(၂)နှစ်ကျော် PDF အဖွဲ့ဝင်ဖြစ်ခဲ့သူ အမျိုးသားတစ်ဦးက လက်နက်၊ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်

 1119

စော (NP News) - ဖေဖော်ဝါရီ ၂၇

(၂)နှစ်ကျော် PDF အဖွဲ့ဝင်ဖြစ်ခဲ့သူ PDF အမျိုးသားတစ်ဦး လက်နက်၊ခဲယမ်းများနှင့်အတူ စစ်ကိုင်းတိုင်းဒေသကြီး တွင် ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းအဖွဲ့က ထုတ်ပြန် ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ကလေးဝမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စခန်းသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်၊ ညနေ ၄ နာရီ ၄၅ မိနစ်က ကလေးခရိုင် PDF တပ်ရင်း(၉)မှ တပ်စိတ်မှူးအဆင့်ရှိသူ ဖိုးသင်္ကြန်(ခ) တန်ခူးသည် ၎င်းကိုင်ဆောင်သည့် Type-81 သေနတ်တစ်လက်၊ ၎င်းကျည် ၁၂၅ တောင့်၊ ကျည်အိမ် သုံးခု၊ လက်ပစ်ဗုံးတစ်လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြောင်း ထုတ်ပြန်ထားသည်။

