အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အစိုးရက ရန်စမှုတွေကို တိုးမြှင့်နေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင်ရဲ့ ညီမဖြစ်သူ စွပ်စွဲပြောဆို

285

Pika
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ အစိုးရဟာ ရန်စမှုတွေကို တိုးမြှင့်နေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက စွပ်စွဲပြောဆိုခဲ့ပါတယ်။ဒါ့ပြင် မြောက်ကိုရီးယားက ၎င်းရဲ့နျူကလီးယားအဟန့်အတားတွေကို တိုးမြှင့်တာဟာ တရားမျှတတယ်လို့ ကင်ယိုဂျုံက ထပ်မံပြောဆိုခဲ့ပါတယ်။မတ်လ(၂)ရက်နေ့က တောင်ကိုရီးယားကို အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinsonရောက်ရှိလာတာကို ကင်ယိုဂျုံက ပြစ်တင်ရှုတ်ချခဲ့ပြီး အဲ့ဒီလုပ်ရပ်ဟာ မြောက်ကိုရီးယားနဲ့ထိပ်တိုက်ရင်ဆိုင်ရေး မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။ကင်ယိုဂျုံက”အမေရိကန်အစိုးရအသစ်ဟာ မြောက်ကိုရီးယားအပေါ် နိုင်ငံရေးနဲ့ စစ်ရေးအရ ရန်စမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပြီး ယခင်အစိုးရရဲ့ ရန်လိုတဲ့မူဝါဒလမ်းစဉ်ကို လိုက်နေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အမေရိကန်က လက်ရှိကျင့်သုံးနေတဲ့ မြောက်ကိုရီးယားအပေါ် ရန်လိုတဲ့မူဝါဒတွေကြောင့် မြောက်ကိုရီးယားက ၎င်းရဲ့နျူကလီးယားအဟန့်အတားတွေကို တိုးမြှင့်တာက တရားမျှတတယ်လို့ ကင်ယိုဂျုံက ထပ်မံပြောဆိုခဲ့ပါတယ်။ကင်ယိုဂျုံရဲ့ ထုတ်ပြန်ချက်တွေဟာ မြောက်ကိုရီးယားရဲ့နျူကလီးယားဒုံးကျည်ဖွံ့ဖြိုးတိုးတက်ရေးက တရားမျှတမှုရှိတယ်လို့ အကြောင်းပြဖို့အတွက် လှည့်စားတာမျိုးကလွဲရင် အခြားဘာမှမဟုတ်ဘူးလို့ တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောဆိုခဲ့ပါတယ်။တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက”မြောက်ကိုရီးယားရဲ့ နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ဘယ်တော့မှလက်ခံနိုင်စရာ အကြောင်းမရှိပါဘူး။မြောက်ကိုရီးယားနိုင်ငံရှင်သန်ဖို့ တစ်ခုတည်းသောနည်းလမ်းက နျူကလီးယားလက်နက်နဲ့ပတ်သက်တဲ့ စွဲလမ်းမှုတွေနဲ့ လွဲမှားမှုတွေကို စွန့်လွှတ်ဖို့ပါပဲ။”လို့ပြောဆိုခဲ့ပါတယ်။
Zawgyi Version:
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္ရဲ႕ အစိုးရက ရန္စမႈေတြကို တိုးျမႇင့္ေနတယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ရဲ႕ ညီမျဖစ္သူ စြပ္စြဲေျပာဆို
Pika
အေမရိကန္သမၼတေဒၚနယ္ထရမ့္ရဲ႕ အစိုးရဟာ ရန္စမႈေတြကို တိုးျမႇင့္ေနတယ္လို႔ ေျမာက္ကိုရီးယားေခါင္းေဆာင္ ကင္ဂ်ဳံအန္းရဲ႕ ညီမျဖစ္သူ ကင္ယိုဂ်ဳံက စြပ္စြဲေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ေျမာက္ကိုရီးယားက ၎ရဲ႕န်ဴကလီးယားအဟန႔္အတားေတြကို တိုးျမႇင့္တာဟာ တရားမွ်တတယ္လို႔ ကင္ယိုဂ်ဳံက ထပ္မံေျပာဆိုခဲ့ပါတယ္။မတ္လ(၂)ရက္ေန႔က ေတာင္ကိုရီးယားကို အေမရိကန္ေလယာဥ္တင္သေဘၤာ USS Carl Vinsonေရာက္ရွိလာတာကို ကင္ယိုဂ်ဳံက ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး အဲ့ဒီလုပ္ရပ္ဟာ ေျမာက္ကိုရီးယားနဲ႔ထိပ္တိုက္ရင္ဆိုင္ေရး မူဝါဒရဲ႕ တစ္စိတ္တစ္ပိုင္းျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။ကင္ယိုဂ်ဳံက”အေမရိကန္အစိုးရအသစ္ဟာ ေျမာက္ကိုရီးယားအေပၚ ႏိုင္ငံေရးနဲ႔ စစ္ေရးအရ ရန္စမႈေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ေနၿပီး ယခင္အစိုးရရဲ႕ ရန္လိုတဲ့မူဝါဒလမ္းစဥ္ကို လိုက္ေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အေမရိကန္က လက္ရွိက်င့္သုံးေနတဲ့ ေျမာက္ကိုရီးယားအေပၚ ရန္လိုတဲ့မူဝါဒေတြေၾကာင့္ ေျမာက္ကိုရီးယားက ၎ရဲ႕န်ဴကလီးယားအဟန႔္အတားေတြကို တိုးျမႇင့္တာက တရားမွ်တတယ္လို႔ ကင္ယိုဂ်ဳံက ထပ္မံေျပာဆိုခဲ့ပါတယ္။ကင္ယိုဂ်ဳံရဲ႕ ထုတ္ျပန္ခ်က္ေတြဟာ ေျမာက္ကိုရီးယားရဲ႕န်ဴကလီးယားဒုံးက်ည္ဖြံ႕ၿဖိဳးတိုးတက္ေရးက တရားမွ်တမႈရွိတယ္လို႔ အေၾကာင္းျပဖို႔အတြက္ လွည့္စားတာမ်ိဳးကလြဲရင္ အျခားဘာမွမဟုတ္ဘူးလို႔ ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာဆိုခဲ့ပါတယ္။ေတာင္ကိုရီးယားကာကြယ္ေရးဝန္ႀကီးဌာနက”ေျမာက္ကိုရီးယားရဲ႕ န်ဴကလီးယားလက္နက္ေတြနဲ႔ပတ္သက္ၿပီး ဘယ္ေတာ့မွလက္ခံႏိုင္စရာ အေၾကာင္းမရွိပါဘူး။ေျမာက္ကိုရီးယားႏိုင္ငံရွင္သန္ဖို႔ တစ္ခုတည္းေသာနည္းလမ္းက န်ဴကလီးယားလက္နက္နဲ႔ပတ္သက္တဲ့ စြဲလမ္းမႈေတြနဲ႔ လြဲမွားမႈေတြကို စြန႔္လႊတ္ဖို႔ပါပဲ။”လို႔ေျပာဆိုခဲ့ပါတယ္။