ရည်ရွယ်ချက် မည်မျှကောင်းစေကာမူ လုပ်ရပ်မှားလျှင် ကောင်းသည့် ရည်ရွယ်ချက်ပါ ပျောက်တတ်သည်ကို ဂရုပြုသင့်သည့်စစ်မှုထမ်းကိစ္စ - အပိုင်း (၂)

 620

ကိုနေ(ဉပဒေ) (NP News) - ဖေဖော်ဝါရီ ၂၈

ပြီးခဲ့သည့်အပတ်က ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၁)နှင့် ပုံစံ(၂)တို့ အား ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်း နည်း ဥပဒေများပါပြဋ္ဌာန်းချက်များဖြင့် ချိတ်ဆက် ဖော်ပြရေးသားခဲ့ပြီးဖြစ်သည်။ ယခုဆောင်းပါးတွင် ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ နောက်ဆက်တွဲပါ ပုံစံ (၃-က)၊ ပုံစံ(၃-ခ)တို့ကို ပြည်သူ့စစ်မှုထမ်းဥပဒေ၊ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေပါ ပြဋ္ဌာန်းချက်များ ဖြင့် ချိတ်ဆက်၍ နားလည်စေရန် ဖော်ပြရေးသားတင်ပြလိုက်ရသည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက် တွဲပါ ပုံစံ(၁) နှင့် ပုံစံ(၂) ကို အကျဉ်းချုပ်ပြန် ပြောင်း ပြောရသော် ပုံစံ(၁)သည် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် ၎င်းတို့၏ ရပ်ကွက်၊ ကျေး ရွာအုပ်စုများအတွင်း နေထိုင်ကြသည့်နိုင်ငံသားများအနက် နှစ်တစ်နှစ်၏ ဒီဇင်ဘာ (၃၁) ရက်တွင် စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူများကို စာရင်းပြုစု၍ နှစ်စဉ် ဇန်နဝါရီလ(၁)ရက် (သို့မဟုတ်) ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့က သတ်မှတ်ပေးသည့်နေ့ရက်တွင် မြို့နယ်ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ် ရေးအဖွဲ့ထံ အရောက်ပေးပို့ရမည့်ပုံစံဖြစ်သည်။ ပုံစံ(၂)သည် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများထံမှပေးပို့လာသည့် ပုံစံ(၁)တွင်ပါဝင်သူများ ကို မှတ်ပုံတင်ရန် မြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့မှ ဆင့်ခေါ်သည့်ပုံစံဖြစ်သည်။ ပုံစံ(၂) ဖြင့် မှတ်ပုံတင်ရန် ဆင့်ခေါ်သည်ကိုလာရောက် စာရင်း သွင်းရန်ပျက်ကွက်ပါက ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ- ၂၃(က)ဖြင့် အမှုဖွင့် တရားစွဲဆို အရေးယူ ခြင်းခံရမည်ဖြစ်သည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၃-က) သည် စစ်မှုထမ်းရန်အရွယ် ရောက်သူအဖြစ် မှတ်ပုံတင်စာရင်းသွင်းမည့်သူက ရေးသွင်းရန်ပုံစံ ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း နည်း ဥပဒေများ၊ နည်းဥပဒေ-၁၇(ခ) တွင် မြို့နယ်အဖွဲ့သည် ဆင့်ခေါ်ခြင်းခံရသူများကို ပုံစံ(၃-က)တွင် ဖြည့် စွက်၍ လက်မှတ်ရေးထိုးစေရမည်ဟု ပြဋ္ဌာန်းပါရှိသည်။ ဆိုလိုသည်မှာ မောင်ဖြူသည် ပုံစံ (၂) ဖြင့် မှတ်ပုံ တင်ရန်ဆင့်ခေါ်ခြင်းခံရပြီး မောင်ဖြူကိုယ်တိုင်က မှတ် ပုံတင်လာရောက်စာရင်းပေးသွင်းပါက ရေးသွင်း ရမည့်ပုံစံဖြစ်သည်။

ပုံစံ(၃-က) တွင် ရေးသွင်းရမည့်အချက်အလက် ပေါင်း (၂၆)ချက်ပါဝင်ပြီး အချက်အလက်များကို မှန် မှန်ကန်ကန်ဖြည့်သွင်းရန်အရေးကြီးသည်။ အဆိုပါ ပုံစံ(၃-က)ပါ ဖြည့်သွင်းရမည့်အချက်အလက် ပေါင်း (၂၆)ချက်အနက် တစ်ချက်တည်းကိုပင် မမှန်မကန် ဖော်ပြရေးသွင်းမိပါက ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ- ၂၃(င)နှင့်ငြိစွန်းကာ အမှုဖွင့်တရားစွဲဆိုအရေးယူခြင်းခံရမည်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေ ပုဒ်မ- ၂၃ (င) တွင် ဥပဒေအရ မိမိဖော်ပြရမည့်အကြောင်းအရာတစ်ခုခုနှင့်စပ်လျဉ်း၍ မမှန်မကန် ဖော်ပြခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရ လျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ် စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းပါရှိရာ ပုံစံ(၃-က) တွင် ကိုယ်တိုင် စာရင်းရေးသွင်းသူများအနေဖြင့် ယင်းပုံစံပါ အချက် အလက်(၂၆)ချက်ကို မှန်ကန်စွာဖြည့်သွင်းရန် ဖြစ်သည်။

