါတယ္။
အခုသီတင္းပတ္အေစာပိုင္းမွာ ယူကရိန္းမွာ အပစ္အခတ္ရပ္စဲေရးအတြက္ အေမရိကန္နဲ႔ ႐ုရွားအရာရွိေတြ ေတြ႕ဆုံ ေဆြးေႏြးခဲ့ၾကပါတယ္။ ဒါေပမဲ့သမၼတေဒၚနယ္ထရမ့္က ဇီလန္စကီးကို စစ္ပြဲအတြင္းေ႐ြးေကာက္ပြဲ မက်င္းပတဲ့ အတြက္ "အာဏာရွင္" လို႔ ေခၚဆိုခဲ့ပါတယ္။ဇီလန္စကီးကအေမရိကန္သမၼတအသစ္ ေဒၚနယ္ထရမ့္ဟာ ႐ုရွား အစိုးရထံမွ မမွန္သတင္းမ်ားကို လက္ခံယုံၾကည္ေနတယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ ေဝဖန္ခဲ့ရာ အေမရိကန္သမၼတ နဲ႔ ယူကရိန္းသမၼတၾကား အျငင္းပြားမႈမ်ားပိုမိုျဖစ္လာခဲ့ေၾကာင္း သိရပါတယ္။ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ယူကရိန္းသမၼတဇီလန္စကီးကို ေ႐ြးေကာက္ပြဲမက်င္းပဘဲ ႏိုင္ငံကို အုပ္ခ်ဳပ္ေနေသာ အာဏာရွင္ျဖစ္ေၾကာင္း၊ စစ္ပြဲမွာ အႏိုင္မရႏိုင္တဲ့ႏိုင္ငံကို အေမရိကန္ႏိုင္ငံက ကူညီေထာက္ပံ့ေပးသလိုမ်ိဳးျဖစ္ေနေၾကာင္း ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ ေဝဖန္ခဲ့ပါတယ္။

Related news

© 2021. All rights reserved.