ဂျပန်နိုင်ငံမှာ ဆယ်စုနှစ်များစွာအတွင်း အကြီးဆုံး တောမီးလောင်ကျွမ်းမှုဖြစ်ပွား

 296

ရောင်နီ (NP News) - မတ် ၂

ဂျပန်နိုင်ငံမှာ ဆယ်စုနှစ် သုံးခုကျော်အတွင်း အကြီးမားဆုံး တောမီးလောင်ကျွမ်းမှုနဲ့ရင်ဆိုင်နေရပြီး လူတစ်ဦး သေဆုံးကာ လူတစ်ထောင်ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ရတယ်လို့ စနေနေ့ (မတ်လ ၁ ရက်) သတင်းအရ သိရပါတယ်။
ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ ၂၆ ရက်) က အိုင်ဝါတီမြောက်ပိုင်းဒေသ၊ အော့ဖူနာတို သစ်တောမှာ မီး စတင်လောင်ကျွမ်း ခဲ့ပြီး ဟက်တာ ၁၂၀၀ ခန့် မီးလောင်ခဲ့တယ်လို့ မီးသတ်နဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေး အေဂျင်စီက ပြောကြားပါတယ်။
"ထိခိုက်ခဲ့တဲ့ ဧရိယာအရွယ်အစားကို စစ်ဆေးနေတုန်းပဲ၊ ဒါပေမယ့် ဒါဟာ ၁၉၉၂ ခုနှစ်တုန်းက ဟော့ကိုင်းဒိုး၊ ကူရှီရိုမှာ တောမီးလောင်ကျွမ်းမှုနောက်ပိုင်း အကြီးမားဆုံး တောမီးဖြစ်တယ်" လို့ အေဂျင်စီ ပြောရေးဆိုခွင့်ရှိသူက AFP ကို ပြောပါတယ်။
အဲဒီတုန်းက မီးလောင်မှုမှာ စံချိန်တင် ဟက်တာ ၁၀၃၀ ထိ လောင်ကျွမ်းခဲ့တာဖြစ်ပါတယ်။ လက်ရှိ တောမီး လောင်ကျွမ်းမှုကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံတစ်ဝှမ်းမှ မီးသတ်သမား ၁၇၀၀ ခန့် ဖြန့်ကျက်ဆောင်ရွက်နေတယ်လို့ အေဂျင်စီက ပြောကြားပါတယ်။
ရုပ်သံလွှင့် သတင်းဌာန NHK မှ ဖော်ပြတဲ့ပုံရိပ်တွေအရ ဝေဟင်မှာ အဖြူရောင်မီးခိုးလုံးတွေ လျှံတက်နေပြီး တောင်တစ်ခုလုံးကို မီးခိုးတွေနဲ့ ဖုံးလွှမ်းထားတာတွေ့ရပါတယ်။ ကြာသပတေးနေ့(ဖေဖော်ဝါရီ ၂၇ ရက်) မှာတော့ မီးလောင်ခံထားရပြီး သေဆုံးနေတဲ့ လူတစ်ဦးရဲ့ရုပ်အလောင်းကို ဒေသခံရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။ မီးလောင်မှု အနီးနားရှိ နေထိုင်သူ ၁၀၀၀ ကျော်ကို ဘေးလွတ်ရာရွှေ့ပြောင်းပေးခဲ့ပြီး သောကြာနေ့(ဖေဖော်ဝါရီ ၂၉ ရက်) အထိ အတွင်း အဆောက်အဦး ၈၀ ကျော် ပျက်စီးခဲ့ပြီဖြစ်တယ်လို့ အော့ဖူနာတို မြူနီစီပယ်က ပြောကြားပါတယ်။ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
၂၀၂၃ ခုနှစ်ကလည်း ဂျပန်နိုင်ငံတစ်ဝှမ်း တောမီးလောင်ကျွမ်းမှု ၁၃,၀၀ ခန့်ဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီမှ ဧပြီလ အတွင်းဟာ လေထုရေဓာတ်ခြောက်သွေ့ပြီး လေပြင်းတွေကြောင့် တောမီးလောင်ကျွမ်းမှု ပိုများတယ်လို့ သိရပါတယ်။

Zawgyi Version:
ဂ်ပန္ႏိုင္ငံမွာ ဆယ္စုႏွစ္မ်ားစြာအတြင္း အႀကီးဆုံး ေတာမီးေလာင္ကြၽမ္းမႈျဖစ္ပြား
ေရာင္နီ (NP News) - မတ္ ၂

