ယခုနှစ်အတွက် အညာဒေသရှိ စစ်ဘေးရှောင်များအား WFP ၏ ပထမဆုံးအကြိမ်ထောက်ပံ့မှုကို မကြာမီစတင်မည်

 486

ယွန်း (NP News) - ဖေဖော်ဝါရီ ၂၅

အညာဒေသရှိ စစ်ဘေးရှောင်များအတွက် ယခုနှစ်(၂၀၂၅) ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ်(WFP)၏ ပထမဆုံးအကြိမ်ထောက်ပံ့မှု မကြာမီစတင်မည်ဖြစ်ကြောင်း IBEC ကျောင်းတိုက်၏ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့မှုအစီအစဉ် (WFP)မှ Pilot Project အဖြစ် စစ်ကိုင်း၊ မြင်းမူ၊ ချောင်းဦး၊ မုံရွာ၊ ‌ရွှေဘိုနှင့် ဟုမ္မလင်းမြို့နယ်တို့ရှိ စစ်ရှောင်ပြည်သူများကို ပြီးခဲ့သည့် (၂၀၂၄)ခုနှစ် ဇွန်လမှစ၍ စတင်ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။

အဆိုပါထောက်ပံ့မှုအစီအစဉ်ကို ယခုနှစ်(၂၀၂၅)တွင်လည်း (၆)ကြိမ်ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ပထမဆုံးအကြိမ်ထောက်ပံ့မှုကို ယခု(ဖေဖော်ဝါရီ)လကုန်ပိုင်းတွင် စတင်မည်ဖြစ်ကြောင်း သိရသည်။

"စားနပ်ရိက္ခာအဖွဲ့ကတော့ ဒီနှစ်မှာ(၆)ကြိမ်ထောက်ပံ့မှာပါ။ အခုကတော့ UNOCHA တို့၊ UNICEF တို့လို အဖွဲ့(၅)ဖွဲ့ကပေါင်းပြီး ဆန်၊ ဆီ၊ ဆားမပါပဲနဲ့ အိမ်ထောင်စုသုံးပစ္စည်းတွေကို ပထမဆုံးအကြိမ်ထောက်ပံ့တာပေါ့။ အခုထောက်ပံ့နေတာနဲ့ (၆)ကြိမ်ထောက်ပံ့မယ့်ဟာနဲ့က အဖွဲ့ချင်းမတူပါဘူး။ ကမ္ဘာ့စားနပ်ရိက္ခာထောက်ပံ့ရေးအဖွဲ့က လှူမယ့်ဟာက အခုကမလာသေးဘူး။ သူကမနှစ်ကလည်းလှူတယ်၊ ဒီနှစ်လည်း လှူမှာ။ အဲဒါက အခုထောက်ပံ့နေတဲ့အဖွဲ့ပြီးမှ လကုန်ပိုင်းလောက်မှ ဖြစ်မှာ"ဟု IBEC ကျောင်းတိုက်၏ ရုံးအဖွဲ့တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

၂၀၂၄ ခုနှစ်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်(၆)ခုကိုသာ ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် မြို့နယ်(၁၀)မြို့နယ်ခန့်ကို ထပ်တိုးအနေဖြင့် ထောက်ပံ့ပေးသွားမည့်အပြင် ယခင်မရရှိသေးသည့်သူများကို ဦးစားပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ပြီးခဲ့သည့် (၂၀၂၃)ခုနှစ် စက်တင်ဘာလ (၂၆)ရက်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ချုပ်၌ကျင်းပခဲ့သော (၇၈)ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံသို့ IBEC ဆရာတော်တက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို စားနပ်ရိက္ခာများ ထောက်ပံ့ ကူညီပေးရေး တောင်းဆိုခဲ့ခြင်းဖြစ်သည်။

UNOCHA Myanmar ၏ ယခု(ဖေဖော်ဝါရီလ)အတွင်း ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်း၌ နေရပ်စွန့်ခွာထွက်ပြေးရသူ အရေအတွက်မှာ (၃ ဒသမ ၅)သန်း ဝန်းကျင်ရှိကြောင်း ခန့်မှန်းထားပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ မန္တလေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် နေရပ်စွန့်ခွာ သူဦးရေ မြင့်တက်နေကြောင်း သိရသည်။

zawgyi version
ယခုႏွစ္အတြက္ အညာေဒသရွိ စစ္ေဘးေရွာင္မ်ားအား WFP ၏ ပထမဆုံးအႀကိမ္ေထာက္ပံ့မႈကို မၾကာမီစတင္မည္
ယြန္း (NP News) - ေဖေဖာ္ဝါရီ ၂၅

