အစ္စရေးက ဆီးရီးယားနိုင်ငံတောင်ပိုင်းကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်

 284

Pika (NP News) - ဖေဖော်ဝါရီ ၂၆

အစ္စရေးစစ်လေယာဉ်တွေဟာ ဆီးရီးယားနိုင်ငံ Damascus မြို့နဲ့ Deraa ပြည်နယ်အနီးက ဒေသတွေအပါအဝင် ဆီးရီးယားနိုင်ငံတောင်ပိုင်းမှာရှိတဲ့ စစ်ဘက်ဆိုင်ရာ ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုဟာ ဆီးရီးယားဒေသတွင်း စစ်ဘက်ဆိုင်ရာကင်းမဲ့ရေး တောင်းဆိုမှုတွေကို လုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုတိုက်ခိုက်မှုတွေ ထွက်ပေါ်လာတာဖြစ်တယ်လို့လည်း သိရပါတယ်။ အစ္စရေးတပ်ဖွဲ့တွေဟာ ဆီးရီးယားနိုင်ငံတောင်ပိုင်းမှာရှိတဲ့ စစ်ဌာနချုပ်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေထားရှိတဲ့နေရာတွေကို ဖေဖော်ဝါရီလ(၂၅)ရက်ည မှာ လေကြောင်းကနေတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် ဆီးရီးယားနိုင်ငံတောင်ပိုင်းမှာ စစ်ဘက်ဆိုင်ရာတပ်ဖွဲ့တွေနဲ့ ပိုင်ဆိုင်မှုတွေရှိနေခြင်းဟာ အစ္စရေးနိုင်ငံသားတွေအတွက် ခြိမ်းခြောက်မှုဖြစ်စေတာမလို့ ယခုလိုတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အစ္စရေးဘက်က ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

ဆီးရီးယားတောင်ပိုင်းမှာ ငြိမ်းချမ်းစေဖို့ သတ်မှတ်ထားတဲ့မူဝါဒအသစ်ရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့အစ္စရေးလေကြောင်းတပ်ဖွဲ့တွေဟာ ဆီးရီးယားတောင်ပိုင်းကို တိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်လုပ်ဆောင်နေတယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီးရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးကပြောကြားခဲ့ပါတယ်။ အဲဒီပြောရေးဆိုခွင့်ရှိသူက "ဆီးရီးယားနိုင်ငံတောင်ပိုင်းမှာရှိတဲ့ အစိုးရတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေအားလုံးဟာ မီးလောင်ပြာကျမှုနဲ့ပဲ အဆုံးသတ်သွားပါလိမ့်မယ်”လို့ ပြောဆိုခဲ့ပါတယ်။

zawgyi version
အစၥေရးက ဆီးရီးယားႏိုင္ငံေတာင္ပိုင္းကို ေလေၾကာင္းတိုက္ခိုက္မႈေတြျပဳလုပ္
Pika (NP News) - ေဖေဖာ္ဝါရီ ၂၆

အစၥေရးစစ္ေလယာဥ္ေတြဟာ ဆီးရီးယားႏိုင္ငံ Damascus ၿမိဳ႕နဲ႔ Deraa ျပည္နယ္အနီးက ေဒသေတြအပါအဝင္ ဆီးရီးယားႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ စစ္ဘက္ဆိုင္ရာ ပစ္မွတ္ေတြကို ေလေၾကာင္းတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။

အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုဟာ ဆီးရီးယားေဒသတြင္း စစ္ဘက္ဆိုင္ရာကင္းမဲ့ေရး ေတာင္းဆိုမႈေတြကို လုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုတိုက္ခိုက္မႈေတြ ထြက္ေပၚလာတာျဖစ္တယ္လို႔လည္း သိရပါတယ္။ အစၥေရးတပ္ဖြဲ႕ေတြဟာ ဆီးရီးယားႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ စစ္ဌာနခ်ဳပ္ေတြနဲ႔ စစ္လက္နက္ပစၥည္းေတြထားရွိတဲ့ေနရာေတြကို ေဖေဖာ္ဝါရီလ(၂၅)ရက္ည မွာ ေလေၾကာင္းကေနတိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ဆီးရီးယားႏိုင္ငံေတာင္ပိုင္းမွာ စစ္ဘက္ဆိုင္ရာတပ္ဖြဲ႕ေတြနဲ႔ ပိုင္ဆိုင္မႈေတြရွိေနျခင္းဟာ အစၥေရးႏိုင္ငံသားေတြအတြက္ ၿခိမ္းေျခာက္မႈျဖစ္ေစတာမလို႔ ယခုလိုတိုက္ခိုက္ခဲ့တာျဖစ္တယ္လို႔ အစၥေရးဘက္က ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။

ဆီးရီးယားေတာင္ပိုင္းမွာ ၿငိမ္းခ်မ္းေစဖို႔ သတ္မွတ္ထားတဲ့မူဝါဒအသစ္ရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔အစၥေရးေလေၾကာင္းတပ္ဖြဲ႕ေတြဟာ ဆီးရီးယားေတာင္ပိုင္းကို တိုက္ခိုက္မႈေတြ ျပင္းျပင္းထန္ထန္လုပ္ေဆာင္ေနတယ္လို႔ အစၥေရးကာကြယ္ေရးဝန္ႀကီးရဲ႕ ေျပာေရးဆိုခြင့္ရွိသူတစ္ဦးကေျပာၾကားခဲ့ပါတယ္။ အဲဒီေျပာေရးဆိုခြင့္ရွိသူက "ဆီးရီးယားႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ အစိုးရတပ္ဖြဲ႕ေတြနဲ႔ အၾကမ္းဖက္အဖြဲ႕ေတြရဲ႕ ႀကိဳးပမ္းအားထုတ္မႈေတြအားလုံးဟာ မီးေလာင္ျပာက်မႈနဲ႔ပဲ အဆုံးသတ္သြားပါလိမ့္မယ္”လို႔ ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.