ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်က ရှိတ်ဟာစီနာ၏ ဖခင်ရုပ်ပုံပါ ငွေစက္ကူများ ထုတ်ဝေခြင်းကို ရပ်တန့်လိုက်သဖြင့် ငွေကြေးအကျပ်အတည်း ဖြစ်ပေါ်နေ

258

Htay Oung (NP News) - မေ ၁
ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်က ယခင် ရိုက်နှိပ်ပြီးသား ငွေစက္ကူများကို ထုတ်ဝေခြင်း မပြုရန် ဆုံးဖြတ်လိုက်တဲ့ အတွက် ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးမှုကြီးနဲ့ကြုံတွေ့နေရကြောင်း သိရှိရပါတယ်။ ရှိတ်မူဂျီဘူရ်_ရာမန် (ဝန်ကြီးချုပ် ဟောင်း ရှိတ်ဟာစီနာရဲ့ဖခင်) ရုပ်ပုံပါ တာကာငွေ သန်းပေါင်း ၁၅၀၀ တန်ကြေးရှိတဲ့ ငွေစက္ကူတွေဟာ အသုံးပြုစရာ မလိုတော့ပဲ ဖြစ်သွားပါတယ်။ ဗဟိုဘဏ်ရဲ့ဆုံးဖြတ်ချက်ဟာ အများပြည်သူတို့ရဲ့ စိတ်နှလုံးမှာ “ဘန်ဂါဘန်ဒု” (ဘင်္ဂလားမိတ်ဆွေကြီး) တည်ရှိနေမှုကို ဖျောက်ဖျက်ပစ်ရန် ကြားဖြတ်အစိုးရရဲ့ကြိုးပမ်းအားထုတ် မှုနဲ့တော့ ကိုက်ညီနေပါတယ်လို့ နယူးဒေလီအခြေစိုက် “တိုင်းမ်အော့ဖ်_အင်ဒီးယား” ၂ဝ၂၅ ခုနှစ် ဧပြီလ ၃ဝ ရက်က ရေးသားပါတယ်။
ဗဟိုဘဏ်တာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စကို လူသိရှင်ကြား ဆွေးနွေးလိုခြင်း မရှိပါဘူး။ ငွေစက္ကူအသစ်များ ထုတ်ယူ နေကျအစဉ်အလာကို ရုတ်တရက် ရပ်တန့်လိုက်တဲ့အတွက် ဈေးကွက်မှာ အကျပ်အတည်းဖြစ်ပေါ်နေရတယ်လို့ ဘင်္ဂလားဒေ့ရ်ုဘဏ်မှ အမည်မဖော်လိုသူများက ပြောပြပါတယ်။ တစ်ဖက်မှာ ပုံနှိပ်ပြီး ငွေစက္ကူများကို အသုံးမပြုတော့တဲ့အတွက် အလဟဿဖြစ်သွားခြင်း၊ အခြားတစ်ဖက်မှာတော့ အဲဒီရလဒ်ကို ငွေကြေး အသုံးပြုရ မယ့်သူများက ခံစားနေရတယ်လို့ ဆိုပါတယ်။
