နာနတ်လျှော် စိုက်ပျိုးထုတ်လုပ်ရန် မြေကို အစိုးရက ဥပဒေနှင့်အညီ ကူညီပေးမည်

 377

ချယ်ရီ (NP News) - ဖေဖော်ဝါရီ ၂၇

နာနတ်အရိုင်းမှရသောလျှော်ကို စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လိုသူများအတွက် လိုအပ်သည့်မြေများကို မြေလွတ် မြေရိုင်းများမှရရှိရန် ဥပဒေနှင့်အညီ ကူညီပေးမည်ဖြစ်ကြောင်း စိုက်ပျိုးမွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက NP News သို့ပြောသည်။
နာနတ်လျှော်သည် နာနတ်အရိုင်းပင်မှ ထွက်သောအမျှင်ဖြစ်ပြီး ထိုအပင်များကို အပူချိန် (၂၅) ဒီဂရီဆဲလ်ဆီးယပ်စ် နှင့်အထက်တွင်ရှိသော ပူပြင်းသောရာသီဥတုနှင့် မိုးနည်းသောဒေသများတွင် အလွန်မာကျောသောမြေ၌ စိုက်ပျိုး ဖြစ်ထွန်းပြီး မမျှော်လင့်သော သဘာဝဘေးများကြောင့် အခြားသီးနှံစိုက် ခင်းများ ပျက်စီးဆုံးရှုံးမှုရှိသော်လည်း နာနတ်လျှော်ပင်သည် ပျက်စီးဆုံးရှုံးမှုလွန်စွာ နည်းပါးသော နှစ်ရှည်သီးနှံဖြစ်ကြောင်း သိရသည်။
“ဝန်ကြီးဌာနက နည်းပညာပေးမယ်။ မျိုးတွေလိုအပ်ချက်ရှိတဲ့အပေါ်မှာ မျိုးစိတ်တွေကို သူတို့တွေက ချိတ်ဆက်ပြီး တော့ ရှာဖွေပေးမယ်။ နောက် သူတို့စိုက်ဖို့လိုအပ်တဲ့ မြေတွေအပေါ်မှာ မြေလွတ်မြေရိုင်း တို့၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ဥပဒေနဲ့အညီ ကျွန်တော်တို့က ကူညီဆောင်ရွက်ပေးမယ်။ သူတို့အနေနဲ့ စက်ရုံတွေ၊ ဘာတွေ တည်ဆောက်ချင်တယ်ဆိုရင်လည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နဲ့ပေါင်းပြီတော့ ကျွန်တော်တို့က တင်ပြပြီးတော့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ပေးမယ်” ဟု ၎င်းက ဆိုသည်။
ဒေသအလိုက်ရှိနေသော မြေလွတ်၊ မြေရိုင်းများတွင် နာနတ်အရိုင်းများကို နာနတ်လျှော် ထုတ်လုပ်ရန်အတွက် စိုက်ပျိုးလိုကြောင်း လျှောက်ထားပါက ဝန်ကြီးဌာနအနေဖြင့် ဥပဒေနှင့်အညီ လုပ်ကိုင်နိုင်စေရန် စီစဉ်ပေးမည်ဖြစ် ကြောင်း ၎င်းက ထပ်မံပြောသည်။
