မက္ကဆီကို ၊ တရုတ် နှင့် ကနေဒါနိုင်ငံတို့မှ တင်သွင်းသောကုန်စည်များကို လာမည့်ရက်ပိုင်းအတွင်း ကုန်သွယ်ခွန်စတင်ကောက်မည်ဟု ဒေါ်နယ်ထရမ့် ပြော

 265

ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၂၈

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် မက္ကဆီကိုနှင့် ကနေဒါနိုင်ငံတို့မှ တင်သွင်းသော ကုန် စည်များကို လာမည့်ရက်ပိုင်းမှစတင်ပြီးအခွန် (၂၅) ရာခိုင်နှုန်းတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ထို့ပြင် အမေရိကန် သမ္မတက တရုတ်နိုင်ငံမှအမေရိကန်နိုင်ငံသို့တင် သွင်းခဲ့သောကုန်စည်များကို နောက်ထပ် အခွန်(၁၀) ရာခိုင်နှုန်းကောက်ခံမည်ဖြစ်သည်ဟု ထပ်မံပြောဆိုခဲ့သည်။

အမေရိကန်သမ္မတက ကနေဒါ၊ မက္ကဆီကို နှင့်တရုတ်နိုင်ငံတို့သည် အမေရိကန်နိုင်ငံသို့ တရား မဝင်မူးယစ်ဆေးဝါးများတင်သွင်းရာတွင် ဆက်နွှယ်နေခြင်းများရှိနေကြောင်း ပြောသည်။

အမေရိကန်အစိုးရသည် တရုတ်နိုင်ငံမှ တင်သွင်းသောကုန်စည်များကို အခွန်ကောက်ခံရန် စီစဉ်နေကြောင်း သတင်းများထွက်ပေါ်လာခဲ့ပြီး နောက် တရုတ်အစိုးရကလည်း အမေရိကန်နိုင်ငံကို လက်တုံ့ပြန်ရန် အခွန်ပြန်လည်ကောက်မည့် အစီအစဉ်ကို ပြီးခဲ့သောသီတင်းပတ်အတွင်း အစီအမံများ ချမှတ်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

အမေရိကန်သမ္မတက အစိုးရသည် တရုတ် နိုင်ငံကို အခွန်ထပ်မံတိုးကောက်ရန်နှင့် မက္ကဆီ၊ က နေဒါနိုင်ငံများကို မတ်လ(၄)ရက်မှစတင်ပြီး အခွန် ကောက်ခံရန်ဆုံးဖြတ်ခဲ့ကြောင်း ပြောသည်။ အမေရိ ကန်အစိုးရတာဝန်ရှိသူတစ်ဦးက "မက္ကဆီကို၊ တရုတ် နဲ့ ကနေဒါနိုင်ငံတို့ကို အခွန်ကောက်ခံမယ့် အစီ အစဉ်နဲ့ပတ်သက်ပြီးဆွေးနွေးနေတယ်။ တရားမဝင်ရွှေ့ပြောင်းအခြေချမှုပြဿနာကို ကောင်းစွာကိုင်တွယ် ဖြေရှင်းနိုင်ခဲ့ပေမယ့် မူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်ပြီးသေဆုံးမှုနဲ့ အခြားပြဿနာအတွက် စိုးရိမ်မှုများရှိနေဆဲဖြစ်နေပါတယ်"ဟု ပြောသည်။

မက္ကဆီကိုနိုင်ငံသည် မူးယစ်ရာဇာဖြစ် သော ရာဖယ်ကာရိုကွန်တီရို အပါအဝင် မူးယစ်ဆေး ဝါးဂိုဏ်းခေါင်းဆောင်များ အနည်းဆုံး (၃၀)နီးပါးကို အမေရိကန်နိုင်ငံသို့ လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အမေရိကန်နိုင်ငံသို့ တရားမဝင်တင် သွင်းသော မူးယစ်ဆေးဝါးများကြောင့် (၂၀၂၃)ခုနှစ်အတွင်းတွင် အမေရိကန်နိုင်ငံသား (၇၂၇၇၆)ဦးသေဆုံးခဲ့ကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးတာဝန်ရှိသူများက ပြောသည်။