ပုံစံ(၃-က)တွင် နောက်ထပ်သတိထားရမည့် ကိစ္စတစ်ခုမှာ ပုံစံ(၃-က)ပါ အချက်အလက်(၂၆) ချက်အနက် အချက်နံပါတ်(၁၉)ဖြစ်သည်။ အချက် နံပါတ်(၁၉)တွင် ကျန်းမာရေးအခြေအနေနှင့်ပတ် သက်၍ရေးသွင်းခိုင်းထားပြီး စစ်မှုထမ်းဆောင်ခြင်းမှ တိမ်းရှောင်လွှဲဖယ်လိုသည့်အကြံဖြင့် မိမိ၏ ကျန်း မာရေးအခြေအနေနှင့်ပတ်သက်၍ မမှန်မကန်ဖော်ပြ ရေးသွင်းပါက ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ- (၂၄) ပါ ပြဌာန်းချက်များနှင့်ပါ ငြိစွန်းမည်ဖြစ်သည်။ ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ- (၂၄) တွင် ပုဒ်မခွဲ(က)မှ (စ) ထိ (၆)ချက်ပါရှိပြီး အနှစ်ချုပ်ရသော် စစ်မှု ထမ်းဆောင်ခြင်းမှ တိမ်းရှောင်လွှဲဖယ်လိုသည့် အကြံဖြင့် မိမိ၏ ခန္ဓာကိုယ်/ ကျန်းမာရေးများနှင့်ပတ်သက်၍ မမှန်မကန်ပြုမူဆောင်ရွက်ထားပြီး ထိုသို့ပြုမူ ဆောင် ရွက်ထားကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရ ပါက ငါးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေ ဒဏ်ဖြစ် စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ထိုသို့ဆိုလျှင် အနှစ်ချုပ်ရသော် ပုံစံ(၃-က)သည် ပုံစံ(၂)ဖြင့် မှတ်ပုံတင်ရန်ဆင့်ခေါ်ခြင်းခံရသူ ကိုယ်တိုင်က မှတ်ပုံတင်ရေးသွင်းရမည့်ပုံစံဖြစ်ပြီး အဆိုပါ ပုံစံ(၃-က)ပါ အချက်အလက် (၂၆) ချက် အား မမှန်မကန်ဖော်ပြရေးသွင်းပါက ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ- ၂၃(င)၊ ၂၄ တို့ဖြင့် ငြိစွန်းနိုင်ပြီး ပုံစံ(၃-က)ပါ အချက်အလက် (၂၆) ချက်အနက် အ ချက်နံပါတ်(၁၉)တစ်ခုတည်းကိုသာ မမှန်မကန်ဖော်ပြရေး သွင်းပါက ပြည်သူ့စစ်မှုထမ်းဥပဒေပုဒ်မ- (၂၄) ပါပြဋ္ဌာန်းချက်များနှင့် ငြိစွန်းနိုင်ကာ တရားစွဲဆို အရေးယူ ခြင်းခံရမည်ဖြစ်ပါသည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက် တွဲပါ ပုံစံ(၃-က)နှင့်ပတ်သက်၍ ထပ်မံဖော်ပြပေး လို သည်မှာ အဆိုပါပုံစံ(၃-က)ပါ အချက်အလက်(၂၆)ချက်အနက် အချက်နံပါတ်(၁၀)ဖြစ်သည်။ အ ချက်နံပါတ်(၁၀)တွင် ပြည်သူ့စစ်မှုထမ်းအဖြစ် ဦးစားပေးတာဝန်ထမ်းဆောင်ရန် ဆန္ဒပြု/မပြု အပေါ် ဆန္ဒပြုခိုင်းထားပြီး (ဆန္ဒပြုသူအရေအတွက်သည် လိုအပ်သည့်အရေအတွက် မပြည့်မီလျှင် ကျန်သူများ ကို မဲနှိုက်ရွေးချယ်သည့်နည်းလမ်းဖြင့်ဖြစ်စေ၊ ဗဟိုအဖွဲ့က သတ်မှတ်ပေးသည့် နည်းလမ်းဖြင့်ဖြစ် စေ ရွေးချယ်မည်ဖြစ်သည်) ဆိုသည့်ဖော်ပြချက်ပါရှိနေသည်။

ဆိုလိုသည်မှာ စစ်မှုထမ်းရန်အရွယ်ရောက်သူ များမှ ပုံစံ(၃-က) ဖြင့် ကိုယ်တိုင်မှတ်ပုံတင်စာရင်း ရေးသွင်းကြသည့်အခါ အချက်နံပါတ်(၁၀)တွင် ပြည် သူ့စစ်မှုထမ်းအဖြစ် ဦးစားပေးတာဝန်ထမ်းဆောင် လိုကြောင်း ဆန္ဒပြုခွင့်ရှိသကဲ့သို့ ဆန္ဒမပြုခွင့်လဲရှိ သည့် အခွင့်အရေးပေးထားခြင်းဖြစ်ပြီး အကယ်၍ ဦးစားပေး စစ်မှုထမ်းရန်ဆန္ဒပြုသူအရေအတွက်သည် အပြီးသတ် ပြည်သူ့စစ်မှုထမ်းအဖြစ်တာဝန်ထမ်း ဆောင်ရမည့်အရေအတွက်အား ပြည့်မီပါက ဦးစား ပေးစစ်မှုထမ်းရန် ဆန္ဒမပြုသူများအနေဖြင့် သက် ဆိုင်ရာပြည်သူ့စစ်မှုထမ်းအဖြစ်တာဝန်ထမ်းဆောင်ရမည့် အပတ်စဉ်ကို(ယာယီ) ရှောင်လွှဲခွင့်ရရှိသွား မည်ဖြစ်သည်။

