စစ်တွေမြို့နေ အမျိုးသမီး(၈)ဦးကို လူကုန်ကူးခဲ့သူများအား အလုပ်နှင့်ထောင်ဒဏ် ချမှတ်

254

စော (NP News) - အောက်တိုဘာ ၆
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နေ အမျိုးသမီး (၈)ဦးကို လူကုန်ကူးခဲ့သူ (၃)ဦးအား အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ထံ သိရသည်။
ဖြစ်စဉ်မှာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်နေ စောသန်းမေ၊ အောင်အောင်နှင့် သန်းလှိုင်တို့က အဆိုပါမြို့နေ အမျိုးသမီးရှစ်ဦးတို့ကို တရုတ်ယောက်ျားယူပါက ငွေကျပ်သိန်း ၄၀ ရမည်ဖြစ်၍ တစ်နှစ်ပေါင်းသင်းနေထိုင်ရမည်ဖြစ်ပြီး ငွေများအား တရုတ်နိုင်ငံသို့ရောက်ရှိပါကပေးမည့်အပြင် ခရီးစရိတ်အကုန်ကျခံပို့ဆောင်ပေးမည်ဟု စည်းရုံးပြောဆိုခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ (၄၉)ရပ်ကွက်နေ ဒေါ်ခင်ကြည်နှင့် သမီးဖြစ်သူ ဝဿန်မိုမိုတို့ထံ ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့က အမျိုးသမီး ရှစ်ဦးကို မန္တလေးမြို့မှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ထုတ်ပြန်ထားသည်။
ထို့ကြောင့် ပြည်ကြီးတံခွန် မြို့မရဲစခန်းမှ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေ ပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး ပြီးခဲ့သည့် အောက်တိုဘာ ၃ ရက်က မဟာအောင်မြေခရိုင်တရားရုံးမှ ဖမ်းမိတရားခံ အောင်အောင်၊ သန်းလှိုင်နှင့် ဝဿန်မိုမိုတို့သုံးဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၀ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တိမ်းရှောင်တရားခံ ဒေါ်ခင်ကြည်နှင့် စောသန်းမေ တို့နှစ်ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/ ၈၈ အတည်ပြုထုတ်ဆင့်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

Zawgyi Version:
စစ္ေတြၿမိဳ႕ေန အမ်ိဳးသမီး(၈)ဦးကို လူကုန္ကူးခဲ့သူမ်ားအား အလုပ္ႏွင့္ေထာင္ဒဏ္ ခ်မွတ္
ေစာ (NP News) - ေအာက္တိုဘာ ၆
ရခိုင္ျပည္နယ္၊ စစ္ေတြၿမိဳ႕ေန အမ်ိဳးသမီး (၈)ဦးကို လူကုန္ကူးခဲ့သူ (၃)ဦးအား အလုပ္ႏွင့္ေထာင္ဒဏ္ (၁၀)ႏွစ္စီ ခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႕ထံ သိရသည္။
ျဖစ္စဥ္မွာ စစ္ေတြၿမိဳ႕၊ စက္႐ုံစုရပ္ကြက္ေန ေစာသန္းေမ၊ ေအာင္ေအာင္ႏွင့္ သန္းလႈိင္တို႔က အဆိုပါၿမိဳ႕ေန အမ်ိဳးသမီးရွစ္ဦးတို႔ကို တ႐ုတ္ေယာက္်ားယူပါက ေငြက်ပ္သိန္း ၄၀ ရမည္ျဖစ္၍ တစ္ႏွစ္ေပါင္းသင္းေနထိုင္ရမည္ျဖစ္ၿပီး ေငြမ်ားအား တ႐ုတ္ႏိုင္ငံသို႔ေရာက္ရွိပါကေပးမည့္အျပင္ ခရီးစရိတ္အကုန္က်ခံပို႔ေဆာင္ေပးမည္ဟု စည္း႐ုံးေျပာဆိုခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေနာက္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္ (ေတာင္ပိုင္း) ၿမိဳ႕နယ္၊ (၄၉)ရပ္ကြက္ေန ေဒၚခင္ၾကည္ႏွင့္ သမီးျဖစ္သူ ဝႆန္မိုမိုတို႔ထံ ပို႔ေဆာင္ေပးခဲ့ၿပီး ၎တို႔က အမ်ိဳးသမီး ရွစ္ဦးကို မႏၲေလးၿမိဳ႕မွတစ္ဆင့္ တ႐ုတ္ႏိုင္ငံသို႔ ပို႔ေဆာင္ေရာင္းစားရန္ စီစဥ္ေဆာင္႐ြက္ခဲ့ၾကသည္ကို စစ္ေဆးေတြ႕ရွိရေၾကာင္း ထုတ္ျပန္ထားသည္။
ထို႔ေၾကာင့္ ျပည္ႀကီးတံခြန္ ၿမိဳ႕မရဲစခန္းမွ လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒ ပုဒ္မ ၃၅/ ၄၄ ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ၿပီး ၿပီးခဲ့သည့္ ေအာက္တိုဘာ ၃ ရက္က မဟာေအာင္ေျမခ႐ိုင္တရား႐ုံးမွ ဖမ္းမိတရားခံ ေအာင္ေအာင္၊ သန္းလႈိင္ႏွင့္ ဝႆန္မိုမိုတို႔သုံးဦးကို လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၅ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ ၁၀ ႏွစ္စီက်ခံေစရန္ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ တိမ္းေရွာင္တရားခံ ေဒၚခင္ၾကည္ႏွင့္ ေစာသန္းေမ တို႔ႏွစ္ဦးကို ရာဇဝတ္က်င့္ထုံးဥပေဒပုဒ္မ ၈၇/ ၈၈ အတည္ျပဳထုတ္ဆင့္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕မွ ထုတ္ျပန္ထားသည္။