“အဓိကတော့ မြန်မာနိုင်ငံမှာနာနတ် လျှော်နဲ့ပတ်သက်ပြီးတော့ ဒီမျိုးတွေက စိုက်လို့ ဖြစ်ထွန်းတဲ့ အနေအထား မှာ ရှိတယ်။ အခြေအနေပေးတယ်။ အဲဒါကြောင့်မို့ သီးနှံတွေစိုက်ပျိုးဖို့မဖြစ်ထွန်းတဲ့ နေရာတွေမှာ အဲဒီနာနတ်သီးနှံ တွေကို စိုက်ပျိုးဖို့ ကျွန်တော်တို့ တိုက်တွန်းချင်တယ်” ဟု ဦးဝင်းလှိုင်ဦး ကအကြံပြုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် နာနတ်လျှော်ပင်ကို လားရှိုးမြို့နယ်၌ ဧကပေါင်း (၁၅၀ဝ)စိုက်ပျိုးထား ပြီး မြင်းခြံမြို့နယ် တွင် ဧကပေါင်း (၁၀ဝ)ခန့် စိုက်ပျိုးထားရှိကာ ပြီးခဲ့သည့် (၅)နှစ်ခန့်က တရုတ်နိုင်ငံသို့ တင်ပို့ရာ နာနတ်လျှော် ကုန်ကြမ်း(၁)တန်ကို ငွေကျပ်သိန်း(၄၀)၊ (၅၀)ဝန်းကျင်ခန့် ရရှိကြောင်း သိရ သည်။
ထို့ပြင် အဆိုပါလုပ်ငန်းသည် ကုန်ကြမ်းအဖြစ် တင်ပို့ခြင်းထက် ကုန်ချောအဖြစ်ထုတ်လုပ် ရောင်းချခြင်းက ပိုမို အမြတ်ရရှိနိုင်သောကြောင့် လုပ်ငန်းရှင်များဘက်ကလည်း အဆိုပါနာနတ်လျှော်ကို ကုန်ချောအဖြစ် ထုတ်လုပ်ရန် အစီအမံများရှိနေကြောင်း ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးက ပြောသည်။
“MSME အတွက် သူတို့အနေနဲ့လည်း တစ်ပိုင်တစ်နိုင် အဲဒီနာနတ်လျှော်ကနေပြီးတော့ ကြိုးတွေ၊ ဦးထုပ်တွေ လုပ်တာတွေ၊ သူက ဂုန်လျှော်လိုပဲလေ။ လျှော်ဆိုတော့ လူသုံးကုန်ပစ္စည်းအများကြီး လုပ်နိုင်တယ်။ နောက် ဘေးထွက်ပစ္စည်းတွေကလည်းပဲ ကြိတ်ဖတ်တွေကနေပြီးတော့ သဘာဝမြေဩဇာတွေ လုပ်နိုင်တယ်။ အများကြီး အလုပ်အကိုင်တွေ ရသွားနိုင်တယ်” ဟု ၎င်းက ပြောသည်။
အဆိုပါ နာနတ်လျှော်ကို ဘရာဇီးနိုင်ငံ၊ တန်ဇန်းနီးယားနိုင်ငံ၊ မက္ကဆီကိုနိုင်ငံ၊ ကင်ညာ နိုင်ငံနှင့် မဒါဂတ်စကာနိုင်ငံ တို့တွင် နှစ်စဉ် တန်ချိန် ပေါင်းများစွာ စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ၎င်းတို့မှထွက်ရှိ သောကုန်ကြမ်းများကို တရုတ် နိုင်ငံက အဓိက ဝယ်ယူကာ ထိုကုန်ကြမ်းများကို ကုန်ချော ထုတ်လုပ်ပြီး နှစ်စဉ် ပြည်ပသို့ တန်ချိန် ပေါင်းများစွာ တင်ပို့လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