အညာေဒသရွိ စစ္ေဘးေရွာင္မ်ားအတြက္ ယခုႏွစ္(၂၀၂၅) ကမာၻ႔စားနပ္ရိကၡာေထာက္ပံ့မႈအစီအစဥ္(WFP)၏ ပထမဆုံးအႀကိမ္ေထာက္ပံ့မႈ မၾကာမီစတင္မည္ျဖစ္ေၾကာင္း IBEC ေက်ာင္းတိုက္၏ တာဝန္ရွိသူတစ္ဦးထံမွ သိရသည္။ ကမာၻ႔စားနပ္ရိကၡာေထာက္ပံ့မႈအစီအစဥ္ (WFP)မွ Pilot Project အျဖစ္ စစ္ကိုင္း၊ ျမင္းမူ၊ ေခ်ာင္းဦး၊ မုံ႐ြာ၊ ‌ေ႐ႊဘိုႏွင့္ ဟုမၼလင္းၿမိဳ႕နယ္တို႔ရွိ စစ္ေရွာင္ျပည္သူမ်ားကို ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္ ဇြန္လမွစ၍ စတင္ေထာက္ပံ့ခဲ့ျခင္းျဖစ္သည္။

အဆိုပါေထာက္ပံ့မႈအစီအစဥ္ကို ယခုႏွစ္(၂၀၂၅)တြင္လည္း (၆)ႀကိမ္ေထာက္ပံ့ေပးသြားမည္ျဖစ္ၿပီး ပထမဆုံးအႀကိမ္ေထာက္ပံ့မႈကို ယခု(ေဖေဖာ္ဝါရီ)လကုန္ပိုင္းတြင္ စတင္မည္ျဖစ္ေၾကာင္း သိရသည္။

"စားနပ္ရိကၡာအဖြဲ႕ကေတာ့ ဒီႏွစ္မွာ(၆)ႀကိမ္ေထာက္ပံ့မွာပါ။ အခုကေတာ့ UNOCHA တို႔၊ UNICEF တို႔လို အဖြဲ႕(၅)ဖြဲ႕ကေပါင္းၿပီး ဆန္၊ ဆီ၊ ဆားမပါပဲနဲ႔ အိမ္ေထာင္စုသုံးပစၥည္းေတြကို ပထမဆုံးအႀကိမ္ေထာက္ပံ့တာေပါ့။ အခုေထာက္ပံ့ေနတာနဲ႔ (၆)ႀကိမ္ေထာက္ပံ့မယ့္ဟာနဲ႔က အဖြဲ႕ခ်င္းမတူပါဘူး။ ကမာၻ႔စားနပ္ရိကၡာေထာက္ပံ့ေရးအဖြဲ႕က လႉမယ့္ဟာက အခုကမလာေသးဘူး။ သူကမႏွစ္ကလည္းလႉတယ္၊ ဒီႏွစ္လည္း လႉမွာ။ အဲဒါက အခုေထာက္ပံ့ေနတဲ့အဖြဲ႕ၿပီးမွ လကုန္ပိုင္းေလာက္မွ ျဖစ္မွာ"ဟု IBEC ေက်ာင္းတိုက္၏ ႐ုံးအဖြဲ႕တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

၂၀၂၄ ခုႏွစ္တြင္ စစ္ကိုင္းတိုင္းအတြင္းရွိ ၿမိဳ႕နယ္(၆)ခုကိုသာ ေထာက္ပံ့ေပးခဲ့ျခင္းျဖစ္ၿပီး ယခုႏွစ္တြင္ ၿမိဳ႕နယ္(၁၀)ၿမိဳ႕နယ္ခန႔္ကို ထပ္တိုးအေနျဖင့္ ေထာက္ပံ့ေပးသြားမည့္အျပင္ ယခင္မရရွိေသးသည့္သူမ်ားကို ဦးစားေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။ ၿပီးခဲ့သည့္ (၂၀၂၃)ခုႏွစ္ စက္တင္ဘာလ (၂၆)ရက္က အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ရွိ ကမာၻ႔ကုလသမဂၢအဖြဲ႕ခ်ဳပ္၌က်င္းပခဲ့ေသာ (၇၈)ႀကိမ္ေျမာက္ ကမာၻ႔ကုလသမဂၢ အေထြေထြညီလာခံသို႔ IBEC ဆရာေတာ္တက္ေရာက္ခဲ့ၿပီး စစ္ကိုင္းတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးအတြင္းရွိ စစ္ေဘးေရွာင္ျပည္သူမ်ားကို စားနပ္ရိကၡာမ်ား ေထာက္ပံ့ ကူညီေပးေရး ေတာင္းဆိုခဲ့ျခင္းျဖစ္သည္။

UNOCHA Myanmar ၏ ယခု(ေဖေဖာ္ဝါရီလ)အတြင္း ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတစ္ဝန္း၌ ေနရပ္စြန႔္ခြာထြက္ေျပးရသူ အေရအတြက္မွာ (၃ ဒသမ ၅)သန္း ဝန္းက်င္ရွိေၾကာင္း ခန႔္မွန္းထားၿပီး ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ မႏၲေလးတိုင္းႏွင့္ ရခိုင္ျပည္နယ္တို႔တြင္ ေနရပ္စြန႔္ခြာ သူဦးေရ ျမင့္တက္ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.