သံဃာ နှင့် လူ အပူမငြိမ်းနိုင်သေးသည့် မင်းကွန်းဒေသ

583

သန့်ဇင် (NP News) - ဇူလိုင် ၂၂
စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သာသနာ့နယ်မြေမင်းကွန်းဒေသသည် စေတီပုထိုးများကြောင့် ယခင်က ပြည်တွင်းပြည်ပမှ ခရီးသွားများဖြင့် စည်ကားပြီး အေးချမ်းသာယာခဲ့သည်။ ပြီးခဲ့သည့် (၂၀၂၂) ခုနှစ်မှစ၍ အဆိုပါမင်းကွန်းဒေသသို့ PDF အကြမ်းဖက်အဖွဲ့က တစ်စတစ်စ ရောက်ရှိလာကာ တိုက်ပွဲများ ဖော်ဆောင်ခဲ့သဖြင့် ဒေသခံများက နေရပ်စွန့်ခွာစစ်ဘေးရှောင်ခဲ့ကြရသည်။ သံဃာတော်များပါမကျန် စစ်၏အပူမီးကို ကြုံတွေ့ကြရသည်။ ထို့ပြင် လက်ရှိတွင်လည်း မင်းကွန်းဒေသ၌ PDF အဖွဲ့၏ မကြာခဏ တိုက်ပွဲဖော်ဆောင်မှုများကြောင့် ဒေသခံများအနေဖြင့် မိရိုးဖလာလုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်းမရှိဘဲ လူမှုစီးပွား အခက်အခဲများစွာ ရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ မင်းကွန်းဒေသခံတစ်ဦးကို NP News မှ ဆက်သွယ်မေးမြန်းထားသည့်အချက် အလက်များကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
မေး - လောလောဆယ် စစ်ကိုင်း - မင်းကွန်းဘက်က အခြေအနေလေး ပြောပြပေးပါဦး။ တပ်မတော်က မင်းကွန်းဒေသဘက်ကို ဘယ်လောက်အထိ ထိန်း ချုပ်ထားနိုင်လဲ။
ဖြေ - စစ်ကိုင်း - မင်းကွန်းဘက်မှာတော့ လော လောဆယ် နယ်မြေအေးချမ်းမှုမရှိသေးဘူး။ မင်း ကွန်းရွာဘက်တော့ တည်ငြိမ်အေးချမ်းတယ်။ မင်း ကွန်းနားက ပတ်ပတ်လည်ရွာတွေကတော့ အေးချမ်း မှုမရှိသေးဘူး။ PDF တွေကဝင်လာလိုက် တပ်မ တော်စစ်ကြောင်းက ထိုးစစ်ဆင်လိုက်နဲ့ဆိုတော့ ပြေး တမ်းလိုက်တမ်းကစားနေတာနဲ့တူတယ်။
မေး - နယ်မြေမတည်ငြိမ်သေးတော့ ဒေသခံတွေ ပြန်လည်ဝင်ရောက်မှုအခြေအနေက ဘယ်လိုရှိလဲ။
ဖြေ - အရင်ကတော့ ပြန်ဝင်လာကြတယ်။ ပြီးခဲ့တဲ့ (၆)လပိုင်း (၂၇)၊ (၂၈) တိုက်ပွဲတွေ ဖြစ်တဲ့အခါမှာ တချို့တဝက် ပြန်စွန့်ခွာသွားတာရှိတယ်။ ဒီနေ့အ ချိန်ထိတော့ ထပ်ပြီးပြန်မလာကြသေးဘူးပေါ့။ မင်းကွန်းမှာတော့ (၄ဝ)ရာခိုင်နှုန်းလောက်ပဲ ကျန် တယ်။ (၆၀)ရာခိုက်နှုန်းလောက်က ပြေးနေရတယ်။
မေး - တိုက်ပွဲတွေမဖြစ်ခင်အရင်က မင်းကွန်းက ဒေသခံတွေအနေနဲ့ အဓိက ဘာလုပ်ငန်းတွေလုပ် ကိုင်ကြတာလဲ။
ဖြေ - မင်းကွန်းကတော့ သီးနှံကတော့ ခရမ်းသီးတို့ ဘူးသီးတို့က ကျွန်းပေါ်ဒေသတွေကစိုက်ကြတယ်။ ကုန်းမြေတွေကတော့ တိုင်ထောင်ပဲသီးတွေ စိုက်ကြ ပါတယ်။ တောင်သူလုပ်ငန်းများကြတယ်။ မြစ်ဆိပ် နဲ့လည်းနီးတော့ သီးနှံလည်းတော်တော်များများစိုက် ကြပါတယ်။ အခုက တိုက်ပွဲတွေကဖြစ်နေကြတော့ ရွာတွေမှာမနေရဲဘူးဖြစ်နေတာ။ ဖြစ်နေတော့ တောထဲမှာခိုနေတော့ ကိုယ်နေတဲ့လယ်ကွက်လေး တွေမှာပဲ ကိုယ်နေတဲ့ကုန်းကွက်လေးမှာပဲ စိုက်ပြီး နေရတာပေါ့ တအားလည်းမလုပ်နိုင်ဘူး။