ဖိုးသင်္ကြန်(ခ)တန်ခူးကို စစ်ဆေး မေးမြန်းချက်အရ ၎င်းသည် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၄ ရက်မှ မတ် ၂၁ ရက်အထိ မော်လိုက်မြို့နယ်၊ အုတ်ဖိုကျေးရွာ၏ အရှေ့တောင် ဘက် မီတာ ၁၃၅၀ ခန့်အကွာ နေရာရှိ ကလေးခရိုင် အကြမ်းဖက်အဖွဲ့ တပ်ရင်း(၉) စခန်းဟောင်း၌ သင်တန်း တက်ရောက်ခဲ့ပြီးနောက် အဆိုပါ စခန်းဟောင်း၌ လူနေ တဲများ ဆောက်လုပ်ခြင်း၊ ဆက်သွယ်ရေးမြောင်းများ တူးဖော်ခြင်းနှင့် အထွေထွေတာဝန်များ ထမ်းဆောင်ခဲ့ရ ကြောင်း သိရသည်။
ထို့ပြင် ၂၀၂၃ ခုနှစ်၊ ဧပြီလခန့်တွင် ဒုတပ်စိတ်မှူး အဖြစ် ခန့်အပ်ခြင်းခံခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇွန် ၇ ရက်တွင် ၎င်း အပါအဝင် အဖွဲ့ဝင် သုံးဦးသည် ကလေးဝမြို့နယ်၊ ကျွဲနန်ကျေးရွာ၏ တောင်ဘက်ရှိ တောင်ယာတဲတွင် နေထိုင်လျက်ရှိသော PDF အဖွဲ့အင်အား (၃၀) ခန့်ရှိ အဖွဲ့ထံ သွားရောက် ပူးပေါင်းနေထိုင်ခဲ့ပြီး ချင်းတွင်းမြစ် အတွင်း၌ တပ်မတော် ရေယာဉ်များ ဖြတ်သန်းသွားလာခြင်း ရှိ/မရှိအား စောင့်ကြည့်ခြင်းများ လုပ်ဆောင်ခဲ့ရ ကြောင်း သိရသည်။
ထိုမှတစ်ဆင့်၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၂ဝ ရက်တွင် ခေါမကျေးရွာ၏ အနောက်မြောက်ဘက်ရှိ PDF အကြမ်းဖက်အဖွဲ့အင်အား (၅၀) ခန့် နေထိုင်သည့် စခန်းနှင့် ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်တွင် PDF အကြမ်းဖက်အဖွဲ့ PDF အင်အား(၂၀) ခန့်နေထိုင်သည့် ကလေးဝ-အောင်ချမ်းသာ ကား လမ်းဘေး ထန်းတပင်ကာ ကင်းစခန်းများသို့ အဆင့်ဆင့် ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း ထုတ်ပြန်ထားသည်။
၎င်းအနေဖြင့် အကြမ်းဖက်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိစဉ် PDF အကြမ်းဖက်အဖွဲ့များက ပြည်သူလူထုအပေါ် အနိုင်ကျင့် ဆက်ကြေး ကောက်ခံနေမှု၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ရေးမှု၊ အပြစ်မဲ့ ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်နေမှုတို့ကို သိမြင်လာခဲ့သဖြင့် လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေ ဘောင်အတွင်း သို့ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူကို ကလေး တပ်နယ်မှ တာဝန်ရှိသူများက နွေးနွေးထွေးထွေး ကြိုဆိုလက်ခံခဲ့ကြပြီး လိုအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များအားလုံး အဆင်ပြေစေ ဖြည့်ဆည်းဆောင်ရွက် ပေးထား ကြောင်း နှင့် ၎င်းမိသားစုဝင်များ၏ ၎င်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်လည်း လိုအပ်သည့် လုံခြုံရေး ကိစ္စရပ်များ ဆောင်ရွက်ပေးထားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
“PDF ခေါင်းဆောင်တွေကတော့ ဆက်ကြေးငွေမပေးတဲ့ သူတွေကို သူတို့ဘယ်လိုလုပ်တယ်ဆိုတာ တချို့ကိစ္စတွေ မှာ ကျွန်တော်တို့မသိတဲ့အရာတွေတော့ ရှိတယ်။ သူတို့ဘာသာပြီးသွားတဲ့ကိစ္စမျိုးတွေတော့ လုပ်ခဲ့တာတွေရှိ တယ်။ ဖမ်းပြီးတော့ နှိပ်စက်တာမျိုးတွေရှိခဲ့ပါတယ်။ သူတို့က တစ်ဆင့်နဲ့တစ်ဆင့် ကြီးနိုင်ငယ်ညှဉ်းလုပ်နေတာ တွေက များပြီး သူတို့ပြောတာ တခြားလုပ်တာတခြား ဒါမျိုးတွေတော့ရှိပါတယ်။ တခြားဖြစ်စဉ်ဖြစ်တဲ့ ကာမအိဣန္ဒြေ ဖျက်ဆီးတာ တွေရှိခဲ့တယ်။ အဲဒါမျိုးတွေလည်း ရှိခဲ့ပါတယ်။ တချို့ အမျိုးသမီးတွေဆိုရင် သူတို့ဘာသာသူတို့ တပ်ထဲကနေ ထွက်ပြေးသွားတာ တွေရှိတယ်။ အဆုံးစီရင်သွားတာ မျိုးတွေရှိတယ်။ အဲဒီလိုမျိုးဖြစ်စဉ် မျိုးတွေမကြာခဏတော့ ဖြစ်ပါ တယ်။ PDF ထဲမှာတော့ စောစောကသူတို့ ပြောခဲ့တာက တစ်မျိုး လုပ်နေတာကတစ်မျိုးတွေ ပြီးရင် ကျွန်တော်တို့ကိုယ်တိုင်ကလည်း လုပ်နေတာက တစ်မျိုးတွေဆိုတော့ သူတို့ရဲ့ လုပ်ရပ်နဲ့အပြောနဲ့ ဘယ်လိုမှကိုမကိုက်ညီ တဲ့အတွက် ဒီဥပဒေဘောင်နဲ့ တပ်မတော်ဘက်ကို လာပြီးတော့ အလင်းဝင်ခြင်းဖြစ်ပါတယ်”ဟု ဖိုးသင်္ကြန်က ပြောဆိုခဲ့ကြောင်း သိရသည်။

Zawgyi Version:
(၂)ႏွစ္ေက်ာ္ PDF အဖြဲ႕ဝင္ျဖစ္ခဲ့သူ အမ်ိဳးသားတစ္ဦးက လက္နက္၊ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္း ဝင္ေရာက္
ေစာ (NP News) - ေဖေဖာ္ဝါရီ ၂၇

(၂)ႏွစ္ေက်ာ္ PDF အဖြဲ႕ဝင္ျဖစ္ခဲ့သူ PDF အမ်ိဳးသားတစ္ဦး လက္နက္၊ခဲယမ္းမ်ားႏွင့္အတူ စစ္ကိုင္းတိုင္းေဒသႀကီး တြင္ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာေၾကာင္း ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ သတင္းအဖြဲ႕က ထုတ္ျပန္ ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ ကေလးဝၿမိဳ႕နယ္အတြင္း လုံၿခဳံေရးေဆာင္႐ြက္လ်က္ရွိေသာ တပ္မေတာ္စခန္းသို႔ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၃ ရက္၊ ညေန ၄ နာရီ ၄၅ မိနစ္က ကေလးခ႐ိုင္ PDF တပ္ရင္း(၉)မွ တပ္စိတ္မႉးအဆင့္ရွိသူ ဖိုးသၾကၤန္(ခ) တန္ခူးသည္ ၎ကိုင္ေဆာင္သည့္ Type-81 ေသနတ္တစ္လက္၊ ၎က်ည္ ၁၂၅ ေတာင့္၊ က်ည္အိမ္ သုံးခု၊ လက္ပစ္ဗုံးတစ္လုံးတို႔ႏွင့္အတူ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာေၾကာင္း ထုတ္ျပန္ထားသည္။

