တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံဘက်မှ ရပ်တည်ကူညီမည်ဟု အမေရိကန်အစိုးရ ကတိပြု

215

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၃
အမေရိကန်အစိုးရက တောင်တရုတ်ပင်လယ် အရေးနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံဘက်မှ ရပ်တည် ကူညီပေး သွားမည်ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လိုက်သည်။ အမေရိကန် နိုင်ငံသည် တောင်တရုတ်ပင် လယ်အတွင်းရှိ ဖိလစ်ပိုင်ပိုင်နက်များကို ကျူးကျော် ဝင်ရောက်ခြင်းနှင့် တရားမဝင် လုပ်ရပ်များအတွက် တရုတ်နိုင်ငံကို ပြစ်တင်ရှုတ်ချကြောင်း အမေရိကန်အစိုးရက ပြောသည်။
အမေရိကန်အစိုးရက “တရုတ်နိုင်ငံရဲ့အဆင်ခြင်မဲ့လုပ်ရပ်တွေဟာ တောင်တရုတ် ပင်လယ်အတွင်းရှိ လေကြောင်း ပျံသန်းမှုတွေနဲ့ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေဖြစ်လာတယ်။ အင်ဒို-ပစိဖိတ်ဒေသမှာ လွတ်လပ်ပွင့်လင်းမှုတွေ ဖြစ်စေဖို့ ကျွန်တော်တို့ဟာ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်။ တရုတ် နိုင်ငံအနေနဲ့လည်း နိုင်ငံတကာဥပဒေတွေနဲ့အညီ ငြိမ်းချမ်းစွာဖြေရှင်းဖို့၊ အဆင်ခြင်မဲ့လုပ်ရပ်တွေကို ရှောင်ရှားဖို့ တိုက်တွန်းတောင်းဆိုပါတယ်” ဟု သတင်းထုတ်ပြန် ထားသည်။
အမေရိကန် နှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် (၁၉၅၁) ခုနှစ်က အပြန်အလှန်ကာကွယ်ရေးစာချုပ်ချုပ်ဆိုထားပြီး စာချုပ် အရ ဖိလစ်ပိုင်တပ်ဖွဲ့ဝင်များ၊ သင်္ဘောများ၊ လေယာဉ်များတိုက်ခိုက်ခံရမည်ဆိုလျှင် အမေရိကန်နိုင်ငံက ကူညီပေး ရမည်ဆိုသောအချက် ပါဝင်ကြောင်းသိရသည်။
တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး ဖိလစ်ပိုင်သမ္မတဟောင်း ဒူတာတေး လက်ထက်တွင် တရုတ်နှင့် ဖိလစ်ပိုင်နိုင်ငံကြား အငြင်းပွားမှုနည်းပါး ခဲ့သော်လည်း ဖာဒီနန်မာကိုစ့်ဂျူနီယာ ဖိလစ်ပိုင်သမ္မတဖြစ်လာချိန်တွင် တရုတ် နှင့် ဖိလစ်ပိုင်နိုင်ငံကြား တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်ပြီး အငြင်းပွားမှုများပိုမိုဖြစ်လာခဲ့သည်။ တရုတ် စစ်သင်္ဘောများသည် တောင်တရုတ်ပင်လယ်အတွင်းရှိ ဖိလစ်ပိုင်ပိုင်နက်နေရာများတွင် ဖိလစ်ပိုင်ကမ်းခြေ စောင့် သင်္ဘောများကို ဝင်တိုက်ခြင်း၊ ဖိလစ်ပိုင် ပိုင်နက်များ အတွင်းသို့ စစ်လေယာဉ်များ ဝင်ရောက်ပျံသန်းခြင်း များ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့သည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်နယ်မြေအငြင်းပွားမှု နှင့်ပတ် သက်ပြီး နိုင်ငံတကာတရားရုံးတွင် ဖြေရှင်းခဲ့ဖူးရာ ဖိလစ်ပိုင်နိုင်ငံကိုအနိုင်ပေးခဲ့ကြောင်းသိရသည်။ တရုတ်နိုင်ငံ သည် ဖိလစ်ပိုင်နိုင်ငံကို အနိုင်ပေးခဲ့သော နိုင်ငံတကာခုံရုံးဆုံးဖြတ်ချက်များကို လက်ခံခြင်းမရှိဘဲ ငြင်းဆန်ပယ်ချ ထားကာ တောင်တရုတ်ပင်လယ်အတွင်းရှိနေရာအများစုက ၎င်းတို့ ပိုင်နက်များဖြစ်သည်ဟု ပြောသည်။
