ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်နေတာကို တရုတ်အစိုးရ အတည်ပြု

300

Pika (NP News) - ဖေဖော်ဝါရီ ၂၇
တရုတ်စစ်တပ်က ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ဖို့အတွက် လေ့ကျင့်ရေးဇုန်တစ်ခု တည်ထောင်ခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ(၂၆)ရက်မှာ အတည်ပြုပြောခဲ့ပါတယ်။ ထိုင်ဝမ်စစ်တပ်အခြေစိုက်စခန်းတွေ လက်ခံထားတဲ့ ကမ်းရိုးတန်းမြို့တွေအနီးမှာ တရုတ်စစ်တပ်က တိုက်ရိုက်ပစ်ခတ်လေ့ကျင့်မှုတွေကို လုပ်ဆောင်နေတယ်လို့ ထိုင်ဝမ်ဘက်က စွပ်စွဲပြောဆိုခဲ့ပြီး နောက် တရုတ်အစိုးရရဲ့ပြောဆိုချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။
ထိုင်ဝမ်ကျွန်းအနီးမှာ တရုတ်စစ်လေယာဉ်(၃၂)စင်းနဲ့အရေအတွက် အတိအကျမသိတဲ့ စစ်သင်္ဘောတွေကို ခြေရာခံ တွေ့ရှိခဲ့တယ်လို့ ဖေဖော်ဝါရီလ(၂၆)ရက် အစောပိုင်းမှာ ထိုင်ဝမ်ဘက်က ထုတ်ပြန်ပြောခဲ့ပါတယ်။
ဒါ့ပြင် တရုတ်စစ်လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေဟာ စစ်ရေးလေ့ကျင့်မှုတွေကိုပြုလုပ်ပြီး ရန်စနေတာဖြစ်တယ် လို့ ထိုင်ဝမ်ဘက်က စွပ်စွဲပြောခဲ့ပါတယ်။ တရုတ်စစ်တပ်ဟာ အဲဒီစစ်ရေးလေ့ကျင့်မှုတွေကို ကြိုတင်သတိပေးတာ မျိုးမရှိဘဲ လုပ်ဆောင်ခဲ့တာဖြစ်ပြီး အခြေအနေတွေကိုစောင့်ကြည့်ဖို့အတွက် ထိုင်ဝမ်တပ်ဖွဲ့တွေကို စေလွှတ်ခဲ့ တယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။
ထိုင်ဝမ်ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်တာနဲ့ပတ်သက်ပြီး တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။ တရုတ်စစ်တပ်က ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှု တွေဟာ ပင်လယ်ပြင်မှာ နိုင်ငံတကာလေကြောင်းပျံသန်းမှုတွေနဲ့သင်္ဘောတွေရဲ့ဘေးကင်းရေးအန္တရာယ်ကို မြင့်မားစေခဲ့တယ်လို့ ထိုင်ဝမ်အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
Zawgyi Version:
ထိုင္ဝမ္ေရလက္ၾကားမွာ စစ္ေရးေလ့က်င့္မႈေတြ လုပ္ေဆာင္ေနတာကို တ႐ုတ္အစိုးရ အတည္ျပဳ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၇
တ႐ုတ္စစ္တပ္က ထိုင္ဝမ္ေရလက္ၾကားမွာ စစ္ေရးေလ့က်င့္မႈေတြ လုပ္ေဆာင္ဖို႔အတြက္ ေလ့က်င့္ေရးဇုန္တစ္ခု တည္ေထာင္ခဲ့တယ္လို႔ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူတစ္ဦးက ေဖေဖာ္ဝါရီလ(၂၆)ရက္မွာ အတည္ျပဳေျပာခဲ့ပါတယ္။ ထိုင္ဝမ္စစ္တပ္အေျခစိုက္စခန္းေတြ လက္ခံထားတဲ့ ကမ္း႐ိုးတန္းၿမိဳ႕ေတြအနီးမွာ တ႐ုတ္စစ္တပ္က တိုက္႐ိုက္ပစ္ခတ္ေလ့က်င့္မႈေတြကို လုပ္ေဆာင္ေနတယ္လို႔ ထိုင္ဝမ္ဘက္က စြပ္စြဲေျပာဆိုခဲ့ၿပီး ေနာက္ တ႐ုတ္အစိုးရရဲ႕ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။
ထိုင္ဝမ္ကြၽန္းအနီးမွာ တ႐ုတ္စစ္ေလယာဥ္(၃၂)စင္းနဲ႔အေရအတြက္ အတိအက်မသိတဲ့ စစ္သေဘၤာေတြကို ေျခရာခံ ေတြ႕ရွိခဲ့တယ္လို႔ ေဖေဖာ္ဝါရီလ(၂၆)ရက္ အေစာပိုင္းမွာ ထိုင္ဝမ္ဘက္က ထုတ္ျပန္ေျပာခဲ့ပါတယ္။
ဒါ့ျပင္ တ႐ုတ္စစ္ေလယာဥ္ေတြနဲ႔ စစ္သေဘၤာေတြဟာ စစ္ေရးေလ့က်င့္မႈေတြကိုျပဳလုပ္ၿပီး ရန္စေနတာျဖစ္တယ္ လို႔ ထိုင္ဝမ္ဘက္က စြပ္စြဲေျပာခဲ့ပါတယ္။ တ႐ုတ္စစ္တပ္ဟာ အဲဒီစစ္ေရးေလ့က်င့္မႈေတြကို ႀကိဳတင္သတိေပးတာ မ်ိဳးမရွိဘဲ လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး အေျခအေနေတြကိုေစာင့္ၾကည့္ဖို႔အတြက္ ထိုင္ဝမ္တပ္ဖြဲ႕ေတြကို ေစလႊတ္ခဲ့ တယ္လို႔ ထိုင္ဝမ္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။
ထိုင္ဝမ္ကြၽန္းအနီးမွာ စစ္ေရးေလ့က်င့္မႈေတြ လုပ္ေဆာင္တာနဲ႔ပတ္သက္ၿပီး တ႐ုတ္ကာကြယ္ေရးဝန္ႀကီးဌာနက မွတ္ခ်က္ျပဳေျပာဆိုတာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။ တ႐ုတ္စစ္တပ္က ျပဳလုပ္ခဲ့တဲ့ စစ္ေရးေလ့က်င့္မႈ ေတြဟာ ပင္လယ္ျပင္မွာ ႏိုင္ငံတကာေလေၾကာင္းပ်ံသန္းမႈေတြနဲ႔သေဘၤာေတြရဲ႕ေဘးကင္းေရးအႏၲရာယ္ကို ျမင့္မားေစခဲ့တယ္လို႔ ထိုင္ဝမ္အစိုးရက ထုတ္ျပန္ခဲ့ပါတယ္။