ကျားဖျန့်နှိမ်နင်းရေး အရှိန်မြှင့်တင်ပြီးနောက် ရန်ကုန်တွင် လုံးချင်းအိမ်ငှားသော တရုတ်နိုင်ငံသား အရေအတွက် တိုးလာ

 8401

Pearl (NP News) - ဖေဖော်ဝါရီ ၂၄

ထိုင်း-မြန်မာနယ်စပ်တွင် ကျားဖျန့်နှိမ်နင်းရေးအရှိန်မြှင့်တင်ပြီးနောက် ရန်ကုန်တွင် လုံးချင်း အိမ်ငှားသော တရုတ် နိုင်ငံသားအရေအတွက် တိုးလာကြောင်း လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးကို NP News က မေးမြန်းထား ချက်များအရ သိရသည်။
ကရင်ပြည်နယ် မြဝတီမြို့-ရွှေကုက္ကိုနှင့် KK Park နယ်မြေတို့တွင် တရားမဝင်အွန်လိုင်း လောင်း ကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများ၊ ဒုစရိုက်မှုကျူးခဲ့ကြသူများကို စစ်ဆေးဖော်ထုတ်လျက်ရှိပြီး ၎င်း တို့ကို သက်ဆိုင်ရာနိုင်ငံ များသို့ ပြန်လည်လွှဲပြောင်းနိုင်ရန် တာဝန်ရှိသူများက ဆောင်ရွက်နေကြောင်း သိရသည်။ ထိုသို့ ဆောင်ရွက်လျက် ရှိရာ နယ်စပ်ဒေသအခြေပြုကျားဖျန့်လုပ်ငန်းအချို့သည် ရန်ကုန်မြို့အထိ ခြေဆန့်လာကြောင်း NP News က စုံစမ်းသိရှိရသည်။
“မင်္ဂလာဒုံထဲမှာကိုပဲ ရက်ပိုင်းအတွင်းမှာ လုံးချင်းအိမ်ငှားတာ တရုတ်တွေပဲ။ ဗမာစကားတွေလည်း လုံးဝ မတတ်ကြဘူး။ မြဝတီဘက်ကလား၊ လားရှိုးဘက်ကလားတော့ သေချာမပြောတတ်ဘူး။ အဲဒါတွေကို သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့က သေချာလေး ဧည့်စာရင်းတွေ ဘာတွေကော စစ်ရဲ့လား။ အဲဒါလေးတွေကတော့ အောက်ခြေအာဏာပိုင်အဖွဲ့အစည်းတွေက လုပ်ဖို့လိုတယ်။ ရန်ကုန်မြို့ထဲမကြည့်နဲ့ အန်ကယ်နေတဲ့နေရာက အလွန်ခေါင်တဲ့နေရာ။ အဲဒီမှာကို လုံး ချင်းအိမ်တွေမှာ လာငှားတဲ့တရုတ်တွေ စစ်ရှောင် လား၊ ကျားဖျန့်လားတော့မသိဘူး။ (၄၊ ၅) အိမ်တွေ့ ရတယ်။ အန်ကယ့်ပတ်ဝန်းကျင်လေးတွေမှာကို အခုရက်ပိုင်း အတွင်းမှာ များလာတယ်ဆိုတာ ရဲရဲတင်း တင်းပြောရဲတယ်” ဟု လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက ပြော သည်။
မြို့ကြီးများရှိ မြို့အဝင်ဂိတ်များ၌ တာဝန်ကျသည့်လုံခြုံရေးအဖွဲ့အစည်းများက ခရီးသွားရန် လိုအပ်သော အထောက်အထားများကို စစ်ဆေးခြင်းနှင့် သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများက လည်း ဧည့်စာရင်းစစ် ခြင်းတို့ကို ယခုရက်ပိုင်းအတွင်း ပိုမိုတင်းကြပ်စွာဆောင်ရွက်သင့်ကြောင်းလည်း ၎င်းက အကြံပြုထားသည်။
“တာဝန်ကျတဲ့ဂိတ်တွေမှာရော ၊ သက်ဆိုင်ရာ ရပ်ကျေးတွေမှာရော အခုရက်ပိုင်းမှာ ဟန်ချက်ညီလုပ်ရမှာ။ ဟန်ချက်ညီဆိုတာ ကျားဖျန့်ကိစ္စတွေပေါ်နေတယ်။ ပေါ်နေတာကို ကိုယ့်ရဲ့ပြည်တွင်းက လူတွေ ရန်ကုန်လို မြို့ကြီး တွေ၊ မန္တလေးတို့ တခြားမြို့တွေက ဧည့်စာရင်းစစ်တာတွေကို တစ်ပြိုင်နက် ဒီအချိန်မှာပိုပြီးတော့ ဖိရမယ့် အနေအထားရှိတယ်။ အဲဒါမျိုးလုပ်တာတွေ မတွေ့ရဘူး။ အန်ကယ်အကြံပြုတာပါ” ဟု ၎င်းက ဆက်လက် ပြောသည်။
နိုင်ငံတော်အစိုးရအနေဖြင့် မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင်လည်း တရားမဝင်အွန်လိုင်း လောင်းကစားနှင့် ငွေကြေးလိမ်လည်မှုလုပ်ငန်းများကို တားဆီးကာကွယ်တိုက်ဖျက်နိုင်ရန် အိမ်နီးချင်း နိုင်ငံများအပါအဝင် နိုင်ငံတကာမှ အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ စုံစမ်းဖော်ထုတ်အရေးယူမှုများကို ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း နစက ကထုတ်ပြန်ထားသည်။