နာနတ္ေလွ်ာ္ စိုက္ပ်ိဳးထုတ္လုပ္ရန္ ေျမကို အစိုးရက ဥပေဒႏွင့္အညီ ကူညီေပးမည္
ခ်ယ္ရီ (NP News) - ေဖေဖာ္ဝါရီ ၂၇

နာနတ္အ႐ိုင္းမွရေသာေလွ်ာ္ကို စီးပြားျဖစ္ စိုက္ပ်ိဳးထုတ္လုပ္လိုသူမ်ားအတြက္ လိုအပ္သည့္ေျမမ်ားကို ေျမလြတ္ ေျမ႐ိုင္းမ်ားမွရရွိရန္ ဥပေဒႏွင့္အညီ ကူညီေပးမည္ျဖစ္ေၾကာင္း စိုက္ပ်ိဳးေမြးျမဴေရး ႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနမွ ၫႊန္ၾကားေရးမႉး ဦးဝင္းလႈိင္ဦးက NP News သို႔ေျပာသည္။
နာနတ္ေလွ်ာ္သည္ နာနတ္အ႐ိုင္းပင္မွ ထြက္ေသာအမွ်င္ျဖစ္ၿပီး ထိုအပင္မ်ားကို အပူခ်ိန္ (၂၅) ဒီဂရီဆဲလ္ဆီးယပ္စ္ ႏွင့္အထက္တြင္ရွိေသာ ပူျပင္းေသာရာသီဥတုႏွင့္ မိုးနည္းေသာေဒသမ်ားတြင္ အလြန္မာေက်ာေသာေျမ၌ စိုက္ပ်ိဳး ျဖစ္ထြန္းၿပီး မေမွ်ာ္လင့္ေသာ သဘာဝေဘးမ်ားေၾကာင့္ အျခားသီးႏွံစိုက္ ခင္းမ်ား ပ်က္စီးဆုံးရႈံးမႈရွိေသာ္လည္း နာနတ္ေလွ်ာ္ပင္သည္ ပ်က္စီးဆုံးရႈံးမႈလြန္စြာ နည္းပါးေသာ ႏွစ္ရွည္သီးႏွံျဖစ္ေၾကာင္း သိရသည္။
“ဝန္ႀကီးဌာနက နည္းပညာေပးမယ္။ မ်ိဳးေတြလိုအပ္ခ်က္ရွိတဲ့အေပၚမွာ မ်ိဳးစိတ္ေတြကို သူတို႔ေတြက ခ်ိတ္ဆက္ၿပီး ေတာ့ ရွာေဖြေပးမယ္။ ေနာက္ သူတို႔စိုက္ဖို႔လိုအပ္တဲ့ ေျမေတြအေပၚမွာ ေျမလြတ္ေျမ႐ိုင္း တို႔၊ လယ္ယာေျမ လုပ္ပိုင္ခြင့္ဥပေဒနဲ႔အညီ ကြၽန္ေတာ္တို႔က ကူညီေဆာင္႐ြက္ေပးမယ္။ သူတို႔အေနနဲ႔ စက္႐ုံေတြ၊ ဘာေတြ တည္ေဆာက္ခ်င္တယ္ဆိုရင္လည္း ျမန္မာႏိုင္ငံရင္းႏွီးျမႇဳပ္ႏွံမႈေကာ္မရွင္နဲ႔ေပါင္းၿပီေတာ့ ကြၽန္ေတာ္တို႔က တင္ျပၿပီးေတာ့ ပူးေပါင္းၿပီးေတာ့ ေဆာင္႐ြက္ေပးမယ္” ဟု ၎က ဆိုသည္။
ေဒသအလိုက္ရွိေနေသာ ေျမလြတ္၊ ေျမ႐ိုင္းမ်ားတြင္ နာနတ္အ႐ိုင္းမ်ားကို နာနတ္ေလွ်ာ္ ထုတ္လုပ္ရန္အတြက္ စိုက္ပ်ိဳးလိုေၾကာင္း ေလွ်ာက္ထားပါက ဝန္ႀကီးဌာနအေနျဖင့္ ဥပေဒႏွင့္အညီ လုပ္ကိုင္ႏိုင္ေစရန္ စီစဥ္ေပးမည္ျဖစ္ ေၾကာင္း ၎က ထပ္မံေျပာသည္။