မေး - စစ်ကြောင့်ပြေးရ ဒုက္ခရောက်ရနဲ့ ။ နောက်ထပ် ငလျင်ကြောင့်လည်းဒုက္ခရောက်ရနဲ့ဆိုတော့ မင်း ကွန်းဒေသခံတွေရဲ့ စီးပွားရေးအခြေအနေကကော ဘယ်လိုအခြေအနေရှိလဲ။ မိုးတွင်းလည်းရောက်လာ ပြီဆိုတာ့ သူတို့ရဲ့စိုက်ပျိုးရေးတွေမှာရော ဘယ်လို အခြေအနေရှိလဲ။
ဖြေ - ပြည်သူတွေအနေနဲ့ကတော့ အေးအေး ချမ်းချမ်း လုပ်ကိုင်စားသောက်ချင်တယ်။ သို့သော်ငြား လည်း ကျေးရွာတွေမှာ PDF တွေ ဝင်လာတယ်။ စစ်ကြောင်းကဝင်ပြီးတော့ တိုက်ပွဲတွေဖြစ်ကြတယ်။ ရွာသားတွေကထွက်ပြေးတယ်။ ပြန်နေမယ်ကြံတော့ လည်း တိုက်ပွဲတွေပြန်ဖော်လိုက်နဲ့။ အားလုံးတော် တော်များများကတော့ ပြန်လည်နေချင်သော်ငြား လည်း မကြာခဏ ဒီလိုတိုက်ပွဲတွေ ဖြစ်နေတဲ့အခါကျ တော့ မနေရဲကြဘူးဖြစ်နေတယ်။ လက်ရှိလုပ်ငန်း ကိုင်ငန်းကလည်း အဆင်မပြေကြဘူး။ ရွာမှာနေလို့ လည်း တောင်သူကလည်း မစိုက်ရ ၊ မိရိုးဖလာဖြစ်တဲ့ ပန်းရံ လက်သမားကလည်း မလုပ်ရတဲ့အခါကျတော့ အဝေးပဲ ထွက်နေရတယ် ပြည်သူလူထုတွေက။ မင်းကွန်းမှာ ရှိရင်တော့ (၃၀)ရာခိုင်နှုန်းကျော်ပဲ ကျန်မယ်။ ဒါတွေတောင်မှ ဘုန်းကြီးကျောင်းတွေ၊ သီလရှင်ကျောင်းတွေမှာ ခိုကပ်နေနေကြလို့သာ ကိုယ့်အိမ်ကိုယ်ကျမနေရဲကြဘူး။
မေး - ကျန်ခဲ့တဲ့လူက သူတို့ရဲ့ မိရိုးဖလာလုပ်ငန်းတွေ လည်း မလုပ်နိုင်ဘူး။ သီးနှံစိုက်ပျိုးရေးတွေလည်း မလုပ်နိုင်ကြဘူးပေါ့။
ဖြေ - ဟုတ်တယ်။
မေး - စားဝတ်နေရေးအခက်အခဲကကော ဘယ်လို တွေကြုံတွေ့နေရလဲ။ ဒေသခံတွေက စားဝတ်နေရေး အတွက် ဘယ်လိုဖြေရှင်းနေရလဲ။
ဖြေ - လက်ရှိတော့ ဘုန်းကြီးကျောင်းတွေ သီလရှင် ကျောင်းတွေမှာ ရှိတဲ့လူတွေကတော့ ဆန်တို့ဆီတို့က ဆရာတော်တွေ ထောက်ပံ့ပေးနေတာတွေရှိတယ်။ အနယ်နယ်အရပ်ရပ်က လာရောက်လှူဒါန်းတာ တွေလည်း ရှိတယ်။
မေး - အခုက ဒီဒေသက စိုက်ပျိုးသီးနှံတွေ လယ် ယာတွေကို ဒေသခံတွေ မလုပ်နိုင်ဘူးဆိုတော့ တချို့ ဒေသတွေဆိုရင် ဒေသခံတွေမလုပ်နိုင်ရင် လယ်ယာ တွေမှာ PDF တွေ ဝင်လုပ်တာရှိတယ်။ မင်းကွန်းဒေ သဘက်ကော အဲဒီလိုမျိုးတွေရှိလား။
ဖြေ - အဲဒီလိုတော့ မရှိဘူး။ ဒီဘက်မှာ ဒေသခံ PDF ကနည်းတယ်။ ရှိန်းမကားတို့ ဝက်လက်တို့ မန္တ လေးတို့က PDF တွေကများတယ်။ အဲဒီတော့ ဒေသခံ PDF က နည်းနည်းပဲရှိတယ်။ အဲဒီတော့ တောင်ယာတွေ ဝင်လုပ်တာမရှိဘူး။
မေး - နောက်ပြီး မင်းကွန်းမှာ စာသင်ကျောင်းတွေ ကော ဖွင့်နိုင်ရဲ့လား။
ဖြေ - မဖွင့်နိုင်ဘူးပေါ့ဗျာ။ အရင်က မင်းကွန်းမှာ တာဝန်ကျခဲ့တဲ့ ဘယ်ဆရာ၊ ဆရာမမှ မင်းကွန်းကို မလာရဲဘူး။ ပြည်သူတွေလည်း ကျောင်းတွေမှာ ခိုအောင်းနေကြတာ။ လူနေအိမ်တွေမှာ အနေနည်း တယ်။ မင်းကွန်းဒေသလေး အေးချမ်းမယ်ကြံလိုက် PDF က တိုက်ပွဲဖော်လိုက်နဲ့။ ပြည်သူတွေက ကြာတော့ စိတ်ပျက်နေပြီ။ အေးအေးချမ်းချမ်းလည်း မနေရ။ ကိုယ့်ရွာကိုယ့်အိမ်ကိုယ်ဒေသမှာ နေချင် တာ။ တပ်မတော်စစ်ကြောင်းတွေက ဘာမှမလုပ် ပေမဲ့ PDF တွေက ဝင်လာတဲ့အခါကျတော့ ကျွန် တော်တို့ ပြည်သူတွေကလည်း မပြောရဲဘူးလေ လက် နက်ကိုင်ဆိုတော့ ။ သူတို့လာတာကို ကျွန်တော်တို့က မလာနဲ့လို့ပြောရင်လည်း ကျွန်တော်တို့ သတ်ခံရမှာ ဆိုတော့ မပြောရဲဘူး။ အဲဒီတော့ သူတို့တွေက ရွာထဲကိုဝင်လာတယ်။ တပ်မတော်စစ်ကြောင်းက သတင်းရလို့လိုက်လံရှင်းလင်းတယ်။ အဲဒီချိန်မှာ ကျွန်တော်တို့လည်း ပြေးရတာပေါ့။
