ဘရာဇီးနိုင်ငံ၊ အမေဇုန်တောအနီးရှိ မြို့မှာ ကြီးမားတဲ့တွင်းကြီးကြောင့် အိမ်ခြေ ရာနဲ့ချီ အန္တရာယ်ရှိ

 844

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၃

ဘရာဇီးနိုင်ငံ၊ အမေဇုန် အရှေ့မြောက်ဘက်စွန်း၊ ဘူရီတီကူပူမြို့မှာ မီတာများစွာ နက်တဲ့ တွင်းကြီး ပေါ်ပေါက်လာ ခြင်းကြောင့် အိမ်ခြေရာနဲ့ချီ အန္တရာယ် ရှိနေတယ်လို့ သိရပါတယ်။
ဒီအတွက် မြူနီစပယ်အစိုးရက အရေးပေါ်အခြေအနေ ကြေညာခဲ့ပါတယ်။ "ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာပဲ တွင်းအကျယ် သိသိသာသာကြီးမားလာပြီး လူနေအိမ်တွေနဲ့ နီးကပ်လာခဲ့ပါတယ်လို့ မြို့တော်အစိုးရရဲ့ယခုလ အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့အရေးပေါ်အမိန့်စာအရ သိရပါတယ်။ ဒီတွင်းကြီးကြောင့် အဆောက်အအုံ အများအပြား ပျက်စီးခဲ့ပြီးဖြစ်ပါတယ်။ ဒါပေမယ့် ဒီပြဿနာဟာ ပြီးခဲ့တဲ့နှစ်ပေါင်း ၃၀ ကတည်းက စောင့်ကြည့်နေ

ခဲ့တဲ့ပြဿနာတစ်ခုဖြစ်ပြီး မိုးရွာသွန်းမှုနဲ့ သဲသဘာဝကြောင့် ထိခိုက်လွယ်တဲ့ မြေလွှာတွေ တဖြည်းဖြည်း တိုက်စား သွားခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ဆောင်ခြင်းနဲ့ သစ်တောပြုန်းတီးမှုတို့ပေါင်းစပ်ပြီး ကြီးမားတဲ့ တွင်းကြီး ဖြစ်ပေါ်လာခြင်းဖြစ်တယ်လို့ ယူဆထားပါတယ်။
မိုးသည်းထန်စွာရွာတဲ့အခါမျိုးမှာ အခြေအနေ ပိုမိုဆိုးရွားလာတတ်တယ်လို့ Federal University of Maranhao မှ ပထဝီဝင်ပညာရှင်နဲ့ ပါမောက္ခ မာစီလီနိုဖာရီအာက ပြောကြားပါတယ်။

Zawgyi Version:
ဘရာဇီးႏိုင္ငံ၊ အေမဇုန္ေတာအနီးရွိ ၿမိဳ႕မွာ ႀကီးမားတဲ့တြင္းႀကီးေၾကာင့္ အိမ္ေျခ ရာနဲ႔ခ်ီ အႏၲရာယ္ရွိ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၃

ဘရာဇီးႏိုင္ငံ၊ အေမဇုန္ အေရွ႕ေျမာက္ဘက္စြန္း၊ ဘူရီတီကူပူၿမိဳ႕မွာ မီတာမ်ားစြာ နက္တဲ့ တြင္းႀကီး ေပၚေပါက္လာ ျခင္းေၾကာင့္ အိမ္ေျခရာနဲ႔ခ်ီ အႏၲရာယ္ ရွိေနတယ္လို႔ သိရပါတယ္။
ဒီအတြက္ ျမဴနီစပယ္အစိုးရက အေရးေပၚအေျခအေန ေၾကညာခဲ့ပါတယ္။ "ၿပီးခဲ့တဲ့လအနည္းငယ္အတြင္းမွာပဲ တြင္းအက်ယ္ သိသိသာသာႀကီးမားလာၿပီး လူေနအိမ္ေတြနဲ႔ နီးကပ္လာခဲ့ပါတယ္လို႔ ၿမိဳ႕ေတာ္အစိုးရရဲ႕ယခုလ အေစာပိုင္းက ထုတ္ျပန္ခဲ့တဲ့အေရးေပၚအမိန႔္စာအရ သိရပါတယ္။ ဒီတြင္းႀကီးေၾကာင့္ အေဆာက္အအုံ အမ်ားအျပား ပ်က္စီးခဲ့ၿပီးျဖစ္ပါတယ္။ ဒါေပမယ့္ ဒီျပႆနာဟာ ၿပီးခဲ့တဲ့ႏွစ္ေပါင္း ၃၀ ကတည္းက ေစာင့္ၾကည့္ေန

ခဲ့တဲ့ျပႆနာတစ္ခုျဖစ္ၿပီး မိုး႐ြာသြန္းမႈနဲ႔ သဲသဘာဝေၾကာင့္ ထိခိုက္လြယ္တဲ့ ေျမလႊာေတြ တျဖည္းျဖည္း တိုက္စား သြားျခင္း၊ ေဆာက္လုပ္ေရးလုပ္ငန္း လုပ္ေဆာင္ျခင္းနဲ႔ သစ္ေတာျပဳန္းတီးမႈတို႔ေပါင္းစပ္ၿပီး ႀကီးမားတဲ့ တြင္းႀကီး ျဖစ္ေပၚလာျခင္းျဖစ္တယ္လို႔ ယူဆထားပါတယ္။
မိုးသည္းထန္စြာ႐ြာတဲ့အခါမ်ိဳးမွာ အေျခအေန ပိုမိုဆိုး႐ြားလာတတ္တယ္လို႔ Federal University of Maranhao မွ ပထဝီဝင္ပညာရွင္နဲ႔ ပါေမာကၡ မာစီလီႏိုဖာရီအာက ေျပာၾကားပါတယ္။

Related news

© 2021. All rights reserved.