အမေရိကန်နိုင်ငံ၊ တန်နန်ဆက်မှာ မလိုအပ်ပဲ ဆေးဘက်ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေ လုပ်ဆောင်မှုကြောင့် မီးယပ်ဆရာဝန်တစ်ဦး ဖမ်းဆီးခံရ

224

ရောင်နီ (NP News) - မတ် ၂
အမေရိကန်နိုင်ငံ၊ တန်နန်ဆက်မှာ သားဖွားမီးယပ်ဆရာဝန်တစ်ဦးဟာ သန့်ရှင်းမှုမရှိတဲ့အခြေအနေအောက်မှာ အသုံးပြုပြီးသား ဆေးဘက်ဆိုင်ရာကိရိယာတွေနဲ့ လူနာကို ကုသပေးခဲ့မှုနဲ့ သောကြာနေ့ (ဖေဖော်ဝါရီ ၂၈ ရက်) က ဖမ်းဆီးခံရပါတယ်။
ဒေါက်တာ ဆန်ဂျီးဇ်ကူမား (၄၄ နှစ်) ဟာ တရားမ၀င် ခရီးသွား လူလေးဦးကို လိင်ပိုင်းဆိုင်ရာ သွေးဆောင်မှု၊ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို မသမာတဲ့နည်းနဲ့ အသုံးပြုမှု၊ ကျန်းမာရေးစောင့်ရှောက်မှုအပေါ် လိမ်လည်မှုတို့နဲ့ တရားစွဲဆိုထားတယ်လို့ တန်နန်ဆက်ပြည်နယ်၊ မန်ဖစ်မြို့ အမေရိကန်ရှေ့နေရုံးက ပြောကြားပါတယ်။
ကူးမားဟာ ၂၀၁၉ ခုနှစ် စက်တင်ဘာလမှ ၂၀၂၄ ခုနှစ် ဇွန်လအထိအတွင်း သန့်ရှင်းမှုမရှိတဲ့ အခြေအနေ တွေမှာ မလိုအပ်ပဲ ဆေးဘက်ဆိုင်ရာ လုပ်ငန်းစဉ်တွေ ပြုလုပ်ခဲ့ပြီး ဆေးဘက်ဆိုင်ရာကိရိယာတွေကိုလည်း စွန့်ပစ်ခြင်း (သို့မဟုတ်) စနစ်တကျပြန်လည်သန့်စင်ခြင်း မရှိပဲ လူနာတွေမှာ ပြန်လည်အသုံးပြုခဲ့တယ်လို့ ဆိုပါ တယ်။
ဒါအပြင် အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာစော်ကားခြင်းတို့ ပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။ ကူးမားဟာ ဆေးဘက်ဆိုင်ရာပစ္စည်းတွေကို ပြန်လည်အသုံးပြုနေတဲ့အကြောင်း လူနာကို မပြောပဲ လုပ်ထုံးလုပ်နည်းအရ သားအိမ်အတွင်းပိုင်းကြည့်ရှုဖို့ လိုအပ်သလို Medicare နဲ့ Medicaid တို့ကို အသုံးပြုခဲ့တယ်လို့ သိရပါတယ်။ ဒီလုပ်ရပ်ကြောင့် ထိခိုက်တဲ့ လူနာတွေ ရှိနိုင်တယ်လို့ ဖက်ဒရယ်အာဏာပိုင်တွေက ပြောကြားပါတယ်။
