အသည်းရောင်အသားဝါ (အေ)ရောဂါသည် အလွယ်တကူ ကူးစက်တတ်ပြီး ကလေးများတွင် ပိုမိုဖြစ်ပွားနိုင်

 514

Pearl (NP News) - မတ် ၃

အသည်းရောင်အသားဝါ (အေ)ရောဂါသည် အလွယ်တကူ ကူးစက်တတ်ပြီး ကလေးများတွင် ပိုမိုဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။


အသည်းရောင်အသားဝါ (အေ)ရောဂါသည် အသည်းရောင်အသားဝါ ဗိုင်းရပ်စ် (အေ) ရောဂါပိုးကြောင့် ဖြစ်ပွားပြီး အလွယ်တကူ ကူးစက်တတ်စေ၍ ကပ်ရောဂါအသွင်းလည်း ဖြစ်ပွားနိုင်ကြောင်း သိရသည်။ ထို့ပြင် အသက်အရွယ်မရွေး ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် ကလေးများတွင် ပိုမိုဖြစ်ပွားတတ်ကြောင်း သိရသည်။


အဆိုပါရောဂါပိုးရှိသူ ခန္ဓာကိုယ်မှထွက်သော အညစ်အကြေးများပါရှိသော မသန့်ရှင်းသည့်အစားအသောက်များကို စားသောက်မိခြင်း နှင့် အသည်းရောင်အသားဝါ (အေ) ရောဂါပိုးရှိသူလူနာနှင့် အနီးကပ်ထိတွေ့ခြင်း၊ ပြုစုခြင်းတို့ကြောင့် ရောဂါ ကူးစက်နိုင်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနမှ ဆိုသည်။


ရောဂါ လက္ခဏာများအနေဖြင့် ဖျားခြင်း၊ မောပန်းနွမ်းနယ်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်‌အောင့်ခြင်း၊ အသားဝါခြင်း၊ မျက်လုံးဝါခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ ဝမ်းအရောင်ဖျော့ခြင်း နှင့် အဆစ်အမြစ်များနာကျင်ကိုက်ခဲခြင်း တို့ ခံစားရနိုင်ကြောင်းလည်း သိရသည်။

ပြင်းထန်စွာ အသည်းရောင်ပါက ရုတ်တရက် အသည်းပျက်စီး၍ အသက်အန္တရာယ်ထိခိုက်နိုင်ပြီး အသည်း‌ရောင်အသားဝါ (ဘီ) သို့မဟုတ်(စီ) ရောဂါပိုးရှိသူများ၊ HIV ပိုးရှိသူများတွင် ရောဂါဖြစ်ပွားပါက ပိုမိုပြင်းထန်စွာ ခံစားရကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ဆိုသည်။

ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ်ရန် အစားအသောက်ရောင်းချသူများတွင် ရောဂါဖြစ်ပွားပါက အရေပြားနှင့် မျက်သားဝါ ပြီးနောက် အနည်းဆုံး (၁၀)ရက် ကြာသည်အထိ အစားအသောက် ကိုင်တွယ် ရောင်းချခြင်း မပြုရန် ကျန်မာရေးဝန်ကြီးဌာန က အသိပေးထားသည်။

Zawgyi Version:
အသည္းေရာင္အသားဝါ (ေအ)ေရာဂါသည္ အလြယ္တကူ ကူးစက္တတ္ၿပီး ကေလးမ်ားတြင္ ပိုမိုျဖစ္ပြားႏိုင္

Pearl (NP News) - မတ္ ၃

အသည္းေရာင္အသားဝါ (ေအ)ေရာဂါသည္ အလြယ္တကူ ကူးစက္တတ္ၿပီး ကေလးမ်ားတြင္ ပိုမိုျဖစ္ပြားႏိုင္ေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာနမွ ထုတ္ျပန္သည့္ အခ်က္အလက္မ်ားအရ သိရသည္။


အသည္းေရာင္အသားဝါ (ေအ)ေရာဂါသည္ အသည္းေရာင္အသားဝါ ဗိုင္းရပ္စ္ (ေအ) ေရာဂါပိုးေၾကာင့္ ျဖစ္ပြားၿပီး အလြယ္တကူ ကူးစက္တတ္ေစ၍ ကပ္ေရာဂါအသြင္းလည္း ျဖစ္ပြားႏိုင္ေၾကာင္း သိရသည္။ ထို႔ျပင္ အသက္အ႐ြယ္မေ႐ြး ျဖစ္ပြားေလ့ရွိၿပီး အထူးသျဖင့္ ကေလးမ်ားတြင္ ပိုမိုျဖစ္ပြားတတ္ေၾကာင္း သိရသည္။


အဆိုပါေရာဂါပိုးရွိသူ ခႏၶာကိုယ္မွထြက္ေသာ အညစ္အေၾကးမ်ားပါရွိေသာ မသန႔္ရွင္းသည့္အစားအေသာက္မ်ားကို စားေသာက္မိျခင္း ႏွင့္ အသည္းေရာင္အသားဝါ (ေအ) ေရာဂါပိုးရွိသူလူနာႏွင့္ အနီးကပ္ထိေတြ႕ျခင္း၊ ျပဳစုျခင္းတို႔ေၾကာင့္ ေရာဂါ ကူးစက္ႏိုင္ေၾကာင္းလည္း က်န္းမာေရးဝန္ႀကီးဌာနမွ ဆိုသည္။


ေရာဂါ လကၡဏာမ်ားအေနျဖင့္ ဖ်ားျခင္း၊ ေမာပန္းႏြမ္းနယ္ျခင္း၊ အစားအေသာက္ပ်က္ျခင္း၊ ပ်ိဳ႕အန္ျခင္း၊ ဗိုက္‌ေအာင့္ျခင္း၊ အသားဝါျခင္း၊ မ်က္လုံးဝါျခင္း၊ ဆီးအေရာင္ရင့္ျခင္း၊ ဝမ္းအေရာင္ေဖ်ာ့ျခင္း ႏွင့္ အဆစ္အျမစ္မ်ားနာက်င္ကိုက္ခဲျခင္း တို႔ ခံစားရႏိုင္ေၾကာင္းလည္း သိရသည္။

ျပင္းထန္စြာ အသည္းေရာင္ပါက ႐ုတ္တရက္ အသည္းပ်က္စီး၍ အသက္အႏၲရာယ္ထိခိုက္ႏိုင္ၿပီး အသည္း‌ေရာင္အသားဝါ (ဘီ) သို႔မဟုတ္(စီ) ေရာဂါပိုးရွိသူမ်ား၊ HIV ပိုးရွိသူမ်ားတြင္ ေရာဂါျဖစ္ပြားပါက ပိုမိုျပင္းထန္စြာ ခံစားရေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာနက ဆိုသည္။

ေရာဂါကူးစက္ျပန႔္ပြားမႈမွ ကာကြယ္ရန္ အစားအေသာက္ေရာင္းခ်သူမ်ားတြင္ ေရာဂါျဖစ္ပြားပါက အေရျပားႏွင့္ မ်က္သားဝါ ၿပီးေနာက္ အနည္းဆုံး (၁၀)ရက္ ၾကာသည္အထိ အစားအေသာက္ ကိုင္တြယ္ ေရာင္းခ်ျခင္း မျပဳရန္ က်န္မာေရးဝန္ႀကီးဌာန က အသိေပးထားသည္။

Related news

© 2021. All rights reserved.