မေး - တပ်မတော်ရဲ့ ထိုးစစ်အခြေအနေကကော ဘယ်လိုရှိလဲ။
ဖြေ - တပ်မတော်ရဲ့ထိုးစစ်က မင်းကွန်းဟိုဘက်က ရွာတွေကိုဆက်ထိုးနေတယ်။ ဒါပေမဲ့ မင်းကွန်းနဲ့ စစ်ကိုင်းကြားမှာတော့ လစ်ဟာမှုရှိပြီးတော့ PDF တွေ ပြန်ရောက်နေတယ်။
မေး - တပ်မတော်စစ်ကြောင်းလာရင် သူတို့က ထွက်ပြေးတယ်။ ပြီးရင် အဲဒီနေရာပဲ အင်အားစုဖွဲ့ တယ်။ အဲဒီဒေသကိုပဲပြန်ဝင်ပြီး ကျေးရွာကလူကို ထိန်းချုပ်တယ်။ အဲဒီလိုပုံစံလုပ်နေတာပေါ့။
ဖြေ - စစ်ကြောင်းက အမြဲတမ်းမနေနိုင်တဲ့အခါ ကျတော့ စစ်ကြောင်းထိုးတုန်းပြေးသွားတယ်။ စစ်ကြောင်းပြန်သွားရင် ပြန်ရောက်လာတယ်။
မေး -PDF အနေနဲ့ကကော ဒေသခံတွေကို ငြိမ်း ငြိမ်းချမ်းချမ်းနဲ့ မနေစေချင်လို့ ခဏခဏ တိုက်ပွဲဖော် နေတဲ့ပုံစံပေါက်နေလား။
ဖြေ - ကျွန်တော်တို့ မင်းကွန်းဆိုတာက သာသနာ့ နယ်မြေလေ။ သာသနာ့နယ်မြေမှာ အရင်က အေး အေးချမ်းချမ်းနေလာတယ်။ ခရီးသွားတွေလာရင် ဈေးရောင်းတယ်။ နိုင်ငံခြားဧည့်သည်တွေလာရင် ဈေးရောင်းတယ်။ ကျွန်တော်တို့ ဒေသလေးက အေးအေးချမ်းချမ်းနေတာ။ အေးချမ်းတယ်။ ပျော်စရာ လည်းကောင်းတယ်။ (၂၀၂၂) နောက်ပိုင်း ကနေ အခုချိန်ထိကတော့ ဝန်ထမ်းတွေ လုပ်ကြံခံရလိုက် ဆရာ၊ ဆရာမတွေ လုပ်ကြံခံရလိုက်နဲ့ ပြည်သူလူထုကို ဒလန်ဆိုပြီး လုပ်ကြံလိုက်နဲ့ အဲဒီလိုလုပ်ရင်း လုပ် ရင်းနဲ့ပဲ တိုက်ပွဲပါ ဖြစ်လာတော့ ပြေးရတာနဲ့ ကိုယ့် ဒေသကိုယ်ပြန်နေလို့မရဘူး။ ပြန်နေချင်နေကြပြီ အကုန်လုံးက။
မေး - အရင်က ဒီဒေသက ခရီးသွားတွေ ဘာတွေနဲ့ စည်းကားတဲ့ဒေသ။ အခုတော့ အဲဒီဒေသက အေး ချမ်းမှုတွေ ဆိတ်သုဉ်းခဲ့ရပြီလို့ ပြောလို့ ရတာပေါ့နော်။ နောက်ပြီး မင်းကွန်းတစ်ဝိုက်က ကျေးရွာတွေမှာ PDF တွေက ဘယ်လောက်ထိ ကြီးစိုးနေလဲပြောပြ ပေးပါဦး။
ဖြေ - ကျွန်တော်တို့ မင်းကွန်းမှာဆိုလည်း PDF မကြာမကြာလာပြီး ခြိမ်းခြောက်တယ်။ ချောင်းမကြီးရွာ ကင်းရွာ တစ်လျှောက်လုံးက PDF ရွာတွေ ။ PDF ရွာတွေဖြစ်တဲ့အခါကျတော့ ကျွန်တော်တို့ မင်းကွန်း ကို မနေပေသော်ငြားလည်း ခဏခဏ လာခြိမ်း ခြောက်တယ်။ ဟိုနားသတ်သွားလိုက်၊ ဟိုလူ့ သတ်သွားလိုက် ဒီလူ့သတ်သွားလိုက်။ အများကြီးပဲ။ မင်းကွန်းမှာလည်း တချို့တလေတော့ ရှိကြမှာပေါ့။ အဲဒါနားက ရွာတော်တော်များများက PDF ရွာတွေ ချည်းပဲ။ မင်းကွန်တင်မဟုတ်ဘူး မင်းကွန်းနဲ့ စစ်ကိုင်း ကြားက လက်ပံတို့ဘာတို့ အဲဒီနားမှာ နေထိုင်နေ တယ်။ မင်းကွန်းနဲ့ စစ်ကိုင်းနဲ့ သွားဖို့အတွက် အဲဒီရွာတွေမှာ PDF တွေ ရှိတဲ့အခါကျတော့ သွားလို့ လာလို့ မရဘူးဖြစ်နေတယ်။ သူတို့က ဆိုင်ကယ်တွေ တားစစ်တယ်။ ကားတွေ တားစစ်တယ်။ PDF တွေ ရှိတဲ့အခါကျတော့ သွားလို့ လာလို့ မရဘူးဖြစ်နေတယ်။ ဖုန်းတွေ သိမ်းတယ်။ ပိုက်ဆံတွေယူတယ်။ ကျွန် တော်တို့ကလည်း ကိုယ့်ဒေသ ကိုယ်မပြန်ရဲဘူးဖြစ် နေတာ။ တချို့မင်းကွန်းက ဆရာတော်ကားတွေ ဆိုလည်း PDF တွေ ယူသွားတယ်။