“အဓိကေတာ့ ျမန္မာႏိုင္ငံမွာနာနတ္ ေလွ်ာ္နဲ႔ပတ္သက္ၿပီးေတာ့ ဒီမ်ိဳးေတြက စိုက္လို႔ ျဖစ္ထြန္းတဲ့ အေနအထား မွာ ရွိတယ္။ အေျခအေနေပးတယ္။ အဲဒါေၾကာင့္မို႔ သီးႏွံေတြစိုက္ပ်ိဳးဖို႔မျဖစ္ထြန္းတဲ့ ေနရာေတြမွာ အဲဒီနာနတ္သီးႏွံ ေတြကို စိုက္ပ်ိဳးဖို႔ ကြၽန္ေတာ္တို႔ တိုက္တြန္းခ်င္တယ္” ဟု ဦးဝင္းလႈိင္ဦး ကအႀကံျပဳသည္။
လက္ရွိ ျမန္မာႏိုင္ငံတြင္ နာနတ္ေလွ်ာ္ပင္ကို လားရႈိးၿမိဳ႕နယ္၌ ဧကေပါင္း (၁၅၀ဝ)စိုက္ပ်ိဳးထား ၿပီး ျမင္းၿခံၿမိဳ႕နယ္ တြင္ ဧကေပါင္း (၁၀ဝ)ခန႔္ စိုက္ပ်ိဳးထားရွိကာ ၿပီးခဲ့သည့္ (၅)ႏွစ္ခန႔္က တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ရာ နာနတ္ေလွ်ာ္ ကုန္ၾကမ္း(၁)တန္ကို ေငြက်ပ္သိန္း(၄၀)၊ (၅၀)ဝန္းက်င္ခန႔္ ရရွိေၾကာင္း သိရ သည္။
ထို႔ျပင္ အဆိုပါလုပ္ငန္းသည္ ကုန္ၾကမ္းအျဖစ္ တင္ပို႔ျခင္းထက္ ကုန္ေခ်ာအျဖစ္ထုတ္လုပ္ ေရာင္းခ်ျခင္းက ပိုမို အျမတ္ရရွိႏိုင္ေသာေၾကာင့္ လုပ္ငန္းရွင္မ်ားဘက္ကလည္း အဆိုပါနာနတ္ေလွ်ာ္ကို ကုန္ေခ်ာအျဖစ္ ထုတ္လုပ္ရန္ အစီအမံမ်ားရွိေနေၾကာင္း ၫႊန္ၾကားေရးမႉး ဦးဝင္းလႈိင္ဦးက ေျပာသည္။
“MSME အတြက္ သူတို႔အေနနဲ႔လည္း တစ္ပိုင္တစ္ႏိုင္ အဲဒီနာနတ္ေလွ်ာ္ကေနၿပီးေတာ့ ႀကိဳးေတြ၊ ဦးထုပ္ေတြ လုပ္တာေတြ၊ သူက ဂုန္ေလွ်ာ္လိုပဲေလ။ ေလွ်ာ္ဆိုေတာ့ လူသုံးကုန္ပစၥည္းအမ်ားႀကီး လုပ္ႏိုင္တယ္။ ေနာက္ ေဘးထြက္ပစၥည္းေတြကလည္းပဲ ႀကိတ္ဖတ္ေတြကေနၿပီးေတာ့ သဘာဝေျမဩဇာေတြ လုပ္ႏိုင္တယ္။ အမ်ားႀကီး အလုပ္အကိုင္ေတြ ရသြားႏိုင္တယ္” ဟု ၎က ေျပာသည္။
အဆိုပါ နာနတ္ေလွ်ာ္ကို ဘရာဇီးႏိုင္ငံ၊ တန္ဇန္းနီးယားႏိုင္ငံ၊ မကၠဆီကိုႏိုင္ငံ၊ ကင္ညာ ႏိုင္ငံႏွင့္ မဒါဂတ္စကာႏိုင္ငံ တို႔တြင္ ႏွစ္စဥ္ တန္ခ်ိန္ ေပါင္းမ်ားစြာ စိုက္ပ်ိဳးထုတ္လုပ္လ်က္ရွိၿပီး ၎တို႔မွထြက္ရွိ ေသာကုန္ၾကမ္းမ်ားကို တ႐ုတ္ ႏိုင္ငံက အဓိက ဝယ္ယူကာ ထိုကုန္ၾကမ္းမ်ားကို ကုန္ေခ်ာ ထုတ္လုပ္ၿပီး ႏွစ္စဥ္ ျပည္ပသို႔ တန္ခ်ိန္ ေပါင္းမ်ားစြာ တင္ပို႔လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.