အမေရိကန်နိုင်ငံတွင် ဒေါ်နယ်ထရမ့် တာဝန်ယူခဲ့ပြီးနောက် ယခင်အစိုးရက သတ်မှတ်ခဲ့ သောအမိန့်စည်းကမ်းများကို ပယ်ဖျက်ခဲ့ပြီး စည်း ကမ်းအမိန့်များကို ထပ်မံထုတ်ပြန်ခဲ့ကြောင်း သိရ သည်။ အမေရိကန်နိုင်ငံအတွင်းသို့တရားမဝင် တင် ပို့နေသော မူးယစ်ဆေးဝါးများ၊ တရားမဝင်ရွှေ့ပြောင်း သူများဝင်ရောက်မှုနှင့်ဆက်နွှယ်ပြီး မက္ကဆီကို၊ က နေဒါနိုင်ငံတို့ကို ပစ်မှတ်ထားကာ ကုန်သွယ်ခွန်များ ကောက်ခံမည်ဟု ယခုလအစောပိုင်းတွင်သတင်း ထုတ်ပြန်ခဲ့ဖူးသည်။

zawgyi version
မကၠဆီကို ၊ တ႐ုတ္ ႏွင့္ ကေနဒါႏိုင္ငံတို႔မွ တင္သြင္းေသာကုန္စည္မ်ားကို လာမည့္ရက္ပိုင္းအတြင္း ကုန္သြယ္ခြန္စတင္ေကာက္မည္ဟု ေဒၚနယ္ထရမ့္ ေျပာ
ဂ်န္ဇက္ (NP News) - ေဖေဖာ္ဝါရီ ၂၈

အေမရိကန္သမၼတ ေဒၚနယ္ထရမ့္သည္ မကၠဆီကိုႏွင့္ ကေနဒါႏိုင္ငံတို႔မွ တင္သြင္းေသာ ကုန္ စည္မ်ားကို လာမည့္ရက္ပိုင္းမွစတင္ၿပီးအခြန္ (၂၅) ရာခိုင္ႏႈန္းတိုးျမႇင့္ေကာက္ခံသြားမည္ျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ ထို႔ျပင္ အေမရိကန္ သမၼတက တ႐ုတ္ႏိုင္ငံမွအေမရိကန္ႏိုင္ငံသို႔တင္ သြင္းခဲ့ေသာကုန္စည္မ်ားကို ေနာက္ထပ္ အခြန္(၁၀) ရာခိုင္ႏႈန္းေကာက္ခံမည္ျဖစ္သည္ဟု ထပ္မံေျပာဆိုခဲ့သည္။

အေမရိကန္သမၼတက ကေနဒါ၊ မကၠဆီကို ႏွင့္တ႐ုတ္ႏိုင္ငံတို႔သည္ အေမရိကန္ႏိုင္ငံသို႔ တရား မဝင္မူးယစ္ေဆးဝါးမ်ားတင္သြင္းရာတြင္ ဆက္ႏႊယ္ေနျခင္းမ်ားရွိေနေၾကာင္း ေျပာသည္။

အေမရိကန္အစိုးရသည္ တ႐ုတ္ႏိုင္ငံမွ တင္သြင္းေသာကုန္စည္မ်ားကို အခြန္ေကာက္ခံရန္ စီစဥ္ေနေၾကာင္း သတင္းမ်ားထြက္ေပၚလာခဲ့ၿပီး ေနာက္ တ႐ုတ္အစိုးရကလည္း အေမရိကန္ႏိုင္ငံကို လက္တုံ႔ျပန္ရန္ အခြန္ျပန္လည္ေကာက္မည့္ အစီအစဥ္ကို ၿပီးခဲ့ေသာသီတင္းပတ္အတြင္း အစီအမံမ်ား ခ်မွတ္လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

