ယူကရိန်းနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့ သည်းခံနိုင်မှု အတိုင်းအတာက ကုန်ဆုံးခါနီးနေပြီလို့ ဒေါ်နယ်ထရမ့်သတိပေး

 836

Pika
ယူကရိန်းသမ္မတဇီလန်စကီးဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပိတ်ဆို့ထားတယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က စွပ်စွဲပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အမေရိကန်ရဲ့သည်းခံနိုင်မှု အတိုင်းအတာက ကုန်ဆုံးခါနီးဖြစ်နေပြီလို့ ဒေါ်နယ်ထရမ့်က သတိပေးပြောဆိုခဲ့ပါတယ်။ဒေါ်နယ်ထရမ့်က”ဒါက ဇီလန်စကီးနဲ့ ပတ်သက်ပြီး ထုတ်ပြန်ခဲ့တဲ့ အဆိုးဆုံးထုတ်ပြန်ချက်တစ်ခုပါ။အမေရိကန်ရဲ့ သည်းခံနိုင်မှုအတိုင်းအတာက ဆက်ပြီးရှည်ရှည်ကြာကြာရှိနေတော့မှာ မဟုတ်ပါဘူး။ဇီလန်စကီးက အမေရိကန်ရဲ့ ကျောထောက်နောက်ခံမှုကို ရရှိနေသရွေ့ ငြိမ်းချမ်းရေးကို လိုချင်မှာမဟုတ်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့တဲ့ ဥရောပခေါင်းဆောင်တွေကို ဒေါ်နယ်ထရမ့်က ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။ဒေါ်နယ်ထရမ့်က”ဇီလန်စကီးနဲ့ တွေ့ဆုံခဲ့တဲ့ ဥရောပခေါင်းဆောင်တွေဟာ အမေရိကန်မပါဘဲ အလုပ်လုပ်နိုင်မှာ မဟုတ်ပါဘူး။”လို့ ပြောဆိုခဲ့ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက အိမ်ဖြူတော်မှာ ဒေါ်နယ်ထရမ့်နဲ့ ဇီလန်စကီးတို့ကြား အခြေအတင်ပြောဆိုမှုတွေဖြစ်ပွားခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်ရဲ့ သတိပေးချက်တွေ ထွက်ပေါ်လာတာပဲဖြစ်ပါတယ်။ဒါ့ပြင် ယူကရိန်းကို စစ်ရေးအကူအညီပေးပို့မှုတွေ ရပ်ဆိုင်းဖို့ ဒေါ်နယ်ထရမ့်က အမိန့်ပေးခဲ့တယ်လို့ အမေရိကန်အရာရှိတစ်ဦးကလည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

Zawgyi Version:
ယူကရိန္းနဲ႔ပတ္သက္ၿပီး အေမရိကန္ရဲ႕ သည္းခံႏိုင္မႈ အတိုင္းအတာက ကုန္ဆုံးခါနီးေနၿပီလို႔ ေဒၚနယ္ထရမ့္သတိေပး
Pika
ယူကရိန္းသမၼတဇီလန္စကီးဟာ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကို ပိတ္ဆို႔ထားတယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က စြပ္စြဲေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အေမရိကန္ရဲ႕သည္းခံႏိုင္မႈ အတိုင္းအတာက ကုန္ဆုံးခါနီးျဖစ္ေနၿပီလို႔ ေဒၚနယ္ထရမ့္က သတိေပးေျပာဆိုခဲ့ပါတယ္။ေဒၚနယ္ထရမ့္က”ဒါက ဇီလန္စကီးနဲ႔ ပတ္သက္ၿပီး ထုတ္ျပန္ခဲ့တဲ့ အဆိုးဆုံးထုတ္ျပန္ခ်က္တစ္ခုပါ။အေမရိကန္ရဲ႕ သည္းခံႏိုင္မႈအတိုင္းအတာက ဆက္ၿပီးရွည္ရွည္ၾကာၾကာရွိေနေတာ့မွာ မဟုတ္ပါဘူး။ဇီလန္စကီးက အေမရိကန္ရဲ႕ ေက်ာေထာက္ေနာက္ခံမႈကို ရရွိေနသေ႐ြ႕ ၿငိမ္းခ်မ္းေရးကို လိုခ်င္မွာမဟုတ္ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္း ဇီလန္စကီးနဲ႔ ေတြ႕ဆုံခဲ့တဲ့ ဥေရာပေခါင္းေဆာင္ေတြကို ေဒၚနယ္ထရမ့္က ေဝဖန္မႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။ေဒၚနယ္ထရမ့္က”ဇီလန္စကီးနဲ႔ ေတြ႕ဆုံခဲ့တဲ့ ဥေရာပေခါင္းေဆာင္ေတြဟာ အေမရိကန္မပါဘဲ အလုပ္လုပ္ႏိုင္မွာ မဟုတ္ပါဘူး။”လို႔ ေျပာဆိုခဲ့ပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းက အိမ္ျဖဴေတာ္မွာ ေဒၚနယ္ထရမ့္နဲ႔ ဇီလန္စကီးတို႔ၾကား အေျခအတင္ေျပာဆိုမႈေတြျဖစ္ပြားခဲ့ၿပီးေနာက္ ေဒၚနယ္ထရမ့္ရဲ႕ သတိေပးခ်က္ေတြ ထြက္ေပၚလာတာပဲျဖစ္ပါတယ္။ဒါ့ျပင္ ယူကရိန္းကို စစ္ေရးအကူအညီေပးပို႔မႈေတြ ရပ္ဆိုင္းဖို႔ ေဒၚနယ္ထရမ့္က အမိန႔္ေပးခဲ့တယ္လို႔ အေမရိကန္အရာရွိတစ္ဦးကလည္း ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.