ပေါက်ခေါင်းမြို့အတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေထောင်နှင့်ချီရှိနေပြီး မြို့ပေါ်ရောက်လာနိုင်သဖြင့် ဒေသခံများ စိုးရိမ်နေ

342

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေ ထောင်နှင့်ချီရှိနေ ပြီး မြို့ပေါ်ရောက်လာနိုင်သဖြင့် ဒေသခံများစိုးရိမ်နေကြောင်း သိရသည်
ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၈ ရက်က စတင်ကာ ပေါက်ခေါင်းမြို့နယ်-ပြည်-ပေါက်ခေါင်းလမ်းပိုင်းတွင် တပ်မတော်နှင့်ဒေသတွင်း PDF အဖွဲ့တို့ (၂)ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျေးရွာဆယ်ရွာ ထက်မနည်းမှ ဒေသခံ ထောင်နှင့်ချီနေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရခြင်းကြောင်း သိရသည်။
“အိုင်ဇောက်တို့၊ ကျောက်ချောင်းတို့၊ ကြိုပင်တို့၊ ရွှေဂူတို့ဘက်ခြမ်းမှာဖြစ်တာပေါ့။ တောင်ဆင်းမှာဖြစ်ပြီး နောက်တစ်နေ့မှာ စဖြစ်တာ။ စစ်ကားကိုပစ်ပြီး နောက်တစ်နေ့မှာဖြစ်တာပေါ့” ဒေသခံအမျိုးသားတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် အချို့သောကျေးရွာများအတွင်း ဒေသခံများစွာ ပြန်လည်ဝင်ရောက်နေထိုင်နေကြပြီဖြစ်သော်လည်း စိုးရိမ်မှုများရှိနေဆဲဖြစ်ကြောင်း အထက်ပါဒေသခံက ဆက်ပြောသည်။
“မြို့ပေါ်လည်း ပြောလို့တော့မရဘူး။ ရင်တထိတ်ထိတ်နဲ့နေရတာပေါ့။ အခုချိန်တော့ မြို့ပေါ်မှာ မရှိပါဘူး။ အဲဒီ ဘက်က ဒေသခံတွေက ပေါက်ခေါင်းမြို့ပေါ်ကို ရောက်တဲ့လူလည်းရောက်တယ်။ တချို့ကလည်း ပြန်နေကြတဲ့ လူတွေလည်း ရှိပါတယ်။ ပထမတစ်ရက်(၂)ရက်ကတော့ ရှောင်နေကြတာပေါ့” ဟု ၎င်းက ဆက်လက်ပြောသည်။
ဖေဖော်ဝါရီလ ၂၅ ရက်ကလည်း ပေါက်ခေါင်းမြိုနယ်အတွင်း တပ်မတော်စစ်ကြောင်းနှင့် PDF အဖွဲ့တို့ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အဖွဲ့ဝင်တစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၂ ရက်ကလည်း ပန်းတောင်းမြို့နယ်၊ ပန်းတောင်း-တောင်ကုတ်လမ်းရှိ ညောင်ကျိုးစခန်းအနီးတွင် တပ်မတော်နှင့် AA တို့အကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၂၃ ရက်ကလည်း ရန်ကုန်တိုင်းနှင့် ပဲခူးဒေသအချို့တွင် တိုက်ပွဲဖော်ဆောင်မည်ဖြစ် ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ထုတ်ပြန်ပြောကြားထားဖူးသည်။
“တိုက်ပွဲဖော်မယ် ကြားတယ်။ ဒီလိုဖြစ်လာရင် ပြည်သူတွေပဲထိခိုက်မှာ။ အခြားဒေသတွေမှာလည်း သာဓကတွေ ရှိထားတော့ တိုက်ပွဲဆိုတဲ့ အသံကြီးမကြားချင်ဘူး။ အိုးပစ်အိမ်ပစ်ပြေးလွှားနေရတဲ့ ဘဝတွေလည်း ကိုယ်ချင်းစာ တယ်။ အခုလည်းပြေးနေကြတာပဲ” ဟု ပဲခူးတိုင်းအတွင်း နေထိုင်သူတစ်ဦးက ပြောသည်။