မေး - ဆရာတော်ရဲ့ ပစ္စည်းတွေပါမချန် လုယက် ယူဆောင်တဲ့အထိ ဖြစ်နေတာလား။
ဖြေ - (၆)လပိုင်းတုန်းက မင်းကွန်းက ဆရာတော် တစ်ပါးရဲ့ ကား၊ ဖုန်း ၊ ပိုက်ဆံတွေ အကုန်လုံး ကား ပေါ်မှာ ပါတဲ့ပစ္စည်းတွေ အကုန်ယူသွားတယ်။ ဆရာ တော်ကို ကားလမ်းပေါ်မှာ ဒီအတိုင်းပဲ ထားခဲ့တယ်။ အဲဒီလို ဖြစ်စဉ်တွေ များလာတယ်။ ဆရာတော်ကိုပါ အဲဒီလိုလုပ်တာဆိုတော့ ကျွန်တော်တို့ ပြည်သူ လူထုကိုဆို ပိုဆိုးတာပေါ့။ သူတို့က မထင်ရင် မထင် သလို လုပ်တာဆိုတော့ ဘယ်သူမှ မသွားရဲဘူး။
မေး - အခုနောက်ပိုင်းကော မင်းကွန်းဒေသမှာ အကြမ်းဖက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်တွေ ရှိ သေးလား။
ဖြေ - အခု (၇)လပိုင်းထဲမှာတော့ အသံမကြား သေးဘူး။
မေး - တပ်မတော်က မင်းကွန်းကို အပြည့်အဝ ပြန်ထိန်းချုပ်ဖို့ ကြိုးစားနဲ့အရိပ်အယောင်တွေတွေ့ရလား။
ဖြေ - ကျွန်တော်တို့သိသလောက်ကတော့ ဒီနေ့ အချိန်ထိတော့ မင်းကွန်းနဲ့ စစ်ကိုင်းကြားကို တပ်မတော်စစ်ကြောင်းတွေ ရောက်လာတာတော့ မရှိ ဘူးပေါ့။ ကျွန်တော်တို့ ဖြစ်စေချင်တာတော့ မင်း ကွန်းနဲ့ စစ်ကိုင်းကြားမှာ လွတ်လွတ်လပ်လပ် သွားလို့ ရအောင် စစ်ကြောင်း ထိုးစေချင်တာပေါ့။ ဒါမှ သာလျှင် ရဟန်းသံဃာတွေ ပြည်သူလူထုတွေ သွားရ လာရ အဆင်ပြေမှာပေါ့။
မေး - စစ်ကိုင်း - မင်းကွန်းလမ်းတစ်လျှောက်မှာကော သူတို့တွေပဲလား။ တပ်မတော်ဂိတ် မရှိဘူးလား။ နောက် မင်းကွန်းနားက မြစ်ဆိပ်တွေကိုကော PDF တွေပဲ ထိန်းချုပ်ထားတာလား။
ဖြေ - စစ်ကိုင်း - မင်းကွန်းလမ်းတစ်လျှောက်မှာ တပ်မတော်ဂိတ် မရှိသေးပါဘူး။ မင်းကွန်းဒေသက ဆရာတော်တွေ သီလရှင်တွေကတော့ မန္တလေးကို စက်လှေတွေဘာတွေနဲ့ ဈေးတွေဘာတွေ သွား ဝယ်တယ်။ လောလောဆယ် သူတို့ ထိန်းချုပ်ထား တာတော့မရှိဘူး။ သွားလို့လာလို့ရတယ်။
မေး - ဘာများဖြည့်စွက်ပြီးတော့ ပြောချင်သေးလဲ။
ဖြေ - အနေအထားကတော့ ပြည်သူလူထုအနေနဲ့ ဘာကိုတောင်းဆိုချင်လဲဆိုရင် မင်းကွန်းနဲ့ စစ်ကိုင်းနဲ့ အေးအေးချမ်းချမ်းသွားလာလို့ရအောင် အကြီးအ ကဲတွေ စစ်ကြောင်းထိုးပေးပြီးတော့ လုံခြုံရေးတပ် ဖွဲ့ဝင်တွေ ချပေးစေချင်ပါတယ်။ ဒါမှလည်း လွတ် လွတ်လပ်လပ် နေ့ရောညရော သွားလာလို့ရမယ် လေ။ တစ်နေရာသိမ်းလိုက်တာနဲ့ မြစ်ကြောင်းရော အားလုံး အုပ်ချုပ်ပြီးသားပဲ ဖြစ်သွားမယ်။ မင်းကွန်းရဲ့မြောက်ဘက်ကကျတော့ ထုံးဘိုရွာက PDF တွေက မြောက်ဘက်ကနေပိတ်ထားတယ်။ တောင် ဘက်က လက်ပံကပိတ်ထားတာဖြစ်တဲ့အတွက် ကြောင့် ဒီ (၂)ခု ညှပ်ပိတ်ထားတော့ မင်းကွန်းက ထွက်ပေါက်မရှိတော့ဘူး။ မင်းကွန်းက ထွက်ပေါက်မ ရှိရင် မင်းကွန်းမှာရှိတဲ့ ပြည်သူလူထု၊ ရဟန်း သံဃာ တွေ အခက်အခဲဖြစ်သွားမယ်။ ဒါတွေကို အကြီးအကဲတွေ သိစေချင်တယ်။
