(၃)နှစ် ကျော်ကာလအတွင်းတရားမဝင်ကုန်သွယ်မှုမှ ကျပ် ၄၅၈ ဘီလီယံကျော် ဖမ်းဆီးရမိ

475

Pearl (NP News) - ဖေဖော်ဝါရီ ၂၈
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအထိ (၃)နှစ် နှင့် (၁)လတာကာလအတွင်း တရားမဝင်ကုန်သွယ်မှုနှင့်ပတ်သက်၍ ဖမ်းဆီးရမိအမှုတွဲ ၁၉,၀၀၀ ကျော်ရှိပြီး ခန့်မှန်းတန်ဖိုး ကျပ် ၄၅၈ ဘီလီယံကျော် ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အချက်အလက်များအရ သိရသည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ နှင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် စစ်ကိုင်းတိုင်းဒေသကြီးသည် အများဆုံး၊ မန္တလေးတိုင်းဒေသကြီးသည် ဒုတိယအများဆုံးနှင့် ရန်ကုန်တိုင်းဒေသကြီးသည် တတိယအများဆုံးဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင်မော်တော်ယာဉ် ဖမ်းဆီးရရှိမှုများသည် အများဆုံးဖြစ်ပြီး၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများသည် ဒုတိယအများဆုံးနှင့် တတိယအများဆုံးအနေဖြင့် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ဖမ်းဆီးရမိမှုများကိုကြည့်ပါက ဒီဇင်ဘာလတွင် ငွေကျပ် ၄၄ ဒသမ ၁၈၃ ဘီလီယံနှင့် အများဆုံးဖမ်းဆီးရမိခဲ့သည်ကိုတွေ့ရပြီး နှစ်အလိုက် ဖမ်းဆီးရမိမှုများကို နှိုင်းယှဉ်ကြည့်ပါက ၂၀၂၂ ခုနှစ်တွင် ဖမ်းဆီးရမိမှုတန်ဖိုး ကျပ်(၆၅)ဘီလီယံ၊ ၂၀၂၃ ခုနှစ်တွင် ငွေကျပ်(၁၃၅)ဘီလီယံကျော် တိုးတက်ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ငွေကျပ်(၂၂၃) ဘီလီယံ ဖမ်းဆီးနိုင်ခဲ့ကြောင်း နစက၏ အချက်အလက်များအရ သိရသည်။
၂၀၂၄ ခုနှစ် တစ်နှစ်လုံးတွင် တစ်ကမ္ဘာလုံး၏ GDP ခန့်မှန်းတန်ဖိုးသည် အမေရိကန် ဒေါ်လာ ၁၀၅ ထရီလီယံရှိသည့်အနက် တရားမဝင်ကူးသန်းရောင်းဝယ်မှုနှင့် ငွေကြေးခဝါချမှုများက အမေရိကန် ဒေါ်လာ ၂ ဒသမ ၆ ထရီလီယံအများဆုံး ဆုံးရှုံးမှုဖြစ်သည်ကို ထုတ်ပြန်ထားပြီး နိုင်ငံဖြတ်ကျော်မှုခင်းကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂ဒသမ၂ ထရီလီယံ၊ လာဘ်ပေးလာဘ်ယူမှုကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁ ထရီလီယံ၊ မူးယစ်ဆေးဝါး ကူးသန်းမှုတွင် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံကျော်၊ အတုပြုလုပ်မှုနှင့် ခိုးကူးမှုများတွင် အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ရာဇဝတ်မှုများတွင် အမေရိကန်ဒေါ်လာ၂၅၈ ဘီလီယံ၊ လူကုန်ကူးမှုများတွင် အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံတို့ဖြစ်သည်ကို ဖော်ပြထားချက်များအရ သိရသည်။