အကယ်၍ ဦးစားပေးစစ်မှုထမ်းရန် ဆန္ဒပြုသူ အရေအတွက်သည် အပြီးသတ် ပြည်သူ့စစ်မှုထမ်း အဖြစ်တာဝန်ထမ်းဆောင်ရမည့်အရေအတွက်ကို ပြည့်မှီခြင်းမရှိပါက လိုအပ်သည့်အရေအတွက်ကိုသာ ကျန်ဦးစားပေးစစ်မှုထမ်းရန်ဆန္ဒမပြုသူများကို မဲနှိုက်ရွေးချယ်ခြင်းဖြင့် လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့က သတ်မှတ်ပေးသည့် နည်းလမ်းဖြင့်လည်းကောင်း ရွေးချယ်မည်သာဖြစ်သည်။ အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ ပြည် သူ့စစ်မှုထမ်း နည်းဥပဒေများ၊ နည်းဥပဒေ-၃၁(က)၊ (ခ)၊ (ဂ) တို့တွင် ဆက်စပ်ပြဋ္ဌာန်းပါရှိသည်ကိုလည်းတွေ့ရှိရသည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက် တွဲပါ ပုံစံ(၃-ခ) သည် စစ်မှုထမ်းရန်အရွယ် ရောက်သူအဖြစ် ကိုယ်စားမှတ်ပုံတင်စာရင်းသွင်းမည့်သူက ရေးသွင်းရန် ပုံစံဖြစ်သည်။ ပြည်သူ့စစ်မှုထမ်း နည်းဥပဒေများ၊ နည်းဥပဒေ-၁၇(ဂ) တွင် မြို့နယ်အဖွဲ့ သည် ဆင့်ခေါ်ခြင်းခံရသူ၏ကိုယ်စား မှတ်ပုံတင် စာရင်းရေးသွင်းမည့်သူကို ပုံစံ(၃-ခ)တွင် ဖြည့်စွက် စေ၍မှန်ကန်ကြောင်း လက်မှတ်ရေးထိုးရမည်ဟု ပြဋ္ဌာန်းပါရှိသည်။

ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ၊ နည်းဥပ ဒေ- ၃၃(က)တွင် ဥပဒေပုဒ်မ-၉ ပုဒ်မခွဲ(က)အရ စစ်မှု ထမ်းရမည့်အသက်အရွယ်ရောက်သူ နိုင်ငံသား တိုင်းကို မှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်ခြင်းခံရသူ သည် လာရောက်သတင်းပို့ရန် ပျက်ကွက်ပါက မြို့နယ်အဖွဲ့သည် ပျက်ကွက်သူ၏ မိသားစုဝင်တစ်ဦး ဦး သည် ဆင့်ခေါ်ခြင်းခံရသူမှာ မည်သည့်အကြောင်းကြောင့်ပျက်ကွက်နေသည် သို့မဟုတ် မည်သည့် နေရာ ဒေသသို့ ရောက်ရှိနေသည်ကို ခိုင်လုံသည့် အထောက်အထားများနှင့်အတူတင်ပြ၍ ကိုယ်စားမှတ်ပုံတင် စာရင်းသွင်းရန် သတင်းပို့ရမည်ဟုလည်း ကောင်း၊ အဆိုပါ နည်းဥပဒေ-၃၃(ခ)တွင် ပျက်ကွက် နေသူ၏ မိသားစုဝင် တစ်ဦးဦးက နည်းဥပဒေခွဲ(က)ကို လိုက်နာခြင်းမရှိလျှင်ဖြစ်စေ ခိုင်လုံသော အထောက်အ ထားတစ်စုံ တစ်ရာတင်ပြနိုင်ခြင်းမရှိလျှင် ဖြစ်စေ သတင်းပို့ရန် ပျက်ကွက်နေသူသည် ပြည်သူ့ စစ်မှုထမ်း ခြင်းကို ရှောင်လွှဲခြင်းဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ- (၂၃) ပုဒ်မခွဲ(က)ကို ဖောက်ဖျက်ကျူးလွန် သည်ဟု မှတ်ယူရမည် ဟုလည်းကောင်း ပြဋ္ဌာန်း ပါရှိရာ ပုံစံ (၂) ဖြင့် မှတ်ပုံတင်စာရင်းသွင်းရန် ဆင့် ခေါ်ခြင်းခံရသူမှာ ကိုယ်တိုင်မရှိပါက ၎င်း၏ မိသားစု ဝင်တစ်ဦးဦးသည် ပုံစံ (၃-ခ) ဖြင့် ကိုယ်စားမှတ်ပုံ တင်စာရင်းသွင်းပေးရန်လိုအပ်သည်ကို တွေ့ရှိရသည်။
ဆိုလိုသည်မှာ ပြည်သူ့စစ်မှုထမ်းနည်းဥပဒေများ နောက်ဆက်တွဲပါ ပုံစံ(၃-ခ) မှာ မောင်ဖြူသည် ပုံစံ(၂)ဖြင့် မှတ်ပုံတင်ရန် ဆင့်ခေါ်ခြင်းခံရပြီး မောင်ဖြူမှ စာရင်းလာရောက်ပေးသွင်းခြင်းမရှိဘဲ ပျက် ကွက်နေလျှင် မောင်ဖြူ၏မိသားစုဝင်တစ်ဦးဦးမှ မောင်ဖြူ၏ စာရင်းလာရောက်ရေးသွင်းခြင်းမရှိရသည့် အကြောင်းရင်းကို ခိုင်လုံသောအထောက်အထားဖြင့် ကိုယ်စားလာရောက်စာရင်းပေးသွင်းရမည့်ပုံစံဖြစ်သည်။

