Deep Seek က ဒေတာ လွှဲပြောင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း တောင်ကိုရီးယားအစိုးရ စွပ်စွဲပြောဆို

61

Pika (NP News) - ဖေဖော်ဝါရီ ၂၃
တရုတ် AI ဝန်ဆောင်မှုအက်ပ် Deep Seek ဖန်တီးသူများသည် သုံးစွဲသူများ၏ ဒေတာအချက်အလက်များကို Tiktok ပိုင်ရှင် Byte Dance ကုမ္ပဏီနှင့် မျှဝေခဲ့သည်ဟု တောင်ကိုရီးယား၏ အမျိုးသားဒေတာကာကွယ်ရေး စည်းကမ်းထိန်း သိမ်းရေးအဖွဲ့က စွပ်စွဲပြောဆိုခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက ရေးသားဖော်ပြခဲ့သည်။
ယခုသီတင်းပတ်အစောပိုင်းတွင် တောင်ကိုရီးယား၏ ကိုယ်ရေးကိုယ်တာအချက်အလက်ကာကွယ်ရေးကော်မရှင် (PIPC) က နိုင်ငံအတွင်းတွင် DeepSeek chatbox သို့ ဝင်ရောက်ခွင့်ကို ယာယီဆိုင်းငံ့ထားကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။
အဆိုပါ ဆိုင်းငံ့မှုတစ်စိတ်တစ်ပိုင်းအနေဖြင့် Deep Seek ၏အက်ပ်များကို ဒေသတွင်းအက်ပ် စတိုးများမှ ဖယ်ရှား ပစ်ခဲ့ပြီး ဝက်ဘ်ဝန်ဆောင်မှုသို့ ဝင်ရောက်ခွင့်ကို ပြီးခဲ့သည့်ဖေဖော်ဝါရီလ(၁၅)ရက်တည်းက ပိတ်ပစ်ခဲ့ကြောင်း သိရသည်။ Yonhap က မျှဝေထားသော ထုတ်ပြန်ချက်တစ်ခုတွင် Deep Seek က Byte Dance ကုမ္ပဏီနှင့် ဆက်သွယ်နေကြောင်း PIPC က အတည်ပြုခဲ့သည်ဟု ဖော်ပြထားသော်လည်း ဒေတာများကိုမည်သို့ လွှဲပြောင်းပြီး မည်သည့်အတိုင်းအတာအထိ လွှဲပြောင်းထားသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးကြောင်း မှတ်ချက်ပြုရေးသား ထားသည်။ တောင်ကိုရီးယားဥပဒေတွင် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြင်ပအဖွဲ့အစည်းများသို့ လွှဲပြောင်းခြင်းအတွက် အသုံးပြုသူ၏ သဘောတူညီချက်ကို လိုအပ်ကြောင်းလည်း သိရသည်။
အဆိုပါပြဿနာများကို ဖြေရှင်းရန်အတွက် တောင်ကိုရီးယားအာဏာပိုင်များနှင့် တက်ကြွ စွာပူးပေါင်းဆောင် ရွက်သွားမည်ဟု Deep Seek ဘက်က ကတိပြုပြောဆိုခဲ့ကြောင်းသိရသည်။
Zawgyi Version:
Deep Seek က ေဒတာ လႊဲေျပာင္းမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း ေတာင္ကိုရီးယားအစိုးရ စြပ္စြဲေျပာဆို
Pika (NP News) - ေဖေဖာ္ဝါရီ ၂၃
တ႐ုတ္ AI ဝန္ေဆာင္မႈအက္ပ္ Deep Seek ဖန္တီးသူမ်ားသည္ သုံးစြဲသူမ်ား၏ ေဒတာအခ်က္အလက္မ်ားကို Tiktok ပိုင္ရွင္ Byte Dance ကုမၸဏီႏွင့္ မွ်ေဝခဲ့သည္ဟု ေတာင္ကိုရီးယား၏ အမ်ိဳးသားေဒတာကာကြယ္ေရး စည္းကမ္းထိန္း သိမ္းေရးအဖြဲ႕က စြပ္စြဲေျပာဆိုခဲ့ေၾကာင္း Yonhap သတင္းေအဂ်င္စီက ေရးသားေဖာ္ျပခဲ့သည္။
ယခုသီတင္းပတ္အေစာပိုင္းတြင္ ေတာင္ကိုရီးယား၏ ကိုယ္ေရးကိုယ္တာအခ်က္အလက္ကာကြယ္ေရးေကာ္မရွင္ (PIPC) က ႏိုင္ငံအတြင္းတြင္ DeepSeek chatbox သို႔ ဝင္ေရာက္ခြင့္ကို ယာယီဆိုင္းငံ့ထားေၾကာင္း ထုတ္ျပန္ ေၾကညာခဲ့သည္။
အဆိုပါ ဆိုင္းငံ့မႈတစ္စိတ္တစ္ပိုင္းအေနျဖင့္ Deep Seek ၏အက္ပ္မ်ားကို ေဒသတြင္းအက္ပ္ စတိုးမ်ားမွ ဖယ္ရွား ပစ္ခဲ့ၿပီး ဝက္ဘ္ဝန္ေဆာင္မႈသို႔ ဝင္ေရာက္ခြင့္ကို ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလ(၁၅)ရက္တည္းက ပိတ္ပစ္ခဲ့ေၾကာင္း သိရသည္။ Yonhap က မွ်ေဝထားေသာ ထုတ္ျပန္ခ်က္တစ္ခုတြင္ Deep Seek က Byte Dance ကုမၸဏီႏွင့္ ဆက္သြယ္ေနေၾကာင္း PIPC က အတည္ျပဳခဲ့သည္ဟု ေဖာ္ျပထားေသာ္လည္း ေဒတာမ်ားကိုမည္သို႔ လႊဲေျပာင္းၿပီး မည္သည့္အတိုင္းအတာအထိ လႊဲေျပာင္းထားသည္ကို ရွင္းရွင္းလင္းလင္းမသိရေသးေၾကာင္း မွတ္ခ်က္ျပဳေရးသား ထားသည္။ ေတာင္ကိုရီးယားဥပေဒတြင္ ကိုယ္ေရးကိုယ္တာအခ်က္အလက္မ်ားကို ျပင္ပအဖြဲ႕အစည္းမ်ားသို႔ လႊဲေျပာင္းျခင္းအတြက္ အသုံးျပဳသူ၏ သေဘာတူညီခ်က္ကို လိုအပ္ေၾကာင္းလည္း သိရသည္။
အဆိုပါျပႆနာမ်ားကို ေျဖရွင္းရန္အတြက္ ေတာင္ကိုရီးယားအာဏာပိုင္မ်ားႏွင့္ တက္ႂကြ စြာပူးေပါင္းေဆာင္႐ြက္သြားမည္ဟု Deep Seek ဘက္က ကတိျပဳေျပာဆိုခဲ့ေၾကာင္းသိရသည္။