ကျွန်းလှမြို့တွင် ကျောင်းထိုင်ဆရာတော်တစ်ပါးကို PDF အဖွဲ့က ဒလန်ဟုဆိုကာ ကျောင်းတိုက်အတွင်း ဝင်ရောက် သတ်ဖြတ်

 991

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကျွန်းလှမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်တစ်ပါးကို PDF အဖွဲ့က ဒလန်ဟုဆိုကာ ကျောင်းတိုက်အတွင်း ဝင်ရောက် သတ်ဖြတ်ခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(ဖေဖော်ဝါရီလ ၂၇ ရက်)၊ နံနက် ၆ နာရီအချိန်ခန့်က ကျွန်းလှမြို့နယ် နှင့် (၁၀)မိုင်ခန့်အကွာ ကျွန်းလှ-သဖမ်းဆိပ်သွား ကားလမ်းဘေးရှိ ဆားကျင်းကျေးရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင် သီတင်းသုံးနေထိုင်တော်မူသည့် သက်တော် (၈၅)နှစ် ဝါတော် (၄၅)ဝါ ရှိဆရာတော် ဦးနန္ဒိယအား PDF အဖွဲ့က ရောက်ရှိလာကာ သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
ဆရာတော်သည် PDF အဖွဲ့၏ ကန့်ဘလူမြို့နယ်၊ ကျွန်းလှမြို့နယ်၊ ရွှေဘိုမြို့နယ်နှင့် ခင်ဦးမြို့နယ်များအား လမ်းပိတ်ထားမှုကြောင့် လူမှုရေး စီးပွားရေး သာရေးနာရေးကိစ္စများ အခက်အခဲဖြစ်ရမှုအပေါ် တရားပွဲများတွင် မိန့်ကြားသည့်အတွက် ''ဒလန်'' ဟု စွပ်စွဲကာ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့သတ်ဖြတ်ခံရမှုကြောင့် ဆရာတော်သည် အခင်းဖြစ်နေရာတွင် ပျံလွန်တော်မူသွားခဲ့ပြီး ကျေးရွာရှိနေအိမ် တစ်လုံးကိုလည်း PDF အဖွဲ့က မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း သိရသည်။
“သူတို့ကို မထောက်ပံ့လို့ နမူနာပြလုပ်သွားတယ်လို့ သိရတယ်။ သူတို့ အခုလိုလုပ်လိုက်လို့ ရွာသူရွာသားတွေ ရှောင်ပုန်းနေရပါတယ်။ ဒုက္ခကြီးစွာ တွေ့ရပါတယ်” ဟု ဒေသခံတစ်ဦးက NP News ကို ပြောသည်။
လက်ရှိတွင် ပြစ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအပြစ်ပေးအရေးယူနိုင် ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ကြၽန္းလွၿမိဳ႕တြင္ ေက်ာင္းထိုင္ဆရာေတာ္တစ္ပါးကို PDF အဖြဲ႕က ဒလန္ဟုဆိုကာ ေက်ာင္းတိုက္အတြင္း ဝင္ေရာက္ သတ္ျဖတ္
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၇

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကြၽန္းလွၿမိဳ႕နယ္တြင္ ေက်ာင္းထိုင္ဆရာေတာ္တစ္ပါးကို PDF အဖြဲ႕က ဒလန္ဟုဆိုကာ ေက်ာင္းတိုက္အတြင္း ဝင္ေရာက္ သတ္ျဖတ္ခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(ေဖေဖာ္ဝါရီလ ၂၇ ရက္)၊ နံနက္ ၆ နာရီအခ်ိန္ခန႔္က ကြၽန္းလွၿမိဳ႕နယ္ ႏွင့္ (၁၀)မိုင္ခန႔္အကြာ ကြၽန္းလွ-သဖမ္းဆိပ္သြား ကားလမ္းေဘးရွိ ဆားက်င္းေက်း႐ြာတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါေက်း႐ြာတြင္ သီတင္းသုံးေနထိုင္ေတာ္မူသည့္ သက္ေတာ္ (၈၅)ႏွစ္ ဝါေတာ္ (၄၅)ဝါ ရွိဆရာေတာ္ ဦးနႏၵိယအား PDF အဖြဲ႕က ေရာက္ရွိလာကာ သတ္ျဖတ္ခဲ့ေၾကာင္း သိရသည္။
ဆရာေတာ္သည္ PDF အဖြဲ႕၏ ကန္႔ဘလူၿမိဳ႕နယ္၊ ကြၽန္းလွၿမိဳ႕နယ္၊ ေ႐ႊဘိုၿမိဳ႕နယ္ႏွင့္ ခင္ဦးၿမိဳ႕နယ္မ်ားအား လမ္းပိတ္ထားမႈေၾကာင့္ လူမႈေရး စီးပြားေရး သာေရးနာေရးကိစၥမ်ား အခက္အခဲျဖစ္ရမႈအေပၚ တရားပြဲမ်ားတြင္ မိန္႔ၾကားသည့္အတြက္ ''ဒလန္'' ဟု စြပ္စြဲကာ သတ္ျဖတ္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။
ထိုသို႔သတ္ျဖတ္ခံရမႈေၾကာင့္ ဆရာေတာ္သည္ အခင္းျဖစ္ေနရာတြင္ ပ်ံလြန္ေတာ္မူသြားခဲ့ၿပီး ေက်း႐ြာရွိေနအိမ္ တစ္လုံးကိုလည္း PDF အဖြဲ႕က မီးရႈိ႕ဖ်က္ဆီးသြားခဲ့ေၾကာင္း သိရသည္။
“သူတို႔ကို မေထာက္ပံ့လို႔ နမူနာျပလုပ္သြားတယ္လို႔ သိရတယ္။ သူတို႔ အခုလိုလုပ္လိုက္လို႔ ႐ြာသူ႐ြာသားေတြ ေရွာင္ပုန္းေနရပါတယ္။ ဒုကၡႀကီးစြာ ေတြ႕ရပါတယ္” ဟု ေဒသခံတစ္ဦးက NP News ကို ေျပာသည္။
လက္ရွိတြင္ ျပစ္မႈက်ဴးလြန္သူမ်ားအား ေဖာ္ထုတ္ဖမ္းဆီး၍ ဥပေဒႏွင့္အညီ ထိေရာက္စြာအျပစ္ေပးအေရးယူႏိုင္ ေရး လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.