အများပြည်သူအခွန်ငွေနဲ့ ဝယ်ယူထားရတဲ့ စက္ကူနဲ့မင်များကို အသုံးပြုပြီး တန်ဖိုးအသီးသီးရှိတဲ့ ငွေစက္ကူတွေကို ရိုက်နှိပ်ထားခြင်းဖြစ်ပါတယ်။ ဘန်ဂါဘန်ဒုကြီး ရုပ်ပုံပါ ငွေစက္ကူသန်းပေါင်းများစွာတို့ဟာ ဘဏ်အမျိုးမျိုးရဲ့ ငွေသိုလှောင်ခန်းများမှာ ရောက်ရှိနေပါတယ်။ လုံခြုံရေးသက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများကော်ပိုရေးရှင်းဟာ ငွေ စက္ကူများအားလုံးကို တစ်ပြိုင်နက်တည်း ပယ်ဖျက်ခွင့် အသစ်ထပ်မံ ရိုက်နှိပ်ခွင့်မရှိပါဘူး။ ဒါ့ကြောင့် ဘန်ဂါ ဘန်ဒုကြီး ရုပ်ပုံပါ ငွေစက္ကူတွေကို ချက်ချင်းကြီး ရုတ်သိမ်းလို့ မရဘဲ ဖြစ်သွားတတ်ပါတယ်လို့ ဘင်္ဂလားဒေ့ရှ် ဗဟိုဘဏ်ရဲ့ ယခင် အမှုဆောင်ဒါရိုက်တာနဲ့ လုံခြုံရေးသက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများကော်ပိုရေးရှင်း မန်နေးဂျင်း ဒါရိုက်တာဟောင်းတစ်ဦးက သတင်းထောက်များကို ပြောပြပါတယ်။
အခုလိုမျိုးဖြစ်လာရင် အများပြည်သူအခက်အခဲကို ပြေလျော့စေဖို့ ပုံနှိပ်ပြီး ငွေစက္ကူတွေကို ဈေးကွက်ထဲဖြန့်ဖြူး တာမျိုး လုပ်သင့်တယ်လို့ အကြံပြုပါတယ်။ ဒီဇိုင်းသစ်ငွေစက္ကူတွေ ဈေးကွက်ထဲ ဝင်ရောက်လာတဲ့အခါကျမှ အဟောင်းတွေကို ဖြည်းဖြည်းချင်း နှုတ်ပယ်သွားသင့်ကြောင်း၊ တစ်ကြိမ်ရိုက်နှိပ်ထားတဲ့ ငွေစက္ကူတွေဟာ ယေဘုယျအားဖြင့် အများဆုံး လေးနှစ်မှ ငါးနှစ်အထိ အသုံးပြုနိုင်ပါတယ်လို့ ဆိုပါတယ်။
မီဒီယာများရဲ့ဖော်ပြချက်များအရ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်ဟာ ဘဏ်များက တောင်းဆိုသလောက် ငွေစက္ကူ အသစ်များကို ထုတ်ဝေပေးစရာ မရှိကြောင်း သိရှိရပါတယ်။ ပြီးခဲ့တဲ့နှစ် သြဂုတ်လ ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံ ရေး ကသောင်းကနင်းဖြစ်ပြီးနောက် ယခုအကျပ်အတည်း ထင်ရှားလာခြင်းဖြစ်ပါတယ်။
သတ္တုဒင်္ဂါးများ အပါအဝင် ငွေကြေးပုံစံအားလုံးတို့မှာ မူဂျီဘူရ်ရုပ်ပုံ ပါရှိနေတဲ့အတွက် ငွေစက္ကူအသစ်များ ထုတ်ဝေခြင်းကို ယခု ဧပြီလဆန်းပိုင်းမှာ ဘင်္ဂလားဒေ့ရှ်ဗဟိုဘဏ်က ရုတ်တရက်ရပ်ဆိုင်းပစ်လိုက်ပါတယ်။