ဂ်ပန္ႏိုင္ငံမွာ ဆယ္စုႏွစ္ သုံးခုေက်ာ္အတြင္း အႀကီးမားဆုံး ေတာမီးေလာင္ကြၽမ္းမႈနဲ႔ရင္ဆိုင္ေနရၿပီး လူတစ္ဦး ေသဆုံးကာ လူတစ္ေထာင္ေက်ာ္ကို ေဘးလြတ္ရာေ႐ႊ႕ေျပာင္းခဲ့ရတယ္လို႔ စေနေန႔ (မတ္လ ၁ ရက္) သတင္းအရ သိရပါတယ္။
ဗုဒၶဟူးေန႔ (ေဖေဖာ္ဝါရီ ၂၆ ရက္) က အိုင္ဝါတီေျမာက္ပိုင္းေဒသ၊ ေအာ့ဖူနာတို သစ္ေတာမွာ မီး စတင္ေလာင္ကြၽမ္း ခဲ့ၿပီး ဟက္တာ ၁၂၀၀ ခန႔္ မီးေလာင္ခဲ့တယ္လို႔ မီးသတ္နဲ႔ သဘာဝေဘးအႏၲရာယ္စီမံခန႔္ခြဲေရး ေအဂ်င္စီက ေျပာၾကားပါတယ္။
"ထိခိုက္ခဲ့တဲ့ ဧရိယာအ႐ြယ္အစားကို စစ္ေဆးေနတုန္းပဲ၊ ဒါေပမယ့္ ဒါဟာ ၁၉၉၂ ခုႏွစ္တုန္းက ေဟာ့ကိုင္းဒိုး၊ ကူရွီ႐ိုမွာ ေတာမီးေလာင္ကြၽမ္းမႈေနာက္ပိုင္း အႀကီးမားဆုံး ေတာမီးျဖစ္တယ္" လို႔ ေအဂ်င္စီ ေျပာေရးဆိုခြင့္ရွိသူက AFP ကို ေျပာပါတယ္။
အဲဒီတုန္းက မီးေလာင္မႈမွာ စံခ်ိန္တင္ ဟက္တာ ၁၀၃၀ ထိ ေလာင္ကြၽမ္းခဲ့တာျဖစ္ပါတယ္။ လက္ရွိ ေတာမီး ေလာင္ကြၽမ္းမႈကို ထိန္းခ်ဳပ္ႏိုင္ဖို႔ ႏိုင္ငံတစ္ဝွမ္းမွ မီးသတ္သမား ၁၇၀၀ ခန႔္ ျဖန႔္က်က္ေဆာင္႐ြက္ေနတယ္လို႔ ေအဂ်င္စီက ေျပာၾကားပါတယ္။
႐ုပ္သံလႊင့္ သတင္းဌာန NHK မွ ေဖာ္ျပတဲ့ပုံရိပ္ေတြအရ ေဝဟင္မွာ အျဖဴေရာင္မီးခိုးလုံးေတြ လွ်ံတက္ေနၿပီး ေတာင္တစ္ခုလုံးကို မီးခိုးေတြနဲ႔ ဖုံးလႊမ္းထားတာေတြ႕ရပါတယ္။ ၾကာသပေတးေန႔(ေဖေဖာ္ဝါရီ ၂၇ ရက္) မွာေတာ့ မီးေလာင္ခံထားရၿပီး ေသဆုံးေနတဲ့ လူတစ္ဦးရဲ႕႐ုပ္အေလာင္းကို ေဒသခံရဲတပ္ဖြဲ႕က ေတြ႕ရွိခဲ့ပါတယ္။ မီးေလာင္မႈ အနီးနားရွိ ေနထိုင္သူ ၁၀၀၀ ေက်ာ္ကို ေဘးလြတ္ရာေ႐ႊ႕ေျပာင္းေပးခဲ့ၿပီး ေသာၾကာေန႔(ေဖေဖာ္ဝါရီ ၂၉ ရက္) အထိ အတြင္း အေဆာက္အဦး ၈၀ ေက်ာ္ ပ်က္စီးခဲ့ၿပီျဖစ္တယ္လို႔ ေအာ့ဖူနာတို ျမဴနီစီပယ္က ေျပာၾကားပါတယ္။ မီးေလာင္ရတဲ့အေၾကာင္းရင္းကိုေတာ့ မသိရေသးပါဘူး။
၂၀၂၃ ခုႏွစ္ကလည္း ဂ်ပန္ႏိုင္ငံတစ္ဝွမ္း ေတာမီးေလာင္ကြၽမ္းမႈ ၁၃,၀၀ ခန႔္ျဖစ္ပြားခဲ့ၿပီး ေဖေဖာ္ဝါရီမွ ဧၿပီလ အတြင္းဟာ ေလထုေရဓာတ္ေျခာက္ေသြ႕ၿပီး ေလျပင္းေတြေၾကာင့္ ေတာမီးေလာင္ကြၽမ္းမႈ ပိုမ်ားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.