ဖိုးသၾကၤန္(ခ)တန္ခူးကို စစ္ေဆး ေမးျမန္းခ်က္အရ ၎သည္ ၂၀၂၃ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၄ ရက္မွ မတ္ ၂၁ ရက္အထိ ေမာ္လိုက္ၿမိဳ႕နယ္၊ အုတ္ဖိုေက်း႐ြာ၏ အေရွ႕ေတာင္ ဘက္ မီတာ ၁၃၅၀ ခန႔္အကြာ ေနရာရွိ ကေလးခ႐ိုင္ အၾကမ္းဖက္အဖြဲ႕ တပ္ရင္း(၉) စခန္းေဟာင္း၌ သင္တန္း တက္ေရာက္ခဲ့ၿပီးေနာက္ အဆိုပါ စခန္းေဟာင္း၌ လူေန တဲမ်ား ေဆာက္လုပ္ျခင္း၊ ဆက္သြယ္ေရးေျမာင္းမ်ား တူးေဖာ္ျခင္းႏွင့္ အေထြေထြတာဝန္မ်ား ထမ္းေဆာင္ခဲ့ရ ေၾကာင္း သိရသည္။
ထို႔ျပင္ ၂၀၂၃ ခုႏွစ္၊ ဧၿပီလခန႔္တြင္ ဒုတပ္စိတ္မႉး အျဖစ္ ခန႔္အပ္ျခင္းခံခဲ့ရၿပီးေနာက္ ၂၀၂၄ ခုႏွစ္၊ ဇြန္ ၇ ရက္တြင္ ၎ အပါအဝင္ အဖြဲ႕ဝင္ သုံးဦးသည္ ကေလးဝၿမိဳ႕နယ္၊ ကြၽဲနန္ေက်း႐ြာ၏ ေတာင္ဘက္ရွိ ေတာင္ယာတဲတြင္ ေနထိုင္လ်က္ရွိေသာ PDF အဖြဲ႕အင္အား (၃၀) ခန႔္ရွိ အဖြဲ႕ထံ သြားေရာက္ ပူးေပါင္းေနထိုင္ခဲ့ၿပီး ခ်င္းတြင္းျမစ္ အတြင္း၌ တပ္မေတာ္ ေရယာဥ္မ်ား ျဖတ္သန္းသြားလာျခင္း ရွိ/မရွိအား ေစာင့္ၾကည့္ျခင္းမ်ား လုပ္ေဆာင္ခဲ့ရ ေၾကာင္း သိရသည္။
ထိုမွတစ္ဆင့္၂၀၂၄ ခုႏွစ္၊ ေအာက္တိုဘာ ၂ဝ ရက္တြင္ ေခါမေက်း႐ြာ၏ အေနာက္ေျမာက္ဘက္ရွိ PDF အၾကမ္းဖက္အဖြဲ႕အင္အား (၅၀) ခန႔္ ေနထိုင္သည့္ စခန္းႏွင့္ ၂၀၂၅ ခုႏွစ္၊ ေဖေဖာ္ဝါရီ ၁၉ ရက္တြင္ PDF အၾကမ္းဖက္အဖြဲ႕ PDF အင္အား(၂၀) ခန႔္ေနထိုင္သည့္ ကေလးဝ-ေအာင္ခ်မ္းသာ ကား လမ္းေဘး ထန္းတပင္ကာ ကင္းစခန္းမ်ားသို႔ အဆင့္ဆင့္ ေျပာင္းေ႐ႊ႕ေနထိုင္ခဲ့ရေၾကာင္း ထုတ္ျပန္ထားသည္။
၎အေနျဖင့္ အၾကမ္းဖက္အဖြဲ႕ဝင္အျဖစ္ တာဝန္ထမ္းေဆာင္လ်က္ရွိစဥ္ PDF အၾကမ္းဖက္အဖြဲ႕မ်ားက ျပည္သူလူထုအေပၚ အႏိုင္က်င့္ ဆက္ေၾကး ေကာက္ခံေနမႈ၊ လက္နက္အားကိုးျဖင့္ အႏိုင္က်င့္ေရးမႈ၊ အျပစ္မဲ့ ျပည္သူမ်ားကို အေၾကာင္းမဲ့သတ္ျဖတ္ေနမႈတို႔ကို သိျမင္လာခဲ့သျဖင့္ လက္နက္/ခဲယမ္းမ်ားႏွင့္အတူ ဥပေဒ ေဘာင္အတြင္း သို႔ဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