Zawgyi Version:
က်ားဖ်န႔္ႏွိမ္နင္းေရး အရွိန္ျမႇင့္တင္ၿပီးေနာက္ ရန္ကုန္တြင္ လုံးခ်င္းအိမ္ငွားေသာ တ႐ုတ္ႏိုင္ငံသား အေရအတြက္ တိုးလာ
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၄

ထိုင္း-ျမန္မာနယ္စပ္တြင္ က်ားဖ်န႔္ႏွိမ္နင္းေရးအရွိန္ျမႇင့္တင္ၿပီးေနာက္ ရန္ကုန္တြင္ လုံးခ်င္း အိမ္ငွားေသာ တ႐ုတ္ ႏိုင္ငံသားအေရအတြက္ တိုးလာေၾကာင္း လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းတစ္ဦးကို NP News က ေမးျမန္းထား ခ်က္မ်ားအရ သိရသည္။
ကရင္ျပည္နယ္ ျမဝတီၿမိဳ႕-ေ႐ႊကုကၠိဳႏွင့္ KK Park နယ္ေျမတို႔တြင္ တရားမဝင္အြန္လိုင္း ေလာင္း ကစားမႈမ်ား၊ အြန္လိုင္းလိမ္လည္မႈမ်ား၊ ဒုစ႐ိုက္မႈက်ဴးခဲ့ၾကသူမ်ားကို စစ္ေဆးေဖာ္ထုတ္လ်က္ရွိၿပီး ၎ တို႔ကို သက္ဆိုင္ရာႏိုင္ငံ မ်ားသို႔ ျပန္လည္လႊဲေျပာင္းႏိုင္ရန္ တာဝန္ရွိသူမ်ားက ေဆာင္႐ြက္ေနေၾကာင္း သိရသည္။ ထိုသို႔ ေဆာင္႐ြက္လ်က္ ရွိရာ နယ္စပ္ေဒသအေျချပဳက်ားဖ်န႔္လုပ္ငန္းအခ်ိဳ႕သည္ ရန္ကုန္ၿမိဳ႕အထိ ေျခဆန႔္လာေၾကာင္း NP News က စုံစမ္းသိရွိရသည္။
“မဂၤလာဒုံထဲမွာကိုပဲ ရက္ပိုင္းအတြင္းမွာ လုံးခ်င္းအိမ္ငွားတာ တ႐ုတ္ေတြပဲ။ ဗမာစကားေတြလည္း လုံးဝ မတတ္ၾကဘူး။ ျမဝတီဘက္ကလား၊ လားရႈိးဘက္ကလားေတာ့ ေသခ်ာမေျပာတတ္ဘူး။ အဲဒါေတြကို သက္ဆိုင္ရာ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၊ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉးတို႔က ေသခ်ာေလး ဧည့္စာရင္းေတြ ဘာေတြေကာ စစ္ရဲ႕လား။ အဲဒါေလးေတြကေတာ့ ေအာက္ေျခအာဏာပိုင္အဖြဲ႕အစည္းေတြက လုပ္ဖို႔လိုတယ္။ ရန္ကုန္ၿမိဳ႕ထဲမၾကည့္နဲ႔ အန္ကယ္ေနတဲ့ေနရာက အလြန္ေခါင္တဲ့ေနရာ။ အဲဒီမွာကို လုံး ခ်င္းအိမ္ေတြမွာ လာငွားတဲ့တ႐ုတ္ေတြ စစ္ေရွာင္ လား၊ က်ားဖ်န႔္လားေတာ့မသိဘူး။ (၄၊ ၅) အိမ္ေတြ႕ ရတယ္။ အန္ကယ့္ပတ္ဝန္းက်င္ေလးေတြမွာကို အခုရက္ပိုင္း အတြင္းမွာ မ်ားလာတယ္ဆိုတာ ရဲရဲတင္း တင္းေျပာရဲတယ္” ဟု လႊတ္ေတာ္ကိုယ္စားလွယ္ေဟာင္းတစ္ဦးက ေျပာ သည္။
