အစ္စရေးအတွက် သူလျှိုလုပ်ပေးတယ်လို့ စွပ်စွဲခံထားရတဲ့ အမျိုးသားတစ်ဦးကို အီရန်အစိုးရ ကွပ်မျက်

 204

Pika (NP News) - မေ ၁

အီရန်အစိုးရဟာ အစ္စရေးနဲ့ သူလျှိုလုပ်မှုနဲ့ ထောက်လှမ်းရေးပူးပေါင်းဆောင်ရွက်မှုတို့အတွက် ပြစ်ဒဏ်ချမှတ် ခံထားရတဲ့ အီရန်အမျိုးသားတစ်ဦးကို ဧပြီလ(၃၀)ရက်မှာ ကွပ်မျက်ခဲ့တယ်လို့ သိရပါတယ်။အီရန်ရဲ့ နျူကလီးယား အစီအစဉ်နဲ့ပတ်သက်ပြီး အီရန်နဲ့အမေရိကန်ကြား အဆင့်မြင့်ဆွေးနွေးပွဲတွေလုပ်ဆောင်နေချိန်မှာပဲ ယခုလို ကွပ်မျက်မှုထွက်ပေါ်လာတာဖြစ်ပါတယ်။ အစ္စရေးနဲ့ နှစ်ပေါင်းများစွာကြာ တင်းမာမှုတွေရှိနေခဲ့တဲ့ အီရန်ဟာ အစ္စရေးရဲ့မော့ဆက်ထောက်လှမ်းရေးဝန်ဆောင်မှုတွေနဲ့အဆက်အစပ်ရှိပြီး အီရန်နိုင်ငံတွင်းမှာ သူလျှိုလုပ်မှုတွေ ကို ကူညီဆောင်ရွက်ပေးတယ်လို့ စွပ်စွဲခံခဲ့ရတဲ့ လူအများအပြားကို ကွပ်မျက်မှုတွေ ဆက်တိုက် လုပ်ဆောင်ခဲ့တယ် လို့လည်း သိရပါတယ်။
အီရန်မီဒီယာ Mizan ရဲ့အဆိုအရ Mohsen Langarneshin ဆိုတဲ့ တရားခံဟာ (၂၀၂၂)ခုနှစ် အီရန်တပ်ဖွဲ့ရဲ့ ဗိုလ်မှူးကြီးတစ်ဦး သေဆုံးမှုအပါအဝင် အမှုများစွာမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။ အီရန်မီဒီယာ Mizan က “အချိန်(၂)နှစ်အတွင်း အကြမ်းဖက်စစ်ဆင်ရေးတွေကို ပံ့ပိုးကူညီမှုနဲ့ အီရန်တပ်ဖွဲ့ဗိုလ်မှူးကြီးSayad Khodai လုပ်ကြံခံရမှု အခင်းဖြစ်ပွားရာနေရာမှာ ရှိနေတာတွေ အပါအဝင် အရေးကြီးတဲ့လုပ်ဆောင်ချက်တွေအားလုံးအတွက် Mohsen Langarneshin မှာ တာဝန်ရှိပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။
ဒါ့ပြင် Mohsen Langarneshin ဟာ Isfahan မြို့မှာရှိတဲ့ စက်မှုစင်တာကိုတိုက်ခိုက်ဖို့အတွက် စစ်ဆင်ရေးဆိုင်ရာ ပံ့ပိုးကူညီမှုတွေလည်း လုပ်ဆောင်ပေးခဲ့တယ်လို့ အီရန်မီဒီယာ Mizan က ရေးသားဖော်ပြခဲ့ပါတယ်။

Zawgyi Version:
အစၥေရးအတြက္ သူလွ်ိဳလုပ္ေပးတယ္လို႔ စြပ္စြဲခံထားရတဲ့ အမ်ိဳးသားတစ္ဦးကို အီရန္အစိုးရ ကြပ္မ်က္
Pika (NP News) - ေမ ၁