Zawgyi Version:
ေပါက္ေခါင္းၿမိဳ႕အတြင္း တိုက္ပြဲမ်ားေၾကာင့္ စစ္ေရွာင္ဦးေရေထာင္ႏွင့္ခ်ီရွိေနၿပီး ၿမိဳ႕ေပၚေရာက္လာႏိုင္သျဖင့္ ေဒသခံမ်ား စိုးရိမ္ေန
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၇
ပဲခူးတိုင္းေဒသႀကီး၊ ျပည္ခ႐ိုင္၊ ေပါက္ေခါင္းၿမိဳ႕နယ္အတြင္း တိုက္ပြဲမ်ားေၾကာင့္ စစ္ေရွာင္ဦးေရ ေထာင္ႏွင့္ခ်ီရွိေန ၿပီး ၿမိဳ႕ေပၚေရာက္လာႏိုင္သျဖင့္ ေဒသခံမ်ားစိုးရိမ္ေနေၾကာင္း သိရသည္
ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလ ၁၈ ရက္က စတင္ကာ ေပါက္ေခါင္းၿမိဳ႕နယ္-ျပည္-ေပါက္ေခါင္းလမ္းပိုင္းတြင္ တပ္မေတာ္ႏွင့္ေဒသတြင္း PDF အဖြဲ႕တို႔ (၂)ဖက္ထိေတြ႕တိုက္ပြဲမ်ား ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး ေက်း႐ြာဆယ္႐ြာ ထက္မနည္းမွ ေဒသခံ ေထာင္ႏွင့္ခ်ီေနရပ္စြန႔္ခြာတိမ္းေရွာင္ခဲ့ရျခင္းေၾကာင္း သိရသည္။
“အိုင္ေဇာက္တို႔၊ ေက်ာက္ေခ်ာင္းတို႔၊ ႀကိဳပင္တို႔၊ ေ႐ႊဂူတို႔ဘက္ျခမ္းမွာျဖစ္တာေပါ့။ ေတာင္ဆင္းမွာျဖစ္ၿပီး ေနာက္တစ္ေန႔မွာ စျဖစ္တာ။ စစ္ကားကိုပစ္ၿပီး ေနာက္တစ္ေန႔မွာျဖစ္တာေပါ့” ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ အခ်ိဳ႕ေသာေက်း႐ြာမ်ားအတြင္း ေဒသခံမ်ားစြာ ျပန္လည္ဝင္ေရာက္ေနထိုင္ေနၾကၿပီျဖစ္ေသာ္လည္း စိုးရိမ္မႈမ်ားရွိေနဆဲျဖစ္ေၾကာင္း အထက္ပါေဒသခံက ဆက္ေျပာသည္။
“ၿမိဳ႕ေပၚလည္း ေျပာလို႔ေတာ့မရဘူး။ ရင္တထိတ္ထိတ္နဲ႔ေနရတာေပါ့။ အခုခ်ိန္ေတာ့ ၿမိဳ႕ေပၚမွာ မရွိပါဘူး။ အဲဒီ ဘက္က ေဒသခံေတြက ေပါက္ေခါင္းၿမိဳ႕ေပၚကို ေရာက္တဲ့လူလည္းေရာက္တယ္။ တခ်ိဳ႕ကလည္း ျပန္ေနၾကတဲ့ လူေတြလည္း ရွိပါတယ္။ ပထမတစ္ရက္(၂)ရက္ကေတာ့ ေရွာင္ေနၾကတာေပါ့” ဟု ၎က ဆက္လက္ေျပာသည္။
ေဖေဖာ္ဝါရီလ ၂၅ ရက္ကလည္း ေပါက္ေခါင္းၿမိဳနယ္အတြင္း တပ္မေတာ္စစ္ေၾကာင္းႏွင့္ PDF အဖြဲ႕တို႔ ထိေတြ႕ တိုက္ပြဲျဖစ္ပြားခဲ့ၿပီး PDF အဖြဲ႕ဝင္တစ္ဦးေသဆုံးကာ လက္နက္ခဲယမ္းမ်ားသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။
အလားတူ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလ ၂၂ ရက္ကလည္း ပန္းေတာင္းၿမိဳ႕နယ္၊ ပန္းေတာင္း-ေတာင္ကုတ္လမ္းရွိ ေညာင္က်ိဳးစခန္းအနီးတြင္ တပ္မေတာ္ႏွင့္ AA တို႔အၾကား ထိေတြ႕တိုက္ပြဲမ်ားျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ေဖေဖာ္ဝါရီလ ၂၃ ရက္ကလည္း ရန္ကုန္တိုင္းႏွင့္ ပဲခူးေဒသအခ်ိဳ႕တြင္ တိုက္ပြဲေဖာ္ေဆာင္မည္ျဖစ္ ေၾကာင္း NUG ဝန္ႀကီးခ်ဳပ္ မန္းဝင္းခိုင္သန္းက ထုတ္ျပန္ေျပာၾကားထားဖူးသည္။
“တိုက္ပြဲေဖာ္မယ္ ၾကားတယ္။ ဒီလိုျဖစ္လာရင္ ျပည္သူေတြပဲထိခိုက္မွာ။ အျခားေဒသေတြမွာလည္း သာဓကေတြ ရွိထားေတာ့ တိုက္ပြဲဆိုတဲ့ အသံႀကီးမၾကားခ်င္ဘူး။ အိုးပစ္အိမ္ပစ္ေျပးလႊားေနရတဲ့ ဘဝေတြလည္း ကိုယ္ခ်င္းစာ တယ္။ အခုလည္းေျပးေနၾကတာပဲ” ဟု ပဲခူးတိုင္းအတြင္း ေနထိုင္သူတစ္ဦးက ေျပာသည္။