ကမ္ဘာ့အကြီးဆုံး ဆလိုက်ဇယားစုဆောင်းမှု ဂင်းနစ်စံချိန်ကို ရရှိခဲ့သည့် အမေရိကန်အမျိုးသား

 168

Pika (NP News) - ဖေဖော်ဝါရီ ၂၇

အမေရိကန်နိုင်ငံ ပင်ဆယ်ဗေးနီးယားပြည်နယ်တွင် နေထိုင်သောအမျိုးသားတစ်ဦးသည် ရိုးရှင်းသော တွက်ချက်မှု များ ပြုလုပ်ရန် သို့မဟုတ် အချက်အလက်ရှာဖွေရန်အတွက် များသောအားဖြင့်အသုံးပြုသည့် စက္ကူ၊ ကတ်ထူပြား သို့မဟုတ် ပလတ်စတစ်ဖြင့်ပြုလုပ်ထားသော လက်ကိုင်ကိရိယာဖြစ်သည့် ဆလိုက်ဇယားများကို စုဆောင်းခဲ့ပြီး နောက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့ကြောင်းသိရသည်။
Harrisburg မြို့တွင်နေထိုင်သည့် ဒေးလ်ရူပတ်ဆိုသည့်အမျိုးသားက ၎င်းသည် (၂၀၀၂)ခုနှစ်တွင် စတိုးဆိုင်တစ်ခု သို့သွားရောက်ချိန်တွင် ဆလိုက်ဇယားများကို တွေ့ရှိခဲ့ပြီးနောက် စုဆောင်းမှုများကို စတင်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
ဒေးလ်ရူပတ်က “ကျွန်တော် ဆလိုက်ဇယားတစ်ခုကို ယူပြီးကြည့်လိုက်တဲ့အချိန်မှာ အရမ်းအံ့ဩဖို့ကောင်းတာကို သိလိုက်ရပါတယ်။ ပြီးတော့ ဆလိုက်ဇယားတွေ ပါဝင်တဲ့သေတ္တာတစ်ခုလုံးကို အမေရိကန်(၁၀)ဒေါ်လာအောက်နဲ့ ရရှိနိုင်တယ် ဆိုတာကို သိခဲ့ပါတယ်။ အဲဒီမှာပဲ ကျွန်တော့်ရဲ့ဆလိုက်ဇယားစုဆောင်းမှုတွေ စတင်ခဲ့တာပါ” ဟု ပြောခဲ့သည်။
၎င်း၏ ဆလိုက်ဇယားစုဆောင်းမှုတွင် အလားတူပုံစံတူများ၊ ဘီးဇယားများလည်း ပါဝင်ပြီး လက်ရှိအချိန်တွင် အခုရေ (၃၁၁၇)ထိ စုဆောင်းနိုင်ခဲ့ပြီဖြစ်ကြောင်း ဒေးလ်ရူပတ်က ပြောကြားခဲ့သည်။ ထို့နောက် ဒေးလ်ရူပတ်သည် ၎င်း၏စုဆောင်းမှုများကို ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သို့ တင်ပြခဲ့ပြီး‌နောက် ကမ္ဘာ့အကြီးဆုံး ဆလိုက်ဇယား စုဆောင်းမှုအတွက် ကမ္ဘာ့ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒေးလ်ရူပတ်သည် ရေတွက်ရန် အတွက် အရည်အချင်းပြည့်မှီသော ဆလိုက်ဇယား(၁၁၁၁)ခုကို စုဆောင်းနိုင်ခဲ့မှုအတွက် ကမ္ဘာ့အကြီးဆုံး ဆလိုက် ဇယားစုဆောင်းမှု ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version:
ကမာၻ႔အႀကီးဆုံး ဆလိုက္ဇယားစုေဆာင္းမႈ ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့သည့္ အေမရိကန္အမ်ိဳးသား
Pika (NP News) - ေဖေဖာ္ဝါရီ ၂၇

အေမရိကန္ႏိုင္ငံ ပင္ဆယ္ေဗးနီးယားျပည္နယ္တြင္ ေနထိုင္ေသာအမ်ိဳးသားတစ္ဦးသည္ ႐ိုးရွင္းေသာ တြက္ခ်က္မႈ မ်ား ျပဳလုပ္ရန္ သို႔မဟုတ္ အခ်က္အလက္ရွာေဖြရန္အတြက္ မ်ားေသာအားျဖင့္အသုံးျပဳသည့္ စကၠဴ၊ ကတ္ထူျပား သို႔မဟုတ္ ပလတ္စတစ္ျဖင့္ျပဳလုပ္ထားေသာ လက္ကိုင္ကိရိယာျဖစ္သည့္ ဆလိုက္ဇယားမ်ားကို စုေဆာင္းခဲ့ၿပီး ေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့ေၾကာင္းသိရသည္။
Harrisburg ၿမိဳ႕တြင္ေနထိုင္သည့္ ေဒးလ္႐ူပတ္ဆိုသည့္အမ်ိဳးသားက ၎သည္ (၂၀၀၂)ခုႏွစ္တြင္ စတိုးဆိုင္တစ္ခု သို႔သြားေရာက္ခ်ိန္တြင္ ဆလိုက္ဇယားမ်ားကို ေတြ႕ရွိခဲ့ၿပီးေနာက္ စုေဆာင္းမႈမ်ားကို စတင္ခဲ့ျခင္းျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့သည္။
ေဒးလ္႐ူပတ္က “ကြၽန္ေတာ္ ဆလိုက္ဇယားတစ္ခုကို ယူၿပီးၾကည့္လိုက္တဲ့အခ်ိန္မွာ အရမ္းအံ့ဩဖို႔ေကာင္းတာကို သိလိုက္ရပါတယ္။ ၿပီးေတာ့ ဆလိုက္ဇယားေတြ ပါဝင္တဲ့ေသတၱာတစ္ခုလုံးကို အေမရိကန္(၁၀)ေဒၚလာေအာက္နဲ႔ ရရွိႏိုင္တယ္ ဆိုတာကို သိခဲ့ပါတယ္။ အဲဒီမွာပဲ ကြၽန္ေတာ့္ရဲ႕ဆလိုက္ဇယားစုေဆာင္းမႈေတြ စတင္ခဲ့တာပါ” ဟု ေျပာခဲ့သည္။
၎၏ ဆလိုက္ဇယားစုေဆာင္းမႈတြင္ အလားတူပုံစံတူမ်ား၊ ဘီးဇယားမ်ားလည္း ပါဝင္ၿပီး လက္ရွိအခ်ိန္တြင္ အခုေရ (၃၁၁၇)ထိ စုေဆာင္းႏိုင္ခဲ့ၿပီျဖစ္ေၾကာင္း ေဒးလ္႐ူပတ္က ေျပာၾကားခဲ့သည္။ ထို႔ေနာက္ ေဒးလ္႐ူပတ္သည္ ၎၏စုေဆာင္းမႈမ်ားကို ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕သို႔ တင္ျပခဲ့ၿပီး‌ေနာက္ ကမာၻ႔အႀကီးဆုံး ဆလိုက္ဇယား စုေဆာင္းမႈအတြက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ေဒးလ္႐ူပတ္သည္ ေရတြက္ရန္ အတြက္ အရည္အခ်င္းျပည့္မွီေသာ ဆလိုက္ဇယား(၁၁၁၁)ခုကို စုေဆာင္းႏိုင္ခဲ့မႈအတြက္ ကမာၻ႔အႀကီးဆုံး ဆလိုက္ ဇယားစုေဆာင္းမႈ ဂင္းနစ္စံခ်ိန္ကို ရရွိခဲ့ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.