Zawgyi Version:
သံဃာ ႏွင့္ လူ အပူမၿငိမ္းႏိုင္ေသးသည့္ မင္းကြန္းေဒသ
သန႔္ဇင္ (NP News) - ဇူလိုင္ ၂၂
စစ္ကိုင္းတိုင္းေဒသႀကီးအတြင္းရွိ သာသနာ့နယ္ေျမမင္းကြန္းေဒသသည္ ေစတီပုထိုးမ်ားေၾကာင့္ ယခင္က ျပည္တြင္းျပည္ပမွ ခရီးသြားမ်ားျဖင့္ စည္ကားၿပီး ေအးခ်မ္းသာယာခဲ့သည္။ ၿပီးခဲ့သည့္ (၂၀၂၂) ခုႏွစ္မွစ၍ အဆိုပါမင္းကြန္းေဒသသို႔ PDF အၾကမ္းဖက္အဖြဲ႕က တစ္စတစ္စ ေရာက္ရွိလာကာ တိုက္ပြဲမ်ား ေဖာ္ေဆာင္ခဲ့သျဖင့္ ေဒသခံမ်ားက ေနရပ္စြန႔္ခြာစစ္ေဘးေရွာင္ခဲ့ၾကရသည္။ သံဃာေတာ္မ်ားပါမက်န္ စစ္၏အပူမီးကို ႀကဳံေတြ႕ၾကရသည္။ ထို႔ျပင္ လက္ရွိတြင္လည္း မင္းကြန္းေဒသ၌ PDF အဖြဲ႕၏ မၾကာခဏ တိုက္ပြဲေဖာ္ေဆာင္မႈမ်ားေၾကာင့္ ေဒသခံမ်ားအေနျဖင့္ မိ႐ိုးဖလာလုပ္ငန္းမ်ားကို လုပ္ကိုင္ႏိုင္ျခင္းမရွိဘဲ လူမႈစီးပြား အခက္အခဲမ်ားစြာ ရင္ဆိုင္ေနရဆဲျဖစ္ေၾကာင္း သိရသည္။ အဆိုပါ အေျခအေနမ်ားႏွင့္ ပတ္သက္၍ မင္းကြန္းေဒသခံတစ္ဦးကို NP News မွ ဆက္သြယ္ေမးျမန္းထားသည့္အခ်က္ အလက္မ်ားကို ေကာက္ႏုတ္ေဖာ္ျပအပ္ပါသည္။
ေမး - ေလာေလာဆယ္ စစ္ကိုင္း - မင္းကြန္းဘက္က အေျခအေနေလး ေျပာျပေပးပါဦး။ တပ္မေတာ္က မင္းကြန္းေဒသဘက္ကို ဘယ္ေလာက္အထိ ထိန္း ခ်ဳပ္ထားႏိုင္လဲ။
ေျဖ - စစ္ကိုင္း - မင္းကြန္းဘက္မွာေတာ့ ေလာ ေလာဆယ္ နယ္ေျမေအးခ်မ္းမႈမရွိေသးဘူး။ မင္း ကြန္း႐ြာဘက္ေတာ့ တည္ၿငိမ္ေအးခ်မ္းတယ္။ မင္း ကြန္းနားက ပတ္ပတ္လည္႐ြာေတြကေတာ့ ေအးခ်မ္း မႈမရွိေသးဘူး။ PDF ေတြကဝင္လာလိုက္ တပ္မ ေတာ္စစ္ေၾကာင္းက ထိုးစစ္ဆင္လိုက္နဲ႔ဆိုေတာ့ ေျပး တမ္းလိုက္တမ္းကစားေနတာနဲ႔တူတယ္။
ေမး - နယ္ေျမမတည္ၿငိမ္ေသးေတာ့ ေဒသခံေတြ ျပန္လည္ဝင္ေရာက္မႈအေျခအေနက ဘယ္လိုရွိလဲ။
ေျဖ - အရင္ကေတာ့ ျပန္ဝင္လာၾကတယ္။ ၿပီးခဲ့တဲ့ (၆)လပိုင္း (၂၇)၊ (၂၈) တိုက္ပြဲေတြ ျဖစ္တဲ့အခါမွာ တခ်ိဳ႕တဝက္ ျပန္စြန႔္ခြာသြားတာရွိတယ္။ ဒီေန႔အ ခ်ိန္ထိေတာ့ ထပ္ၿပီးျပန္မလာၾကေသးဘူးေပါ့။ မင္းကြန္းမွာေတာ့ (၄ဝ)ရာခိုင္ႏႈန္းေလာက္ပဲ က်န္ တယ္။ (၆၀)ရာခိုက္ႏႈန္းေလာက္က ေျပးေနရတယ္။
ေမး - တိုက္ပြဲေတြမျဖစ္ခင္အရင္က မင္းကြန္းက ေဒသခံေတြအေနနဲ႔ အဓိက ဘာလုပ္ငန္းေတြလုပ္ ကိုင္ၾကတာလဲ။
ေျဖ - မင္းကြန္းကေတာ့ သီးႏွံကေတာ့ ခရမ္းသီးတို႔ ဘူးသီးတို႔က ကြၽန္းေပၚေဒသေတြကစိုက္ၾကတယ္။ ကုန္းေျမေတြကေတာ့ တိုင္ေထာင္ပဲသီးေတြ စိုက္ၾက ပါတယ္။ ေတာင္သူလုပ္ငန္းမ်ားၾကတယ္။ ျမစ္ဆိပ္ နဲ႔လည္းနီးေတာ့ သီးႏွံလည္းေတာ္ေတာ္မ်ားမ်ားစိုက္ ၾကပါတယ္။ အခုက တိုက္ပြဲေတြကျဖစ္ေနၾကေတာ့ ႐ြာေတြမွာမေနရဲဘူးျဖစ္ေနတာ။ ျဖစ္ေနေတာ့ ေတာထဲမွာခိုေနေတာ့ ကိုယ္ေနတဲ့လယ္ကြက္ေလး ေတြမွာပဲ ကိုယ္ေနတဲ့ကုန္းကြက္ေလးမွာပဲ စိုက္ၿပီး ေနရတာေပါ့ တအားလည္းမလုပ္ႏိုင္ဘူး။