Zawgyi Version:
ေတာင္တ႐ုတ္ပင္လယ္အေရးႏွင့္ပတ္သက္ၿပီး ဖိလစ္ပိုင္ႏိုင္ငံဘက္မွ ရပ္တည္ကူညီမည္ဟု အေမရိကန္အစိုးရ ကတိျပဳ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၃
အေမရိကန္အစိုးရက ေတာင္တ႐ုတ္ပင္လယ္ အေရးႏွင့္ပတ္သက္ၿပီး ဖိလစ္ပိုင္ႏိုင္ငံဘက္မွ ရပ္တည္ ကူညီေပး သြားမည္ျဖစ္ေၾကာင္း အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတင္းထုတ္ျပန္လိုက္သည္။ အေမရိကန္ ႏိုင္ငံသည္ ေတာင္တ႐ုတ္ပင္ လယ္အတြင္းရွိ ဖိလစ္ပိုင္ပိုင္နက္မ်ားကို က်ဴးေက်ာ္ ဝင္ေရာက္ျခင္းႏွင့္ တရားမဝင္ လုပ္ရပ္မ်ားအတြက္ တ႐ုတ္ႏိုင္ငံကို ျပစ္တင္ရႈတ္ခ်ေၾကာင္း အေမရိကန္အစိုးရက ေျပာသည္။
အေမရိကန္အစိုးရက “တ႐ုတ္ႏိုင္ငံရဲ႕အဆင္ျခင္မဲ့လုပ္ရပ္ေတြဟာ ေတာင္တ႐ုတ္ ပင္လယ္အတြင္းရွိ ေလေၾကာင္း ပ်ံသန္းမႈေတြနဲ႔ပတ္သက္ၿပီး ၿခိမ္းေျခာက္မႈေတြျဖစ္လာတယ္။ အင္ဒို-ပစိဖိတ္ေဒသမွာ လြတ္လပ္ပြင့္လင္းမႈေတြ ျဖစ္ေစဖို႔ ကြၽန္ေတာ္တို႔ဟာ မဟာမိတ္ေတြနဲ႔ ပူးေပါင္းေဆာင္႐ြက္မႈေတြ ဆက္လက္လုပ္ေဆာင္သြားမယ္။ တ႐ုတ္ ႏိုင္ငံအေနနဲ႔လည္း ႏိုင္ငံတကာဥပေဒေတြနဲ႔အညီ ၿငိမ္းခ်မ္းစြာေျဖရွင္းဖို႔၊ အဆင္ျခင္မဲ့လုပ္ရပ္ေတြကို ေရွာင္ရွားဖို႔ တိုက္တြန္းေတာင္းဆိုပါတယ္” ဟု သတင္းထုတ္ျပန္ ထားသည္။
အေမရိကန္ ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံတို႔သည္ (၁၉၅၁) ခုႏွစ္က အျပန္အလွန္ကာကြယ္ေရးစာခ်ဳပ္ခ်ဳပ္ဆိုထားၿပီး စာခ်ဳပ္ အရ ဖိလစ္ပိုင္တပ္ဖြဲ႕ဝင္မ်ား၊ သေဘၤာမ်ား၊ ေလယာဥ္မ်ားတိုက္ခိုက္ခံရမည္ဆိုလွ်င္ အေမရိကန္ႏိုင္ငံက ကူညီေပး ရမည္ဆိုေသာအခ်က္ ပါဝင္ေၾကာင္းသိရသည္။
ေတာင္တ႐ုတ္ပင္လယ္အေရးႏွင့္ပတ္သက္ၿပီး ဖိလစ္ပိုင္သမၼတေဟာင္း ဒူတာေတး လက္ထက္တြင္ တ႐ုတ္ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံၾကား အျငင္းပြားမႈနည္းပါး ခဲ့ေသာ္လည္း ဖာဒီနန္မာကိုစ့္ဂ်ဴနီယာ ဖိလစ္ပိုင္သမၼတျဖစ္လာခ်ိန္တြင္ တ႐ုတ္ ႏွင့္ ဖိလစ္ပိုင္ႏိုင္ငံၾကား ေတာင္တ႐ုတ္ပင္လယ္အေရးႏွင့္ပတ္သက္ၿပီး အျငင္းပြားမႈမ်ားပိုမိုျဖစ္လာခဲ့သည္။ တ႐ုတ္ စစ္သေဘၤာမ်ားသည္ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိ ဖိလစ္ပိုင္ပိုင္နက္ေနရာမ်ားတြင္ ဖိလစ္ပိုင္ကမ္းေျခ ေစာင့္ သေဘၤာမ်ားကို ဝင္တိုက္ျခင္း၊ ဖိလစ္ပိုင္ ပိုင္နက္မ်ား အတြင္းသို႔ စစ္ေလယာဥ္မ်ား ဝင္ေရာက္ပ်ံသန္းျခင္း မ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။
တ႐ုတ္ႏိုင္ငံႏွင့္ ဖိလစ္ပိုင္ႏိုင္ငံတို႔သည္ ေတာင္တ႐ုတ္ပင္လယ္အတြင္း ပိုင္နက္နယ္ေျမအျငင္းပြားမႈ ႏွင့္ပတ္ သက္ၿပီး ႏိုင္ငံတကာတရား႐ုံးတြင္ ေျဖရွင္းခဲ့ဖူးရာ ဖိလစ္ပိုင္ႏိုင္ငံကိုအႏိုင္ေပးခဲ့ေၾကာင္းသိရသည္။ တ႐ုတ္ႏိုင္ငံ သည္ ဖိလစ္ပိုင္ႏိုင္ငံကို အႏိုင္ေပးခဲ့ေသာ ႏိုင္ငံတကာခုံ႐ုံးဆုံးျဖတ္ခ်က္မ်ားကို လက္ခံျခင္းမရွိဘဲ ျငင္းဆန္ပယ္ခ် ထားကာ ေတာင္တ႐ုတ္ပင္လယ္အတြင္းရွိေနရာအမ်ားစုက ၎တို႔ ပိုင္နက္မ်ားျဖစ္သည္ဟု ေျပာသည္။