မောင်ဖြူ၏မိသားစုဝင်တစ်ဦးဦးမှ မောင်ဖြူ ကိုယ်တိုင်၏ပျက်ကွက်မှုကို ခိုင်လုံသောအထောက် အထား မတင်ပြနိုင်လျှင်သော်လည်းကောင်း၊ ကိုယ် စား စာရင်းပေးသွင်းခြင်းမပြုလျှင်သော်လည်း ကောင်းမောင်ဖြူကို ပုံစံ(၂)ဖြင့် စာရင်းလာရောက် ရေးသွင်းရန်ပျက်ကွက်သည်ဟုမှတ်ယူကာ ပြည်သူ့ စစ်မှုထမ်းဥပဒေပုဒ်မ -၂၃(က) ဖြင့် တရားစွဲဆိုအရေးယူခြင်းခံရမည်ဖြစ်သည်။
ပုံစံ(၃-ခ) တွင် ဖြည့်စွက်ရေးသွင်းရမည့်အချက် အလက်ပေါင်း (၂၇)ချက် ပါဝင်ပြီး ပုံစံ(၃-က) ထက် (၁)ချက်ပိုပါရှိသည်ကိုတွေ့ရှိရကာ အဆိုပါ အပိုပါရှိသည့်အချက်မှာ အချက်နံပါတ် (၂၆)ဖြစ်သည်။ အချက်နံပါတ် (၂၆) တွင် စစ်မှုထမ်းရန်အရွယ်ရောက်သူနှင့် ကိုယ်စားမှတ်ပုံတင်စာရင်းသွင်းသူ၏ တော် စပ်ပုံ (တိကျ ပြည့်စုံစွာရေးသားဖော်ပြရန်) ဟုပါရှိကာ ကျန်အချက်အလက်ပေါင်း (၂၆)ချက်မှာ ပုံစံ(၃-က)ပါ အချက်အလက်ပေါင်း(၂၆)ချက်နှင့်အတူတူပင်ဖြစ်သည်ကို တွေ့ရှိရသည်။

ပုံစံ(၃-ခ) ဖြင့် ကိုယ်စားမှတ်ပုံတင်စာရင်းရေးသွင်းမည့်သူအနေဖြင့် မိမိရေးသွင်းပေးရမည့်သူ၏ အချက်အလက်များကိုလည်း မှန်မှန်ကန်ကန်ပြည့်စုံ စွာရေးသွင်းပေးရန်လိုအပ်သည်။ ပြည်သူ့စစ်မှုထမ်း ဥပဒေပုဒ်မ-(၂၆) တွင်မည်သူမဆိုပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြစ်မှုတစ်ရပ်ရပ်ကို အားပေးကူညီကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုပြဌာန်းပါရှိရာ အဆိုပါပြဌာန်းချက်မှာ ကိုယ်စားရေးသွင်းပေးမည့် သူများအနေဖြင့် သတိထားရမည့်ပြဌာန်းချက် တစ်ခုဖြစ်သည်။ ထိုသို့ဆိုလျှင် အနှစ်ချုပ်ရသော် ပုံစံ(၃-ခ)သည် ပုံစံ (၂) ဖြင့် မှတ်ပုံတင်ရန်ဆင့်ခေါ် ခြင်းခံရသူအတွက် ၎င်း၏မိသားစုဝင်တစ်ဦးဦးမှ ကိုယ်စား မှတ်ပုံတင်ရေးသွင်းရမည့်ပုံစံဖြစ်သည်။ ထိုသို့ ကိုယ်စားမှတ်ပုံတင်ရေးသွင်းပေးရာတွင် အဆိုပါ ကိုယ်စား မှတ်ပုံတင်ရေးသွင်းပေးသူအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ ပုဒ်မ- (၂၆)ကို ဂရုပြု၍ ဖြည့်စွက်ရေးသွင်း ပေးရန် လိုအပ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။
(ဆက်လက်ဖော်ပြပါမည်)

zawgyi version
ရည္႐ြယ္ခ်က္ မည္မွ်ေကာင္းေစကာမူ လုပ္ရပ္မွားလွ်င္ ေကာင္းသည့္ ရည္႐ြယ္ခ်က္ပါ ေပ်ာက္တတ္သည္ကို ဂ႐ုျပဳသင့္သည့္စစ္မႈထမ္းကိစၥ - အပိုင္း (၂)
ကိုေန(ဉပေဒ) (NP News) - ေဖေဖာ္ဝါရီ ၂၈

ၿပီးခဲ့သည့္အပတ္က ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၁)ႏွင့္ ပုံစံ(၂)တို႔ အား ျပည္သူ႔စစ္မႈထမ္းဥပေဒ၊ ျပည္သူ႔စစ္မႈထမ္း နည္း ဥပေဒမ်ားပါျပ႒ာန္းခ်က္မ်ားျဖင့္ ခ်ိတ္ဆက္ ေဖာ္ျပေရးသားခဲ့ၿပီးျဖစ္သည္။ ယခုေဆာင္းပါးတြင္ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒ ေနာက္ဆက္တြဲပါ ပုံစံ (၃-က)၊ ပုံစံ(၃-ခ)တို႔ကို ျပည္သူ႔စစ္မႈထမ္းဥပေဒ၊ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒပါ ျပ႒ာန္းခ်က္မ်ား ျဖင့္ ခ်ိတ္ဆက္၍ နားလည္ေစရန္ ေဖာ္ျပေရးသားတင္ျပလိုက္ရသည္။

ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္ တြဲပါ ပုံစံ(၁) ႏွင့္ ပုံစံ(၂) ကို အက်ဥ္းခ်ဳပ္ျပန္ ေျပာင္း ေျပာရေသာ္ ပုံစံ(၁)သည္ ရပ္ကြက္/ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉးမ်ားသည္ ၎တို႔၏ ရပ္ကြက္၊ ေက်း ႐ြာအုပ္စုမ်ားအတြင္း ေနထိုင္ၾကသည့္ႏိုင္ငံသားမ်ားအနက္ ႏွစ္တစ္ႏွစ္၏ ဒီဇင္ဘာ (၃၁) ရက္တြင္ စစ္မႈထမ္းရမည့္အသက္အ႐ြယ္ေရာက္သူမ်ားကို စာရင္းျပဳစု၍ ႏွစ္စဥ္ ဇန္နဝါရီလ(၁)ရက္ (သို႔မဟုတ္) ျပည္သူ႔စစ္မႈထမ္းဆင့္ေခၚေရးဗဟိုအဖြဲ႕က သတ္မွတ္ေပးသည့္ေန႔ရက္တြင္ ၿမိဳ႕နယ္ျပည္သူ႔စစ္မႈထမ္း ဆင့္ေခၚ ေရးအဖြဲ႕ထံ အေရာက္ေပးပို႔ရမည့္ပုံစံျဖစ္သည္။ ပုံစံ(၂)သည္ ရပ္ကြက္/ ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ ေရးမႉးမ်ားထံမွေပးပို႔လာသည့္ ပုံစံ(၁)တြင္ပါဝင္သူမ်ား ကို မွတ္ပုံတင္ရန္ ၿမိဳ႕နယ္ ျပည္သူ႔စစ္မႈထမ္း ဆင့္ေခၚေရးအဖြဲ႕မွ ဆင့္ေခၚသည့္ပုံစံျဖစ္သည္။ ပုံစံ(၂) ျဖင့္ မွတ္ပုံတင္ရန္ ဆင့္ေခၚသည္ကိုလာေရာက္ စာရင္း သြင္းရန္ပ်က္ကြက္ပါက ျပည္သူ႔စစ္မႈထမ္းဥပေဒ ပုဒ္မ- ၂၃(က)ျဖင့္ အမႈဖြင့္ တရားစြဲဆို အေရးယူ ျခင္းခံရမည္ျဖစ္သည္။

ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၃-က) သည္ စစ္မႈထမ္းရန္အ႐ြယ္ ေရာက္သူအျဖစ္ မွတ္ပုံတင္စာရင္းသြင္းမည့္သူက ေရးသြင္းရန္ပုံစံ ျဖစ္သည္။ ျပည္သူ႔စစ္မႈထမ္း နည္း ဥပေဒမ်ား၊ နည္းဥပေဒ-၁၇(ခ) တြင္ ၿမိဳ႕နယ္အဖြဲ႕သည္ ဆင့္ေခၚျခင္းခံရသူမ်ားကို ပုံစံ(၃-က)တြင္ ျဖည့္ စြက္၍ လက္မွတ္ေရးထိုးေစရမည္ဟု ျပ႒ာန္းပါရွိသည္။ ဆိုလိုသည္မွာ ေမာင္ျဖဴသည္ ပုံစံ (၂) ျဖင့္ မွတ္ပုံ တင္ရန္ဆင့္ေခၚျခင္းခံရၿပီး ေမာင္ျဖဴကိုယ္တိုင္က မွတ္ ပုံတင္လာေရာက္စာရင္းေပးသြင္းပါက ေရးသြင္း ရမည့္ပုံစံျဖစ္သည္။

ပုံစံ(၃-က) တြင္ ေရးသြင္းရမည့္အခ်က္အလက္ ေပါင္း (၂၆)ခ်က္ပါဝင္ၿပီး အခ်က္အလက္မ်ားကို မွန္ မွန္ကန္ကန္ျဖည့္သြင္းရန္အေရးႀကီးသည္။ အဆိုပါ ပုံစံ(၃-က)ပါ ျဖည့္သြင္းရမည့္အခ်က္အလက္ ေပါင္း (၂၆)ခ်က္အနက္ တစ္ခ်က္တည္းကိုပင္ မမွန္မကန္ ေဖာ္ျပေရးသြင္းမိပါက ျပည္သူ႔စစ္မႈထမ္း ဥပေဒ ပုဒ္မ- ၂၃(င)ႏွင့္ၿငိစြန္းကာ အမႈဖြင့္တရားစြဲဆိုအေရးယူျခင္းခံရမည္ျဖစ္သည္။ ျပည္သူ႔စစ္မႈထမ္း ဥပေဒ ပုဒ္မ- ၂၃ (င) တြင္ ဥပေဒအရ မိမိေဖာ္ျပရမည့္အေၾကာင္းအရာတစ္ခုခုႏွင့္စပ္လ်ဥ္း၍ မမွန္မကန္ ေဖာ္ျပျခင္းျပဳေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရ လွ်င္ ထိုသူကို သုံးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ ေစ၊ ေငြဒဏ္ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္ဟု ျပ႒ာန္းပါရွိရာ ပုံစံ(၃-က) တြင္ ကိုယ္တိုင္ စာရင္းေရးသြင္းသူမ်ားအေနျဖင့္ ယင္းပုံစံပါ အခ်က္ အလက္(၂၆)ခ်က္ကို မွန္ကန္စြာျဖည့္သြင္းရန္ ျဖစ္သည္။