ေမး - စစ္ေၾကာင့္ေျပးရ ဒုကၡေရာက္ရနဲ႔ ။ ေနာက္ထပ္ ငလ်င္ေၾကာင့္လည္းဒုကၡေရာက္ရနဲ႔ဆိုေတာ့ မင္း ကြန္းေဒသခံေတြရဲ႕ စီးပြားေရးအေျခအေနကေကာ ဘယ္လိုအေျခအေနရွိလဲ။ မိုးတြင္းလည္းေရာက္လာ ၿပီဆိုတာ့ သူတို႔ရဲ႕စိုက္ပ်ိဳးေရးေတြမွာေရာ ဘယ္လို အေျခအေနရွိလဲ။
ေျဖ - ျပည္သူေတြအေနနဲ႔ကေတာ့ ေအးေအး ခ်မ္းခ်မ္း လုပ္ကိုင္စားေသာက္ခ်င္တယ္။ သို႔ေသာ္ျငား လည္း ေက်း႐ြာေတြမွာ PDF ေတြ ဝင္လာတယ္။ စစ္ေၾကာင္းကဝင္ၿပီးေတာ့ တိုက္ပြဲေတြျဖစ္ၾကတယ္။ ႐ြာသားေတြကထြက္ေျပးတယ္။ ျပန္ေနမယ္ႀကံေတာ့ လည္း တိုက္ပြဲေတြျပန္ေဖာ္လိုက္နဲ႔။ အားလုံးေတာ္ ေတာ္မ်ားမ်ားကေတာ့ ျပန္လည္ေနခ်င္ေသာ္ျငား လည္း မၾကာခဏ ဒီလိုတိုက္ပြဲေတြ ျဖစ္ေနတဲ့အခါက် ေတာ့ မေနရဲၾကဘူးျဖစ္ေနတယ္။ လက္ရွိလုပ္ငန္း ကိုင္ငန္းကလည္း အဆင္မေျပၾကဘူး။ ႐ြာမွာေနလို႔ လည္း ေတာင္သူကလည္း မစိုက္ရ ၊ မိ႐ိုးဖလာျဖစ္တဲ့ ပန္းရံ လက္သမားကလည္း မလုပ္ရတဲ့အခါက်ေတာ့ အေဝးပဲ ထြက္ေနရတယ္ ျပည္သူလူထုေတြက။ မင္းကြန္းမွာ ရွိရင္ေတာ့ (၃၀)ရာခိုင္ႏႈန္းေက်ာ္ပဲ က်န္မယ္။ ဒါေတြေတာင္မွ ဘုန္းႀကီးေက်ာင္းေတြ၊ သီလရွင္ေက်ာင္းေတြမွာ ခိုကပ္ေနေနၾကလို႔သာ ကိုယ့္အိမ္ကိုယ္က်မေနရဲၾကဘူး။
ေမး - က်န္ခဲ့တဲ့လူက သူတို႔ရဲ႕ မိ႐ိုးဖလာလုပ္ငန္းေတြ လည္း မလုပ္ႏိုင္ဘူး။ သီးႏွံစိုက္ပ်ိဳးေရးေတြလည္း မလုပ္ႏိုင္ၾကဘူးေပါ့။
ေျဖ - ဟုတ္တယ္။
ေမး - စားဝတ္ေနေရးအခက္အခဲကေကာ ဘယ္လို ေတြႀကဳံေတြ႕ေနရလဲ။ ေဒသခံေတြက စားဝတ္ေနေရး အတြက္ ဘယ္လိုေျဖရွင္းေနရလဲ။
ေျဖ - လက္ရွိေတာ့ ဘုန္းႀကီးေက်ာင္းေတြ သီလရွင္ ေက်ာင္းေတြမွာ ရွိတဲ့လူေတြကေတာ့ ဆန္တို႔ဆီတို႔က ဆရာေတာ္ေတြ ေထာက္ပံ့ေပးေနတာေတြရွိတယ္။ အနယ္နယ္အရပ္ရပ္က လာေရာက္လႉဒါန္းတာ ေတြလည္း ရွိတယ္။
ေမး - အခုက ဒီေဒသက စိုက္ပ်ိဳးသီးႏွံေတြ လယ္ ယာေတြကို ေဒသခံေတြ မလုပ္ႏိုင္ဘူးဆိုေတာ့ တခ်ိဳ႕ ေဒသေတြဆိုရင္ ေဒသခံေတြမလုပ္ႏိုင္ရင္ လယ္ယာ ေတြမွာ PDF ေတြ ဝင္လုပ္တာရွိတယ္။ မင္းကြန္းေဒ သဘက္ေကာ အဲဒီလိုမ်ိဳးေတြရွိလား။
ေျဖ - အဲဒီလိုေတာ့ မရွိဘူး။ ဒီဘက္မွာ ေဒသခံ PDF ကနည္းတယ္။ ရွိန္းမကားတို႔ ဝက္လက္တို႔ မႏၲ ေလးတို႔က PDF ေတြကမ်ားတယ္။ အဲဒီေတာ့ ေဒသခံ PDF က နည္းနည္းပဲရွိတယ္။ အဲဒီေတာ့ ေတာင္ယာေတြ ဝင္လုပ္တာမရွိဘူး။
ေမး - ေနာက္ၿပီး မင္းကြန္းမွာ စာသင္ေက်ာင္းေတြ ေကာ ဖြင့္ႏိုင္ရဲ႕လား။
ေျဖ - မဖြင့္ႏိုင္ဘူးေပါ့ဗ်ာ။ အရင္က မင္းကြန္းမွာ တာဝန္က်ခဲ့တဲ့ ဘယ္ဆရာ၊ ဆရာမမွ မင္းကြန္းကို မလာရဲဘူး။ ျပည္သူေတြလည္း ေက်ာင္းေတြမွာ ခိုေအာင္းေနၾကတာ။ လူေနအိမ္ေတြမွာ အေနနည္း တယ္။ မင္းကြန္းေဒသေလး ေအးခ်မ္းမယ္ႀကံလိုက္ PDF က တိုက္ပြဲေဖာ္လိုက္နဲ႔။ ျပည္သူေတြက ၾကာေတာ့ စိတ္ပ်က္ေနၿပီ။ ေအးေအးခ်မ္းခ်မ္းလည္း မေနရ။ ကိုယ့္႐ြာကိုယ့္အိမ္ကိုယ္ေဒသမွာ ေနခ်င္ တာ။ တပ္မေတာ္စစ္ေၾကာင္းေတြက ဘာမွမလုပ္ ေပမဲ့ PDF ေတြက ဝင္လာတဲ့အခါက်ေတာ့ ကြၽန္ ေတာ္တို႔ ျပည္သူေတြကလည္း မေျပာရဲဘူးေလ လက္ နက္ကိုင္ဆိုေတာ့ ။ သူတို႔လာတာကို ကြၽန္ေတာ္တို႔က မလာနဲ႔လို႔ေျပာရင္လည္း ကြၽန္ေတာ္တို႔ သတ္ခံရမွာ ဆိုေတာ့ မေျပာရဲဘူး။ အဲဒီေတာ့ သူတို႔ေတြက ႐ြာထဲကိုဝင္လာတယ္။ တပ္မေတာ္စစ္ေၾကာင္းက သတင္းရလို႔လိုက္လံရွင္းလင္းတယ္။ အဲဒီခ်ိန္မွာ ကြၽန္ေတာ္တို႔လည္း ေျပးရတာေပါ့။
