အီရန်က ယူရေနီယမ်ထုတ်လုပ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ IAEA ပြော

 229

Pika (NP News) - ဖေဖော်ဝါရီ ၂၇

အမေရိကန်နဲ့ အီရန်နိုင်ငံကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာပဲ အီရန်ဟာ ယူရေနီယမ်ထုတ်လုပ်မှုတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တယ်လို့ ကုလသမဂ္ဂနျူကလီးယားစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့အစီရင်ခံစာမှာ ရေးသား ဖော်ပြထားပါတယ်။
ဗီယင်နာမြို့အခြေစိုက် နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ရဲ့အစီရင်ခံစာအရ ဖေဖော်ဝါရီလ(၈)ရက် အထိ အီရန်မှာ (၆၀)ရာခိုင်နှုန်းအထိ သန့်စင်ထားတဲ့ ယူရေနီယမ် (၂၇၄ ဒသမ ၈) ကီလိုဂရမ် ရှိခဲ့တယ်လို့ သိရပါတယ်။ အီရန်ရဲ့ယူရေနီယမ်ပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီး IAEA က ပြီးခဲ့တဲ့နှစ်အောက်တိုဘာလမှာ နောက်ဆုံး ထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာနောက်ပိုင်း ယူရေနီယမ်(၉၂ ဒသမ ၅) ကီလိုဂရမ်မြင့်တက်လာခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။
ယူရေနီယမ်တွေဟာ နျူကလီးယားလက်နက်ထုတ်လုပ်ရာမှာ အရေးပါတဲ့ ပစ္စည်းအမျိုးအစားတစ်ခုဖြစ်တယ်လို့ လည်း သိရပါတယ်။ (၂၀၂၄) ခုနှစ် အောက်တိုဘာလမှာထုတ်ပြန်ခဲ့တဲ့ IAEA ရဲ့အစီရင်ခံစာမှာ အီရန်ရဲ့ (၆၀) ရာခိုင်နှုန်းအထိ သန့်စင်ထားတဲ့ ယူရေနီယမ် သိုလှောင်မှုပမာဏက (၁၈၂ ဒသမ ၃) ကီလိုဂရမ်ဖြစ်တယ်လို့လည်း ရေးသား ဖော်ပြထားပါတယ်။
အစီရင်ခံစာမှာ “အီရန်မှာ ယူရေနီယမ်စုဆောင်းမှုနဲ့ ထုတ်လုပ်မှု သိသိသာသာတိုးမြင့်လာတာဟာ အလွန် စိုးရိမ်စရာကောင်းတဲ့ကိစ္စတစ်ခုဖြစ်ပါတယ်။ အဏုမြူဗုံးတစ်လုံးကို ထုတ်လုပ်ဖို့အတွက် သန့်စင်ထားတဲ့ ယူရေနီယမ် (၄၂)ကီလိုဂရမ်ပဲ လိုအပ်ပါတယ်” လို့ ရေးသားဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၈)ရက် အထိ အီရန်ရဲ့သန့်စင်ထားတဲ့ ယူရေနီယမ်သိုလှောင်မှု စုစုပေါင်း ပမာဏက (၈၂၉၄ ဒသမ ၄) ကီလိုဂရမ် ဖြစ်တယ် လို့လည်း ဖော်ပြချက်တွေအရ သိရပါတယ်။

Zawgyi Version:
အီရန္က ယူေရနီယမ္ထုတ္လုပ္မႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့တယ္လို႔ IAEA ေျပာ
Pika (NP News) - ေဖေဖာ္ဝါရီ ၂၇

အေမရိကန္နဲ႔ အီရန္ႏိုင္ငံၾကား တင္းမာမႈေတြျမင့္တက္ေနခ်ိန္မွာပဲ အီရန္ဟာ ယူေရနီယမ္ထုတ္လုပ္မႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့တယ္လို႔ ကုလသမဂၢန်ဴကလီးယားေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ရဲ႕အစီရင္ခံစာမွာ ေရးသား ေဖာ္ျပထားပါတယ္။
ဗီယင္နာၿမိဳ႕အေျခစိုက္ ႏိုင္ငံတကာအဏုျမဴစြမ္းအင္ေအဂ်င္စီ (IAEA) ရဲ႕အစီရင္ခံစာအရ ေဖေဖာ္ဝါရီလ(၈)ရက္ အထိ အီရန္မွာ (၆၀)ရာခိုင္ႏႈန္းအထိ သန႔္စင္ထားတဲ့ ယူေရနီယမ္ (၂၇၄ ဒသမ ၈) ကီလိုဂရမ္ ရွိခဲ့တယ္လို႔ သိရပါတယ္။ အီရန္ရဲ႕ယူေရနီယမ္ပိုင္ဆိုင္မႈနဲ႔ပတ္သက္ၿပီး IAEA က ၿပီးခဲ့တဲ့ႏွစ္ေအာက္တိုဘာလမွာ ေနာက္ဆုံး ထုတ္ျပန္ခဲ့တဲ့အစီရင္ခံစာေနာက္ပိုင္း ယူေရနီယမ္(၉၂ ဒသမ ၅) ကီလိုဂရမ္ျမင့္တက္လာခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။
ယူေရနီယမ္ေတြဟာ န်ဴကလီးယားလက္နက္ထုတ္လုပ္ရာမွာ အေရးပါတဲ့ ပစၥည္းအမ်ိဳးအစားတစ္ခုျဖစ္တယ္လို႔ လည္း သိရပါတယ္။ (၂၀၂၄) ခုႏွစ္ ေအာက္တိုဘာလမွာထုတ္ျပန္ခဲ့တဲ့ IAEA ရဲ႕အစီရင္ခံစာမွာ အီရန္ရဲ႕ (၆၀) ရာခိုင္ႏႈန္းအထိ သန႔္စင္ထားတဲ့ ယူေရနီယမ္ သိုေလွာင္မႈပမာဏက (၁၈၂ ဒသမ ၃) ကီလိုဂရမ္ျဖစ္တယ္လို႔လည္း ေရးသား ေဖာ္ျပထားပါတယ္။
အစီရင္ခံစာမွာ “အီရန္မွာ ယူေရနီယမ္စုေဆာင္းမႈနဲ႔ ထုတ္လုပ္မႈ သိသိသာသာတိုးျမင့္လာတာဟာ အလြန္ စိုးရိမ္စရာေကာင္းတဲ့ကိစၥတစ္ခုျဖစ္ပါတယ္။ အဏုျမဴဗုံးတစ္လုံးကို ထုတ္လုပ္ဖို႔အတြက္ သန႔္စင္ထားတဲ့ ယူေရနီယမ္ (၄၂)ကီလိုဂရမ္ပဲ လိုအပ္ပါတယ္” လို႔ ေရးသားေဖာ္ျပထားပါတယ္။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ(၈)ရက္ အထိ အီရန္ရဲ႕သန႔္စင္ထားတဲ့ ယူေရနီယမ္သိုေလွာင္မႈ စုစုေပါင္း ပမာဏက (၈၂၉၄ ဒသမ ၄) ကီလိုဂရမ္ ျဖစ္တယ္ လို႔လည္း ေဖာ္ျပခ်က္ေတြအရ သိရပါတယ္။

Related news

© 2021. All rights reserved.