ပုံစံ(၃-က)တြင္ ေနာက္ထပ္သတိထားရမည့္ ကိစၥတစ္ခုမွာ ပုံစံ(၃-က)ပါ အခ်က္အလက္(၂၆) ခ်က္အနက္ အခ်က္နံပါတ္(၁၉)ျဖစ္သည္။ အခ်က္ နံပါတ္(၁၉)တြင္ က်န္းမာေရးအေျခအေနႏွင့္ပတ္ သက္၍ေရးသြင္းခိုင္းထားၿပီး စစ္မႈထမ္းေဆာင္ျခင္းမွ တိမ္းေရွာင္လႊဲဖယ္လိုသည့္အႀကံျဖင့္ မိမိ၏ က်န္း မာေရးအေျခအေနႏွင့္ပတ္သက္၍ မမွန္မကန္ေဖာ္ျပ ေရးသြင္းပါက ျပည္သူ႔စစ္မႈထမ္း ဥပေဒပုဒ္မ- (၂၄) ပါ ျပဌာန္းခ်က္မ်ားႏွင့္ပါ ၿငိစြန္းမည္ျဖစ္သည္။ ျပည္သူ႔စစ္မႈထမ္းဥပေဒ ပုဒ္မ- (၂၄) တြင္ ပုဒ္မခြဲ(က)မွ (စ) ထိ (၆)ခ်က္ပါရွိၿပီး အႏွစ္ခ်ဳပ္ရေသာ္ စစ္မႈ ထမ္းေဆာင္ျခင္းမွ တိမ္းေရွာင္လႊဲဖယ္လိုသည့္ အႀကံျဖင့္ မိမိ၏ ခႏၶာကိုယ္/ က်န္းမာေရးမ်ားႏွင့္ပတ္သက္၍ မမွန္မကန္ျပဳမူေဆာင္႐ြက္ထားၿပီး ထိုသို႔ျပဳမူ ေဆာင္ ႐ြက္ထားေၾကာင္း ျပစ္မႈထင္ရွားစီရင္ျခင္းခံရ ပါက ငါးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြ ဒဏ္ျဖစ္ ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္ဟု ျပ႒ာန္းထားသည္။

ထိုသို႔ဆိုလွ်င္ အႏွစ္ခ်ဳပ္ရေသာ္ ပုံစံ(၃-က)သည္ ပုံစံ(၂)ျဖင့္ မွတ္ပုံတင္ရန္ဆင့္ေခၚျခင္းခံရသူ ကိုယ္တိုင္က မွတ္ပုံတင္ေရးသြင္းရမည့္ပုံစံျဖစ္ၿပီး အဆိုပါ ပုံစံ(၃-က)ပါ အခ်က္အလက္ (၂၆) ခ်က္ အား မမွန္မကန္ေဖာ္ျပေရးသြင္းပါက ျပည္သူ႔စစ္မႈထမ္းဥပေဒ ပုဒ္မ- ၂၃(င)၊ ၂၄ တို႔ျဖင့္ ၿငိစြန္းႏိုင္ၿပီး ပုံစံ(၃-က)ပါ အခ်က္အလက္ (၂၆) ခ်က္အနက္ အ ခ်က္နံပါတ္(၁၉)တစ္ခုတည္းကိုသာ မမွန္မကန္ေဖာ္ျပေရး သြင္းပါက ျပည္သူ႔စစ္မႈထမ္းဥပေဒပုဒ္မ- (၂၄) ပါျပ႒ာန္းခ်က္မ်ားႏွင့္ ၿငိစြန္းႏိုင္ကာ တရားစြဲဆို အေရးယူ ျခင္းခံရမည္ျဖစ္ပါသည္။

ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္ တြဲပါ ပုံစံ(၃-က)ႏွင့္ပတ္သက္၍ ထပ္မံေဖာ္ျပေပး လို သည္မွာ အဆိုပါပုံစံ(၃-က)ပါ အခ်က္အလက္(၂၆)ခ်က္အနက္ အခ်က္နံပါတ္(၁၀)ျဖစ္သည္။ အ ခ်က္နံပါတ္(၁၀)တြင္ ျပည္သူ႔စစ္မႈထမ္းအျဖစ္ ဦးစားေပးတာဝန္ထမ္းေဆာင္ရန္ ဆႏၵျပဳ/မျပဳ အေပၚ ဆႏၵျပဳခိုင္းထားၿပီး (ဆႏၵျပဳသူအေရအတြက္သည္ လိုအပ္သည့္အေရအတြက္ မျပည့္မီလွ်င္ က်န္သူမ်ား ကို မဲႏႈိက္ေ႐ြးခ်ယ္သည့္နည္းလမ္းျဖင့္ျဖစ္ေစ၊ ဗဟိုအဖြဲ႕က သတ္မွတ္ေပးသည့္ နည္းလမ္းျဖင့္ျဖစ္ ေစ ေ႐ြးခ်ယ္မည္ျဖစ္သည္) ဆိုသည့္ေဖာ္ျပခ်က္ပါရွိေနသည္။

ဆိုလိုသည္မွာ စစ္မႈထမ္းရန္အ႐ြယ္ေရာက္သူ မ်ားမွ ပုံစံ(၃-က) ျဖင့္ ကိုယ္တိုင္မွတ္ပုံတင္စာရင္း ေရးသြင္းၾကသည့္အခါ အခ်က္နံပါတ္(၁၀)တြင္ ျပည္ သူ႔စစ္မႈထမ္းအျဖစ္ ဦးစားေပးတာဝန္ထမ္းေဆာင္ လိုေၾကာင္း ဆႏၵျပဳခြင့္ရွိသကဲ့သို႔ ဆႏၵမျပဳခြင့္လဲရွိ သည့္ အခြင့္အေရးေပးထားျခင္းျဖစ္ၿပီး အကယ္၍ ဦးစားေပး စစ္မႈထမ္းရန္ဆႏၵျပဳသူအေရအတြက္သည္ အၿပီးသတ္ ျပည္သူ႔စစ္မႈထမ္းအျဖစ္တာဝန္ထမ္း ေဆာင္ရမည့္အေရအတြက္အား ျပည့္မီပါက ဦးစား ေပးစစ္မႈထမ္းရန္ ဆႏၵမျပဳသူမ်ားအေနျဖင့္ သက္ ဆိုင္ရာျပည္သူ႔စစ္မႈထမ္းအျဖစ္တာဝန္ထမ္းေဆာင္ရမည့္ အပတ္စဥ္ကို(ယာယီ) ေရွာင္လႊဲခြင့္ရရွိသြား မည္ျဖစ္သည္။