ေမး - တပ္မေတာ္ရဲ႕ ထိုးစစ္အေျခအေနကေကာ ဘယ္လိုရွိလဲ။
ေျဖ - တပ္မေတာ္ရဲ႕ထိုးစစ္က မင္းကြန္းဟိုဘက္က ႐ြာေတြကိုဆက္ထိုးေနတယ္။ ဒါေပမဲ့ မင္းကြန္းနဲ႔ စစ္ကိုင္းၾကားမွာေတာ့ လစ္ဟာမႈရွိၿပီးေတာ့ PDF ေတြ ျပန္ေရာက္ေနတယ္။
ေမး - တပ္မေတာ္စစ္ေၾကာင္းလာရင္ သူတို႔က ထြက္ေျပးတယ္။ ၿပီးရင္ အဲဒီေနရာပဲ အင္အားစုဖြဲ႕ တယ္။ အဲဒီေဒသကိုပဲျပန္ဝင္ၿပီး ေက်း႐ြာကလူကို ထိန္းခ်ဳပ္တယ္။ အဲဒီလိုပုံစံလုပ္ေနတာေပါ့။
ေျဖ - စစ္ေၾကာင္းက အၿမဲတမ္းမေနႏိုင္တဲ့အခါ က်ေတာ့ စစ္ေၾကာင္းထိုးတုန္းေျပးသြားတယ္။ စစ္ေၾကာင္းျပန္သြားရင္ ျပန္ေရာက္လာတယ္။
ေမး -PDF အေနနဲ႔ကေကာ ေဒသခံေတြကို ၿငိမ္း ၿငိမ္းခ်မ္းခ်မ္းနဲ႔ မေနေစခ်င္လို႔ ခဏခဏ တိုက္ပြဲေဖာ္ ေနတဲ့ပုံစံေပါက္ေနလား။
ေျဖ - ကြၽန္ေတာ္တို႔ မင္းကြန္းဆိုတာက သာသနာ့ နယ္ေျမေလ။ သာသနာ့နယ္ေျမမွာ အရင္က ေအး ေအးခ်မ္းခ်မ္းေနလာတယ္။ ခရီးသြားေတြလာရင္ ေဈးေရာင္းတယ္။ ႏိုင္ငံျခားဧည့္သည္ေတြလာရင္ ေဈးေရာင္းတယ္။ ကြၽန္ေတာ္တို႔ ေဒသေလးက ေအးေအးခ်မ္းခ်မ္းေနတာ။ ေအးခ်မ္းတယ္။ ေပ်ာ္စရာ လည္းေကာင္းတယ္။ (၂၀၂၂) ေနာက္ပိုင္း ကေန အခုခ်ိန္ထိကေတာ့ ဝန္ထမ္းေတြ လုပ္ႀကံခံရလိုက္ ဆရာ၊ ဆရာမေတြ လုပ္ႀကံခံရလိုက္နဲ႔ ျပည္သူလူထုကို ဒလန္ဆိုၿပီး လုပ္ႀကံလိုက္နဲ႔ အဲဒီလိုလုပ္ရင္း လုပ္ ရင္းနဲ႔ပဲ တိုက္ပြဲပါ ျဖစ္လာေတာ့ ေျပးရတာနဲ႔ ကိုယ့္ ေဒသကိုယ္ျပန္ေနလို႔မရဘူး။ ျပန္ေနခ်င္ေနၾကၿပီ အကုန္လုံးက။
ေမး - အရင္က ဒီေဒသက ခရီးသြားေတြ ဘာေတြနဲ႔ စည္းကားတဲ့ေဒသ။ အခုေတာ့ အဲဒီေဒသက ေအး ခ်မ္းမႈေတြ ဆိတ္သုဥ္းခဲ့ရၿပီလို႔ ေျပာလို႔ ရတာေပါ့ေနာ္။ ေနာက္ၿပီး မင္းကြန္းတစ္ဝိုက္က ေက်း႐ြာေတြမွာ PDF ေတြက ဘယ္ေလာက္ထိ ႀကီးစိုးေနလဲေျပာျပ ေပးပါဦး။
ေျဖ - ကြၽန္ေတာ္တို႔ မင္းကြန္းမွာဆိုလည္း PDF မၾကာမၾကာလာၿပီး ၿခိမ္းေျခာက္တယ္။ ေခ်ာင္းမႀကီး႐ြာ ကင္း႐ြာ တစ္ေလွ်ာက္လုံးက PDF ႐ြာေတြ ။ PDF ႐ြာေတြျဖစ္တဲ့အခါက်ေတာ့ ကြၽန္ေတာ္တို႔ မင္းကြန္း ကို မေနေပေသာ္ျငားလည္း ခဏခဏ လာၿခိမ္း ေျခာက္တယ္။ ဟိုနားသတ္သြားလိုက္၊ ဟိုလူ႔ သတ္သြားလိုက္ ဒီလူ႔သတ္သြားလိုက္။ အမ်ားႀကီးပဲ။ မင္းကြန္းမွာလည္း တခ်ိဳ႕တေလေတာ့ ရွိၾကမွာေပါ့။ အဲဒါနားက ႐ြာေတာ္ေတာ္မ်ားမ်ားက PDF ႐ြာေတြ ခ်ည္းပဲ။ မင္းကြန္တင္မဟုတ္ဘူး မင္းကြန္းနဲ႔ စစ္ကိုင္း ၾကားက လက္ပံတို႔ဘာတို႔ အဲဒီနားမွာ ေနထိုင္ေန တယ္။ မင္းကြန္းနဲ႔ စစ္ကိုင္းနဲ႔ သြားဖို႔အတြက္ အဲဒီ႐ြာေတြမွာ PDF ေတြ ရွိတဲ့အခါက်ေတာ့ သြားလို႔ လာလို႔ မရဘူးျဖစ္ေနတယ္။ သူတို႔က ဆိုင္ကယ္ေတြ တားစစ္တယ္။ ကားေတြ တားစစ္တယ္။ PDF ေတြ ရွိတဲ့အခါက်ေတာ့ သြားလို႔ လာလို႔ မရဘူးျဖစ္ေနတယ္။ ဖုန္းေတြ သိမ္းတယ္။ ပိုက္ဆံေတြယူတယ္။ ကြၽန္ ေတာ္တို႔ကလည္း ကိုယ့္ေဒသ ကိုယ္မျပန္ရဲဘူးျဖစ္ ေနတာ။ တခ်ိဳ႕မင္းကြန္းက ဆရာေတာ္ကားေတြ ဆိုလည္း PDF ေတြ ယူသြားတယ္။