ကူးမားကိုလက်ရှိ ဖမ်းဆီးထားဆဲဖြစ်ပြီး ပြစ်ဒဏ်ချမှတ်ခြင်းတော့ မရှိသေးပါဘူး။
Zawgyi Version:
အေမရိကန္ႏိုင္ငံ၊ တန္နန္ဆက္မွာ မလိုအပ္ပဲ ေဆးဘက္ဆိုင္ရာလုပ္ထုံးလုပ္နည္းေတြ လုပ္ေဆာင္မႈေၾကာင့္ မီးယပ္ဆရာဝန္တစ္ဦး ဖမ္းဆီးခံရ
ေရာင္နီ (NP News) - မတ္ ၂
အေမရိကန္ႏိုင္ငံ၊ တန္နန္ဆက္မွာ သားဖြားမီးယပ္ဆရာဝန္တစ္ဦးဟာ သန႔္ရွင္းမႈမရွိတဲ့အေျခအေနေအာက္မွာ အသုံးျပဳၿပီးသား ေဆးဘက္ဆိုင္ရာကိရိယာေတြနဲ႔ လူနာကို ကုသေပးခဲ့မႈနဲ႔ ေသာၾကာေန႔ (ေဖေဖာ္ဝါရီ ၂၈ ရက္) က ဖမ္းဆီးခံရပါတယ္။
ေဒါက္တာ ဆန္ဂ်ီးဇ္ကူမား (၄၄ ႏွစ္) ဟာ တရားမ၀င္ ခရီးသြား လူေလးဦးကို လိင္ပိုင္းဆိုင္ရာ ေသြးေဆာင္မႈ၊ ေဆးဘက္ဆိုင္ရာပစၥည္းေတြကို မသမာတဲ့နည္းနဲ႔ အသုံးျပဳမႈ၊ က်န္းမာေရးေစာင့္ေရွာက္မႈအေပၚ လိမ္လည္မႈတို႔နဲ႔ တရားစြဲဆိုထားတယ္လို႔ တန္နန္ဆက္ျပည္နယ္၊ မန္ဖစ္ၿမိဳ႕ အေမရိကန္ေရွ႕ေန႐ုံးက ေျပာၾကားပါတယ္။
ကူးမားဟာ ၂၀၁၉ ခုႏွစ္ စက္တင္ဘာလမွ ၂၀၂၄ ခုႏွစ္ ဇြန္လအထိအတြင္း သန႔္ရွင္းမႈမရွိတဲ့ အေျခအေန ေတြမွာ မလိုအပ္ပဲ ေဆးဘက္ဆိုင္ရာ လုပ္ငန္းစဥ္ေတြ ျပဳလုပ္ခဲ့ၿပီး ေဆးဘက္ဆိုင္ရာကိရိယာေတြကိုလည္း စြန႔္ပစ္ျခင္း (သို႔မဟုတ္) စနစ္တက်ျပန္လည္သန႔္စင္ျခင္း မရွိပဲ လူနာေတြမွာ ျပန္လည္အသုံးျပဳခဲ့တယ္လို႔ ဆိုပါ တယ္။
ဒါအျပင္ အမ်ိဳးသမီးေတြကို လိင္ပိုင္းဆိုင္ရာေစာ္ကားျခင္းတို႔ ျပဳလုပ္ခဲ့တယ္လို႔ ဆိုထားပါတယ္။ ကူးမားဟာ ေဆးဘက္ဆိုင္ရာပစၥည္းေတြကို ျပန္လည္အသုံးျပဳေနတဲ့အေၾကာင္း လူနာကို မေျပာပဲ လုပ္ထုံးလုပ္နည္းအရ သားအိမ္အတြင္းပိုင္းၾကည့္ရႈဖို႔ လိုအပ္သလို Medicare နဲ႔ Medicaid တို႔ကို အသုံးျပဳခဲ့တယ္လို႔ သိရပါတယ္။ ဒီလုပ္ရပ္ေၾကာင့္ ထိခိုက္တဲ့ လူနာေတြ ရွိႏိုင္တယ္လို႔ ဖက္ဒရယ္အာဏာပိုင္ေတြက ေျပာၾကားပါတယ္။
ကူးမားကိုလက္ရွိ ဖမ္းဆီးထားဆဲျဖစ္ၿပီး ျပစ္ဒဏ္ခ်မွတ္ျခင္းေတာ့ မရွိေသးပါဘူး။