နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ဟု မိုးဇလအသိပေး

571

စော(NP News)-ဖေဖော်ဝါရီ ၂၃
နေပြည်တော်အပါအဝင် တိုင်းနှင့်ပြည်နယ် အချို့တွင် အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့်
ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အသိပေးထုတ်ပြန်ထားခြင်းဖြစ်သည်။
မိုးဇလက ယမန်နေ့ (ဖေဖော်ဝါရီ ၂၂ရက်)၊ ညနေ (၄)နာရီအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့်လည်းကောင်း၊ အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အရှေ့ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။
ထို့ကြောင့် မနက်ဖြန် ဖေဖော်ဝါရီ ၂၄ရက် မှ ၂၇ရက်အတွင်း နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာသွန်းနိုင်ကြောင်း သိရသည်။
အလားတူ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ပြည်သူများအနေဖြင့် အချိန်အခါမဟုတ်မိုးရွာခြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကြိုတင် သတိပြုနေထိုင်ကြရန် မိုးဇလက အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ျပည္နယ္အခ်ိဳ႕တြင္ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္ဟု မိုးဇလအသိေပး
ေစာ(NP News)-ေဖေဖာ္ဝါရီ ၂၃
ေနျပည္ေတာ္အပါအဝင္ တိုင္းႏွင့္ျပည္နယ္ အခ်ိဳ႕တြင္ အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္ေၾကာင္း မိုးေလဝသႏွင့္
ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက အသိေပးထုတ္ျပန္ထားျခင္းျဖစ္သည္။
မိုးဇလက ယမန္ေန႔ (ေဖေဖာ္ဝါရီ ၂၂ရက္)၊ ညေန (၄)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ကပၸလီပင္လယ္ျပင္ႏွင့္ ဘဂၤလားပင္လယ္ေအာ္တို႔မွ ေလေႏြးမ်ားႏွင့္ တ႐ုတ္ျပည္မႀကီးေပၚရွိ ေလဖိအားႀကီးရပ္ဝန္းေဒသမွ ေ႐ြ႕လ်ားလာေသာ ေလေအးမ်ားေတြ႕ဆုံမႈေၾကာင့္လည္းေကာင္း၊ အေနာက္ဘက္မွ ေ႐ြ႕လ်ားလာေသာ ေလေပြလႈိင္းမ်ား၏ အရွိန္ေၾကာင့္လည္းေကာင္း၊ အေရွ႕ဘက္မွ ေ႐ြ႕လ်ားလာေသာ ေလေပြလႈိင္းမ်ား၏ အရွိန္ေၾကာင့္လည္းေကာင္း အခ်ိန္အခါမဟုတ္ မိုး႐ြာသြန္းႏိုင္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ မနက္ျဖန္ ေဖေဖာ္ဝါရီ ၂၄ရက္ မွ ၂၇ရက္အတြင္း ေနျပည္ေတာ္၊ ရန္ကုန္တိုင္းေဒသႀကီး၊ ပဲခူးတိုင္းေဒသႀကီး၊ ဧရာဝတီတိုင္းေဒသႀကီး၊ တနသၤာရီတိုင္းေဒသႀကီး၊ ကခ်င္ျပည္နယ္၊ ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ မြန္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္တို႔တြင္ ေနရာက်ဲက်ဲမွ ေနရာစိပ္စိပ္ မိုး႐ြာသြန္းႏိုင္ေၾကာင္း သိရသည္။
အလားတူ မႏၲေလးတိုင္းေဒသႀကီး၊ စစ္ကိုင္းတိုင္းေဒသႀကီး(အထက္ပိုင္း)၊ ခ်င္းျပည္နယ္ႏွင့္ ရခိုင္ ျပည္နယ္တို႔တြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ျပည္သူမ်ားအေနျဖင့္ အခ်ိန္အခါမဟုတ္မိုး႐ြာျခင္းႏွင့္အတူ မိုးထစ္ခ်ဳန္းျခင္း၊ မိုးႀကိဳးပစ္ျခင္း၊ လွ်ပ္စီးလက္ျခင္းႏွင့္ မိုးသီးေႂကြျခင္းစသည့္ မိုးေလဝသျဖစ္စဥ္မ်ား ျဖစ္ေပၚႏိုင္ပါသျဖင့္ ႀကိဳတင္ သတိျပဳေနထိုင္ၾကရန္ မိုးဇလက အသိေပးထုတ္ျပန္ထားသည္။