ရလဒ်အနေနဲ့ ဘန်ဂါဘန်ဒုကြီး ရုပ်ပုံပါ ငွေစက္ကူတွေဟာ ဈေးကွက်ကို ရောက်မလာပဲဖြစ်သွားပါတယ်။ ယခုအခါ ဈေးဆိုင်များ၊ ဘဏ်များနဲ့ အများပြည်သူတွေလက်ထဲမှာ စုတ်ပြဲပြီး ဟောင်းနွမ်းညစ်ပတ်တဲ့ ငွေစက္ကူများသာ ကျန်ရစ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဘဏ် သတင်းရင်းမြစ်များအရ လာမယ့်လမှာ လုံခြုံရေးသက်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ ကော်ပိုရေးရှင်းက ဒီဇိုင်းသစ် ငွေစက္ကူတွေကို စတင်ပုံနှိပ်တော့မည်ဖြစ်ကြောင်း သိရှိရပါတယ်။ ပထမအဆင့် ၂၀၊ ၅၀ နဲ့ ၁၀၀၀ တန် ဒီဇိုင်းသစ်ရိုက်နှိပ်ပြီး နောက်ပိုင်းမှာ ဘဏ်များမှတစ်ဆင့် ဈေးကွက်အတွင်း ဖြန့်ဖြူးမယ်လို့ ဆိုပါတယ်။
(ယူနွတ်ဟာ အသေးစားငွေချေးလုပ်ငန်းနဲ့ နိုဗဲလ်ဆု ရရှိခဲ့တာပါ။ ထင်ရှားတဲ့ စီးပွားရေးပညာ ပါရဂူတစ်ယောက် လည်းဖြစ်ပါတယ်။
သူ့လက်ထက်ရောက်မှ အခုလိုဖြစ်ရတာ ဘဂ်လားဒ်ရှ်ကြားဖြတ်အစိုးရမှာ "တပ်သားလေးဆယ်၊ ဗိုလ်ခြောက် ဆယ်" ဖြစ်နေပုံရတယ်။
#HtayOung #OungMarine

Zawgyi Version:
ဘဂၤလားေဒ့ရွ္ဗဟိုဘဏ္က ရွိတ္ဟာစီနာ၏ ဖခင္႐ုပ္ပုံပါ ေငြစကၠဴမ်ား ထုတ္ေဝျခင္းကို ရပ္တန႔္လိုက္သျဖင့္ ေငြေၾကးအက်ပ္အတည္း ျဖစ္ေပၚေန
Htay Oung (NP News) - ေမ ၁
ဘဂၤလားေဒ့ရွ္ ဗဟိုဘဏ္က ယခင္ ႐ိုက္ႏွိပ္ၿပီးသား ေငြစကၠဴမ်ားကို ထုတ္ေဝျခင္း မျပဳရန္ ဆုံးျဖတ္လိုက္တဲ့ အတြက္ ဘ႑ာေရးဆိုင္ရာ ဆုံးရႈံးမႈႀကီးနဲ႔ႀကဳံေတြ႕ေနရေၾကာင္း သိရွိရပါတယ္။ ရွိတ္မူဂ်ီဘူရ္_ရာမန္ (ဝန္ႀကီးခ်ဳပ္ ေဟာင္း ရွိတ္ဟာစီနာရဲ႕ဖခင္) ႐ုပ္ပုံပါ တာကာေငြ သန္းေပါင္း ၁၅၀၀ တန္ေၾကးရွိတဲ့ ေငြစကၠဴေတြဟာ အသုံးျပဳစရာ မလိုေတာ့ပဲ ျဖစ္သြားပါတယ္။ ဗဟိုဘဏ္ရဲ႕ဆုံးျဖတ္ခ်က္ဟာ အမ်ားျပည္သူတို႔ရဲ႕ စိတ္ႏွလုံးမွာ “ဘန္ဂါဘန္ဒု” (ဘဂၤလားမိတ္ေဆြႀကီး) တည္ရွိေနမႈကို ေဖ်ာက္ဖ်က္ပစ္ရန္ ၾကားျဖတ္အစိုးရရဲ႕ႀကိဳးပမ္းအားထုတ္ မႈနဲ႔ေတာ့ ကိုက္ညီေနပါတယ္လို႔ နယူးေဒလီအေျခစိုက္ “တိုင္းမ္ေအာ့ဖ္_အင္ဒီးယား” ၂ဝ၂၅ ခုႏွစ္ ဧၿပီလ ၃ဝ ရက္က ေရးသားပါတယ္။
