အမေရိကန်မှာ အာဟာရဖြည့်စွက်အချိုရည်နဲ့ဆက်နွယ်တဲ့ Listeria ရောဂါဖြစ်ပွားမှုကြောင့် သေဆုံးသူ ၁၁ ဦးရှိ

 45

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၃

အမေရိကန်မှာ အေးခဲအာဟာရဖြည့်စွက်ဆေးတွေနဲ့ ဆက်စပ်နေတဲ့ Listeria ရောဂါပိုး ကူးစက်မှုကြောင့် ပြည်နယ် ၂၁ ခုမှာ အနည်းဆုံး လူ ၃၈ ဦး ဖျားနာခဲ့ပြီး ၃၇ ဦး ဆေးရုံတင်ထားရကာ လူ ၁၁ ဦး သေဆုံးခဲ့တယ်လို့ အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက သောကြာနေ့(ဖေဖော်ဝါရီ ၂၁ ရက်) မှာ ပြောကြားခဲ့ပါတယ်။
ဖျားနာမှုတွေဟာ ဆေးရုံနဲ့ ရေရှည်စောင့်ရှောက်မှု ဌာနများ စတဲ့ အစားအသောက်ဝန်ဆောင်မှုတွေမှ ဖြန့်ဝေ ရောင်းချတဲ့ Sysco Imperial၊ Lyons ReadyCare ထုတ်ကုန်အချို့နဲ့ ဆက်စပ်နေတယ်လို့ အေဂျင်စီက ပြောကြားခဲ့ ပါတယ်။ အဆိုပါရောဂါဖြစ်ပွားမှုအရေအတွက်ဟာ၂၀၁၈ ခုနှစ်ကစဖြစ်ပွားခဲ့တဲ့အရေအတွက်အားလုံး ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်ထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်း ဖြစ်ပွားမှု ၂၀ ဦးထိရှိတယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးစင်တာများက ပြောကြားပါတယ်။ FDA က အဆိုပါ ရောဂါဖြစ်ပွားမှုကို ဆက်လက်စုံစမ်းစစ်ဆေးနေုပီး ဖြည့်စွက်ဆေးတွေကို ပြန်လည်သိမ်းဆည်းခြင်း၊ ရောင်းချမှု ရပ်တန့်ခြင်းများ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
Listeria ဟာ အမေရိကန်မှာ အစားအသောက်ကြောင့်ဖြစ်တဲ့ လူသေဆုံးနိုင်တဲ့ တတိယမြောက် ဘတ်တီးရီးယား အမျိုးအစားဖြစ်ပါတယ်။

Zawgyi Version:
အေမရိကန္မွာ အာဟာရျဖည့္စြက္အခ်ိဳရည္နဲ႔ဆက္ႏြယ္တဲ့ Listeria ေရာဂါျဖစ္ပြားမႈေၾကာင့္ ေသဆုံးသူ ၁၁ ဦးရွိ
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၃

အေမရိကန္မွာ ေအးခဲအာဟာရျဖည့္စြက္ေဆးေတြနဲ႔ ဆက္စပ္ေနတဲ့ Listeria ေရာဂါပိုး ကူးစက္မႈေၾကာင့္ ျပည္နယ္ ၂၁ ခုမွာ အနည္းဆုံး လူ ၃၈ ဦး ဖ်ားနာခဲ့ၿပီး ၃၇ ဦး ေဆး႐ုံတင္ထားရကာ လူ ၁၁ ဦး ေသဆုံးခဲ့တယ္လို႔ အေမရိကန္ အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဌာနက ေသာၾကာေန႔(ေဖေဖာ္ဝါရီ ၂၁ ရက္) မွာ ေျပာၾကားခဲ့ပါတယ္။
ဖ်ားနာမႈေတြဟာ ေဆး႐ုံနဲ႔ ေရရွည္ေစာင့္ေရွာက္မႈ ဌာနမ်ား စတဲ့ အစားအေသာက္ဝန္ေဆာင္မႈေတြမွ ျဖန႔္ေဝ ေရာင္းခ်တဲ့ Sysco Imperial၊ Lyons ReadyCare ထုတ္ကုန္အခ်ိဳ႕နဲ႔ ဆက္စပ္ေနတယ္လို႔ ေအဂ်င္စီက ေျပာၾကားခဲ့ ပါတယ္။ အဆိုပါေရာဂါျဖစ္ပြားမႈအေရအတြက္ဟာ၂၀၁၈ ခုႏွစ္ကစျဖစ္ပြားခဲ့တဲ့အေရအတြက္အားလုံး ျဖစ္ပါတယ္။ ဒါေပမယ့္ လက္ရွိအခ်ိန္ထိ ဆက္လက္ျဖစ္ပြားေနဆဲျဖစ္ၿပီး ၂၀၂၄ ခုႏွစ္နဲ႔ ၂၀၂၅ ခုႏွစ္အတြင္း ျဖစ္ပြားမႈ ၂၀ ဦးထိရွိတယ္လို႔ အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးနဲ႔ ကာကြယ္ေရးစင္တာမ်ားက ေျပာၾကားပါတယ္။ FDA က အဆိုပါ ေရာဂါျဖစ္ပြားမႈကို ဆက္လက္စုံစမ္းစစ္ေဆးေနုပီး ျဖည့္စြက္ေဆးေတြကို ျပန္လည္သိမ္းဆည္းျခင္း၊ ေရာင္းခ်မႈ ရပ္တန႔္ျခင္းမ်ား ျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။
Listeria ဟာ အေမရိကန္မွာ အစားအေသာက္ေၾကာင့္ျဖစ္တဲ့ လူေသဆုံးႏိုင္တဲ့ တတိယေျမာက္ ဘတ္တီးရီးယား အမ်ိဳးအစားျဖစ္ပါတယ္။

Related news

© 2021. All rights reserved.