သီရိလင်္ကာမှာ ရုရှားနိုင်ငံသားတစ်ဦး ရထားပေါ်က ပြုတ်ကျ သေဆုံး

731

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၃
သီရိလင်္ကာနိုင်ငံမှာ ရုရှားနိုင်ငံသားတစ်ဦးဟာရထားနဲ့ ခရီးသွားနေရင်း၊ ရှုခင်းဓာတ်ပုံရိုက်ဖို့ မတ်တပ်ရပ်လိုက်ချိန်၊ ရထားကလည်း ကျောက်တုံးတစ်တုံးကိုကြိတ်မိပြီး လှုပ်ခါသွားချိန်မှာ ရထားပေါ်က ပြုတ်ကျပြီး သေဆုံးသွားခဲ့ပါ တယ်။
သီရိလင်္ကာ သတင်းဆိုက် Daily Mirror ရဲ့ အဆိုအရ အသက် ၅၃ နှစ်အရွယ် အိုဂါပါမီနိုဗာ အမည်ရှိ ရုရှားနိုင်ငံသား အမျိုးသမီးဟာ ကိုလံဘိုခံတပ်နဲ့ ဘာဒူလာ အကြား ကီလိုမီတာ ၃၀၀ ရှည်လျားပြီး အလွန်လှပတဲ့ ရှုခင်းတွေကြောင့် နာမည်ကျော်တဲ့ Podi Menike ရထားပေါ်မှာ လိုက်ပါစီးနင်းခဲ့ပါတယ်။ မစ္စ ပါမီနိုဗာ ဟာ ရထားတွဲ ထွက်ပေါက် အစွန်းနား ခြေတွဲလောင်းချကာ စီးနင်းလိုက်ပါလာပြီး ရှုခင်းတွေကို ဓာတ်ပုံရိုက်ဖို့ မတ်တပ်ရပ်လိုက်ချိန်၊ ရထားကလည်း ကျောက်ခဲကိုကြိတ်မိပြီး လှုပ်ရမ်းသွားချိန်တိုက်ကာ ရထားပေါ်မှ ပြုတ်ကျပြီး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ပါတယ်။ ပြုတ်ကျခဲ့တဲ့နေရာကတော့ ဘူဒူလာနဲ့ ဟာလီအယ်လာကြား မီးရထားဘူတာကြားပဲဖြစ်ပါတယ်။ အရေးပေါ်ကုသမှုခံယူခဲ့ပေမယ့် ဦးခေါင်းဒဏ်ရာကြောင့် ဆေးရုံမှာပဲ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။
သူမဟာ ရုရှားခရီးသည်အဖွဲ့နဲ့ အတူ ခရီးသွားနေသူဖြစ်ပြီး သူမရဲ့ အလောင်းကို ရုရှားနိုင်ငံ ပြန်လည် ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကလည်း သီရိလင်္ကာမြောက်ပိုင်း၊ အန်နူရာဒါပူရာနယူး တောင်း မီးရထားဘူတာရုံမှာ အမျိုးသမီး နှစ်ဦး ဆယ်လ်ဖီရိုက်နေရင်း ရထားတိုက်ခံရကာ သေဆုံးခဲ့ဖူးပါတယ်။

Zawgyi Version:
သီရိလကၤာမွာ ႐ုရွားႏိုင္ငံသားတစ္ဦး ရထားေပၚက ျပဳတ္က် ေသဆုံး
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၃
သီရိလကၤာႏိုင္ငံမွာ ႐ုရွားႏိုင္ငံသားတစ္ဦးဟာရထားနဲ႔ ခရီးသြားေနရင္း၊ ရႈခင္းဓာတ္ပုံ႐ိုက္ဖို႔ မတ္တပ္ရပ္လိုက္ခ်ိန္၊ ရထားကလည္း ေက်ာက္တုံးတစ္တုံးကိုႀကိတ္မိၿပီး လႈပ္ခါသြားခ်ိန္မွာ ရထားေပၚက ျပဳတ္က်ၿပီး ေသဆုံးသြားခဲ့ပါ တယ္။
သီရိလကၤာ သတင္းဆိုက္ Daily Mirror ရဲ႕ အဆိုအရ အသက္ ၅၃ ႏွစ္အ႐ြယ္ အိုဂါပါမီႏိုဗာ အမည္ရွိ ႐ုရွားႏိုင္ငံသား အမ်ိဳးသမီးဟာ ကိုလံဘိုခံတပ္နဲ႔ ဘာဒူလာ အၾကား ကီလိုမီတာ ၃၀၀ ရွည္လ်ားၿပီး အလြန္လွပတဲ့ ရႈခင္းေတြေၾကာင့္ နာမည္ေက်ာ္တဲ့ Podi Menike ရထားေပၚမွာ လိုက္ပါစီးနင္းခဲ့ပါတယ္။ မစၥ ပါမီႏိုဗာ ဟာ ရထားတြဲ ထြက္ေပါက္ အစြန္းနား ေျခတြဲေလာင္းခ်ကာ စီးနင္းလိုက္ပါလာၿပီး ရႈခင္းေတြကို ဓာတ္ပုံ႐ိုက္ဖို႔ မတ္တပ္ရပ္လိုက္ခ်ိန္၊ ရထားကလည္း ေက်ာက္ခဲကိုႀကိတ္မိၿပီး လႈပ္ရမ္းသြားခ်ိန္တိုက္ကာ ရထားေပၚမွ ျပဳတ္က်ၿပီး ျပင္းထန္ဒဏ္ရာမ်ား ရရွိခဲ့ပါတယ္။ ျပဳတ္က်ခဲ့တဲ့ေနရာကေတာ့ ဘူဒူလာနဲ႔ ဟာလီအယ္လာၾကား မီးရထားဘူတာၾကားပဲျဖစ္ပါတယ္။ အေရးေပၚကုသမႈခံယူခဲ့ေပမယ့္ ဦးေခါင္းဒဏ္ရာေၾကာင့္ ေဆး႐ုံမွာပဲ ေသဆုံးသြားခဲ့တယ္လို႔ သိရပါတယ္။
သူမဟာ ႐ုရွားခရီးသည္အဖြဲ႕နဲ႔ အတူ ခရီးသြားေနသူျဖစ္ၿပီး သူမရဲ႕ အေလာင္းကို ႐ုရွားႏိုင္ငံ ျပန္လည္ ပို႔ေဆာင္ဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။ ၂၀၂၄ ခုႏွစ္ ဒီဇင္ဘာလကလည္း သီရိလကၤာေျမာက္ပိုင္း၊ အန္ႏူရာဒါပူရာနယူး ေတာင္း မီးရထားဘူတာ႐ုံမွာ အမ်ိဳးသမီး ႏွစ္ဦး ဆယ္လ္ဖီ႐ိုက္ေနရင္း ရထားတိုက္ခံရကာ ေသဆုံးခဲ့ဖူးပါတယ္။