အေမရိကန္သမၼတက အစိုးရသည္ တ႐ုတ္ ႏိုင္ငံကို အခြန္ထပ္မံတိုးေကာက္ရန္ႏွင့္ မကၠဆီ၊ က ေနဒါႏိုင္ငံမ်ားကို မတ္လ(၄)ရက္မွစတင္ၿပီး အခြန္ ေကာက္ခံရန္ဆုံးျဖတ္ခဲ့ေၾကာင္း ေျပာသည္။ အေမရိ ကန္အစိုးရတာဝန္ရွိသူတစ္ဦးက "မကၠဆီကို၊ တ႐ုတ္ နဲ႔ ကေနဒါႏိုင္ငံတို႔ကို အခြန္ေကာက္ခံမယ့္ အစီ အစဥ္နဲ႔ပတ္သက္ၿပီးေဆြးေႏြးေနတယ္။ တရားမဝင္ေ႐ႊ႕ေျပာင္းအေျခခ်မႈျပႆနာကို ေကာင္းစြာကိုင္တြယ္ ေျဖရွင္းႏိုင္ခဲ့ေပမယ့္ မူးယစ္ေဆးဝါးနဲ႔ ဆက္ႏႊယ္ၿပီးေသဆုံးမႈနဲ႔ အျခားျပႆနာအတြက္ စိုးရိမ္မႈမ်ားရွိေနဆဲျဖစ္ေနပါတယ္"ဟု ေျပာသည္။

မကၠဆီကိုႏိုင္ငံသည္ မူးယစ္ရာဇာျဖစ္ ေသာ ရာဖယ္ကာ႐ိုကြန္တီ႐ို အပါအဝင္ မူးယစ္ေဆး ဝါးဂိုဏ္းေခါင္းေဆာင္မ်ား အနည္းဆုံး (၃၀)နီးပါးကို အေမရိကန္ႏိုင္ငံသို႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း သိရသည္။ အေမရိကန္ႏိုင္ငံသို႔ တရားမဝင္တင္ သြင္းေသာ မူးယစ္ေဆးဝါးမ်ားေၾကာင့္ (၂၀၂၃)ခုႏွစ္အတြင္းတြင္ အေမရိကန္ႏိုင္ငံသား (၇၂၇၇၆)ဦးေသဆုံးခဲ့ေၾကာင္း အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးတာဝန္ရွိသူမ်ားက ေျပာသည္။

အေမရိကန္ႏိုင္ငံတြင္ ေဒၚနယ္ထရမ့္ တာဝန္ယူခဲ့ၿပီးေနာက္ ယခင္အစိုးရက သတ္မွတ္ခဲ့ ေသာအမိန႔္စည္းကမ္းမ်ားကို ပယ္ဖ်က္ခဲ့ၿပီး စည္း ကမ္းအမိန႔္မ်ားကို ထပ္မံထုတ္ျပန္ခဲ့ေၾကာင္း သိရ သည္။ အေမရိကန္ႏိုင္ငံအတြင္းသို႔တရားမဝင္ တင္ ပို႔ေနေသာ မူးယစ္ေဆးဝါးမ်ား၊ တရားမဝင္ေ႐ႊ႕ေျပာင္း သူမ်ားဝင္ေရာက္မႈႏွင့္ဆက္ႏႊယ္ၿပီး မကၠဆီကို၊ က ေနဒါႏိုင္ငံတို႔ကို ပစ္မွတ္ထားကာ ကုန္သြယ္ခြန္မ်ား ေကာက္ခံမည္ဟု ယခုလအေစာပိုင္းတြင္သတင္း ထုတ္ျပန္ခဲ့ဖူးသည္။

Related news

© 2021. All rights reserved.