အမေရိကန်နဲ့ နျူကလီးယားဆိုင်ရာ တိုက်ရိုက်ဆွေးနွေးမှု ဖြစ်နိုင်ခြေကို အီရန်အစိုးရပယ်ချ

300

Pika (NP News) - ဖေဖော်ဝါရီ ၂၆
အီရန်နိုင်ငံရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့တိုက်ရိုက်ဆွေးနွေးနိုင်ခြေတွေကို အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchiက ဖေဖော်ဝါရီလ(၂၅)ရက်မှာ ငြင်းဆန်ပယ်ချခဲ့တယ်လို့ သိရပါတယ်။
အီရန်ရဲ့ရေနံရောင်းချမှု၊တင်ပို့မှုတွေမှာ ပါဝင်ပတ်သက်နေတယ်လို့ စွပ်စွဲပြောဆိုခံထားရတဲ့ ရေနံကုမ္ပဏီအကြီးအကဲအပါအဝင် သင်္ဘောတွေနဲ့လူပေါင်း(၃၀)ကျော်ကို ပစ်မှတ်ထားတဲ့ အီရန်အပေါ် ပိတ်ဆို့အရေးယူမှုအသစ်ကို အမေရိကန်ကထုတ်ပြန်ကြေညာခဲ့ပြီးနောက် တစ်ရက်အကြာမှာ Abbas Araghchi ရဲ့ မှတ်ချက်တွေထွက်ပေါ်လာတာဖြစ်ပါတယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အီရန်အပေါ် ၎င်းရဲ့အမြင့်ဆုံးဖိအားပေးမူဝါဒကို ပြန်လည်ထည့်သွင်းခဲ့ပြီးနောက် အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုအသစ်ထွက်ပေါ်လာဖြစ်ပါတယ်။
Abbas Araghchi က"ဒီနည်းနဲ့ ဖိအားတွေပေးနေသရွေ့ နျူကလီးယားပြဿနာနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ကျွန်တော်တို့ကြား တိုက်ရိုက်ဆွေးနွေးဖို့ ဖြစ်နိုင်ခြေမရှိပါဘူး။ နျူကလီးယားဆွေးနွေးညှိနှိုင်းမှုတွေနဲ့ပတ်သက်ပြီး အီရန်ရဲ့ရပ်တည်ချက်က အရမ်းရိုးရှင်းပါတယ်။ ဖိအားတွေ၊ ခြိမ်းခြောက်မှုတွေ ဒါမှမဟုတ် ပိတ်ဆို့အရေးယူမှုတွေအောက်မှာ ညှိနှိုင်းဆွေးနွေးမှုတွေကို ကျွန်တော်တို့လုပ်ဆောင်မှာမဟုတ်ပါဘူး”လို့ ပြောဆိုခဲ့ပါတယ်။
zawgyi version
အေမရိကန္နဲ႔ န်ဴကလီးယားဆိုင္ရာ တိုက္႐ိုက္ေဆြးေႏြးမႈ ျဖစ္ႏိုင္ေျခကို အီရန္အစိုးရပယ္ခ်
Pika (NP News) - ေဖေဖာ္ဝါရီ ၂၆
အီရန္ႏိုင္ငံရဲ႕ န်ဴကလီးယားအစီအစဥ္နဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔တိုက္႐ိုက္ေဆြးေႏြးႏိုင္ေျခေတြကို အီရန္ႏိုင္ငံျခားေရးဝန္ႀကီး Abbas Araghchiက ေဖေဖာ္ဝါရီလ(၂၅)ရက္မွာ ျငင္းဆန္ပယ္ခ်ခဲ့တယ္လို႔ သိရပါတယ္။
အီရန္ရဲ႕ေရနံေရာင္းခ်မႈ၊တင္ပို႔မႈေတြမွာ ပါဝင္ပတ္သက္ေနတယ္လို႔ စြပ္စြဲေျပာဆိုခံထားရတဲ့ ေရနံကုမၸဏီအႀကီးအကဲအပါအဝင္ သေဘၤာေတြနဲ႔လူေပါင္း(၃၀)ေက်ာ္ကို ပစ္မွတ္ထားတဲ့ အီရန္အေပၚ ပိတ္ဆို႔အေရးယူမႈအသစ္ကို အေမရိကန္ကထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ တစ္ရက္အၾကာမွာ Abbas Araghchi ရဲ႕ မွတ္ခ်က္ေတြထြက္ေပၚလာတာျဖစ္ပါတယ္။ အေမရိကန္သမၼတေဒၚနယ္ထရမ့္က အီရန္အေပၚ ၎ရဲ႕အျမင့္ဆုံးဖိအားေပးမူဝါဒကို ျပန္လည္ထည့္သြင္းခဲ့ၿပီးေနာက္ အေမရိကန္ရဲ႕ ပိတ္ဆို႔အေရးယူမႈအသစ္ထြက္ေပၚလာျဖစ္ပါတယ္။
Abbas Araghchi က"ဒီနည္းနဲ႔ ဖိအားေတြေပးေနသေ႐ြ႕ န်ဴကလီးယားျပႆနာနဲ႔ပတ္သက္ၿပီး အေမရိကန္နဲ႔ ကြၽန္ေတာ္တို႔ၾကား တိုက္႐ိုက္ေဆြးေႏြးဖို႔ ျဖစ္ႏိုင္ေျခမရွိပါဘူး။ န်ဴကလီးယားေဆြးေႏြးညႇိႏႈိင္းမႈေတြနဲ႔ပတ္သက္ၿပီး အီရန္ရဲ႕ရပ္တည္ခ်က္က အရမ္း႐ိုးရွင္းပါတယ္။ ဖိအားေတြ၊ ၿခိမ္းေျခာက္မႈေတြ ဒါမွမဟုတ္ ပိတ္ဆို႔အေရးယူမႈေတြေအာက္မွာ ညႇိႏႈိင္းေဆြးေႏြးမႈေတြကို ကြၽန္ေတာ္တို႔လုပ္ေဆာင္မွာမဟုတ္ပါဘူး”လို႔ ေျပာဆိုခဲ့ပါတယ္။