ၿမိဳ႕ႀကီးမ်ားရွိ ၿမိဳ႕အဝင္ဂိတ္မ်ား၌ တာဝန္က်သည့္လုံၿခဳံေရးအဖြဲ႕အစည္းမ်ားက ခရီးသြားရန္ လိုအပ္ေသာ အေထာက္အထားမ်ားကို စစ္ေဆးျခင္းႏွင့္ သက္ဆိုင္ရာရပ္/ေက်းအုပ္ခ်ဳပ္ေရးမႉးမ်ားက လည္း ဧည့္စာရင္းစစ္ ျခင္းတို႔ကို ယခုရက္ပိုင္းအတြင္း ပိုမိုတင္းၾကပ္စြာေဆာင္႐ြက္သင့္ေၾကာင္းလည္း ၎က အႀကံျပဳထားသည္။
“တာဝန္က်တဲ့ဂိတ္ေတြမွာေရာ ၊ သက္ဆိုင္ရာ ရပ္ေက်းေတြမွာေရာ အခုရက္ပိုင္းမွာ ဟန္ခ်က္ညီလုပ္ရမွာ။ ဟန္ခ်က္ညီဆိုတာ က်ားဖ်န႔္ကိစၥေတြေပၚေနတယ္။ ေပၚေနတာကို ကိုယ့္ရဲ႕ျပည္တြင္းက လူေတြ ရန္ကုန္လို ၿမိဳ႕ႀကီး ေတြ၊ မႏၲေလးတို႔ တျခားၿမိဳ႕ေတြက ဧည့္စာရင္းစစ္တာေတြကို တစ္ၿပိဳင္နက္ ဒီအခ်ိန္မွာပိုၿပီးေတာ့ ဖိရမယ့္ အေနအထားရွိတယ္။ အဲဒါမ်ိဳးလုပ္တာေတြ မေတြ႕ရဘူး။ အန္ကယ္အႀကံျပဳတာပါ” ဟု ၎က ဆက္လက္ ေျပာသည္။
ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ျမန္မာႏိုင္ငံ၏ နယ္စပ္ေဒသမ်ားတြင္လည္း တရားမဝင္အြန္လိုင္း ေလာင္းကစားႏွင့္ ေငြေၾကးလိမ္လည္မႈလုပ္ငန္းမ်ားကို တားဆီးကာကြယ္တိုက္ဖ်က္ႏိုင္ရန္ အိမ္နီးခ်င္း ႏိုင္ငံမ်ားအပါအဝင္ ႏိုင္ငံတကာမွ အဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္း၍ စုံစမ္းေဖာ္ထုတ္အေရးယူမႈမ်ားကို ဆက္လက္ေဆာင္႐ြက္မည္ ျဖစ္ေၾကာင္း နစက ကထုတ္ျပန္ထားသည္။

Picture

U Myint645

24/02/2025 09:04

NP Newsမှာသက်တမ်းတိုးငွေသွင်းထားတာဘာလို့တိုးမပေးတာလဲ

Related news

© 2021. All rights reserved.