ဗြိတိန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုအသစ်က တရားမဝင်ဘူးလို့ ရုရှားအစိုးရဝေဖန်

268

Pika (NP News) - ဖေဖော်ဝါရီ ၂၆
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရုရှားအပေါ် ဗြိတိန်ရဲ့ပိတ်ဆို့အရေးယူမှုအသစ်ဟာ တရားမဝင်ဘူးလို့ ဗြိတိန်မှာရှိတဲ့ ရုရှားသံရုံးက ပြောကြားခဲ့ပါတယ်။ ဒါ့ပြင် ပိတ်ဆို့အရေးယူမှုအသစ်အတွင်း ပစ်မှတ်ထားခံရသူအများစုဟာ ယူကရိန်းပဋိပက္ခနဲ့ ဆက်နွှယ်မှုမရှိဘူးလို့ ရုရှားသံရုံးကပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ဖေဖော်ဝါရီလ(၂၄)ရက်က ထုတ်ပြန်ကြေညာခဲ့တဲ့ ပိတ်ဆို့အရေးယူမှုအသစ်ဟာ ရုရှား-ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ရုရှားအပေါ်ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူမှုတွေထဲမှာ အကြီးဆုံးပိတ်ဆို့အရေးယူမှုတစ်ခုဖြစ်တယ်လို့ ဗြိတိန်အစိုးရက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အဲဒီပိတ်ဆို့အရေးယူမှုအသစ်မှာ ရုရှားစစ်တပ်က အသုံးပြုနေတဲ့ အစိတ်အပိုင်းတွေကို ထောက်ပံ့ပေးနေတဲ့ ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေပါဝင်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဗြိတိန်အစိုးရရဲ့ ပိတ်ဆို့အရေးယူမှုအသစ်ဟာ အချည်းအနှီးသာဖြစ်သွားလိမ့်မယ်လို့ ရုရှားသံရုံးက ပြန်လည်တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားမှု သုံးနှစ်မြောက်နှစ်ပတ်လည်နေ့မှာ ဗြိတိန်အစိုးရက ထုတ်ပြန်ကြေညာခဲ့တဲ့ ပိတ်ဆို့အရေးယူမှုအသစ်မှာ ရုရှားမှာမြောက်ကိုရီးယားတပ်ဖွဲ့တွေ ဖြန့်ကျက်ချထားနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီး No Kwang Cholနဲ့ ကာဂျစ္စတန်အခြေစိုက် Keremetဘဏ်တို့ကို ပစ်မှတ်ထားမှုတွေ ပါဝင်တယ်လို့လည်း သိရပါတယ်။
zawgyi version
ၿဗိတိန္အစိုးရရဲ႕ ပိတ္ဆို႔အေရးယူမႈအသစ္က တရားမဝင္ဘူးလို႔ ႐ုရွားအစိုးရေဝဖန္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၆
ယူကရိန္းကို က်ဴးေက်ာ္တိုက္ခိုက္မႈနဲ႔ပတ္သက္ၿပီး ႐ုရွားအေပၚ ၿဗိတိန္ရဲ႕ပိတ္ဆို႔အေရးယူမႈအသစ္ဟာ တရားမဝင္ဘူးလို႔ ၿဗိတိန္မွာရွိတဲ့ ႐ုရွားသံ႐ုံးက ေျပာၾကားခဲ့ပါတယ္။ ဒါ့ျပင္ ပိတ္ဆို႔အေရးယူမႈအသစ္အတြင္း ပစ္မွတ္ထားခံရသူအမ်ားစုဟာ ယူကရိန္းပဋိပကၡနဲ႔ ဆက္ႏႊယ္မႈမရွိဘူးလို႔ ႐ုရွားသံ႐ုံးကေျပာၾကားခဲ့ပါတယ္။
ၿပီးခဲ့တဲ့ေဖေဖာ္ဝါရီလ(၂၄)ရက္က ထုတ္ျပန္ေၾကညာခဲ့တဲ့ ပိတ္ဆို႔အေရးယူမႈအသစ္ဟာ ႐ုရွား-ယူကရိန္းစစ္ပြဲစတင္ျဖစ္ပြားခဲ့ၿပီးေနာက္ပိုင္း ႐ုရွားအေပၚခ်မွတ္ခဲ့တဲ့ ပိတ္ဆို႔အေရးယူမႈေတြထဲမွာ အႀကီးဆုံးပိတ္ဆို႔အေရးယူမႈတစ္ခုျဖစ္တယ္လို႔ ၿဗိတိန္အစိုးရက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အဲဒီပိတ္ဆို႔အေရးယူမႈအသစ္မွာ ႐ုရွားစစ္တပ္က အသုံးျပဳေနတဲ့ အစိတ္အပိုင္းေတြကို ေထာက္ပံ့ေပးေနတဲ့ ကမာၻတစ္ဝန္းက ကုမၸဏီေတြပါဝင္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ၿဗိတိန္အစိုးရရဲ႕ ပိတ္ဆို႔အေရးယူမႈအသစ္ဟာ အခ်ည္းအႏွီးသာျဖစ္သြားလိမ့္မယ္လို႔ ႐ုရွားသံ႐ုံးက ျပန္လည္တုံ႔ျပန္ေျပာဆိုခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားမႈ သုံးႏွစ္ေျမာက္ႏွစ္ပတ္လည္ေန႔မွာ ၿဗိတိန္အစိုးရက ထုတ္ျပန္ေၾကညာခဲ့တဲ့ ပိတ္ဆို႔အေရးယူမႈအသစ္မွာ ႐ုရွားမွာေျမာက္ကိုရီးယားတပ္ဖြဲ႕ေတြ ျဖန႔္က်က္ခ်ထားနဲ႔ပတ္သက္ၿပီး ေျမာက္ကိုရီးယားကာကြယ္ေရးဝန္ႀကီး No Kwang Cholနဲ႔ ကာဂ်စၥတန္အေျခစိုက္ Keremetဘဏ္တို႔ကို ပစ္မွတ္ထားမႈေတြ ပါဝင္တယ္လို႔လည္း သိရပါတယ္။