ေမး - ဆရာေတာ္ရဲ႕ ပစၥည္းေတြပါမခ်န္ လုယက္ ယူေဆာင္တဲ့အထိ ျဖစ္ေနတာလား။
ေျဖ - (၆)လပိုင္းတုန္းက မင္းကြန္းက ဆရာေတာ္ တစ္ပါးရဲ႕ ကား၊ ဖုန္း ၊ ပိုက္ဆံေတြ အကုန္လုံး ကား ေပၚမွာ ပါတဲ့ပစၥည္းေတြ အကုန္ယူသြားတယ္။ ဆရာ ေတာ္ကို ကားလမ္းေပၚမွာ ဒီအတိုင္းပဲ ထားခဲ့တယ္။ အဲဒီလို ျဖစ္စဥ္ေတြ မ်ားလာတယ္။ ဆရာေတာ္ကိုပါ အဲဒီလိုလုပ္တာဆိုေတာ့ ကြၽန္ေတာ္တို႔ ျပည္သူ လူထုကိုဆို ပိုဆိုးတာေပါ့။ သူတို႔က မထင္ရင္ မထင္ သလို လုပ္တာဆိုေတာ့ ဘယ္သူမွ မသြားရဲဘူး။
ေမး - အခုေနာက္ပိုင္းေကာ မင္းကြန္းေဒသမွာ အၾကမ္းဖက္ သတ္ျဖတ္ခံရတဲ့ ျဖစ္စဥ္ေတြ ရွိ ေသးလား။
ေျဖ - အခု (၇)လပိုင္းထဲမွာေတာ့ အသံမၾကား ေသးဘူး။
ေမး - တပ္မေတာ္က မင္းကြန္းကို အျပည့္အဝ ျပန္ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားနဲ႔အရိပ္အေယာင္ေတြေတြ႕ရလား။
ေျဖ - ကြၽန္ေတာ္တို႔သိသေလာက္ကေတာ့ ဒီေန႔ အခ်ိန္ထိေတာ့ မင္းကြန္းနဲ႔ စစ္ကိုင္းၾကားကို တပ္မေတာ္စစ္ေၾကာင္းေတြ ေရာက္လာတာေတာ့ မရွိ ဘူးေပါ့။ ကြၽန္ေတာ္တို႔ ျဖစ္ေစခ်င္တာေတာ့ မင္း ကြန္းနဲ႔ စစ္ကိုင္းၾကားမွာ လြတ္လြတ္လပ္လပ္ သြားလို႔ ရေအာင္ စစ္ေၾကာင္း ထိုးေစခ်င္တာေပါ့။ ဒါမွ သာလွ်င္ ရဟန္းသံဃာေတြ ျပည္သူလူထုေတြ သြားရ လာရ အဆင္ေျပမွာေပါ့။
ေမး - စစ္ကိုင္း - မင္းကြန္းလမ္းတစ္ေလွ်ာက္မွာေကာ သူတို႔ေတြပဲလား။ တပ္မေတာ္ဂိတ္ မရွိဘူးလား။ ေနာက္ မင္းကြန္းနားက ျမစ္ဆိပ္ေတြကိုေကာ PDF ေတြပဲ ထိန္းခ်ဳပ္ထားတာလား။
ေျဖ - စစ္ကိုင္း - မင္းကြန္းလမ္းတစ္ေလွ်ာက္မွာ တပ္မေတာ္ဂိတ္ မရွိေသးပါဘူး။ မင္းကြန္းေဒသက ဆရာေတာ္ေတြ သီလရွင္ေတြကေတာ့ မႏၲေလးကို စက္ေလွေတြဘာေတြနဲ႔ ေဈးေတြဘာေတြ သြား ဝယ္တယ္။ ေလာေလာဆယ္ သူတို႔ ထိန္းခ်ဳပ္ထား တာေတာ့မရွိဘူး။ သြားလို႔လာလို႔ရတယ္။
ေမး - ဘာမ်ားျဖည့္စြက္ၿပီးေတာ့ ေျပာခ်င္ေသးလဲ။
ေျဖ - အေနအထားကေတာ့ ျပည္သူလူထုအေနနဲ႔ ဘာကိုေတာင္းဆိုခ်င္လဲဆိုရင္ မင္းကြန္းနဲ႔ စစ္ကိုင္းနဲ႔ ေအးေအးခ်မ္းခ်မ္းသြားလာလို႔ရေအာင္ အႀကီးအ ကဲေတြ စစ္ေၾကာင္းထိုးေပးၿပီးေတာ့ လုံၿခဳံေရးတပ္ ဖြဲ႕ဝင္ေတြ ခ်ေပးေစခ်င္ပါတယ္။ ဒါမွလည္း လြတ္ လြတ္လပ္လပ္ ေန႔ေရာညေရာ သြားလာလို႔ရမယ္ ေလ။ တစ္ေနရာသိမ္းလိုက္တာနဲ႔ ျမစ္ေၾကာင္းေရာ အားလုံး အုပ္ခ်ဳပ္ၿပီးသားပဲ ျဖစ္သြားမယ္။ မင္းကြန္းရဲ႕ေျမာက္ဘက္ကက်ေတာ့ ထုံးဘို႐ြာက PDF ေတြက ေျမာက္ဘက္ကေနပိတ္ထားတယ္။ ေတာင္ ဘက္က လက္ပံကပိတ္ထားတာျဖစ္တဲ့အတြက္ ေၾကာင့္ ဒီ (၂)ခု ညႇပ္ပိတ္ထားေတာ့ မင္းကြန္းက ထြက္ေပါက္မရွိေတာ့ဘူး။ မင္းကြန္းက ထြက္ေပါက္မ ရွိရင္ မင္းကြန္းမွာရွိတဲ့ ျပည္သူလူထု၊ ရဟန္း သံဃာ ေတြ အခက္အခဲျဖစ္သြားမယ္။ ဒါေတြကို အႀကီးအကဲေတြ သိေစခ်င္တယ္။