AA က စစ်တွေကို ဦးတည်တိုက်ပွဲဖော်ဆောင်လာသဖြင့် မြို့ခံများ စိုးရိမ်သောကဖြစ်နေ

350

သုတကျော် (NP News) - ဖေဖော်ဝါရီ ၂၃
စစ်တွေမြို့နယ်တွင် AA က တိုက်ပွဲဖော် ဆောင်လာသောကြောင့် တပ်မတော်နှင့် AA ကြား တိုက်ပွဲဖြစ်ပွားနေ ကြောင်း မြို့ခံများထံမေးမြန်းထားသော အချက်အလက်များအရ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၇)ရက်မှ စတင်ကာ စစ်တွေမြို့နယ်အတွင်း AA က တိုက်ပွဲ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း သိရသည်။
‘‘ဖုန်းလိုင်းကမရတော့ ဘယ်နား ဖြစ်တယ် ဆိုတာ ပြောဖို့တော့ ခက်တယ်။ ပါဒလိတ် ဘက်တွေလည်း တိုက်ပွဲဖြစ်တယ်။ အမြင့်ကျွန်းဘက်မှာ တိုက်ပွဲတွေကတော့ ဆက်တိုက်ဖြစ်တယ်လို့ ပြောတယ်။ အခြေအနေတွေက ဘာမှန်းမသိရသေးဘူး။ ကြားရတဲ့သတင်းတွေအရ AA ဘက်ကလည်း လက်နက်ကြီးနဲ့ ပစ်တယ်။ တပ်ဘက်ကလည်း ပြန် ပစ်တယ်။ လေကြောင်းကနေ တိုက်ခိုက်တာမျိုးလည်း ရှိတယ်”ဟု မြို့ခံတစ်ဦးက ဆိုသည်။
အခြား မြို့ခံတစ်ဦးကလည်း တိုက်ပွဲဖြစ်သည်မှာ မှန်သော်လည်း အခြေအနေကို မှန်းဆရန်မလွယ်သေး ကြောင်း ဆိုသည်။
“AA က မြို့ပြင်က တပ်တွေကို လက်နက်ကြီးနဲ့ပစ်သလို တပ်မတော်ဘက်ကလည်း လက်နက်ကြီးတွေနဲ့ ပြန်ပစ်တယ်။ တိုက်ပွဲက မြို့အထိ ကပ်လာတယ်လို့တော့ မသိရသေးဘူး။ မြို့ပြင်ပပေါ့။ မြို့နယ်တွင်းမှာတော့ တိုက်ပွဲတွေ ရှိတယ်” ဟု ၎င်းက ဆိုသည်။
NP News က စစ်တွေမြို့ တိုက်ပွဲအခြေအနေနှင့်ပတ်သက်၍ အထက်ပါ သတင်းရင်းမြစ်နှစ်ဦးအပါအဝင် သတင်းရင်းမြစ် လေးဦးခန့်အထိ ဆက်သွယ်မေးမြန်းခဲ့ရာ ဆက်သွယ် ပုံဖော်ရရှိသော အခြေအနေအရ တိုက်ပွဲမှာ စစ်တွေ မြို့အနီးဆုံးအထိ ကပ်နေခြင်းမဟုတ်သော်လည်း လက်နက်ကြီးပစ်သံများကို ကြားရကြောင်း သိရ သည်။
“တပ်မတော်ဘက်ကနေ Navy လည်းရှိ တယ်လေ။ ခုခံစစ်တော့ ကောင်းကောင်း ပြင်ထားတယ် ပြောရမယ်။ ဒါက အမြင်ပေါ့။ မြို့ခံတွေကတော့ စိုးရိမ်နေကြတယ်။ တိုက်ပွဲကမြို့အနားကို ရောက်မ လာသေးပေမယ့် သတင်းတွေက သို့လော သို့လော ဖြစ်နေတာပေါ့” ဟု ဒေသခံတစ်ဦးက ဆိုသည်။
Zawgyi Version:
AA က စစ္ေတြကို ဦးတည္တိုက္ပြဲေဖာ္ေဆာင္လာသျဖင့္ ၿမိဳ႕ခံမ်ား စိုးရိမ္ေသာကျဖစ္ေန
