အမေရိကန်က ရုရှားအပေါ်ပိတ်ဆို့အရေးယူမှုတွေကို တစ်ချိန်ချိန်မှာ ရုတ်သိမ်းနိုင်တယ်လို့ ဒေါ်နယ်ထရမ့်ပြော

1174

Pika (NP News) - ဖေဖော်ဝါရီ ၂၇
ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအတွင်း အမေရိကန်ဟာ ရုရှားအပေါ်ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ ကို တစ်ချိန်ချိန်မှာ ရုတ်သိမ်းနိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် လည်း ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းနိုင်ခြေနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ ဆုံးဖြတ်ချက်ချတာ မျိုးတော့ မရှိသေးဘူးလို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။
ရုရှား-ယူကရိန်း စစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့ (၂၀၂၂)ခုနှစ် ဖေဖော်ဝါရီလ နောက်ပိုင်းကနေစတင်ပြီး အမေရိကန်နဲ့ အနောက်အုပ်စုနိုင်ငံတွေဟာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှု အများအပြား ချမှတ်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီပိတ်ဆို့အရေးယူမှုတွေဟာ တရားမဝင်ကြောင်းနဲ့ ရုတ်သိမ်းပေးဖို့ ရုရှားဘက်က အကြိမ်ကြိမ် တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။
ဒေါ်နယ်ထရမ့်က “လက်ရှိအချိန်အထိတော့ ပိတ်ဆို့အရေးယူမှုတွေကို မရုတ်သိမ်းသေးပါဘူး။ ဒါပေမယ့် တစ်ချိန်ချိန်မှာတော့ ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းဖို့က ဖြစ်နိုင်မယ်ထင်ပါတယ်။ အခုကတော့ ဘယ်သူနဲ့မှ ပိတ်ဆို့အရေးယူမှုတွေ ရုတ်သိမ်းဖို့ သဘောတူထားတာမျိုး မရှိသေးပါဘူး” လို့ ပြောခဲ့ပါတယ်။
ယူကရိန်းပဋိပက္ခအတွက် တည်မြဲပြီး ရေရှည်တည်တံ့တဲ့ဖြေရှင်းချက်ကို ရှာဖွေနိုင်ဖို့အတွက် အနောက်အုပ်စုနိုင်ငံ တွေဟာ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုတွေကို ရုတ်သိမ်းဖို့ စဉ်းစားရလိမ့်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက အကြံပြုပြောဆိုခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာ တာဖြစ်ပါတယ်။
Zawgyi Version:
အေမရိကန္က ႐ုရွားအေပၚပိတ္ဆို႔အေရးယူမႈေတြကို တစ္ခ်ိန္ခ်ိန္မွာ ႐ုတ္သိမ္းႏိုင္တယ္လို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၇
ယူကရိန္းၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြအတြင္း အေမရိကန္ဟာ ႐ုရွားအေပၚခ်မွတ္ထားတဲ့ ပိတ္ဆို႔အေရးယူမႈေတြ ကို တစ္ခ်ိန္ခ်ိန္မွာ ႐ုတ္သိမ္းႏိုင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ လည္း ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈေတြ ႐ုတ္သိမ္းႏိုင္ေျခနဲ႔ပတ္သက္ၿပီး လက္ရွိအခ်ိန္အထိ ဆုံးျဖတ္ခ်က္ခ်တာ မ်ိဳးေတာ့ မရွိေသးဘူးလို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။
႐ုရွား-ယူကရိန္း စစ္ပြဲစတင္ျဖစ္ပြားခဲ့တဲ့ (၂၀၂၂)ခုႏွစ္ ေဖေဖာ္ဝါရီလ ေနာက္ပိုင္းကေနစတင္ၿပီး အေမရိကန္နဲ႔ အေနာက္အုပ္စုႏိုင္ငံေတြဟာ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈ အမ်ားအျပား ခ်မွတ္ခဲ့တာလည္းျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲဒီပိတ္ဆို႔အေရးယူမႈေတြဟာ တရားမဝင္ေၾကာင္းနဲ႔ ႐ုတ္သိမ္းေပးဖို႔ ႐ုရွားဘက္က အႀကိမ္ႀကိမ္ ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။
ေဒၚနယ္ထရမ့္က “လက္ရွိအခ်ိန္အထိေတာ့ ပိတ္ဆို႔အေရးယူမႈေတြကို မ႐ုတ္သိမ္းေသးပါဘူး။ ဒါေပမယ့္ တစ္ခ်ိန္ခ်ိန္မွာေတာ့ ပိတ္ဆို႔အေရးယူမႈေတြ ႐ုတ္သိမ္းဖို႔က ျဖစ္ႏိုင္မယ္ထင္ပါတယ္။ အခုကေတာ့ ဘယ္သူနဲ႔မွ ပိတ္ဆို႔အေရးယူမႈေတြ ႐ုတ္သိမ္းဖို႔ သေဘာတူထားတာမ်ိဳး မရွိေသးပါဘူး” လို႔ ေျပာခဲ့ပါတယ္။
ယူကရိန္းပဋိပကၡအတြက္ တည္ၿမဲၿပီး ေရရွည္တည္တံ့တဲ့ေျဖရွင္းခ်က္ကို ရွာေဖြႏိုင္ဖို႔အတြက္ အေနာက္အုပ္စုႏိုင္ငံ ေတြဟာ ႐ုရွားအေပၚ ပိတ္ဆို႔အေရးယူမႈေတြကို ႐ုတ္သိမ္းဖို႔ စဥ္းစားရလိမ့္မယ္လို႔ ၿပီးခဲ့တဲ့ရက္ပိုင္းမွာ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး မာကို႐ူဘီအိုက အႀကံျပဳေျပာဆိုခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာ တာျဖစ္ပါတယ္။