အဆိုပါဥပေဒေဘာင္အတြင္းသို႔ ဝင္ေရာက္လာသူကို ကေလး တပ္နယ္မွ တာဝန္ရွိသူမ်ားက ေႏြးေႏြးေထြးေထြး ႀကိဳဆိုလက္ခံခဲ့ၾကၿပီး လိုအပ္သည့္ အုပ္ခ်ဳပ္မႈကိစၥရပ္မ်ားအားလုံး အဆင္ေျပေစ ျဖည့္ဆည္းေဆာင္႐ြက္ ေပးထား ေၾကာင္း ႏွင့္ ၎မိသားစုဝင္မ်ား၏ ၎ႏွင့္ ေဘးအႏၲရာယ္ကင္းရွင္းေရးအတြက္လည္း လိုအပ္သည့္ လုံၿခဳံေရး ကိစၥရပ္မ်ား ေဆာင္႐ြက္ေပးထားေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
“PDF ေခါင္းေဆာင္ေတြကေတာ့ ဆက္ေၾကးေငြမေပးတဲ့ သူေတြကို သူတို႔ဘယ္လိုလုပ္တယ္ဆိုတာ တခ်ိဳ႕ကိစၥေတြ မွာ ကြၽန္ေတာ္တို႔မသိတဲ့အရာေတြေတာ့ ရွိတယ္။ သူတို႔ဘာသာၿပီးသြားတဲ့ကိစၥမ်ိဳးေတြေတာ့ လုပ္ခဲ့တာေတြရွိ တယ္။ ဖမ္းၿပီးေတာ့ ႏွိပ္စက္တာမ်ိဳးေတြရွိခဲ့ပါတယ္။ သူတို႔က တစ္ဆင့္နဲ႔တစ္ဆင့္ ႀကီးႏိုင္ငယ္ညႇဥ္းလုပ္ေနတာ ေတြက မ်ားၿပီး သူတို႔ေျပာတာ တျခားလုပ္တာတျခား ဒါမ်ိဳးေတြေတာ့ရွိပါတယ္။ တျခားျဖစ္စဥ္ျဖစ္တဲ့ ကာမအိဣေျႏၵ ဖ်က္ဆီးတာ ေတြရွိခဲ့တယ္။ အဲဒါမ်ိဳးေတြလည္း ရွိခဲ့ပါတယ္။ တခ်ိဳ႕ အမ်ိဳးသမီးေတြဆိုရင္ သူတို႔ဘာသာသူတို႔ တပ္ထဲကေန ထြက္ေျပးသြားတာ ေတြရွိတယ္။ အဆုံးစီရင္သြားတာ မ်ိဳးေတြရွိတယ္။ အဲဒီလိုမ်ိဳးျဖစ္စဥ္ မ်ိဳးေတြမၾကာခဏေတာ့ ျဖစ္ပါ တယ္။ PDF ထဲမွာေတာ့ ေစာေစာကသူတို႔ ေျပာခဲ့တာက တစ္မ်ိဳး လုပ္ေနတာကတစ္မ်ိဳးေတြ ၿပီးရင္ ကြၽန္ေတာ္တို႔ကိုယ္တိုင္ကလည္း လုပ္ေနတာက တစ္မ်ိဳးေတြဆိုေတာ့ သူတို႔ရဲ႕ လုပ္ရပ္နဲ႔အေျပာနဲ႔ ဘယ္လိုမွကိုမကိုက္ညီ တဲ့အတြက္ ဒီဥပေဒေဘာင္နဲ႔ တပ္မေတာ္ဘက္ကို လာၿပီးေတာ့ အလင္းဝင္ျခင္းျဖစ္ပါတယ္”ဟု ဖိုးသၾကၤန္က ေျပာဆိုခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.