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၂၃
စစ္ေတြၿမိဳ႕နယ္တြင္ AA က တိုက္ပြဲေဖာ္ ေဆာင္လာေသာေၾကာင့္ တပ္မေတာ္ႏွင့္ AA ၾကား တိုက္ပြဲျဖစ္ပြားေန ေၾကာင္း ၿမိဳ႕ခံမ်ားထံေမးျမန္းထားေသာ အခ်က္အလက္မ်ားအရ သိရသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ (၇)ရက္မွ စတင္ကာ စစ္ေတြၿမိဳ႕နယ္အတြင္း AA က တိုက္ပြဲ ေဖာ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး လက္ရွိတြင္ တိုက္ပြဲမ်ား ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ေၾကာင္း သိရသည္။
‘‘ဖုန္းလိုင္းကမရေတာ့ ဘယ္နား ျဖစ္တယ္ ဆိုတာ ေျပာဖို႔ေတာ့ ခက္တယ္။ ပါဒလိတ္ ဘက္ေတြလည္း တိုက္ပြဲျဖစ္တယ္။ အျမင့္ကြၽန္းဘက္မွာ တိုက္ပြဲေတြကေတာ့ ဆက္တိုက္ျဖစ္တယ္လို႔ ေျပာတယ္။ အေျခအေနေတြက ဘာမွန္းမသိရေသးဘူး။ ၾကားရတဲ့သတင္းေတြအရ AA ဘက္ကလည္း လက္နက္ႀကီးနဲ႔ ပစ္တယ္။ တပ္ဘက္ကလည္း ျပန္ ပစ္တယ္။ ေလေၾကာင္းကေန တိုက္ခိုက္တာမ်ိဳးလည္း ရွိတယ္”ဟု ၿမိဳ႕ခံတစ္ဦးက ဆိုသည္။
အျခား ၿမိဳ႕ခံတစ္ဦးကလည္း တိုက္ပြဲျဖစ္သည္မွာ မွန္ေသာ္လည္း အေျခအေနကို မွန္းဆရန္မလြယ္ေသး ေၾကာင္း ဆိုသည္။
“AA က ၿမိဳ႕ျပင္က တပ္ေတြကို လက္နက္ႀကီးနဲ႔ပစ္သလို တပ္မေတာ္ဘက္ကလည္း လက္နက္ႀကီးေတြနဲ႔ ျပန္ပစ္တယ္။ တိုက္ပြဲက ၿမိဳ႕အထိ ကပ္လာတယ္လို႔ေတာ့ မသိရေသးဘူး။ ၿမိဳ႕ျပင္ပေပါ့။ ၿမိဳ႕နယ္တြင္းမွာေတာ့ တိုက္ပြဲေတြ ရွိတယ္” ဟု ၎က ဆိုသည္။
NP News က စစ္ေတြၿမိဳ႕ တိုက္ပြဲအေျခအေနႏွင့္ပတ္သက္၍ အထက္ပါ သတင္းရင္းျမစ္ႏွစ္ဦးအပါအဝင္ သတင္းရင္းျမစ္ ေလးဦးခန႔္အထိ ဆက္သြယ္ေမးျမန္းခဲ့ရာ ဆက္သြယ္ ပုံေဖာ္ရရွိေသာ အေျခအေနအရ တိုက္ပြဲမွာ စစ္ေတြ ၿမိဳ႕အနီးဆုံးအထိ ကပ္ေနျခင္းမဟုတ္ေသာ္လည္း လက္နက္ႀကီးပစ္သံမ်ားကို ၾကားရေၾကာင္း သိရ သည္။
“တပ္မေတာ္ဘက္ကေန Navy လည္းရွိ တယ္ေလ။ ခုခံစစ္ေတာ့ ေကာင္းေကာင္း ျပင္ထားတယ္ ေျပာရမယ္။ ဒါက အျမင္ေပါ့။ ၿမိဳ႕ခံေတြကေတာ့ စိုးရိမ္ေနၾကတယ္။ တိုက္ပြဲကၿမိဳ႕အနားကို ေရာက္မ လာေသးေပမယ့္ သတင္းေတြက သို႔ေလာ သို႔ေလာ ျဖစ္ေနတာေပါ့” ဟု ေဒသခံတစ္ဦးက ဆိုသည္။