ဗဟိုဘဏ္တာဝန္ရွိသူေတြအေနနဲ႔ ဒီကိစၥကို လူသိရွင္ၾကား ေဆြးေႏြးလိုျခင္း မရွိပါဘူး။ ေငြစကၠဴအသစ္မ်ား ထုတ္ယူ ေနက်အစဥ္အလာကို ႐ုတ္တရက္ ရပ္တန႔္လိုက္တဲ့အတြက္ ေဈးကြက္မွာ အက်ပ္အတည္းျဖစ္ေပၚေနရတယ္လို႔ ဘဂၤလားေဒ့ရ္ုဘဏ္မွ အမည္မေဖာ္လိုသူမ်ားက ေျပာျပပါတယ္။ တစ္ဖက္မွာ ပုံႏွိပ္ၿပီး ေငြစကၠဴမ်ားကို အသုံးမျပဳေတာ့တဲ့အတြက္ အလဟႆျဖစ္သြားျခင္း၊ အျခားတစ္ဖက္မွာေတာ့ အဲဒီရလဒ္ကို ေငြေၾကး အသုံးျပဳရ မယ့္သူမ်ားက ခံစားေနရတယ္လို႔ ဆိုပါတယ္။
အမ်ားျပည္သူအခြန္ေငြနဲ႔ ဝယ္ယူထားရတဲ့ စကၠဴနဲ႔မင္မ်ားကို အသုံးျပဳၿပီး တန္ဖိုးအသီးသီးရွိတဲ့ ေငြစကၠဴေတြကို ႐ိုက္ႏွိပ္ထားျခင္းျဖစ္ပါတယ္။ ဘန္ဂါဘန္ဒုႀကီး ႐ုပ္ပုံပါ ေငြစကၠဴသန္းေပါင္းမ်ားစြာတို႔ဟာ ဘဏ္အမ်ိဳးမ်ိဳးရဲ႕ ေငြသိုေလွာင္ခန္းမ်ားမွာ ေရာက္ရွိေနပါတယ္။ လုံၿခဳံေရးသက္ဆိုင္ေသာ ပုံႏွိပ္လုပ္ငန္းမ်ားေကာ္ပိုေရးရွင္းဟာ ေငြ စကၠဴမ်ားအားလုံးကို တစ္ၿပိဳင္နက္တည္း ပယ္ဖ်က္ခြင့္ အသစ္ထပ္မံ ႐ိုက္ႏွိပ္ခြင့္မရွိပါဘူး။ ဒါ့ေၾကာင့္ ဘန္ဂါ ဘန္ဒုႀကီး ႐ုပ္ပုံပါ ေငြစကၠဴေတြကို ခ်က္ခ်င္းႀကီး ႐ုတ္သိမ္းလို႔ မရဘဲ ျဖစ္သြားတတ္ပါတယ္လို႔ ဘဂၤလားေဒ့ရွ္ ဗဟိုဘဏ္ရဲ႕ ယခင္ အမႈေဆာင္ဒါ႐ိုက္တာနဲ႔ လုံၿခဳံေရးသက္ဆိုင္ေသာ ပုံႏွိပ္လုပ္ငန္းမ်ားေကာ္ပိုေရးရွင္း မန္ေနးဂ်င္း ဒါ႐ိုက္တာေဟာင္းတစ္ဦးက သတင္းေထာက္မ်ားကို ေျပာျပပါတယ္။