အကယ္၍ ဦးစားေပးစစ္မႈထမ္းရန္ ဆႏၵျပဳသူ အေရအတြက္သည္ အၿပီးသတ္ ျပည္သူ႔စစ္မႈထမ္း အျဖစ္တာဝန္ထမ္းေဆာင္ရမည့္အေရအတြက္ကို ျပည့္မွီျခင္းမရွိပါက လိုအပ္သည့္အေရအတြက္ကိုသာ က်န္ဦးစားေပးစစ္မႈထမ္းရန္ဆႏၵမျပဳသူမ်ားကို မဲႏႈိက္ေ႐ြးခ်ယ္ျခင္းျဖင့္ လည္းေကာင္း၊ ျပည္သူ႔စစ္မႈထမ္း ဆင့္ေခၚေရးဗဟိုအဖြဲ႕က သတ္မွတ္ေပးသည့္ နည္းလမ္းျဖင့္လည္းေကာင္း ေ႐ြးခ်ယ္မည္သာျဖစ္သည္။ အဆိုပါ အေၾကာင္းအရာႏွင့္ပတ္သက္၍ ျပည္ သူ႔စစ္မႈထမ္း နည္းဥပေဒမ်ား၊ နည္းဥပေဒ-၃၁(က)၊ (ခ)၊ (ဂ) တို႔တြင္ ဆက္စပ္ျပ႒ာန္းပါရွိသည္ကိုလည္းေတြ႕ရွိရသည္။

ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္ တြဲပါ ပုံစံ(၃-ခ) သည္ စစ္မႈထမ္းရန္အ႐ြယ္ ေရာက္သူအျဖစ္ ကိုယ္စားမွတ္ပုံတင္စာရင္းသြင္းမည့္သူက ေရးသြင္းရန္ ပုံစံျဖစ္သည္။ ျပည္သူ႔စစ္မႈထမ္း နည္းဥပေဒမ်ား၊ နည္းဥပေဒ-၁၇(ဂ) တြင္ ၿမိဳ႕နယ္အဖြဲ႕ သည္ ဆင့္ေခၚျခင္းခံရသူ၏ကိုယ္စား မွတ္ပုံတင္ စာရင္းေရးသြင္းမည့္သူကို ပုံစံ(၃-ခ)တြင္ ျဖည့္စြက္ ေစ၍မွန္ကန္ေၾကာင္း လက္မွတ္ေရးထိုးရမည္ဟု ျပ႒ာန္းပါရွိသည္။

ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား၊ နည္းဥပ ေဒ- ၃၃(က)တြင္ ဥပေဒပုဒ္မ-၉ ပုဒ္မခြဲ(က)အရ စစ္မႈ ထမ္းရမည့္အသက္အ႐ြယ္ေရာက္သူ ႏိုင္ငံသား တိုင္းကို မွတ္ပုံတင္စာရင္းသြင္းရန္ ဆင့္ေခၚျခင္းခံရသူ သည္ လာေရာက္သတင္းပို႔ရန္ ပ်က္ကြက္ပါက ၿမိဳ႕နယ္အဖြဲ႕သည္ ပ်က္ကြက္သူ၏ မိသားစုဝင္တစ္ဦး ဦး သည္ ဆင့္ေခၚျခင္းခံရသူမွာ မည္သည့္အေၾကာင္းေၾကာင့္ပ်က္ကြက္ေနသည္ သို႔မဟုတ္ မည္သည့္ ေနရာ ေဒသသို႔ ေရာက္ရွိေနသည္ကို ခိုင္လုံသည့္ အေထာက္အထားမ်ားႏွင့္အတူတင္ျပ၍ ကိုယ္စားမွတ္ပုံတင္ စာရင္းသြင္းရန္ သတင္းပို႔ရမည္ဟုလည္း ေကာင္း၊ အဆိုပါ နည္းဥပေဒ-၃၃(ခ)တြင္ ပ်က္ကြက္ ေနသူ၏ မိသားစုဝင္ တစ္ဦးဦးက နည္းဥပေဒခြဲ(က)ကို လိုက္နာျခင္းမရွိလွ်င္ျဖစ္ေစ ခိုင္လုံေသာ အေထာက္အ ထားတစ္စုံ တစ္ရာတင္ျပႏိုင္ျခင္းမရွိလွ်င္ ျဖစ္ေစ သတင္းပို႔ရန္ ပ်က္ကြက္ေနသူသည္ ျပည္သူ႔ စစ္မႈထမ္း ျခင္းကို ေရွာင္လႊဲျခင္းျဖင့္ ျပည္သူ႔စစ္မႈထမ္း ဥပေဒပုဒ္မ- (၂၃) ပုဒ္မခြဲ(က)ကို ေဖာက္ဖ်က္က်ဴးလြန္ သည္ဟု မွတ္ယူရမည္ ဟုလည္းေကာင္း ျပ႒ာန္း ပါရွိရာ ပုံစံ (၂) ျဖင့္ မွတ္ပုံတင္စာရင္းသြင္းရန္ ဆင့္ ေခၚျခင္းခံရသူမွာ ကိုယ္တိုင္မရွိပါက ၎၏ မိသားစု ဝင္တစ္ဦးဦးသည္ ပုံစံ (၃-ခ) ျဖင့္ ကိုယ္စားမွတ္ပုံ တင္စာရင္းသြင္းေပးရန္လိုအပ္သည္ကို ေတြ႕ရွိရသည္။
ဆိုလိုသည္မွာ ျပည္သူ႔စစ္မႈထမ္းနည္းဥပေဒမ်ား ေနာက္ဆက္တြဲပါ ပုံစံ(၃-ခ) မွာ ေမာင္ျဖဴသည္ ပုံစံ(၂)ျဖင့္ မွတ္ပုံတင္ရန္ ဆင့္ေခၚျခင္းခံရၿပီး ေမာင္ျဖဴမွ စာရင္းလာေရာက္ေပးသြင္းျခင္းမရွိဘဲ ပ်က္ ကြက္ေနလွ်င္ ေမာင္ျဖဴ၏မိသားစုဝင္တစ္ဦးဦးမွ ေမာင္ျဖဴ၏ စာရင္းလာေရာက္ေရးသြင္းျခင္းမရွိရသည့္ အေၾကာင္းရင္းကို ခိုင္လုံေသာအေထာက္အထားျဖင့္ ကိုယ္စားလာေရာက္စာရင္းေပးသြင္းရမည့္ပုံစံျဖစ္သည္။

