နတ်တလင်းတွင် ခြံဝင်းအတွင်း စကားပြောနေသူ အမျိုးသားကြီး(၂)ဦးကို PDFအဖွဲ့က အကြောင်းမဲ့သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်

727

(NP News)-ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်တွင်၊ ခြံဝင်းအတွင်း စကားပြောနေသူ အမျိုးသားကြီး(၂)ဦးကို PDFအဖွဲ့က အကြောင်းမဲ့ သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီလ ၂၅ရက်) နံနက် ၆နာရီခွဲအချိန်ခန့်က နတ်တလင်းမြိုနယ်၊ ညောင်လေးပင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးတွင်နေထိုင်သည့် အသက်(၅၆)နှစ်အရွယ် ဦးနေဝင်းသည် တစ်ရွာတည်းနေ အသက်(၅၆)နှစ်အရွယ် ဦးတင်ရှိန်နှင့်အတူ နေအိမ်ခြံဝင်းအတွင်းစကားပြောနေစဉ် PDFအဖွဲ့ဝင် (၁၀)ဦးခန့်က ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးနေဝင်းနှင့် ဦးတင်ရှိန်တို့(၂)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံသွားခဲ့ကြောင်း သိရသည်။
ထို့ကြောင့် သေဆုံးသူများကို နတ်တလင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ပြစ်မှုကျူးလွန်သူများအားဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီထိရောက်စွာအပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်၊ ညနေ ၄ နာရီ ၅ မိနစ်ခန့်ကလည်း ကြိုပင်ကောက်မြိုနယ်၊ ကံကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံမြင့် (၆၇) နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းသူ(၄၂)နှစ် နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDFအဖွဲ့ဝင်(၂)ဦးရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။
Zawgyi Version:
(NP News)-ဖေဖော်ဝါရီ ၂၆
ဖြစ်စဉ်မှာ ယမန်နေ့(ဖေဖော်ဝါရီလ ၂၅ရက်) နံနက် ၆နာရီခွဲအချိန်ခန့်က နတ်တလင်းမြို့နယ်၊ ညောင်လေးပင်ကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် နေထိုင်သည့် အသက်(၅၆)နှစ်အရွယ် ဦးနေဝင်းသည် တစ်ရွာတည်းနေ အသက်(၅၆)နှစ်အရွယ် ဦးတင်ရှိန်နှင့်အတူ နေအိမ်ခြံဝင်းအတွင်း စကားပြောနေစဉ် PDF အဖွဲ့ဝင် (၁၀)ဦးခန့်က ရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးနေဝင်းနှင့် ဦးတင်ရှိန်တို့(၂)ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ ဖေဖော်ဝါရီလ ၂၄ ရက်၊ ညနေ ၄ နာရီ ၅ မိနစ်ခန့်ကလည်း ကြို့ပင်ကောက်မြို့နယ်၊ ကံကြီးကျေးရွာအုပ်ချုပ်ရေးမှူး ဦးကံမြင့် (၆၇) နှစ်သည် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်ဝင်းသူ (၄၂) နှစ် နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အဖွဲ့ဝင်(၂)ဦးရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။