Zawgyi Version:
(၃)ႏွစ္ ေက်ာ္ကာလအတြင္းတရားမဝင္ကုန္သြယ္မႈမွ က်ပ္ ၄၅၈ ဘီလီယံေက်ာ္ ဖမ္းဆီးရမိ
Pearl (NP News) - ေဖေဖာ္ဝါရီ ၂၈
၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလမွ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလအထိ (၃)ႏွစ္ ႏွင့္ (၁)လတာကာလအတြင္း တရားမဝင္ကုန္သြယ္မႈႏွင့္ပတ္သက္၍ ဖမ္းဆီးရမိအမႈတြဲ ၁၉,၀၀၀ ေက်ာ္ရွိၿပီး ခန႔္မွန္းတန္ဖိုး က်ပ္ ၄၅၈ ဘီလီယံေက်ာ္ ဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ၏ အခ်က္အလက္မ်ားအရ သိရသည္။
၂၀၂၄ ခုႏွစ္၊ ဒီဇင္ဘာလ ႏွင့္ ၂၀၂၅ ခုႏွစ္၊ ဇန္နဝါရီလအတြင္း ဖမ္းဆီးရရွိမႈမ်ားတြင္ အေကာက္ခြန္ဦးစီးဌာနက အမ်ားဆုံးဖမ္းဆီးရမိခဲ့ၿပီး ေနျပည္ေတာ္ေကာင္စီအပါအဝင္ တိုင္းေဒသႀကီး/ျပည္နယ္အလိုက္ ဖမ္းဆီးရရွိမႈမ်ားတြင္ စစ္ကိုင္းတိုင္းေဒသႀကီးသည္ အမ်ားဆုံး၊ မႏၲေလးတိုင္းေဒသႀကီးသည္ ဒုတိယအမ်ားဆုံးႏွင့္ ရန္ကုန္တိုင္းေဒသႀကီးသည္ တတိယအမ်ားဆုံးဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ကုန္ပစၥည္းအုပ္စုအလိုက္ ဖမ္းဆီးရရွိမႈမ်ားတြင္ လိုင္စင္မဲ့ေမာ္ေတာ္ယာဥ္ႏွင့္ တရားမဝင္ကုန္စည္တင္ေမာ္ေတာ္ယာဥ္ ဖမ္းဆီးရရွိမႈမ်ားသည္ အမ်ားဆုံးျဖစ္ၿပီး၊ လုပ္ငန္းသုံးကုန္ၾကမ္းပစၥည္းမ်ားသည္ ဒုတိယအမ်ားဆုံးႏွင့္ တတိယအမ်ားဆုံးအေနျဖင့္ ရင္းႏွီးျမႇဳပ္ႏွံမႈကုန္ပစၥည္းမ်ားျဖစ္ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။
၂၀၂၄ ခုႏွစ္ တစ္ႏွစ္တာအတြင္း ဖမ္းဆီးရမိမႈမ်ားကိုၾကည့္ပါက ဒီဇင္ဘာလတြင္ ေငြက်ပ္ ၄၄ ဒသမ ၁၈၃ ဘီလီယံႏွင့္ အမ်ားဆုံးဖမ္းဆီးရမိခဲ့သည္ကိုေတြ႕ရၿပီး ႏွစ္အလိုက္ ဖမ္းဆီးရမိမႈမ်ားကို ႏႈိင္းယွဥ္ၾကည့္ပါက ၂၀၂၂ ခုႏွစ္တြင္ ဖမ္းဆီးရမိမႈတန္ဖိုး က်ပ္(၆၅)ဘီလီယံ၊ ၂၀၂၃ ခုႏွစ္တြင္ ေငြက်ပ္(၁၃၅)ဘီလီယံေက်ာ္ တိုးတက္ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း၊ ၂၀၂၄ ခုႏွစ္တြင္ ေငြက်ပ္(၂၂၃) ဘီလီယံ ဖမ္းဆီးႏိုင္ခဲ့ေၾကာင္း နစက၏ အခ်က္အလက္မ်ားအရ သိရသည္။
၂၀၂၄ ခုႏွစ္ တစ္ႏွစ္လုံးတြင္ တစ္ကမာၻလုံး၏ GDP ခန႔္မွန္းတန္ဖိုးသည္ အေမရိကန္ ေဒၚလာ ၁၀၅ ထရီလီယံရွိသည့္အနက္ တရားမဝင္ကူးသန္းေရာင္းဝယ္မႈႏွင့္ ေငြေၾကးခဝါခ်မႈမ်ားက အေမရိကန္ ေဒၚလာ ၂ ဒသမ ၆ ထရီလီယံအမ်ားဆုံး ဆုံးရႈံးမႈျဖစ္သည္ကို ထုတ္ျပန္ထားၿပီး ႏိုင္ငံျဖတ္ေက်ာ္မႈခင္းက႑တြင္ အေမရိကန္ေဒၚလာ ၂ဒသမ၂ ထရီလီယံ၊ လာဘ္ေပးလာဘ္ယူမႈက႑တြင္ အေမရိကန္ေဒၚလာ ၁ ထရီလီယံ၊ မူးယစ္ေဆးဝါး ကူးသန္းမႈတြင္ အေမရိကန္ေဒၚလာ ၅၀၀ ဘီလီယံေက်ာ္၊ အတုျပဳလုပ္မႈႏွင့္ ခိုးကူးမႈမ်ားတြင္ အေမရိကန္ေဒၚလာ ၅၀၀ ဘီလီယံ၊ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ရာဇဝတ္မႈမ်ားတြင္ အေမရိကန္ေဒၚလာ၂၅၈ ဘီလီယံ၊ လူကုန္ကူးမႈမ်ားတြင္ အေမရိကန္ေဒၚလာ ၁၅၀ ဘီလီယံတို႔ျဖစ္သည္ကို ေဖာ္ျပထားခ်က္မ်ားအရ သိရသည္။