ေမာင္ျဖဴ၏မိသားစုဝင္တစ္ဦးဦးမွ ေမာင္ျဖဴ ကိုယ္တိုင္၏ပ်က္ကြက္မႈကို ခိုင္လုံေသာအေထာက္ အထား မတင္ျပႏိုင္လွ်င္ေသာ္လည္းေကာင္း၊ ကိုယ္ စား စာရင္းေပးသြင္းျခင္းမျပဳလွ်င္ေသာ္လည္း ေကာင္းေမာင္ျဖဴကို ပုံစံ(၂)ျဖင့္ စာရင္းလာေရာက္ ေရးသြင္းရန္ပ်က္ကြက္သည္ဟုမွတ္ယူကာ ျပည္သူ႔ စစ္မႈထမ္းဥပေဒပုဒ္မ -၂၃(က) ျဖင့္ တရားစြဲဆိုအေရးယူျခင္းခံရမည္ျဖစ္သည္။
ပုံစံ(၃-ခ) တြင္ ျဖည့္စြက္ေရးသြင္းရမည့္အခ်က္ အလက္ေပါင္း (၂၇)ခ်က္ ပါဝင္ၿပီး ပုံစံ(၃-က) ထက္ (၁)ခ်က္ပိုပါရွိသည္ကိုေတြ႕ရွိရကာ အဆိုပါ အပိုပါရွိသည့္အခ်က္မွာ အခ်က္နံပါတ္ (၂၆)ျဖစ္သည္။ အခ်က္နံပါတ္ (၂၆) တြင္ စစ္မႈထမ္းရန္အ႐ြယ္ေရာက္သူႏွင့္ ကိုယ္စားမွတ္ပုံတင္စာရင္းသြင္းသူ၏ ေတာ္ စပ္ပုံ (တိက် ျပည့္စုံစြာေရးသားေဖာ္ျပရန္) ဟုပါရွိကာ က်န္အခ်က္အလက္ေပါင္း (၂၆)ခ်က္မွာ ပုံစံ(၃-က)ပါ အခ်က္အလက္ေပါင္း(၂၆)ခ်က္ႏွင့္အတူတူပင္ျဖစ္သည္ကို ေတြ႕ရွိရသည္။

ပုံစံ(၃-ခ) ျဖင့္ ကိုယ္စားမွတ္ပုံတင္စာရင္းေရးသြင္းမည့္သူအေနျဖင့္ မိမိေရးသြင္းေပးရမည့္သူ၏ အခ်က္အလက္မ်ားကိုလည္း မွန္မွန္ကန္ကန္ျပည့္စုံ စြာေရးသြင္းေပးရန္လိုအပ္သည္။ ျပည္သူ႔စစ္မႈထမ္း ဥပေဒပုဒ္မ-(၂၆) တြင္မည္သူမဆိုျပည္သူ႔စစ္မႈထမ္းဥပေဒပါ ျပစ္မႈတစ္ရပ္ရပ္ကို အားေပးကူညီေၾကာင္း ျပစ္မႈ ထင္ရွားစီရင္ျခင္းခံရလွ်င္ ထိုသူကို တစ္ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ ေငြဒဏ္ ျဖစ္ေစ၊ ဒဏ္ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ရမည္ဟုျပဌာန္းပါရွိရာ အဆိုပါျပဌာန္းခ်က္မွာ ကိုယ္စားေရးသြင္းေပးမည့္ သူမ်ားအေနျဖင့္ သတိထားရမည့္ျပဌာန္းခ်က္ တစ္ခုျဖစ္သည္။ ထိုသို႔ဆိုလွ်င္ အႏွစ္ခ်ဳပ္ရေသာ္ ပုံစံ(၃-ခ)သည္ ပုံစံ (၂) ျဖင့္ မွတ္ပုံတင္ရန္ဆင့္ေခၚ ျခင္းခံရသူအတြက္ ၎၏မိသားစုဝင္တစ္ဦးဦးမွ ကိုယ္စား မွတ္ပုံတင္ေရးသြင္းရမည့္ပုံစံျဖစ္သည္။ ထိုသို႔ ကိုယ္စားမွတ္ပုံတင္ေရးသြင္းေပးရာတြင္ အဆိုပါ ကိုယ္စား မွတ္ပုံတင္ေရးသြင္းေပးသူအေနျဖင့္ ျပည္သူ႔စစ္မႈထမ္းဥပေဒ ပုဒ္မ- (၂၆)ကို ဂ႐ုျပဳ၍ ျဖည့္စြက္ေရးသြင္း ေပးရန္ လိုအပ္ပါေၾကာင္း ေရးသားတင္ျပလိုက္ရပါသည္။
(ဆက္လက္ေဖာ္ျပပါမည္)

© 2021. All rights reserved.