ရှေးဟောင်းဝတ္ထုပစ္စည်းများ လှူဒါန်းခြင်းနှင့် အပ်နှံသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေ ချီးမြှင့်ပေးအပ်

 322

ချယ်ရီ(NP News)မတ် ၁
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသို့ ရှေးဟောင်းဝတ္ထုပစ္စည်းများ လှူဒါန်းခြင်းနှင့် အပ်နှံသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုကြေးငွေ ချီးမြှင့်ပေးအပ်ခဲ့ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဂုဏ်ပြုအခမ်းအနားကို ယမန်နေ့(ဖေဖော်ဝါရီလ ၂၈ ရက်)၊ နံနက်ပိုင်း ၁၁ နာရီအချိန်ခန့်က နေပြည်တော်ရှိ အမျိုးသားပြတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် နေပြည်တော်၊ ပျဉ်းမနားမြို့နယ်မှ ဦးဝင်းကိုကိုက ၎င်းစုဆောင်းသိမ်းဆည်းထားသော ဟံသာဝတီခေတ် ဟင်္သာအလေး(၂)ခု၊ ကုန်းဘောင်ခေတ် တိုးနယား အလေး(၁)ခု၊ ကြေးခေတ် မြေအိုး(၁)ခုတို့ကို လာရောက်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့မှ ဦးဆန်းညွန့်မျိုး စုဆောင်းသိမ်းဆည်းထားသော ပျူခေတ်ငွေဒင်္ဂါး(၅)ခု၊ ငွေလက်စွပ်(ကွင်းသေး)(၁) ကွင်း၊ ငွေလက်ကောက်(၁)ကွင်း၊ ငွေပြားကွပ်ကြေးနန်းခံ(ကျိုး)(၁)ကွင်း၊ သတ္တုပါဝင်မှုမရှိသည့် လက်ကောက်(၁)ကွင်း၊ ကြေးလက်ကောက်အပိုင်းအစ(၁)ကွင်းနှင့် ကြေးလင်ဗန်း (ငယ်)(၁)တို့ကို လာရောက်အပ်နှံကြသောကြောင့် ဂုဏ်ပြုမှတ်တမ်းလွှာ နှင့် ဂုဏ်ပြုဆုကြေးငွေ (၆၈၀,၅၄၈)ကျပ်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ထို့နောက် နေပြည်တော်၊ အမှတ်(၂) တပ်မတော်ဆေးရုံးကြီး ကုတင်(၁၀၀၀)စစ်ဆေးရုံမှ ဗိုလ်ကြီး မင်းဝေအောင်၏ ဘိုးဘွားအစဉ်အဆက် ထိန်းသိမ်းထားသော ဟံသာဝတီခေတ် ဟင်္သာအလေး(၁)ခုကို လာရောက်အပ်နှံခြင်းအတွက် ချီးမြှင့်ငွေ (၃၃၀,၀၀၀)ကျပ်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေရွးေဟာင္းဝတၳဳပစၥည္းမ်ား လႉဒါန္းျခင္းႏွင့္ အပ္ႏွံသူမ်ားကို ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဆုေၾကးေငြ ခ်ီးျမႇင့္ေပးအပ္
ခ်ယ္ရီ(NP News)မတ္ ၁
ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနသို႔ ေရွးေဟာင္းဝတၳဳပစၥည္းမ်ား လႉဒါန္းျခင္းႏွင့္ အပ္ႏွံသူမ်ားကို ဂုဏ္ျပဳမွတ္တမ္းလႊာႏွင့္ ဆုေၾကးေငြ ခ်ီးျမႇင့္ေပးအပ္ခဲ့ေၾကာင္း ေရွးေဟာင္းသုေတသနႏွင့္ အမ်ိဳးသားျပတိုက္ဦးစီးဌာနမွ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါ ဂုဏ္ျပဳအခမ္းအနားကို ယမန္ေန႔(ေဖေဖာ္ဝါရီလ ၂၈ ရက္)၊ နံနက္ပိုင္း ၁၁ နာရီအခ်ိန္ခန႔္က ေနျပည္ေတာ္ရွိ အမ်ိဳးသားျပတိုက္တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။

အခမ္းအနားတြင္ ေနျပည္ေတာ္၊ ပ်ဥ္းမနားၿမိဳ႕နယ္မွ ဦးဝင္းကိုကိုက ၎စုေဆာင္းသိမ္းဆည္းထားေသာ ဟံသာဝတီေခတ္ ဟသၤာအေလး(၂)ခု၊ ကုန္းေဘာင္ေခတ္ တိုးနယား အေလး(၁)ခု၊ ေၾကးေခတ္ ေျမအိုး(၁)ခုတို႔ကို လာေရာက္လႉဒါန္းရာ ဂုဏ္ျပဳမွတ္တမ္းလႊာေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ထို႔ျပင္ ပဲခူးတိုင္းေဒသႀကီး၊ ေရတာရွည္ၿမိဳ႕မွ ဦးဆန္းၫြန႔္မ်ိဳး စုေဆာင္းသိမ္းဆည္းထားေသာ ပ်ဴေခတ္ေငြဒဂၤါး(၅)ခု၊ ေငြလက္စြပ္(ကြင္းေသး)(၁) ကြင္း၊ ေငြလက္ေကာက္(၁)ကြင္း၊ ေငြျပားကြပ္ေၾကးနန္းခံ(က်ိဳး)(၁)ကြင္း၊ သတၱဳပါဝင္မႈမရွိသည့္ လက္ေကာက္(၁)ကြင္း၊ ေၾကးလက္ေကာက္အပိုင္းအစ(၁)ကြင္းႏွင့္ ေၾကးလင္ဗန္း (ငယ္)(၁)တို႔ကို လာေရာက္အပ္ႏွံၾကေသာေၾကာင့္ ဂုဏ္ျပဳမွတ္တမ္းလႊာ ႏွင့္ ဂုဏ္ျပဳဆုေၾကးေငြ (၆၈၀,၅၄၈)က်ပ္ကို ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေနျပည္ေတာ္၊ အမွတ္(၂) တပ္မေတာ္ေဆး႐ုံးႀကီး ကုတင္(၁၀၀၀)စစ္ေဆး႐ုံမွ ဗိုလ္ႀကီး မင္းေဝေအာင္၏ ဘိုးဘြားအစဥ္အဆက္ ထိန္းသိမ္းထားေသာ ဟံသာဝတီေခတ္ ဟသၤာအေလး(၁)ခုကို လာေရာက္အပ္ႏွံျခင္းအတြက္ ခ်ီးျမႇင့္ေငြ (၃၃၀,၀၀၀)က်ပ္ကို ေပးအပ္ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.