ကိုဗစ်-၁၉ ချေးငွေများကို အတိုး၊ အရင်း လုံးဝမပေးသည့် ကုမ္ပဏီ ၅၀၀ နီးပါးရှိနေ

 337

ယွန်း(NP News)- ဖေဖော်ဝါရီ ၂၆

ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ချေးထားသည့် ချေးငွေများကို အတိုး၊ အရင်းလုံးဝမပေးသည့် ကုမ္ပဏီ ၅၀၀ နီးပါးရှိနေကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက် ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက အသိပေး ကြေညာထားပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိခဲ့သည့် စီးပွားရေးလုပ်ငန်းများကို ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေသက် တမ်း ၁ နှစ် (အတိုးနှုန်း ၁ ရာခိုင်နှုန်း)ဖြင့် ၂၀၂၀ ပြည့်နှစ် ဧပြီလမှစတင်ပြီး ချေးငွေများ ထုတ်ချေးခဲ့သည့်အတွက် ချေးငွေသက်တမ်း ၃ နှစ် ပြည့်မြောက် ကျော်လွန်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် ကုမ္ပဏီ၊ လုပ်ငန်းများအား ၂၀၂၄ ခုနှစ်၊ ဇွန် ၃၀ ရက်အထိ ချေးငွေအရင်းနှင့် အတိုးများအား အမြန်ဆုံးပြန်လည်ပေးဆပ်ရန် ပြီးခဲ့သည့် ဇွန်လ ၆ ရက်တွင်အသိပေး ကြေညာခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်မတီအနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးက ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေပေးဆပ်ရန် ကျန်ရှိနေသည့် အတိုး၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ၊ လုပ်ငန်းများအနေဖြင့် အချိန်မီလာရောက် ပေးဆပ်ခြင်းမရှိပါက လုပ်ငန်းတစ်ခုချင်းအား နိုင်ငံပိုင်သတင်းစာများမှ ထုတ်ပြန်အသိပေးခြင်း၊ စီမံခန့်ခွဲမှုနည်းလမ်းအရ အရေးယူခြင်း တို့ဖြင့် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်းကိုလည်း ကြေညာခဲ့ပြီးဖြစ်သည်။

ထို့ကြောင့် ‌ကော်မတီအနေဖြင့် နေပြည်တော် အပါအဝင် တိုင်းနှင့် ပြည်နယ်အသီးသီးရှိ ကိုဗစ်-၁၉ ရန်ပုံငွေမှ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအထိ အတိုး၊ အရင်း လုံးဝမပေးဆပ်သည့် ကုမ္ပဏီ၊ လုပ်ငန်း (၄၈၆)ခုအား ကုမ္ပဏီ၊ လုပ်ငန်းအမည်၊ လုပ်ငန်းရှင်အမည်၊ နေရပ်လိပ်စာအပြည်အစုံတို့ဖြင့် သတင်းစာတွင် ကြေညာမည်ဖြစ်ကြောင်း အဆိုပါကော်မတီက အသိပေးထုတ်ပြန်ထားသည်။

Zawgyi Version:
ကိုဗစ္-၁၉ ေခ်းေငြမ်ားကို အတိုး၊ အရင္း လုံးဝမေပးသည့္ ကုမၸဏီ ၅၀၀ နီးပါးရွိေန

ယြန္း(NP News)- ေဖေဖာ္ဝါရီ ၂၆

ကိုဗစ္-၁၉ ရန္ပုံေငြမွ ထုတ္ေခ်းထားသည့္ ေခ်းေငြမ်ားကို အတိုး၊ အရင္းလုံးဝမေပးသည့္ ကုမၸဏီ ၅၀၀ နီးပါးရွိေနေၾကာင္း ကိုဗစ္-၁၉ ေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ စီးပြားေရး သက္ ေရာက္မႈမ်ားအေပၚ ကုစားေရးလုပ္ငန္းေကာ္မတီက အသိေပး ေၾကညာထားပါတယ္။

ကိုဗစ္-၁၉ ကပ္ေရာဂါေၾကာင့္ ထိခိုက္မႈရွိခဲ့သည့္ စီးပြားေရးလုပ္ငန္းမ်ားကို ကိုဗစ္-၁၉ ရန္ပုံေငြမွ ေခ်းေငြသက္ တမ္း ၁ ႏွစ္ (အတိုးႏႈန္း ၁ ရာခိုင္ႏႈန္း)ျဖင့္ ၂၀၂၀ ျပည့္ႏွစ္ ဧၿပီလမွစတင္ၿပီး ေခ်းေငြမ်ား ထုတ္ေခ်းခဲ့သည့္အတြက္ ေခ်းေငြသက္တမ္း ၃ ႏွစ္ ျပည့္ေျမာက္ ေက်ာ္လြန္ခဲ့ၿပီ ျဖစ္ေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ကုမၸဏီ၊ လုပ္ငန္းမ်ားအား ၂၀၂၄ ခုႏွစ္၊ ဇြန္ ၃၀ ရက္အထိ ေခ်းေငြအရင္းႏွင့္ အတိုးမ်ားအား အျမန္ဆုံးျပန္လည္ေပးဆပ္ရန္ ၿပီးခဲ့သည့္ ဇြန္လ ၆ ရက္တြင္အသိေပး ေၾကညာခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ေကာ္မတီအေနျဖင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးက ကိုဗစ္-၁၉ ရန္ပုံေငြမွ ေခ်းေငြေပးဆပ္ရန္ က်န္ရွိေနသည့္ အတိုး၊ အရင္း လုံးဝမေပးဆပ္သည့္ ကုမၸဏီ၊ လုပ္ငန္းမ်ားအေနျဖင့္ အခ်ိန္မီလာေရာက္ ေပးဆပ္ျခင္းမရွိပါက လုပ္ငန္းတစ္ခုခ်င္းအား ႏိုင္ငံပိုင္သတင္းစာမ်ားမွ ထုတ္ျပန္အသိေပးျခင္း၊ စီမံခန႔္ခြဲမႈနည္းလမ္းအရ အေရးယူျခင္း တို႔ျဖင့္ ဆက္လက္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္းကိုလည္း ေၾကညာခဲ့ၿပီးျဖစ္သည္။

ထို႔ေၾကာင့္ ‌ေကာ္မတီအေနျဖင့္ ေနျပည္ေတာ္ အပါအဝင္ တိုင္းႏွင့္ ျပည္နယ္အသီးသီးရွိ ကိုဗစ္-၁၉ ရန္ပုံေငြမွ ၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာလအထိ အတိုး၊ အရင္း လုံးဝမေပးဆပ္သည့္ ကုမၸဏီ၊ လုပ္ငန္း (၄၈၆)ခုအား ကုမၸဏီ၊ လုပ္ငန္းအမည္၊ လုပ္ငန္းရွင္အမည္၊ ေနရပ္လိပ္စာအျပည္အစုံတို႔ျဖင့္ သတင္းစာတြင္ ေၾကညာမည္ျဖစ္ေၾကာင္း အဆိုပါေကာ္မတီက အသိေပးထုတ္ျပန္ထားသည္။

Related news

© 2021. All rights reserved.