လူသတ်အကြမ်းဖက်နေသော PDF များကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်) ရှုတ်ချကန့်ကွက်

715

သားကြီး (NP News) - ဖေဖော်ဝါရီ (၂၈)
ဗုဒ္ဓဘာသာရဟန်းတော်များ အပါအဝင် ရဟန်းရှင်လူ ပြည်သူ (၈၀၀၀)ကျော်ကို လုပ်ကြံသတ်ဖြတ်နေသည့် PDF များကို မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)က ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ရှုတ်ချကြောင်းကို ယနေ့ ဖေဖော်ဝါရီလ (၂၈) ရက်တွင် ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။
ဖေဖော်ဝါရီလ ၂၇ ရက်၊ နံနက် ၆ နာရီအချိန်ခန့်က ကျွန်းလှမြို့နယ် နှင့် (၁၀)မိုင်ခန့်အကွာ ကျွန်းလှ-သဖမ်းဆိပ်သွား ကားလမ်းဘေးရှိ ဆားကျင်းကျေးရွာတွင် ကျောင်းထိုင်ဆရာတော်တစ်ပါးကို PDF အဖွဲ့က ဒလန်ဟုဆိုကာ ကျောင်းတိုက်အတွင်း ဝင်ရောက်သတ်ဖြတ်ခဲ့ပြီး နောက်တစ်ရက်တွင် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)က အထက်ပါကြေညာချက်ကို ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။
အဆိုပါကြေညာချက်တွင် PDF များမှ ငါနှင့်မတူ ငါ့ရန်သူဟုဆိုကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် ဆရာတော် သံဃာတော်၊ ကိုရင်၊ သီလရှင်၊ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း ၊ ကျောင်းသား/သူအပါအဝင် အရပ်သားပြည်သူ (၈၀၀၀) ကျော်သေဆုံးခဲ့ကြောင်းဖော်ပြပါရှိပြီး ပြည်ဖျက် အကြမ်းဖက် လူသတ် လုပ်ရပ်မှန်သမျှကို ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက် ရှုတ်ချကြောင်း ဖော်ပြပါရှိသည်။

Zawgyi Version:
လူသတ္အၾကမ္းဖက္ေနေသာ PDF မ်ားကို မ်ိဳးခ်စ္ျမန္မာရဟန္းေတာ္မ်ားသမဂၢ(ရန္ကုန္) ရႈတ္ခ်ကန႔္ကြက္
သားႀကီး (NP News) - ေဖေဖာ္ဝါရီ (၂၈)
ဗုဒၶဘာသာရဟန္းေတာ္မ်ား အပါအဝင္ ရဟန္းရွင္လူ ျပည္သူ (၈၀၀၀)ေက်ာ္ကို လုပ္ႀကံသတ္ျဖတ္ေနသည့္ PDF မ်ားကို မ်ိဳးခ်စ္ျမန္မာရဟန္းေတာ္မ်ားသမဂၢ(ရန္ကုန္)က ျပင္းျပင္းထန္ထန္ ဆန႔္က်င္ကန႔္ကြက္ရႈတ္ခ်ေၾကာင္းကို ယေန႔ ေဖေဖာ္ဝါရီလ (၂၈) ရက္တြင္ ထုတ္ျပန္ေၾကညာခဲ့ေၾကာင္းသိရသည္။
ေဖေဖာ္ဝါရီလ ၂၇ ရက္၊ နံနက္ ၆ နာရီအခ်ိန္ခန႔္က ကြၽန္းလွၿမိဳ႕နယ္ ႏွင့္ (၁၀)မိုင္ခန႔္အကြာ ကြၽန္းလွ-သဖမ္းဆိပ္သြား ကားလမ္းေဘးရွိ ဆားက်င္းေက်း႐ြာတြင္ ေက်ာင္းထိုင္ဆရာေတာ္တစ္ပါးကို PDF အဖြဲ႕က ဒလန္ဟုဆိုကာ ေက်ာင္းတိုက္အတြင္း ဝင္ေရာက္သတ္ျဖတ္ခဲ့ၿပီး ေနာက္တစ္ရက္တြင္ မ်ိဳးခ်စ္ျမန္မာရဟန္းေတာ္မ်ားသမဂၢ(ရန္ကုန္)က အထက္ပါေၾကညာခ်က္ကို ထုတ္ျပန္ေၾကညာခဲ့ျခင္းျဖစ္သည္။
အဆိုပါေၾကညာခ်က္တြင္ PDF မ်ားမွ ငါႏွင့္မတူ ငါ့ရန္သူဟုဆိုကာ အၾကမ္းဖက္ သတ္ျဖတ္မႈမ်ားေၾကာင့္ ဆရာေတာ္ သံဃာေတာ္၊ ကိုရင္၊ သီလရွင္၊ က်န္းမာေရးဝန္ထမ္း၊ ပညာေရးဝန္ထမ္း ၊ ေက်ာင္းသား/သူအပါအဝင္ အရပ္သားျပည္သူ (၈၀၀၀) ေက်ာ္ေသဆုံးခဲ့ေၾကာင္းေဖာ္ျပပါရွိၿပီး ျပည္ဖ်က္ အၾကမ္းဖက္ လူသတ္ လုပ္ရပ္မွန္သမွ်ကို ျပင္းျပင္းထန္ထန္ ဆန႔္က်င္ကန႔္ကြက္ ရႈတ္ခ်ေၾကာင္း ေဖာ္ျပပါရွိသည္။