ဒေါပုံမြို့နယ်တွင် အမျိုသမီးတစ်ဦး အဝတ်ရုတ်စဉ်(၅)လွှာမှပြုတ်ကျရာ ပြင်းထန်ဒဏ်ရာရ

1029

သန့်ဇင် (NP News) - ဖေဖော်ဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် အမျိုသမီးတစ်ဦး အဝတ်ရုတ်နေစဉ်(၅)လွှာမှာ ပြုတ်ကျရာ ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း သစ္စာမဏ္ဍိုင်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဖေဖော်ဝါရီလ ၂၇ ရက်)၊ ည ၇ နာရီ ၂ဝ မိနစ်အချိန်ခန့်က ဒေါပုံမြို့နယ်၊ မြို့မလမ်း ယမုံနာ (၁)ရပ်ကွက်၊ တိုက်အမှတ် (၁၅၈) တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင် သိရသည်။
“ယမုံနာလမ်းမကြီးပေါ်မှာ ဟိန္ဒူဘုရားပွဲရှိတယ်။ အဲဒီကိုသွားဖို့ ကလေးမလေးက နောက်ဖေးမှာလှမ်းထားတဲ့ အဝတ်ကိုသွားရုတ်ရင်းနဲ့ အိမ်ရှေ့ကထိုင်နေတဲ့လူတွေက အသံကြားလိုက်တယ်။ သွားကြည့်တော့ ကလေးမလေး ကို မတွေ့တော့ဘူး။ အဲဒါနဲ့နောက်ဖေးချောင်ကို သွားကြည့်တော့ နောက်ဖေးချောင်ကလည်း ဝင်ရခက်တယ်။ အဲဒီမှာ သွားကြည့်တော့ ကောင်မလေးက နောက်ဖေးမိလ္လာကန်ပေါ်ကို ပြုတ်ကျနေတာ” ဟု သစ္စာမဏ္ဍိုင် လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
ပြုတ်ကျသူမှာ အသက်(၃၂)နှစ်ရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး နံရိုးကျိုးဒဏ်ရာ၊ အောက်မေးစေ့ကွဲဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။
“မေးရိုးက လုံးဝကိုပြုတ်ထွက်ပြီး အောက်သွာတွေဘာမှာ မရှိတော့ဘူး။ ဆေးရုံကြီးပို့လိုက်တော့ နံရိုးတွေ အကုန် ကျိုးတယ်။ နှလုံးကိုကျိုး သွားတဲ့နံရိုးကျိုးမကျိုးက သေချာကြည့်ရဦးမယ်။ အဆုတ်တော့ပေါက်သွားတယ် ပြောတယ်။ နောက်ပြီးခေါင်းကို CT ရိုက်တော့ ခေါင်းထဲကို သွေးရောက်တယ်လို့ ပြောတယ်။ သွားကူညီတုန်းက သတိရတယ်။ ဆရာဝန်ပြောတာတော့ အသက်အန္တရာယ်ရှိတယ်လို့ပြောတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့နောက် ထိခိုက်ဒဏ်ရာရရှိသူအမျိုးသမီးကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး လက်ရှိအခြေအနေ ကို စောင့်ကြည့်နေဆဲဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ေဒါပုံၿမိဳ႕နယ္တြင္ အမ်ိဳသမီးတစ္ဦး အဝတ္႐ုတ္စဥ္(၅)လႊာမွျပဳတ္က်ရာ ျပင္းထန္ဒဏ္ရာရ
သန႔္ဇင္ (NP News) - ေဖေဖာ္ဝါရီ ၂၇
ရန္ကုန္တိုင္းေဒသႀကီး၊ ေဒါပုံၿမိဳ႕နယ္တြင္ အမ်ိဳသမီးတစ္ဦး အဝတ္႐ုတ္ေနစဥ္(၅)လႊာမွာ ျပဳတ္က်ရာ ျပင္းထန္ ဒဏ္ရာရရွိခဲ့ေၾကာင္း သစၥာမ႑ိဳင္လူမႈကူညီေရးအသင္းထံမွ သိရသည္။
ျဖစ္စဥ္မွာ ယမန္ေန႔ (ေဖေဖာ္ဝါရီလ ၂၇ ရက္)၊ ည ၇ နာရီ ၂ဝ မိနစ္အခ်ိန္ခန႔္က ေဒါပုံၿမိဳ႕နယ္၊ ၿမိဳ႕မလမ္း ယမုံနာ (၁)ရပ္ကြက္၊ တိုက္အမွတ္ (၁၅၈) တြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္ သိရသည္။
“ယမုံနာလမ္းမႀကီးေပၚမွာ ဟိႏၵဴဘုရားပြဲရွိတယ္။ အဲဒီကိုသြားဖို႔ ကေလးမေလးက ေနာက္ေဖးမွာလွမ္းထားတဲ့ အဝတ္ကိုသြား႐ုတ္ရင္းနဲ႔ အိမ္ေရွ႕ကထိုင္ေနတဲ့လူေတြက အသံၾကားလိုက္တယ္။ သြားၾကည့္ေတာ့ ကေလးမေလး ကို မေတြ႕ေတာ့ဘူး။ အဲဒါနဲ႔ေနာက္ေဖးေခ်ာင္ကို သြားၾကည့္ေတာ့ ေနာက္ေဖးေခ်ာင္ကလည္း ဝင္ရခက္တယ္။ အဲဒီမွာ သြားၾကည့္ေတာ့ ေကာင္မေလးက ေနာက္ေဖးမိလႅာကန္ေပၚကို ျပဳတ္က်ေနတာ” ဟု သစၥာမ႑ိဳင္ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာသည္။
ျပဳတ္က်သူမွာ အသက္(၃၂)ႏွစ္႐ြယ္ အမ်ိဳးသမီးတစ္ဦးျဖစ္ၿပီး နံ႐ိုးက်ိဳးဒဏ္ရာ၊ ေအာက္ေမးေစ့ကြဲဒဏ္ရာမ်ား ျပင္းထန္စြာရရွိခဲ့ေၾကာင္း သိရသည္။
“ေမး႐ိုးက လုံးဝကိုျပဳတ္ထြက္ၿပီး ေအာက္သြာေတြဘာမွာ မရွိေတာ့ဘူး။ ေဆး႐ုံႀကီးပို႔လိုက္ေတာ့ နံ႐ိုးေတြ အကုန္ က်ိဳးတယ္။ ႏွလုံးကိုက်ိဳး သြားတဲ့နံ႐ိုးက်ိဳးမက်ိဳးက ေသခ်ာၾကည့္ရဦးမယ္။ အဆုတ္ေတာ့ေပါက္သြားတယ္ ေျပာတယ္။ ေနာက္ၿပီးေခါင္းကို CT ႐ိုက္ေတာ့ ေခါင္းထဲကို ေသြးေရာက္တယ္လို႔ ေျပာတယ္။ သြားကူညီတုန္းက သတိရတယ္။ ဆရာဝန္ေျပာတာေတာ့ အသက္အႏၲရာယ္ရွိတယ္လို႔ေျပာတယ္” ဟု ၎က ဆက္လက္ေျပာသည္။
ထို႔ေနာက္ ထိခိုက္ဒဏ္ရာရရွိသူအမ်ိဳးသမီးကို ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ၿပီး လက္ရွိအေျခအေန ကို ေစာင့္ၾကည့္ေနဆဲျဖစ္ေၾကာင္း သိရသည္။