ဥရောပသမဂ္ဂက ရုရှားထံမှ ဓာတ်ငွေ့ဝယ်ယူမှုမြင့်တက်

 118

Pika (NP News) - ဖေဖော်ဝါရီ ၂၃

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ရုရှားဓာတ်ငွေ့ဝယ်ယူမှုသည် ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ် နောက်ဆုံးလတွင် ယူရို(၂) ဘီလျံနီးပါး မြင့်တက်သွားခဲ့ပြီး (၂၀၂၃)ခုနှစ် အစောပိုင်းကာလနောက်ပိုင်း အမြင့်ဆုံးကိန်းဂဏန်းတစ်ခုဖြစ် ကြောင်း TASS သတင်းအေဂျင်စီ က ရေးသားဖော်ပြခဲ့သည်။
ယူကရိန်းမှတစ်ဆင့် ရုရှားဓာတ်ငွေ့ပိုက် လိုင်းဖြတ်သန်းမှုကို ယူကရိန်းအစိုးရက ရပ်ဆိုင်းလိုက်မှုမတိုင်မီ အဆိုပါ ကိန်းဂဏာန်းများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ (၂၀၂၄)ခုနှစ်အကုန်တွင် ရုရှား စွမ်းအင်ကုမ္ပဏီကြီး Gazprom နှင့် ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းခွင့်စာချုပ်ကို (၅)နှစ်သက်တမ်းတိုးရန် ယူကရိန်းအစိုးရက ငြင်းဆိုခဲ့ ကြောင်း လည်း သိရသည်။
အဆိုပါ ငြင်းဆိုမှုသည် ရိုမေးနီးယား၊ ပိုလန်၊ ဟန်ဂေရီ၊ ဆလိုဗက်ကီးယား၊ ဩစတြီးယား၊ အီတလီနှင့် မော်လ်ဒိုဗာ တို့ အပါအဝင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအပေါ် သိသာသော သက်ရောက်မှုများ ဖြစ်ပေါ်စေခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများသည် ရုရှားဓာတ်ငွေ့ပိုက်လိုင်းအတွက် ယူရို(၉၂၇ ဒသမ ၄)သန်း အသုံးပြုခဲ့ကြောင်း အစီရင်ခံစာများအရ သိရသည်။ တစ်ချိန်တည်းတွင်ပင် ဥရောပသမဂ္ဂ၏ ရုရှား သဘာဝဓာတ်ငွေ့ရည် (LNG) တင်သွင်းမှုတန်ဖိုးသည် ယူရို(၉၁၇)သန်းအထိရှိခဲ့ပြီး ကိန်းဂဏန်းနှစ်ခုစလုံးမှာ (၂၀၂၃)ခုနှစ် အစ နောက်ပိုင်း အမြင့်ဆုံးဖြစ်ကြောင်း သိရသည်။ ဥရောပသမဂ္ဂ၏ ရုရှား(LNG)တင်သွင်းမှုသည် ပြီးခဲ့သည့် နှစ် နိုဝင်ဘာလနှင့် နှိုင်းယှဉ်မည်ဆိုပါက ဒီဇင်ဘာလတွင်(၅၂)ရာခိုင်နှုန်းမြင့်တက်လာ ခဲ့ပြီး (၂၀၂၃)ခုနှစ် အလားတူ ကာလနှင့် နှိုင်းယှဉ်မည် ဆိုပါက (၃၈)ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း Tass သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့သည်။ (၂၀၂၄)ခုနှစ်တွင် ဥရောပသမဂ္ဂသည် ရုရှားဓာတ်ငွေ့ ပိုက်လိုင်းအတွက် ယူရို(၇ ဒသမ ၆)ဘီလျံပေးချေခဲ့ပြီး ရုရှား(LNG) ဝယ်ယူမှုသည် ယူရို(၇ ဒသမ ၂)ဘီလျံ ထိရှိခဲ့ကြောင်း Tass က ထပ်မံ ရေးသားဖော်ပြခဲ့သည်။

Zawgyi Version:
ဥေရာပသမဂၢက ႐ုရွားထံမွ ဓာတ္ေငြ႕ဝယ္ယူမႈျမင့္တက္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၃

ဥေရာပသမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ား၏ ႐ုရွားဓာတ္ေငြ႕ဝယ္ယူမႈသည္ ၿပီးခဲ့သည့္ ၂ဝ၂၄ ခုႏွစ္ ေနာက္ဆုံးလတြင္ ယူ႐ို(၂) ဘီလ်ံနီးပါး ျမင့္တက္သြားခဲ့ၿပီး (၂၀၂၃)ခုႏွစ္ အေစာပိုင္းကာလေနာက္ပိုင္း အျမင့္ဆုံးကိန္းဂဏန္းတစ္ခုျဖစ္ ေၾကာင္း TASS သတင္းေအဂ်င္စီ က ေရးသားေဖာ္ျပခဲ့သည္။
ယူကရိန္းမွတစ္ဆင့္ ႐ုရွားဓာတ္ေငြ႕ပိုက္ လိုင္းျဖတ္သန္းမႈကို ယူကရိန္းအစိုးရက ရပ္ဆိုင္းလိုက္မႈမတိုင္မီ အဆိုပါ ကိန္းဂဏာန္းမ်ား ထြက္ေပၚလာခဲ့ျခင္းျဖစ္သည္။ (၂၀၂၄)ခုႏွစ္အကုန္တြင္ ႐ုရွား စြမ္းအင္ကုမၸဏီႀကီး Gazprom ႏွင့္ ဓာတ္ေငြ႕ပိုက္လိုင္း ျဖတ္သန္းခြင့္စာခ်ဳပ္ကို (၅)ႏွစ္သက္တမ္းတိုးရန္ ယူကရိန္းအစိုးရက ျငင္းဆိုခဲ့ ေၾကာင္း လည္း သိရသည္။
အဆိုပါ ျငင္းဆိုမႈသည္ ႐ိုေမးနီးယား၊ ပိုလန္၊ ဟန္ေဂရီ၊ ဆလိုဗက္ကီးယား၊ ဩစႀတီးယား၊ အီတလီႏွင့္ ေမာ္လ္ဒိုဗာ တို႔ အပါအဝင္ ဥေရာပသမဂၢ အဖြဲ႕ဝင္ႏိုင္ငံမ်ားအေပၚ သိသာေသာ သက္ေရာက္မႈမ်ား ျဖစ္ေပၚေစခဲ့ေၾကာင္းလည္း သိရသည္။
ၿပီးခဲ့သည့္ႏွစ္ ဒီဇင္ဘာလတြင္ ဥေရာပ သမဂၢအဖြဲ႕ဝင္ႏိုင္ငံမ်ားသည္ ႐ုရွားဓာတ္ေငြ႕ပိုက္လိုင္းအတြက္ ယူ႐ို(၉၂၇ ဒသမ ၄)သန္း အသုံးျပဳခဲ့ေၾကာင္း အစီရင္ခံစာမ်ားအရ သိရသည္။ တစ္ခ်ိန္တည္းတြင္ပင္ ဥေရာပသမဂၢ၏ ႐ုရွား သဘာဝဓာတ္ေငြ႕ရည္ (LNG) တင္သြင္းမႈတန္ဖိုးသည္ ယူ႐ို(၉၁၇)သန္းအထိရွိခဲ့ၿပီး ကိန္းဂဏန္းႏွစ္ခုစလုံးမွာ (၂၀၂၃)ခုႏွစ္ အစ ေနာက္ပိုင္း အျမင့္ဆုံးျဖစ္ေၾကာင္း သိရသည္။ ဥေရာပသမဂၢ၏ ႐ုရွား(LNG)တင္သြင္းမႈသည္ ၿပီးခဲ့သည့္ ႏွစ္ ႏိုဝင္ဘာလႏွင့္ ႏႈိင္းယွဥ္မည္ဆိုပါက ဒီဇင္ဘာလတြင္(၅၂)ရာခိုင္ႏႈန္းျမင့္တက္လာ ခဲ့ၿပီး (၂၀၂၃)ခုႏွစ္ အလားတူ ကာလႏွင့္ ႏႈိင္းယွဥ္မည္ ဆိုပါက (၃၈)ရာခိုင္ႏႈန္းတိုးလာခဲ့ေၾကာင္း Tass သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့သည္။ (၂၀၂၄)ခုႏွစ္တြင္ ဥေရာပသမဂၢသည္ ႐ုရွားဓာတ္ေငြ႕ ပိုက္လိုင္းအတြက္ ယူ႐ို(၇ ဒသမ ၆)ဘီလ်ံေပးေခ်ခဲ့ၿပီး ႐ုရွား(LNG) ဝယ္ယူမႈသည္ ယူ႐ို(၇ ဒသမ ၂)ဘီလ်ံ ထိရွိခဲ့ေၾကာင္း Tass က ထပ္မံ ေရးသားေဖာ္ျပခဲ့သည္။

Related news

© 2021. All rights reserved.