အခုလိုမ်ိဳးျဖစ္လာရင္ အမ်ားျပည္သူအခက္အခဲကို ေျပေလ်ာ့ေစဖို႔ ပုံႏွိပ္ၿပီး ေငြစကၠဴေတြကို ေဈးကြက္ထဲျဖန႔္ျဖဴး တာမ်ိဳး လုပ္သင့္တယ္လို႔ အႀကံျပဳပါတယ္။ ဒီဇိုင္းသစ္ေငြစကၠဴေတြ ေဈးကြက္ထဲ ဝင္ေရာက္လာတဲ့အခါက်မွ အေဟာင္းေတြကို ျဖည္းျဖည္းခ်င္း ႏႈတ္ပယ္သြားသင့္ေၾကာင္း၊ တစ္ႀကိမ္႐ိုက္ႏွိပ္ထားတဲ့ ေငြစကၠဴေတြဟာ ေယဘုယ်အားျဖင့္ အမ်ားဆုံး ေလးႏွစ္မွ ငါးႏွစ္အထိ အသုံးျပဳႏိုင္ပါတယ္လို႔ ဆိုပါတယ္။
မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္မ်ားအရ ဘဂၤလားေဒ့ရွ္ဗဟိုဘဏ္ဟာ ဘဏ္မ်ားက ေတာင္းဆိုသေလာက္ ေငြစကၠဴ အသစ္မ်ားကို ထုတ္ေဝေပးစရာ မရွိေၾကာင္း သိရွိရပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လ ဘဂၤလားေဒ့ရွ္မွာ ႏိုင္ငံ ေရး ကေသာင္းကနင္းျဖစ္ၿပီးေနာက္ ယခုအက်ပ္အတည္း ထင္ရွားလာျခင္းျဖစ္ပါတယ္။
သတၱဳဒဂၤါးမ်ား အပါအဝင္ ေငြေၾကးပုံစံအားလုံးတို႔မွာ မူဂ်ီဘူရ္႐ုပ္ပုံ ပါရွိေနတဲ့အတြက္ ေငြစကၠဴအသစ္မ်ား ထုတ္ေဝျခင္းကို ယခု ဧၿပီလဆန္းပိုင္းမွာ ဘဂၤလားေဒ့ရွ္ဗဟိုဘဏ္က ႐ုတ္တရက္ရပ္ဆိုင္းပစ္လိုက္ပါတယ္။
ရလဒ္အေနနဲ႔ ဘန္ဂါဘန္ဒုႀကီး ႐ုပ္ပုံပါ ေငြစကၠဴေတြဟာ ေဈးကြက္ကို ေရာက္မလာပဲျဖစ္သြားပါတယ္။ ယခုအခါ ေဈးဆိုင္မ်ား၊ ဘဏ္မ်ားနဲ႔ အမ်ားျပည္သူေတြလက္ထဲမွာ စုတ္ၿပဲၿပီး ေဟာင္းႏြမ္းညစ္ပတ္တဲ့ ေငြစကၠဴမ်ားသာ က်န္ရစ္ခဲ့ပါတယ္။
ဘဂၤလားေဒ့ရွ္ဘဏ္ သတင္းရင္းျမစ္မ်ားအရ လာမယ့္လမွာ လုံၿခဳံေရးသက္ဆိုင္ေသာ ပုံႏွိပ္လုပ္ငန္းမ်ား ေကာ္ပိုေရးရွင္းက ဒီဇိုင္းသစ္ ေငြစကၠဴေတြကို စတင္ပုံႏွိပ္ေတာ့မည္ျဖစ္ေၾကာင္း သိရွိရပါတယ္။ ပထမအဆင့္ ၂၀၊ ၅၀ နဲ႔ ၁၀၀၀ တန္ ဒီဇိုင္းသစ္႐ိုက္ႏွိပ္ၿပီး ေနာက္ပိုင္းမွာ ဘဏ္မ်ားမွတစ္ဆင့္ ေဈးကြက္အတြင္း ျဖန႔္ျဖဴးမယ္လို႔ ဆိုပါတယ္။
(ယူႏြတ္ဟာ အေသးစားေငြေခ်းလုပ္ငန္းနဲ႔ ႏိုဗဲလ္ဆု ရရွိခဲ့တာပါ။ ထင္ရွားတဲ့ စီးပြားေရးပညာ ပါရဂူတစ္ေယာက္ လည္းျဖစ္ပါတယ္။
သူ႔လက္ထက္ေရာက္မွ အခုလိုျဖစ္ရတာ ဘဂ္လားဒ္ရွ္ၾကားျဖတ္အစိုးရမွာ "တပ္သားေလးဆယ္၊ ဗိုလ္ေျခာက္ ဆယ္" ျဖစ္ေနပုံရတယ္။
#HtayOung #OungMarine