အီရန္အစိုးရဟာ အစၥေရးနဲ႔ သူလွ်ိဳလုပ္မႈနဲ႔ ေထာက္လွမ္းေရးပူးေပါင္းေဆာင္႐ြက္မႈတို႔အတြက္ ျပစ္ဒဏ္ခ်မွတ္ ခံထားရတဲ့ အီရန္အမ်ိဳးသားတစ္ဦးကို ဧၿပီလ(၃၀)ရက္မွာ ကြပ္မ်က္ခဲ့တယ္လို႔ သိရပါတယ္။အီရန္ရဲ႕ န်ဴကလီးယား အစီအစဥ္နဲ႔ပတ္သက္ၿပီး အီရန္နဲ႔အေမရိကန္ၾကား အဆင့္ျမင့္ေဆြးေႏြးပြဲေတြလုပ္ေဆာင္ေနခ်ိန္မွာပဲ ယခုလို ကြပ္မ်က္မႈထြက္ေပၚလာတာျဖစ္ပါတယ္။ အစၥေရးနဲ႔ ႏွစ္ေပါင္းမ်ားစြာၾကာ တင္းမာမႈေတြရွိေနခဲ့တဲ့ အီရန္ဟာ အစၥေရးရဲ႕ေမာ့ဆက္ေထာက္လွမ္းေရးဝန္ေဆာင္မႈေတြနဲ႔အဆက္အစပ္ရွိၿပီး အီရန္ႏိုင္ငံတြင္းမွာ သူလွ်ိဳလုပ္မႈေတြ ကို ကူညီေဆာင္႐ြက္ေပးတယ္လို႔ စြပ္စြဲခံခဲ့ရတဲ့ လူအမ်ားအျပားကို ကြပ္မ်က္မႈေတြ ဆက္တိုက္ လုပ္ေဆာင္ခဲ့တယ္ လို႔လည္း သိရပါတယ္။
အီရန္မီဒီယာ Mizan ရဲ႕အဆိုအရ Mohsen Langarneshin ဆိုတဲ့ တရားခံဟာ (၂၀၂၂)ခုႏွစ္ အီရန္တပ္ဖြဲ႕ရဲ႕ ဗိုလ္မႉးႀကီးတစ္ဦး ေသဆုံးမႈအပါအဝင္ အမႈမ်ားစြာမွာ ပါဝင္ခဲ့တယ္လို႔ စြပ္စြဲခံခဲ့ရတာျဖစ္တယ္လို႔လည္း သိရပါတယ္။ အီရန္မီဒီယာ Mizan က “အခ်ိန္(၂)ႏွစ္အတြင္း အၾကမ္းဖက္စစ္ဆင္ေရးေတြကို ပံ့ပိုးကူညီမႈနဲ႔ အီရန္တပ္ဖြဲ႕ဗိုလ္မႉးႀကီးSayad Khodai လုပ္ႀကံခံရမႈ အခင္းျဖစ္ပြားရာေနရာမွာ ရွိေနတာေတြ အပါအဝင္ အေရးႀကီးတဲ့လုပ္ေဆာင္ခ်က္ေတြအားလုံးအတြက္ Mohsen Langarneshin မွာ တာဝန္ရွိပါတယ္” လို႔ ေျပာဆိုခဲ့ပါတယ္။
ဒါ့ျပင္ Mohsen Langarneshin ဟာ Isfahan ၿမိဳ႕မွာရွိတဲ့ စက္မႈစင္တာကိုတိုက္ခိုက္ဖို႔အတြက္ စစ္ဆင္ေရးဆိုင္ရာ ပံ့ပိုးကူညီမႈေတြလည္း လုပ္ေဆာင္ေပးခဲ့တယ္လို႔ အီရန္မီဒီယာ Mizan က ေရးသားေဖာ္ျပခဲ့ပါတယ္။

Related news

© 2021. All rights reserved.